← Chapters

အပိုင်း (၂၀၆)

Vol. 14 Ch. 206

အပိုင်း (၂၀၆)

Vol. 14 Ch. 206

ကွာစီအင်ပါယာတစ်ယောက်၏ ဝိညာဉ်ကို ဖမ်းဆီးလိုက်ခြင်းသည် ရေတွက်၍မရသောလူများကို မယုံကြည်နိုင် ဖြစ်မိစေ၏။ ခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီ ဖြစ်သော ကွာစီအင်ပါယာသည် ဝိညာဉ်အနေအထားဖြင့်လည်း ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။ လက်ထဲတွင် ရှိသော အင်ပါရီယန် လက်နက်သည်လည်း ဖိနှိပ်သိမ်းပိုက်ခြင်းကို ခံခဲ့ရ၏။ ဤအရာသည် သွေးနတ်ဆိုးကလန်အတွက် အလုံးစုံသော ဆုံးရှံးမှု ဖြစ်လေ၏။

ထိပ်တန်းကျွမ်းကျင်သူမပါဘဲ ထပ်မံဖြစ်ပေါ်လာသော တိုက်ပွဲသည် လုံးဝ တစ်ဖက်စောင်းနင်း ကျပေလိမ့်မည်။ ဤကဲ့သို့ သိသာလှသည့် တိုက်ပွဲတွင်တော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရှိုသည် လေထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် လက်စည်းသင်္ကေတများကို ပြုလုပ်ပြီးသည့်နောက် မြေပြင်ပေါ်တွင် ရှိနေသည့် အစီအရင်ကို အသက်သွင်းလိုက်၏။ မိုင်ထောင်နှင့်ချီ များပြားလှသည့် တည်နေရာကြီးထဲတွင် အစီအရင်ကြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး သွေးနတ်ဆိုးကလန်၏ စစ်သည်များအား ချုပ်နှောင်လိုက်သည်။

လက်စည်းသင်္ကေတများ ပြုလုပ်ပြီးသည့်နောက် အစီအရင်ထဲတွင် ရေတွက်၍မရအောင် များပြားလှသော သင်္ကေတများ ဖြစ်တည်လာခဲ့၏။ သက်ရှိများသည် သန့်စင်ခြင်းကို ခံလိုက်ရသကဲ့သို့ပင် ၎င်းတို့၏ အဆီအနှစ်များမှာ စုပ်ယူခြင်းကို ခံခဲ့ရပြီး ထိုအရာများသည် ကြက်သွေးရောင်ရှိသော အလံတိုင်ဆီသို့ လာရောက်စုဝေးလေ၏။ အလံတိုင် လှုပ်ခါလိုက်သည်နှင့် တစ်ပြိုင်နှက် အသင်္ချေများပြားလှသော သက်ရှိသတ္တဝါများ၏ အော်ငြီးသံသည် စူးစူးဝါးဝါး ပေါ်ပေါက်လာ၏။ အငြိုးအတေး ကြီးမားလွန်းလှသည့် ဝိညာဉ်များ အော်ဟစ်နေသကဲ့သို့ပင်။

"စုဖွဲ့စမ်း" ယန်ရှိုသည် အေးစက်စက် အော်ဟစ်လိုက်၏။ အလံတိုင်ဆီမှ အေးစက်သည့် အလင်းတန်း ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် သွေးကဲ့သို့ အနီရောင် အော်ရာများ ထွက်ပေါ်လာသည်။ ၎င်းသည် အနီးနားရှိ လူပေါင်းများစွာတို့ဆီမှ အဆီအနှစ်များကို စုပ်ယူရင်း ကောင်းကင်တွင် စွမ်းအင်များအဖြစ် စုဖွဲ့လာခဲ့၏။

ပြီးနောက် ထိုစွမ်းအင်များသည် ကြက်သွေးရောင်အလံဆီသို့ ကျဆင်းလာပြန်၏။ ချက်ချင်းဆိုသလိုပင် အလံတိုင်ကြီးဆီမှ နတ်စွမ်းအင်များ ပြန်လည် ထွက်ပေါ်လာသည်။ ထိုစွမ်းအင်လှိုင်းများသည် တဝုန်းဝုန်းနှင့် ပေါက်ကွဲလျက် ရှိနေပြီး ရှေးသားရဲကြီးတစ်ကောင် အသက်ရှင် နိုးထလာသကဲ့သို့ပင်။

