Ch 72
Vol. 6 Ch. 72
ဟန်ရှောင်ပင်း မျက်မှောင်ကြုတ်သွားသည်။ စဝင်လာတည်းက အထက်ဆီးဆန်ဆန်နဲ့ လျိုရှုယွင်က အခု လုမိသားစုကို မျက်နှာသာ ပေးဖို့ဆိုပြီးပါ ပြောလာသေးတာမို့ သူမ အနည်းငယ် ဒေါ်သထွက်သွားခဲ့သည်။
အကုန်လုံးကိုသာ မျက်နှာသာ လိုက်ပေးနေရရင် သူဘာကိစ္စ ရဲလုပ် နေတော့မှာလဲ!
တစ်ချိန်ထဲမှာပဲ လင်းဖေးဟန်ရဲ့ တရားမျှတမှုဆိုတဲ့စကားက မဖိတ်ခေါ်ပဲ သူမ ခေါင်းထဲကို ဝင်လာခဲ့သည်။
မှန်တယ်။ တရားမျှတမှု မရှိရင် ပြည်သူ့ရဲလို့ ဘယ်ခေါ်လို့ရမှာလဲ?
ဟန်ရှောင်ပင်း အေးစက်စွာ ပြောလိုက်သည်။
“ ရှင့်ဘာရှင် ဘယ်သူ့ရဲ့ လက်ထောက်ဖြစ်နေနေ ကျွန်မ ဂရုမစိုက်ဘူး။ ယဲ့ဖန်းက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် သံသယ ရှိတာမို့ ကျွန်မတို့နဲ့ လိုက်ပြီး အစစ်ဆေးခံဖို့လိုတယ်။ တိကျတဲ့ ဖြေရှင်းမှုအတွက် မစ္စတာလင်းရဲ့ သဘောထားနဲ့ ရှင်တို့အရင် နှစ်ယောက် ညှိနှိုင်းဖို့လိုတယ်”
စကားပြောပြီးတာနဲ့ ဟန်ရှောင်ပင်း အနောက်ကို လှည့်ပြီး ယဲ့ဖန်းကို ခေါ်သွားလိုက်သည်။
ယဲ့ဖန်း အနည်းငယ် ကြောက်စိတ် ဝင်လာခဲ့သည်။ သူ တောင်အောက် မဆင်းခင်က သူ့ဆရာက လုမိသားစုက ကျင်းပိုင်မြို့ရဲ့ ထိပ်သီး မိသားစုကြီးငါးခုထဲက တစ်ခုဆိုပြီး ကြိုတင် ပြောပြထားသည်။ သူက ဘော်ဒီဂတ်ဆိုပေမဲ့ တစ်ယောက်ထဲအတွက် သီးသန့် ဘော်ဒီဂတ်လုပ်ရမှာဖြစ်သည်။ သူ မစ္စလုနဲ့ ဆက်သွယ်နိုင်လိမ့်မည်။ အခြေအနေ ကောင်းရင် လုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေပါ သူ့အပိုင် ဖြစ်လာလိမ့်မည်။
ယဲ့ဖန်း ကျင်းပိုင်မြို့ကို ရောက်တည်းက သူသိတာဆိုလို့ လုမိသားစုသာ ရှိသည်။ လုမိသားစုက သူ့ရဲ့ တစ်ခုတည်းသော အဆက်အသွယ်ပဲ။ လုမိသားစုတောင် အသုံးမဝင်ခဲ့ရင် သူမြို့တော်ဗျူရိုကို ဝင်ပြီးသွားရင် အပြင်ပြန်ထွက်နိုင်ပါ အုံးမလား? ယဲ့ဖန်း အနောက်ကိုလှည့်ပြီး လင်းဖေးဟန်ကို ကြည့်ကာ အော်လိုက်သည်။
“ မင်းက ရွံစရာကောင်းတဲ့ကောင်ပဲ!”
“ အရှက်မရှိတာ!”
“ ငါတို့က ယောက်ျားတွေပဲ။ ဓားတွေ သေနတ်တွေနဲ့ရှင်းလေ! မင်းက ဘယ်လိုကောင်လဲ? မင်းကကော ဘယ်လို ရဲလဲ?!”
