← Chapters

Ch 73

Vol. 6 Ch. 73

Ch 73

Vol. 6 Ch. 73

“မဟုတ်ပါဘူး မစ္စတာလင်း”

လျိုရှုယွင် စိတ်လှုပ်ရှားလွန်ပြီး ရုတ်တရက် မျက်ရည်စက်များပါ တွဲခိုလာခဲ့သည်။

“ ယဲ့ဖန်းကိုယ်စား ကျွန်မ မစ္စတာလင်းကို တောင်းပန်ပါတယ်။ ယဲ့ဖန်းကို လွှတ်ပေးပါ!”

“ တောင်းပန်တာသာ အသုံးဝင်နေရင် ဘာကိစ္စ ရဲခေါ်နေတော့မှာလဲ? မင်း တောင်းပန်လိုက်ရင် ငါ့ဘော်ဒီဂတ်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားမယ် မင်းထင်လား?”

လင်းဖေးဟန် အထင်းသေးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပဲ!”

“ဒါဆို မစ္စတာလင်း ရှင်ဘာကိုလိုချင်တာလဲ?”

ထိုအချိန်မှာ လျိုရှုယွင်ရဲ့ မျက်နှာက အနည်းငယ် နားမလည်ဟန် ဖြစ်လာတော့သည်။

လင်းဖေးဟန်ရဲ့ မထီမဲ့မြင်ဟန် မျက်လုံးကို ကြည့်မိလိုက်တော့ သူမ ချက်ချင်း စိတ်လှုပ် ရှားလာရသည်။

သူအခု ဘယ်ကို ကြည့်နေတာလဲ? သူက ငါ့ရင်ဘတ်ကို ကြည့်နေတာ… ဖြစ်နိုင်တာက..

“ ကောင်မလေး! ဒီလာခဲ့!”

“ သူဋ္ဌေးလင်း ဒါက မြို့တော်ဗျူရိုရဲ့ ဝင်ပေါက်ကြီးမှာနော်”

လျိုရှုယွင် အဲ့လို ပြောလိုက်ပေမဲ့လဲ သူမ လင်းဖေးဟန်ရဲ့ အမိန့်ကို မလွန်ဆန်ရဲပေ။ လင်းဖေးဟန်အနားကို သူမ လျှောက်သွား လိုက်သည်။

လင်းဖေးဟန်က လျိုရှုယွင်ရဲ့ မေးစေ့ကို လက်တစ်ဖက်ဖြင့် ပင့်လိုက်ပြီး

“ ငါ့ရဲ့ တောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ်။ အဲ့ဒါက..”

“ သူဋ္ဌေးလင်း ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့”

လျိုရှုယွင် သူမရဲ့ နှုတ်ခမ်းကို အားနှင့် ကိုက်ထားသည်။ သူမ အလွန် ဒေါ်သထွက်နေပေမဲ့ ယဲ့ဖန်း ထွက်လာနိုင်မည့် ကိစ္စနှင့် ဆိုင်နေတော့ မခုခံရဲပေ။

“ ငါ့ရဲ့တောင်းဆိုချက်က ဥပဒေအတိုင်း ဘက်မလိုက်ပဲ ဆောင်ရွက်ပြီး ငါ့ရဲ့ နိုင်ငံသား တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်ဖို့ပဲ!”

“ဒါပေါ့ မင်းလဲ ယဲ့ဖန်းအတွက် ရှေ့နေ ငှားနိုင်တယ်”

“ ဝမ်တကုံ သွားကြမယ်!”

ကားက ချက်ချင်းပဲ မောင်းထွက်သွားသည်။

ကားထဲမှာ လင်းဖေးဟန်က ကျယ်လောင်စွာ ရယ်နေခဲ့သည်။ အရမ်းမိုက်တယ်။ ဗီလိန် လုပ်ရတာ ခံစားလို့ ကောင်းလိုက်တာ။

လင်းဖေးဟန်ရဲ့ ရယ်သံကိုကြားတော့ ကားမောင်းနေတဲ့ ဝမ်တကုံ အနည်းငယ် လန့်လာသည်။ သူ့ရဲ့ သူဋ္ဌေး ဘာဖြစ်သွားတာလဲ? မြို့တော်ဗျူရိုကနေ ထွက်လာတိုင်း သူဋ္ဌေးက မူမမှန်ဘူးလို့ ဘာလို့ အမြဲခံစားနေရပါ့?