"အင်း …. ရတော့မယ်" ယန်ရှိုသည် အလံတိုင်ကို လှမ်းကာကြည့်လိုက်၏။ မျက်လုံးထဲတွင်လည်း ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ လက်ကို အသာလှုပ်ယမ်းလိုက်သည့် အချိန်မှာတော့ အလံတိုင်သည် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။

ဤအရာသည် သူတော်စင်ဖြစ်ပြီးနောက် သူကိုယ်တိုင် ပထမဆုံး သန့်စင်ထားသည့် သူတော်စင်လက်နက်ပင် ဖြစ်လေ၏။ ယခင် နတ်အဆင့် လက်နက်များသည် သူ့အတွက် လုံလောက်မှု မရှိတော့ချေ။ သူတော်စင်လက်နက် သန့်စင်ခြင်းသည် အရေးကြီးကိစ္စဖြစ်လာခဲ့၏။ ထို့ပြင် သူတော်စင်လက်နက်တစ်ခု မရှိဘဲနှင့် အပြင်သို့ ထွက်ရန်ဆိုသည်မှာ သင့်တော်လှသည့် ကိစ္စ မဟုတ်တော့ချေ။

အတိတ်တုန်းကဆိုလျှင် သူ့အတွက် လက်နက်တစ်ခုကို သန့်စင်ဖို့ ဆိုသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ပစ္စည်းများကို လိုအပ်ရုံသာမက သွေးစတေးမှုများလည်း လိုအပ်နေသောကြောင့်ပင်။ လူသားများကို ပစ်မှတ်ထားချင်သည် ဆိုပါက သတိအပြည့်ဖြင့် ပြုလုပ်ရန် လိုအပ်၏။ နတ်ဘုရားကပ်ဘေး ဖြစ်တည်လာနိုင်သည့် ကိစ္စမျိုးကလည်း ရှိသေးသည်။

မှန်ကန်သည့် လမ်းစဉ်ကို လျှောက်လမ်းကြသည့် လမ်းမှန် သိုင်းကျင့်ကြံသူများသည် သူ့ကို ဝိုင်းဝန်းကာဖြင့် တိုက်ခိုက်လာနိုင်သေး၏။ အားလုံးတို့သည် ဓားဆွဲကာ တိုက်ခိုက်သည် ဆိုပါက ငရဲကိုးကောင် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဒုက္ခများမှာ သေချာ၏။

ထို့အပြင် မွန်းစတားကလန်များကို ပစ်မှတ်ထားမည် ဆိုလျှင်လည်း လွယ်ကူလှမည် မဟုတ်ချေ။ မွန်းစတားကလန်မှ လူများသည် သူ့ကို အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်လျှင် ဒုက္ခရောက်နိုင်၏။ ယခု သွေးနတ်ဆိုးကလန်မှ သူများသည် သူ့ကို စေတနာ့ဝန်ထမ်းများအဖြစ် မိမိကိုယ်ကိုယ် စတေးကာ လက်နက် သန့်စင်ပေးလျက် ရှိနေ၏။ ပြည့်စုံလှသည့် အခွင့်အရေးကို ရရှိနေသကဲ့သို့ပင်။ ထို့ကြောင့် လူများကို သတ်ဖြတ်ခြင်း မပြုခင်မှာဘဲ လက်နက်စန့်စင်ရန်အတွက် အသုံးပြုခဲ့ခြင်ပင်။ လောကကြီး၏ ကောင်းကျိုးနှင့် သူ၏ ကောင်းကျိုးကို ပေါင်းစည်းပြုလုပ်နေခဲ့ခြင်းလည်း ဖြစ်သည်။

ဖြစ်ပေါ်နေသည့် အခြင်းအရာများကို တွေးကြည့်ပြီးနောက် သူသည် တကယ်ပင် ပျော်ရွှင်လျက် ရှိနေ၏။