လုမိသားစုရဲ့ နာမည်ကို သုံးတာလဲ အသုံးမဝင်တဲ့အပြင် အခု ယဲ့ဖန်းလဲ အနည်းငယ် ကြောက်နေတာကို မြင်တော့ လျိုရှုယင် အရှေ့ထွက်ပြီး ယဲ့ဖန်းကို စိတ်ငြိမ်အောင် နှစ်သိမ့်ရတော့သည်။
“ ယဲ့ဖန်း စိတ်မပူနဲ့။ ကျွန်မ မစ္စလုဆီကို သွားပြီး မစ္စတာလင်းနဲ့ ညှိနှိုင်းခိုင်းလိုက်ပါ့မယ်”
ယဲ့ဖန်းရဲ့ အော်ဟစ်သံနဲ့ လျိုရှုယင်ရဲ့ နှစ်သိမ့်သံကို ကြားတော့ လင်းဖေးဟန် အထင်သေးစွာ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ ယဲ့ဖန်က အခုမှ ကျင်းပိုင်မြို့ကို ရောက်တာ ဖြစ်ပြီးသူ့ရဲ့ အဆက်အသွယ်က မကျယ်ပြန့်သေးဘူး။ မင်းငါ့ကို တိုက်ဖို့ ဘာကို သုံးနိုင်အုံးမှာလဲ? မင်းရဲ့ အင်အားနဲ့လား? ဒါက ဘယ်လို ပတ်ဝန်းကျင်မို့လို့လဲ? ဥပဒေ စိုးမိုးတဲ့ ပတ်ဝန်းကျင်ကွ ဒါက။ မင်း ယဲ့ဖန်းက လမ်းလျှောက်နေတဲ့ တင့်ကားကြီး ဖြစ်နေရင်တောင် ငါမင်းကို မနိုင်ဘူးလို့တော့ မယုံဘူး။ ငါမင်းကို အမြှောက်နဲ့ ပစ်လိုက်ရင် မင်းဘယ်လိုနေနေ ခံရတာပဲ မဟုတ်ဘူးလား?
လင်းဖေးဟန်က ဟန်ရှောင်ပင်းကို ပြောလိုက်သည်။.
“ ရဲမေဟန် မင်းလဲတွေ့ပါတယ်။ ဒီအခြေအနေမှာ သူ့ပုံစံက နိုင်ငံသားကောင်း ပုံပေါက်နေလို့လား? မင်း ဥပဒေကို ဘက်မလိုက်ပဲ ဆောင်ရွက်ပေးပြီး ပြည်သူ တွေဘက်က ရပ်တည်ပေးပါ!”
“ယဲ့ဖန်း ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပြီး စခန်းကိုလိုက်ခဲ့”
ဟန်ရှောင်ပင်းရဲ့ မျက်လုံးထဲမှာ ရွံရှာမှုတွေ ပြည့်နေသည်။
ချမ်းသာတဲ့ ဒုတိယမျိုးဆက် လင်းဖေးဟန်တောင်မှ ယဥ်ကျေးမှုကို ပြပေးနိုင်တယ်။ နင့်လို ဘော်ဒီဂတ် အဆင့် လောက်က ဘာတွေ မောက်မာပြနေတာလဲ? ဒီဟာမကကော ဘယ်လို လက်ထောက်လဲ? လုမိသားစုက သေလောက်အောင် ကြီးကျယ် နေလို့လား? တစ်ရက်လောက်တော့ ငါ လူကိုယ်တိုင် သွားတွေ့ပေးမယ်။
ဇာတ်လိုက်ယဲ့ဖန်းအတွက် မောက်မာမှုဆိုတာ သူ့ရဲ့လိုအပ်တဲ့ စရိုက်တစ်ခုမှန်း ဟန်ရှောင်ပင်း မသိခဲ့ပေ။ အခုမှ တောင်အောက် ဆင်းလာပြီး တောင့်တင်းတဲ့ နောက်ခံရှိတဲ့ ဇာတ်လိုက်အတွက် မောက်မာတာက ဖြစ်သင့်တာပဲလေ။ မောက်မာမှုက သူ့အပိုင်ပဲ!