ရုတ်တရက် ဝမ်တကုံ တစ်ခုခုကို တွေးမိသွားခဲ့သည်။

ဖြစ်နိုင်တာ သူ့ရဲ့သခင်လေးက ရှေးခေတ်သိုင်းလောကထဲမှာပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ "ရယ်မောရင်းရူး" ဆိုတဲ့ အဆိပ်အခပ်ခံလိုက်ရတာများလား?

ဝမ်တကုံ စိတ်ကိုငြိမ်အောင်လုပ်ဖို့ ပေါက်စီကို တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက်မှာ ဘော့စ်ဖြစ်သူကို ပြန်ကြည့်လိုက်သည်။

လင်းဖေးဟန် ဝမ်တကုံကို လှမ်းရိုက်လိုက်ရသည်။

“ အာရုံမများနဲ့။ ကားသေချာမောင်း”

ဒီကောင်က ယာဥ်စည်းကမ်းမလိုက်နာဘူး။ သူပေးထားတဲ့ ယာဥ်မောင်းလိုင်စင်ကို အလကားပေးထားတယ်လို့ မှတ်နေလားမသိဘူး။ အချိန်ရရင်တော့ သူ့ကို ဥပဒေအကြောင်း သင်ပြပေးရအုံးမယ်။

ကမ္ဘာပေါ်မှာ လမ်းပေါင်းထောင်ချီပြီးရှိတယ်။ လုံခြုံရေးက အဓိကဆိုတာ ဒီကောင်မသိဘူး။

စည်းမရှိကမ်းမရှိ ကားမောင်းတာက ကိုယ်ချစ်တဲ့သူတွေကို ဝမ်းနည်းမှုတွေ ယူဆောင် ပေးနိုင်တယ်။

လင်းဖေးဟန် ပန်းဆိုင်ကို ရောက်တဲ့အခါ သူ စွန်းရှင်းယွဲ့ကို အပ်စိုက်ကုပေးလိုက်သည်။

အပ်စိုက်ပြီးတော့ ပုံမှန်လိုပဲ စွန်းရှင်းယွဲ့နဲ့ စကားခဏပြောလိုက်ပြီး နှင်းဆီဖြူကို ပြန်စိုက်လိုက်သည်။

ဒီနှင်းဆီဖြူလေးက သူနဲ့ စွန်းရှင်းယွဲ့ရဲ့ ကြားက အချစ်သင်္ကေတလေးမို့ သူသေချာလေး ဂရုစိုက်ရမည်လေ။ လင်းဖေးဟန်က ပန်းကို ပြန်စိုက်ပြီး ပိုပြီး ကောင်းမွန်လှပတဲ့ အိုးအသစ်ထဲ ထည့်ပြီး ပြတင်းပေါက် ဘောင်မှာ ပြန်တင်ထားပေးလိုက်သည်။

နှင်းဆီဖြူပေါ်မှာ နေရောင်လေးက ဖြာကျနေခဲ့သည်။ စွန်းရှင်းယွဲ့ရဲ့ လက်ရှိစိတ်အခြေအနေလိုပဲ နွေးထွေးလှသည်။ အစောပိုင်းက ဖြစ်ပျက်သွားသည့် ကိစ္စကလွဲလျှင် ယနေ့အတွက် အကုန်လုံးက အဆင်ပြေ ချောမွေ့နေသည်။

စွန်းရှင်းယွဲ့ ပန်းဆိုင်ထဲက အပင်များ ရေလောင်းရန် လင်းဖေးဟန် ဂရုတစိုက် ကူညီပေးနေရင်း မေးလိုက်သည်။

“ မင်း ဒီနေ့ ဘယ်လိုနေလဲ?”