“သွေးနတ်ဆိုးကလန်ရဲ့ ရတနာလိုဏ်ဂူက ဒီနေရာလား။” ယန်ရှိုသည် မြေပေါ်သို့ ဆင်းသက်လိုက်၏။ သူသည် အစီအရင်ကို အစောကြီးကတည်းက ဖန်တီးခဲ့သည် ဖြစ်သောကြောင့် ဤနေရာ၌ တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိပြုမိခဲ့သည်။

သွေးနတ်ဆိုးစစ်သည်ပေါင်း တစ်သောင်းတို့သည် ဤနေရာကို စောင့်ကြပ်လျက် ရှိနေပြီး တစ်ယောက်ချင်းစီတိုင်းသည်လည်း ခန့်မှန်း၍မရသော အားအင်ကို ပိုင်ဆိုင်ကြ၏။ အပြင်ဖက်တွင် ရှုပ်ထွေးလျက် ရှိနေသည်ကို ဆိုလျှင်တောင်မှ ၎င်းတို့သည် ဤတည်နေရာကို စောင့်ကြပ်လျက် ရှိနေ၏။ ထို့ပြင် သူတော်စင်တစ်ယောက်လည်း ပါဝင်နေ၏။

အရာအားလုံးကို သိရှိနေသော သူ့အား မည်သူမှ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူ့အနေဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်ရုံသာ ရှိသည်။ အောင်မြင်မှုသည် ရှေ့၌ စောင့်မျှော်နေလေသည်။

"သွေးနတ်ဆိုးကလန်က သူတွေအကုန်လုံးက သေတော့မယ်။ ဒါပေမဲ့ ဒီသူတော်စင်က လုံးဝ ဝင်ပြီး မတိုက်ခိုက်ဘူး။ ဒီတော့ ဒီနေရာမှာ ရတနာတစ်ခုခု ရှိရမယ်"

ယန်ရှို၏ မျက်လုံးများသည် တောက်ပလျက် ရှိနေပြီး သူသည် အနည်းငယ် နောင်တရသလိုပင် ခံစားနေမိ၏။ စီနီယာဆီမှ မြေပုံကို တောင်းခံခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်း။ ထို့သို့ဆိုလျှင် ရတနာခန်းမ မည်သည့်နေရာတွင် ရှိသည်ကို သိရှ်နိုင်၏။ သို့ပေမဲ့ မရခဲ့သောကြောင့် ယခုကဲ့သို့ ရှာဖွေရပေတော့မည်။

ပြီးသည့်နောက် ယန်ရှိုသည် မြေပေါ်တွင် ကျဆင်းနေသော သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်သည်။ သုံ့ပန်းများသည် စစ်သည်များ ပိုင်ဆိုင်သော အရာများ ဖြစ်ပြီး တန်ဖိုးမရှိသည်ဆိုလျှင်တောင်မှ အရေအတွက်တော့ များပြားလှ၏။ ဘာမှမရတာထက် စာလျှင်တော့ ကောင်းလွန်းလှ၏။ အရင်းအမြစ်များကို ရရှိပြီးနောက် သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားကာဖြင့် အခွင့်အရေးများကို ထပ်မံဝယ်ရန် စဉ်းစားထား၏။

မည်မျှ ကောင်းမွန်လိုက်သနည်း။ ရှေ့တွင် ဖြစ်လာနိုင်သည်များကို စဉ်းစားပြီးနောက် ယန်ရှိုသည် စိတ်လှုပ်ရှားလျက် ရှိနေ၏။ ပြီးနောက် သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။

ရှေ့တည်နေရာသည် တောင်ကြားကြီးတစ်ခု ဖြစ်ပြီး အစီအရင်ပေါင်းများစွာ၏ ကာကွယ်ခြင်းကို ခံထားရ၏။ သို့ပေမဲ့ ကွာစီအင်ပါယာတစ်ယောက် အင်အားသုံးကာ တိုက်ခိုက်ခဲ့သောကြောင့် အစီအရင်ကြီးသည် ပြိုလဲသွားခဲ့ရ၏။ သူ၏ ရှေ့တွင် ရှိနေသော တောင်ကြားကြီးသည် အကာအကွယ် ကင်းမဲ့စွာဖြင့် ထီးထီးကြီး ရှိနေသကဲ့သို့ပင်။