ယဲ့ဖန်းက ဟန်ရှောင်ပင်းကို စူးနေအောင် ကြည့်ရင်း အော်လိုက်သည်။
“ ငါလက်မခံဘူး။ မင်းက ဒီကောင်နဲ့ ကြံရာပါတွေပဲ။ ဒါမမျှတဘူး”
ဟန်ရှောင်ပင်းနဲ့ လင်းဖေးဟန်က တစ်ဖွဲ့တည်းလို့ ယဲ့ဖန်း စတင်ပြီး ထင်လာတော့သည်။
“ မြန်မြန်သွားမယ်!”
ဟန်ရှောင်ပင်းက ယဲ့ဖန်းကို စိတ်တိုစွာ စိုက်ကြည့်လိုက်သည်။ ဒီကောင်ကတော့! ငါကသူ့ကို အသိအသာကြီး ကူညီပေးနေတာကို ကျေးဇူးမသိတတ်ဘူး!
“ ဒင်! စနစ်မှ အသိပေးချက်; ဇာတ်လိုက်အပေါ် အမျိုးသမီးဇာတ်လိုက် ဟန်ရှောင်ပင်း၏ နှစ်သက်မှု လျော့ကျသွားပါသည်။ အမှတ် ၁၀၀ လက်ခံရရှိတဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်”
မြို့တော်ဗျူရိုကို အခေါ်သွားခံရတဲ့ ယဲ့ဖန်း တစ်ယောက် မျက်ရည်မထွက်ပဲ ငိုနေရပြီ။ ရဲတွေက သူ့ရဲ့ပိုက်ဆံအိတ်၊ မှတ်ပုံတင်နဲ့ ဖုန်းကို သိမ်းပစ်လိုက်သည်။
ဖုန်းကို သိမ်းပစ်လိုက်တာက အပြင်လောကနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ပစ်တာလို့ ဆိုလို တာပဲ။
အဓိပ္ပါယ်အနေနဲ့ ယဲ့ဖန်း မြို့တော်ဗျူရိုကနေ ထွက်ဖို့ အဆက်အသွယ်တစ်ခုခု ရှာချင်ရင်တောင် ရှာလို့ မရတော့ဘူး!
တစ်ဖက်မှာတော့ အားသောင်သည် သက်တောင့်သက်သာ ရှိစွာ ကုသမှု ခံယူနေသည်။
လင်းဖေးဟန် ဘာမှ ထပ်ပြောစရာ မလိုတော့ပေ။ အကုန်လုံးက အားသောင်သည် လင်းသခင်လေးရဲ့ ဘော်ဒီဂတ်ဆိုတာ သိတာမို့ ဘယ်သူမှ သူ့ကို စိတ်တိုအောင် မလုပ်ရဲကြပေ။
အားသောင်ကို စားကောင်းသောက်ဖွယ် များနဲ့ ဧည့်ခံထားသည်။ သခင်ကို လာခစား ပေးနေကြသည့် အတိုင်းပင်။
ယဲ့ဖန်း တစ်ဖြည်းဖြည်း မပျော်တော့ပေ။ သူ အလွန် စိတ်တိုနေသည်။ သူ့မှာစွမ်းအင် ကုန်ခမ်းနေသလို ခံစားလာရသည်။ ဒေါ်သတွေ ပုံချစရာ နေရာလဲ မရှိပေ။
ဒီနေ့ အဖြစ်အပျက်ကို တွေးမိလေလေ တစ်ဖက်လူ ချထားတဲ့ ထောင်ချောက်ထဲကို သူပြုတ်ကျသွားတာပဲလို့သာ ခံစားနေရသည်။
ဒါပေမဲ့ ဘာလို့လဲ?
သူနဲ့ လင်းဖေးဟန်မှာ ရန်ညိုးမရှိဘူးလေ။ ဘာလို့ လင်းဖေးဟန်ကသူ့ကို ပစ်မှတ် ထားနေတာတုန်း?