နူးညံ့ပြီး သာယာဖွယ် အသံလေးနှင့် စွန်းရှင်းယွဲ့ ပြန်ဖြေသည်။

“ ကျွန်မ ဒီနေ့ အရမ်းနေလို့ကောင်းတယ်။ ခြေထောက်ကလဲ ပုံမှန်ထက် ပိုပေါ့ပါးနေတယ်။ မြေပြင်ပေါ်မှာ လမ်းလျှောက်ဖို့ အရမ်း မခက်တော့ဘူး။ အစ်ကိုလင်းရဲ့ အပ်စိုက်ကုထုံးက အရမ်း အကျိုးထူးတယ်”

ထိုသတင်းကို ကြားတော့ လင်းဖေးဟန် အလွန် စိတ်လှုပ်ရှားသွားသည်။

“ ကောင်းတယ်။ ရက်နည်းနည်း စောင့်လိုက်အုံး။ ကျွမ်းကျင်ဆရာဝန်က နှစ်ရက်နေရင် ကျင်းပိုင်မြို့ကို ရောက်လိမ့်မယ်။ သူ့ကို မင်းရဲ့ခြေထောက်ကို ကုခိုင်းပြီးရင် နှစ်လအတွင်းပဲ လုံးဝ သက်သာ လာလိမ့်မယ်”

နှစ်လနေရင် စွန်းရှင်းယွဲ့ရဲ့ ခြေထောက်က ပုံမှန်လူရဲ့ ခြေထောက်လိုမျိုး ပြန်ကောင်း သွားမယ်လို့ သူ အပြည့်အဝ ယုံကြည်ချက်ရှိသည်။

ရက်အတိအကျက သူမှန်းသလို မဖြစ်ဘူးဆိုရင်တောင် အလွန်ဆုံး တစ်လလောက် ပိုသွားရုံပေါ့။

လင်းဖေးဟန်ရဲ့စကားကို စွန်းရှင်းယွဲ့ အရမ်း ယုံသည်။ သူ့ရဲ့ စကားတစ်ခွန်းတိုင်းက သူမကို စိတ်သက်သာမှု ပေးစွမ်းသည်။ သူမ နူးညံ့စွာ ပြုံးနေခဲ့ပြီး မျက်ဝန်း တောက်တောက်များထဲတွင် အနာဂတ်အတွက် မျှော်လင့်ခြင်းများ ပြည့်လျှံနေသည်။ ဒါက လင်းဖေးဟန် သူမကို ပေးခဲ့တဲ့ မျှော်လင့်ချက် တွေပဲ။

လင်းဖေးဟန် ပြုံးပြီးတော့ မေးလိုက်သည်။

“ ကောင်မလေး မင်းရဲ့ ခြေထောက် ပြန်ကောင်း သွားရင် မင်း ဘယ်ကို သွားမှာလဲ?”

ခြေထောက် ပြန်ကောင်းသွားရင်? ဒီမေးခွန်းကို တစ်ခါမှ မတွေးကြည့်ဖူးဘူးပဲ။

ထိုစကားသည် စွန်းရှင်းယွဲ့ကို သူမရဲ့ အနာဂတ်အတွက် အဆုံးမရှိတဲ့ စိတ်ကူးယဥ်မှုတွေကို ပေးစွမ်းလိုက်သည်။

အချိန်အကြာကြီး တွေးတောပြီးနောက်တွင် သူမ ပြောလိုက်သည်။

“ ကျွန်မ ကစားကွင်းကို သွားချင်တယ်”

“ ဘာလဲ? ကစားကွင်းမှာ သွားကစားမလို့လား? အပေါ်ကနေ တွဲလောင်းကျတဲ့ စီးတဲ့ဟာနဲ့ ရိုလာကိုစတာက အရမ်းကြောက်ဖို့ ကောင်းတာနော်”

“အိုး…” စွန်းရှင်းယွဲ့ ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်သည်။

“ကျွန်မ သိပြီ။ အစ်ကိုလင်းက အမြင့်ကြောက်တာပဲ”

“ မင်းရဲ့ အစ်ကိုက ဘာကိုမှ မကြောက်တတ်ဘူး”

“ ဟုတ်ပါပြီ”

“ မကြောက်ဘူးလို့”

“ ဟုတ်ပါပြီလို့!”

“ မဟုတ်ဘူးကွာ။ အကယ်လို့ အဲ့ဒါက မတော်တဆ…”

“ အစ်ကိုလင်း ဝန်ခံလိုက်ပြီ!”

