Ch 71
Vol. 6 Ch. 71
ဘာသာပြန် - Do Do ရပ်နားသွားသဖြင့် ဘာသာပြန် - Violet (Zeus’s Transltion Work) မှ ဆက်လက်ပြန်ဆိုသည်။
လင်းဖေးဟန် နောက်ဆုံးတစ်ခေါက်က ဟန်ရှောင်ပင်းအတွက် အမှုကြီးကြီးကို ကူရှင်းပေးလိုက်သော်ငြား သူမ၏ လင်းဖေးဟန်အပေါ် အမြင်က မပြောင်းလဲသေး ပါချေ။ ယနေ့ ရောက်လာချိန်မှာ မြင်ကွင်းကြောင့် လင်းဖေးဟန်က အာဏာကိုသုံးပြီး သူလုပ်ချင်တာလုပ်ရင်း ပြည်သူပြည်သားကောင်း တွေကို ဖိနှိပ် အနိုင်ကျင့်နေတယ်လို့ သူမက မှန်းဆလိုက်သည်။
ဟန်ရှောင်ပင်း ထင်တာက လင်းဖေးဟန်က သူမကို ဖိအားပေးပြီး ယဲ့ဖန်းကို ဖမ်းသွားခိုင်းမယ်၊ နှိပ်စက်ခိုင်းမယ်၊ ပြီးရင် သူမကို စာအိတ်နီလိုအရာတွေ ပို့ပေးပြီး လာဘ်ထိုးပြီး ယဲ့ဖန်းရဲ့ အပြစ်ကို ပိုကြီးအောင် လုပ်ခိုင်းမယ်လို့ပေါ့။
“ ဟယ်လို ရဲမေဟန် ထပ်ဆုံကြပြန်ပြီနော်”
ဒီတစ်ယောက်ဆိုသည်မှာလည်း အားတိုင်း သုန်မှုန်နေတဲ့ မျက်နှာကြီးနဲ့။ ဒေါသကလဲ တစ်နေ့တစ်ခြား ပိုပိုကြီးလာပုံပဲ။ ဓမ္မတာ လာနေတာများလား?
“ ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင်။ ဒီမှာ ဒါက အရိုက်ခံလိုက်ရတဲ့ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားပါ”
အားသောင်ရဲ့ နာကျင်နေတဲ့ မျက်နှာနဲ့ အုပ်ကိုင်ထားတဲ့ လက်မောင်းဒဏ်ရာကြားက သွေးတွေ စီးကျနေပုံက တစ်ကယ်ကို ဒဏ်ရာ အပြင်းအထန် ရသွားသည့်ပုံပင်။ ဟန်ရှောင်ပင်း မျက်မှောင်ကြုတ်သွားသည်။
ယဲ့ဖန်းက ဘယ်လိုလုပ် ဒီလောက် အနာတရ ဖြစ်အောင် လုပ်နိုင်တာလဲ?
လင်းဖေးဟန်က လင်းမိသားစုရဲ့ သခင်လေးဆိုတာ မသိဘူးလား?
လင်းမိသားစုသာ အာဏာသုံးလာခဲ့ရင် ကျင်းပိုင်မြို့ တစ်ခုလုံးရဲ့ ခေါင်းဆောင်တွေ အကုန်လုံးက လင်းမိသားစု ကျေနပ်လာတဲ့အထိ မြို့တော်ဗျူရိုကို ဒီကိစ္စကို ပြင်းထန်စွာ အရေးယူဖို့ သေချာပေါက် ဖိအား ပေးကြတော့မှာ။ သူ ယဲ့ဖန်းကို ကာကွယ်ချင်ရင်တောင် ရမှာ မဟုတ်တော့ဘူး။
ထိုအချိန်မှာ ဟန်ရှောင်ပင်းက စိတ်ထဲမှ တွေးပေး နေခဲ့သည်။ ဟန်ရှောင်ပင်းရဲ့ အတွေးတွေကိုသာ လင်းဖေးဟန် သိလို့ကတော့ သေချာပေါက် ထဆဲမှာပင်။
အမှုကိုတိုင်တဲ့သူက ငါလေ။ အဲ့ဒါကို ဟန်ရှောင်ပင်းက ဇာတ်လိုက်ယဲ့ဖန်းကို လာသနား ပြနေတာလား? ဘယ်မှာလဲ သူ့အတွက် မျှတမှု?