လင်းဖေးဟန်နဲ့ စပြီး စုံတုန်းက သူ ဖော်ရွေမှု အပြည့်ပြခဲ့ပေမဲ့ စိတ်ထဲက အတွေးတွေကို ကောင်းကောင်း မဖုံးကွယ်နိုင်မိလို့များလားလို့ ယဲ့ဖန်း သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်မိ လာရ၏။
အပြစ်သား ထိန်းသိမ်းခန်းထဲမှာ ယဲ့ဖန်း စိတ်တိုစွာနဲ့ လက်သီးကို တင်းနေအောင် ဆုတ်ထားမိတာကြောင့် လက်ချောင်းတွေဆို အဖြူရောင်ပင် သန်းနေခဲ့ပြီ။ အတွင်းမှ လှိုက်တက်လာတဲ့ ဒေါ်သတွေကို ဖိနှိပ်ရင်း သူ့ရဲ့ မျက်နှာက မည်းပြာပြီး ပုတ်သိုးနေခဲ့သည်။
လင်းဖေးဟန်ကို တွေးမိတာနဲ့ သူ့စိတ်ထဲ လှိုင်းထန်လာရသည်။ သူ လင်းဖေးဟန်ကို သေလောက်အောင် မုန်းသည်။
လင်းဖေးဟန် မင်း စောင့်နေလိုက်စမ်းပါ! ငါ မြို့တော်ဗျူရိုကနေ ထွက်လာတဲ့အထိ မင်း စောင့်နေလိုက်။ မင်းရဲ့ အချက်အလက်တွေ အကုန်ရအောင်ရှာပြီး မင်းကို အကြီးကြီး ပြန်ပေးဆပ်ခိုင်းမယ်။ မင်းစောင့်နေလိုက်!
……..
လင်းဖေးဟန်က မြို့တော်ဗျူရိုကနေ ဖြည်းဖြည်းချင်း အပြင်ကို ထွက်လာခဲ့သည်။ သူ့မျက်နှာက နေရောင်ကဲ့သို့ ရွှင်ပြနေသည်။
သူ ယဲ့ဖန်းအတွက် အကြီးကြီး စပရိုက် ပေးခဲ့လိုက်ပြီလေ။
ယဲ့ဖန်းက စွန်းရှင်းယွဲ့ကို ထပ်ပြီး စကားပြောမှာကို သိနေခဲ့တော့ ယဲ့ဖန်းကိုဘယ်လို ဖြေရှင်းမလဲကို သူ ကြံစည်ခဲ့တာပဲ။
ဒီနေ့ ယဲ့ဖန်းရဲ့ အခြေအနေက စွန်းရှင်းယွဲ့ရဲ့ နှလုံးသားထဲမှာ ဟိုးအောက်ဆုံးကို ရောက်သွားခဲ့ပြီ။ စွန်းရှင်းယွဲ့ရဲ့ အမြင်မှာ ယဲ့ဖန်းက တဏှာရူးသာသာပဲ။ ကိစ္စတွေက ထင်ထားတာထက် ပိုအဆင်ပြေ သွားတာပဲ။
အံ့သြစရာတစ်ခုက ဟန်ရှောင်ပင်း ရုတ်တရက် ပေါ်လာတာ ဆိုပေမဲ့လဲ အဲ့ဒါကလဲ အန္တာရယ် တော့ သိပ်မရှိလိုက်ဘူး။ ဟန်ရှောင်ပင်းရဲ့ ယဲ့ဖန်းအပေါ် အမြင်က ဆိုးသွားခဲ့တယ်။ ဒါ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။
ယဲ့ဖန်းက အခု ထိန်းသိမ်းခံထားရတယ်။ သူ့ရဲ့ အထိန်းသိမ်းခံရမဲ့ နေ့ကို လင်းဖေးဟန်နဲ့ လုရွှယ်ယင်က ဆုံးဖြတ်ပေးရမှာပင်။
ဒီတစ်ခေါက် လင်းဖေးဟန် အများကြီး ရိတ်သိမ်းလိုက်ရတယ်လို့ ပြောလို့ရသည်။