မြေပေါ်သို့ လှမ်းလျှောက်လာပြီးနောက်မှာတော့ ယန်ရှိုသည် တစ်ချက်လှမ်းကြည့်လိုက်၏။ လောကကြီးတစ်ခုလုံးသည် ကြက်သွေးရောင် တောက်ပလျက် ရှိနေပြီး အနီရောင်များဖြင့် လှပနေသကဲ့သို့ပင်။ ဆန်းကြယ်လွန်းလှသည့် တည်နေရာကြီးသည် သူ၏ရှေ့တွင် ရောက်ရှိနေသကဲ့သို့ပင်။ တည်နေရာကြီးသည် ချောက်ခြားဖွယ် ကောင်းလွန်းလှ၏။ အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နှက် ဇဝေဇဝါနှင့် ဖြစ်သွားမှာ သေချာ၏။ အထဲတွင် ထင်မှတ်ထားသည့် ရတနာများ မရှိချေ။ သို့ပေမဲ့ ပေထောင်ကျော် မြင့်မားလှသည့် စင်မြင့် တစ်ခုသာလျှင် ရှိ၏။ ထိုအရာသည် တိမ်ပေါ်သို့ ထိုးတက်လုမတန်ပင် မြင့်မားလွန်းလှသည်။

မြေပြင်ပေါ်တွင်တော့ ရှုပ်ထွေးလွန်းလှသည့် သင်္ကေတများဖြင့် နိယာမများကို ရေးဆွဲထား၏။ ပြုလုပ်ထားသည့် ပစ္စည်းများသည် သာမန်ထက်ပိုပြီး မာကျောလှ၏။ ထို့ပြင် ရှေးဆန်လှသော အော်ရာများကိုပါ ထုတ်ဖော်လျက် ရှိနေ၏။

"ဒီပစ္စည်းက နတ်အဆင့် ပစ္စည်းတစ်ခု ဖြစ်ရမယ်"

ယန်ရှိုသည် ကျောက်စိမ်း စင်မြင့်ပေါ်သို့ လှမ်းတက်ပြီး ကိုင်ကြည့်လိုက်၏။ သူသည် အေးစက်သည့် ခံစားချက်များ ကို ရရှိနေ၏။ သွေးနတ်ဆိုးကလန်၏ အထွတ်အမြတ် ရတနာကဲ့သို့ပင်။

"ကြည့်ရတာ ငါတော့ အကျိုးအမြတ်ကြီး ရပြီတဲ့တူတယ်"

ဤကဲ့သို့သော အရာမျိုးကို ယန်ရှိုက တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကြည့်ရသည်မှာ သွေးနတ်ဆိုးကလန်၏ သီးသန့် အရာတစ်ခု ဖြစ်ပုံပေါ်၏။ သူ၏ အတွေ့အကြုံအရဆိုလျှင် ဤအရာသည် နတ်အဆင့် ပစ္စည်းများနှင့် ပြုလုပ်ထားပြီး သာမန်ထက်ပိုပုံလည်း ပေါ်၏။ အစစ်အမှန်တန်ဖိုးသည် တကယ်ပင် ကြီးမားမှာ သေချာ၏။ ဤအရာကြီးကိုသာ ယူဆောင်သွားပါက နတ်အဆင့် လက်နက် မည်မျှ ပြုလုပ်နိုင်မည်နည်း။ များပြားလှသော လက်နက်များ သူ့ထံသို့ ရောက်ရှိလာနိုင်၏။ ထိုသို့ဆိုပါက ကောငးကင်လျှို့ဝှက်် နန်းဆောင်ဆီသို့ သွားပြီး သူတော်စင်မှ သူတော်စင်ဘုရင်အဆင့်ဆီ တက်လှမ်းနိုင်မည့် နည်းလမ်းကို ဝယ်ယူနိုင်ပေလိမ့်မည်။

All Chapters