“ မစ္စတာလင်း ရှင်ကျွန်မကို ဒီကိစ္စကို ဘယ်လို ကိုင်တွယ်စေချင်တာပါလဲ?”
သူမ အခုချိန်မှာ လင်းဖေးဟန်ကို သေလောက်အောင် ရွံနေလဲ အထက်လူကြီးတွေဆီကနေ လင်းဖေးဟန်ရဲ့ အမြင်ကို ဆွေးနွေးမေးမြန်းဖို့ရန် ဖိအားပေးခံ ထားရသည်။
လင်းဖေးဟန်ရဲ့ ပါးစပ်ကနေ အပြစ်အကြီးကြီး ချခိုင်းဖို့ကို ဟန်ရှောင်ပင်း အသင့်စောင့်နေခဲ့သည်။ သေဒဏ်ဖြစ်ဖြစ် တစ်သက်တစ်ကျွန်း ဖြစ်ဖြစ် လင်းဖေးဟန် တောင်းဆိုလိမ့်မည်လို့ သူမ တွေးနေတာလေ။
လင်းဖေးဟန် ပြုံးပြီး ပြောလိုက်သည်။
“ ရဲမေဟန် ဒီကိစ္စကို ကျွန်တော့်ကို မမေးသင့်ဘူး မဟုတ်ဘူးလား?”
“ ကျွန်တော်က ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းပဲ။ အရာအားလုံးကို ဥပဒေ ဘောင်အတွင်းကပဲလုပ်တယ်။ ရဲမေဟန်က မြို့တော်ဗျူရိုကဆိုတော့ ဒီယဲ့ဖန်းက ကျွန်တော့်ရဲ့လူကို အနာတရ ဖြစ်အောင်လုပ်ခဲ့ပြီး မစ္စစွန်းကို ထပ်တလဲလဲ အနှောက်အယှက် ပေးခဲ့တယ်။ ဒီကိစ္စကို လုပ်ရိုးလုပ်စဥ်အတိုင်း ကိုင်တွယ်သင့်တယ်။ ရဲမေဟန် ဘက်မလိုက်ပဲ ဥပဒေ အတိုင်း ဆောင်ရွက်ပေးပါ”
“ ကျွန်တော်တို့က ရင်းနီးတာနဲ့ပဲ ကျွန်တော့်ရဲ့ ဘက်ကို မလိုက်ပါနဲ့။ ကျွန်တော် တရားမျှတမှုကိုပဲ လိုချင်တယ်!”
အဲ့ဒီစကားက ဟန်ရှောင်ပင်းကို သူ့လက်ခုတ်ထဲ ထည့်လိုက်နိုင်သလို ယဲ့ဖန်းကိုလဲ လှည့်စားသွားနိုင်ခဲ့သည်။
ယဲ့ဖန်းထင်သွားခဲ့သည်။ ထိုစကားကို ကြားပြီးနောက်မှာ သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့သည်။ ဓားပြနဲ့ အရာရှိနဲ့က တစ်ဂိုဏ်းထဲလား?
မထင်ထားစွာနဲ့ သူ့ရှေ့က လှပတဲ့ ရဲမေလေးကလဲ နောက်ကွယ်က လာဘ်ပေး လာဘ်ယူလုပ်နေတဲ့ သူဖြစ်နေတာပဲ…
“ဒါက..”