လင်းဖေးဟန်က ယဲ့ဖန်းရဲ့ မိန်းမလှတွေကို ကြိုက်တဲ့ အကျင့်ကို အခွင့်ကောင်းယူပြီး အကွက်လှလှနဲ့ တိုက်ခိုက် ပေးလိုက်တာလေ။
လင်းဖေးဟန် အဝေးကြီးကို မရောက်သေးခင်မှာ လျိုရှုယွင်က တားလိုက်သည်။
“ မင်္ဂလာပါ မစ္စတာလင်း၊ ကျွန်မက လုမိသားစုက မစ္စလုရဲ့ လက်ထောက်ပါရှင့်။ ကျွန်မနာမည်က လျိုရှုယွင်ပါ”
အလန်းလေး လျိုရှုယွင်က ရှုတ်ထွေးနေသော မျက်နှာနဲ့ လင်းဖေးဟန်ရှိရာကို လှမ်းလာသည်။ တောင်ပေါ်က ကောင်လေး ယဲ့ဖန်းက သူမ လာခေါ်ဖို့ အချိန်မှားသွားတာနဲ့ ဟိုဒီလျှောက်ပြီး လှည့်ပတ် သွားနေ လိမ့်မည်လို့ သူမ မထင်ထားခဲ့ဘူး။ လင်းကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌ လင်းဖေးဟန်နဲ့ ပြဿနာတက်ပြီး ရဲခေါ်ခံရမယ်လို့ ပိုလို့တောင် မထင်ထားမိခဲ့တာ။
“ အိုး လက်ထောက်လျိုလား? ဘာဖြစ်လို့လဲ?”
အရှေ့က လျိုရှုယွင်ကို ကြည့်ရင်း လင်းဖေးဟန် အေးစက်စက် ပြောလိုက်သည်။
လာနောက်နေတာလား? ငါ့လို ဗီလိန်ကို မင်းလို အရံဇာတ်ကောင်လောက်က လမ်းလာပိတ်ရဲ ရလား?
လျိုရှုယွင်ဆိုတဲ့ အမျိုးသမီး အရံဇာတ်ကောင်က မူရင်း ဇာတ်ကြောင်းမှာ အစေခံသာသာ အနေအထား ရှိတဲ့ ယဲ့ဖန်းရဲ့ အိပ်ယာကို နွေးပေးအောင်လုပ်ပေးရတဲ့ သူ တစ်ယောက်ပဲ။
လင်းဖေးဟန်က အဲ့လိုမိန်းမတွေကို အထင်သေးသည်။ ဒီတော့ သူ့ရဲ့စိတ်ကိုလဲ ဖုံးကွယ် မနေတော့ပေ။
“ သူဋ္ဌေးလင်း အစောက ကိစ္စက တစ်ကယ်ကို အထင်လွဲတာ ဖြစ်လောက်ပါတယ်။ သူဋ္ဌေးလို ရာထူးကြီးတဲ့သူက ယဲ့ဖန်းကို ထပ်မနှောက်ယှက်ပါနဲ့တော့လားဟင်။ မဟုတ်ရင် ကျွန်မအတွက် သခင်ကြီးလုကို ရှင်းပြဖို့ ခက်တော့မှာ။ မမလေးလုကိုဆို ပိုဆိုးပြီး…”
လင်းဖေးဟန် တည့်ပဲ ဖြတ်ပြောလိုက်သည်။
“အတင့်ရဲလိုက်တာ… ငါက ရာထူးကြီးတာနဲ့ပဲ ဒေါ်သတွေကို မြိုချလို့ လာပြောနေတာလား? ပြီးတော့ မင်း ရှင်းပြဖို့ ခက်တာက ငါနဲ့ ဘာဆိုင်လဲ? ကိုယ့်စောက်ဆင့်ကို ကိုယ်သိစမ်း ကလေးမ။ မင်းလို ဘာမဟုတ်တဲ့ အတွင်းရေးမှုးကို ငါဆိုတဲ့ လင်းဖေးဟန်က စကားပြန်ပြောပေးတာနဲ့တင်ပဲ မင်းတဘဝလုံး ကျေနပ်နေသင့်ပြီ။”
“ မင်းအခု ငါ့ကို အမိန့်ပေးနေတာလား? ကြည့်ရတာ မင်းကမှ ရာထူးကြီးတဲ့သူ ဖြစ်နေပုံပဲ!”