လင်းဖေးဟန်ရဲ့ စကားကိုကြားတော့ ဟန်ရှောင်ပင်း နည်းနည်းအံ့သြသွားသည်။ သူမ သံသယရှိစွာ လင်းဖေးဟန်ကို ကြည့်လိုက်သည်။ လင်းဖေးဟန်က အရမ်း ပွင့်လင်းမယ်လို့ သူမ မထင်ထားမိဘူး။
အနိုင်ကျင့်တာလဲ မရှိသလို သူ့ရဲ့နောက်ခံကို သုံးပြီး သူမကို အပိုအလုပ်တွေလဲ မလုပ်ခိုင်းခဲ့။
“ မစ္စတာလင်း တစ်ကယ်ပဲ တစ်ခြား တောင်းဆိုချင်တာ မရှိတော့ဘူးနော်?”
ဟန်ရှောင်ပင်းက လင်းဖေးဟန်ကို မယုံနိုင်စွာ ကြည့်ပြီး ထပ်မေးလိုက်သည်။
“ ယဲ့ဖန်းအတွက် ပြစ်မှုကို ပိုတိုးခိုင်းမဲ့ တောင်းဆိုချက်မျိုး မရှိဘူးပေါ့?”
လင်းဖေးဟန်ရဲ့ မျက်နှာက မဲမှောင်သွားသည်။ ဒါက ထောင်ချောက်ပဲ။ စာရေးဆရာရဲ့ သူ့အတွက် ထောင်ချောက်တစ်ခု ဖြစ်ရမယ်!
ယဲ့ဖန်းရဲ့ မျက်နှာလဲ ပြောင်းသွားသည်။ ဒီမိန်းမကို ကြည့်ရတာ လူကောင်းပုံ မပေါက်နေဘူး!
လင်းဖေးဟန် မျက်နှာသေနဲ့ပဲ ပြောလိုက်သည်။
“ ရဲမေဟန် မင်းဘာတွေ ပြောနေတာလဲ!”
လင်းဖေးဟန်က အရူး မဟုတ်ဘူး။ သူသာ ဟန်ရှောင်ပင်းကို ယဲ့ဖန်းကို အပြစ်ကြီးကြီး ပေးဖို့တောင်းဆိုရင် ဟန်ရှောင်ပင်းက သေချာပေါက် ယဲ့ဖန်းကို သနားသွားမှာ။ အဲ့လိုဆို အဲ့နှစ်ယောက်က မြို့တော်ဗျူရိုမှာ လျို့ဝှက်ပူးပေါင်းမိပြီး နောက်ဆုံးမှာ အတူတူ ဖြစ်သွားလိမ့်မယ်။ ငါ့ကို သူတို့ ဒီလိုဖြစ်သွားအောင် လုပ်ဖို့ ဇာတ်လမ်းလုပ်ခိုင်းနေတာ မဟုတ်ဘူးလား? ငါ အဲ့လောက် မတုံးဘူး။
လမ်းကြောင်းတွေ.. ဇာတ်လိုက်အတွက် လမ်းကြောင်းတွေ အပြည့်ပါလား? ငါ ဘယ်တော့မှ မလုပ်ပေးဘူးကွ!
ဒီတစ်မြို့လုံးကိုက ဇာတ်လိုက်အတွက် လမ်းကြောင်းတွေ ပြည့်နေတာပဲ!
“ ရဲမေဟန် ကျွန်တော် လင်းဖေးဟန်ဆိုတဲ့ သူက ဖြောင့်မှန်တဲ့ စီးပွားရေးသမားပါ။ ကျွန်တော့်ရဲ့ ဝိညာဥ်ကိုရောင်းပြီး အဲ့လို တရားမဝင် အလုပ်မျိုးကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး! ပြီး ကျွန်တော် ပြောခဲ့သလိုပဲ ဥပဒေအတိုင်း ဘက်မလိုက်ပဲ သွားဖို့ တောင်းဆိုပါတယ်။ ကျွန်တော်လိုချင်တာက တရားမျှတမှုပဲ!”
လင်းဖေးဟန်ရဲ့ ရုပ်က အတည်ပေါက်ဖြစ်ပြီး မှန်ကန်တဲ့စကားကို ပြောလာခဲ့သည်။
“ ဟုတ်ကဲ့ပါ မစ္စတာလင်း ကျွန်မ နားလည်ပါပြီ”
ထိုအချိန်မှာ ဟန်ရှောင်ပင်းရဲ့ လင်းဖေးဟန်ကို ကြည့်တဲ့အကြည့်မှာ နှစ်သက်မှု အနည်းငယ် ပါလာခဲ့၏။ သူမရဲ့ လင်းဖေးဟန်အပေါ် အမြင်က အနည်းငယ် ပြောင်းသွားတော့သည်။
အရင်တစ်ခေါက်က မတော်တဆမှုရယ်၊ ဒီကိစ္စရယ် ကြုံပြီးနောက်မှာ လင်းဖေးဟန်က သတင်းတွေထဲကလောက် ရွံစရာကောင်းတဲ့ သူ မဟုတ်ဘူးလို့ သူမ ထင်တယ်။
ဟန်ရှောင်ပင်းက ယဲ့ဖန်းဘက်ကို သွားပြီး ပြောလိုက်သည်။
“ မစ္စတာယဲ့ ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ လိုက်ခဲ့ပေးပါ။ ရှင်က ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် သံသယ ရှိပါတယ်။ စခန်းမှာစုံစမ်းစစ်ဆေးဖို့ ပူပေါင်းပေးပါ”
“ပြီးတော့ ဒီကလူကြီးမင်းလဲ ကျွန်မတို့နဲ့ လိုက်ခဲ့ဖို့လိုပါတယ်”
အားသောင် ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။
ယဲ့ဖန်းရဲ့ မျက်နှာက မည်းပြာနေခဲ့ပြီ။ အကြာကြီး တွေးပြီးနောက်မှာ တင်းကျပ်နေအောင် ဆုတ်ထားတဲ့ လက်သီးကို ဖြည်ချပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။
“ ကောင်းပြီ ကျွန်တော် လိုက်ခဲ့မယ်!”
တစ်ခဏကြာ တွေးတောပြီးတော့ သူခုခံနေတာကို ရပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဟန်ရှောင်ပင်းနဲ့ အရှေ့ကလူတွေ အကုန်လုံးကို အနိုင်ပိုင်း ပစ်နိုင်စွမ်း ရှိနေတောင် သူအခုမှ ကျင်းပိုင်မြို့ကို ရောက်တာဖြစ်လို့ လူမှု ဆက်ဆံရေးမှာ ဘာအဆက်အသွယ်မှ မရှိသေးဘူး။ စိတ်ပါတိုင်း လျှောက်လုပ်လိုက်ရင် ဝရမ်းပြေး ဖြစ်သွား နိုင်တယ်!
အဲ့လိုသာ ဖြစ်သွားရင် သူအနာဂတ်မှာ ဘယ်လို ဆက်ရှင်သန် ရတော့မလဲ?
သူ့အတွက် ယာယီလက်လျော့ပြီး မြို့တော်ဗျူရိုအထိ သွားပြီး စစ်ဆေးဖို့ရန် ဟန်ရှောင်ပင်းနဲ့ တွေ့ရုံအပြင် ရွေးစရာ မရှိတော့ဘူး။
ထိုအချိန်မှာ လေးလံတဲ့ ဒေါက်ဖိနပ်သံ ကျယ်ကျယ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
လင်းဖေးဟန် မျက်မှောင်ကြုတ်သွားရသည်။ ကံကြမ္မာသားတော်လေးက စောက်ရမ်း ကံကောင်းတာမို့ သူ့ကိုချက်ချင်းပဲ ကယ်တင်ဖို့ တစ်ယောက်ယောက် ရောက်လာတာတော့ မဟုတ်ဘူးမလား?
လူကမရောက်သေးဘူး အသံက အရင်ရောက်လာနေတယ်။
“ ရဲမေဟန် တစ်ကယ်ပဲတောင်းပန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး အထင်လွဲနေတာ ဖြစ်ပါလိမ့်မယ်။ ဒီယဲ့ဖန်းဆိုတဲ့သူက ကျွန်မတို့ရဲ့ သခင်ကြီးက မမလေးအတွက် ရှာထားပေးတဲ့ ဘောဒီဂတ်ပါ။ ကျွန်မတို့ သခင်ကြီးကို မျက်နှာသာပေးပြီး မစ္စတာယဲ့ဖန်းကို လွှတ်ပေးနိုင်မလားရှင့်?”
အလောတကြီး အသံနှင့် တစ်ယောက်ယောက် ဝင်လာခဲ့သည်။
ဈေးကြီးအဝတ်အစားများကို ဝတ်ဆင်ထားတဲ့ အထက်တန်းကျတဲ့ ရုပ်ရည်နဲ့ အမျိုးသမီး တစ်ယောက်ဖြစ်သည်။
တစ်ချက် ကြည့်လိုက်ရုံနှင့် လင်းဖေးဟန် မှတ်မိပါသည်။
အဲ့ဒါက လုရွှယ်ယင်ရဲ့ ကိုယ်ပိုင်လက်ထောက် လျိုရှုယွင်ပဲ။
လင်းဖေးဟန် မျက်မှောင်ကြုတ်သွားသည်။ သူ စိတ်ပူနေတဲ့ ကိစ္စတွေ နောက်ဆုံးတော့ ဖြစ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။
ငါထင်ခဲ့တာ မစ္စတာလုကို ငါကုပေးပြီး ဝင်နှောက်ယှက်လိုက်ရင် ယဲ့ဖန်းနဲ့သူ့ရဲ့ ဆက်နွယ်မှုကို ဖြတ်တောက်နိုင်မယ်လို့ပေါ့။ ဇာတ်ကြောင်းက အနည်းငယ် သွေဖယ်သွားလိမ့်မယ်လို့ ငါ မထင်ထား ခဲ့ဘူး။ ယဲ့ဖန်းက လုရွှယ်ယင်ရဲ့ ကိုယ်ပိုင် ဘော်ဒီဂတ် ဖြစ်လာသေးတာပဲ။
ဟန်ရှောင်ပင်း သူမရဲ့ အရှေ့က အမျိုးသမီးကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ တစ်ဆိတ်လောက်ပါ ဘယ်သူလဲရှင့်?”
လျိုရှုလင် အမြန်ပြောလိုက်သည်။
“မင်္ဂလာပါ ရဲမေဟန်။ ကျွန်မက လုမိသားစုရဲ့ ကိုယ်ပိုင်လက်ထောက် လျိုရှုယွင်ပါ။ မစ္စတာယဲ့ဖန်းက လုမိသားစုရဲ့ မမလေး လုရွှယ်ယင်ကို ကာကွယ်ဖို့ရန် လုသခင်ကြီး ငှားထားပေးတဲ့ ဘော်ဒီဂတ်ပါရှင့်။ မစ္စတာယဲ့ဖန်းက ကျင်းပိုင်မြို့ကို ရောက်လာခဲ့ပြီး ကျွန်မက လာတွေ့ဖို့ အချိန် လွဲသွားတာပါ။ ဒီနေ့တော့ ကျွန်မရှင့်ကို ရှာတွေ့ပြီ”
“ ရဲမေဟန် ဒီလိုဖြစ်နေမှတော့ ရှင် လုမိသားစုကို မျက်နှာသာပေးနိုင်မလားရှင့်? စိတ်မပူပါနဲ့။ ကျွန်မတို့ပြန်ရောက်တာနဲ့ သူ့ကို သေချာသင်ပြပေးမှာပါ”