စွန်းရှင်းယွဲ့ ပြုံးလိုက်သည်။ သူမ၏ အပြုံးက နေရောင်လေးလို ကြည့်မိသူတိုင်းရဲ့ ရင်ကို နွေးထွေးစေသည်။ ထိုနှလုံးသားထဲထို နွေးထွေးသွားတဲ့ နေရောင်ငယ်လေးကို လင်းဖေးဟန် ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။

ဘာ အကြံအစည်မှ မရှိ၊ ဘာနာကျင်မှုမှ မရှိဘူး။ ဒီအခိုက်အတန့်လေးက ကောင်းမွန်လိုက်တာ။

“ ကျွန်မရဲ့ ခြေထောက်ကြောင့် တစ်ခါမှ ကစားကွင်းကို မသွားခဲ့ဖူးဘူး။ ကျွန်မ ရဟတ်စီးချင်တယ်။ ပြီး အစ်ကိုလင်းပြောသွားတဲ့ အပေါ်ကနေ ပြုတ်ကျတဲ့ ကစားစရာ အကြီးကြီးဆိုတာရော၊ အော်ပြီးတော့ ရိုလာကိုစတာရောပဲ..”

လင်းဖေးဟန်ရဲ့ မျက်နှာပေါ်မှာ ပြုံးနေသော်ငြား ရင်ထဲတွင် ဝမ်းနည်း လာခဲ့သည်။

စွန်းရှင်းယွဲ့ရဲ့ ခြေထောက်ဖြစ်ပြီးနောက်မှာ သူမက ကစားကွင်းကို သွားဖို့ မပြောနဲ့။ ပုံမှန်ဘဝမှာတောင် နေခွင့်မရခဲ့ဘူး။

ကားအက်ဆီဒန့်ကြောင့် သူမ မိဘမဲ့ ဖြစ်သွားရပြီး မူလက ပျော်ရွှင်ဖွယ်မိသားစု လေးက အပိုင်းပိုင်း ပျက်ဆီးခဲ့ရတယ်။

ဒါတောင်မှ သူမက အရမ်းသန်မာတယ်။

လင်းဖေးဟန် လေးလံစွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ ကောင်းပြီ ပြဿနာ မရှိဘူး။ မင်းရဲ့ ခြေထောက် သက်သာပြီးရင် ကိုယ်တို့ ကစားကွင်းကို သွားကြမယ်”

စွန်းရှင်းယွဲ့တစ်ယောက်ထဲ မဟုတ်ပဲ လင်းဖေးဟန်ပါ အတူသွားမည် ဆိုတာကို သိစေရန် 'ကိုယ်တို့’ ဟု သူ သုံးခဲ့သည်။

စွန်းရှင်းယွဲ့ရဲ့ နှလုံးသားထဲတွင် ခံစားချက်များစွာ ဖြစ်ပေါ်လာခဲ့သည်။

လင်းဖေးဟန်က အမြင့်ကြောက်ပေမဲ့လဲ သူက သူမနှင့် အတူစီးပေးမည်လို့ ပြောခဲ့သည်။ စွန်းရှင်းယွဲဲ့သည် ကျေနပ်စွာ ပြုံးနေခဲ့သည်။

ကစားကွင်းကို အတူသွားကြတာပေါ့ ဆိုတဲ့ စကားကြောင့် သူမ၏ ခြေထောက်တွေ ပိုပြီး မြန်မြန်ကောင်းလာပါစေတော့ဟုသာ စိတ်ထဲမှ ဆုတောင်းမိတော့သည်။

အမည်မသိစာရေးသူ တစ်ယောက် တစ်ခါက ပြောဖူးသည်။ ကောင်မလေး တစ်ယောက်က မင်းနဲ့ ရုပ်ရှင်ကြည့်ဖို့ ဖြစ်ဖြစ် ကစားကွင်း သွားဖို့ဖြစ်ဖြစ် သဘောတူခဲ့တယ်ဆိုရင် မင်းကို ဂုဏ်ပြုပါတယ်။ မင်းမှာ အခွင့်အရေး ရသွားပြီ။ အနည်းဆုံးတော့ ဒီကောင်မလေးက မင်းကို အွန်လိုင်းငွေပေးချေမှု တစ်ခုတည်းအတွက် သုံးနေတာ မဟုတ်တော့ဘူး။

ဒါက သူတို့ပြောခဲ့တာပေါ့။ စာအုပ်လေးယူပြီး မှတ်ထားလိုက်ကြ။

စွန်းရှင်းယွဲ့က တစ်ခုခုကို တွေးမိသွားပြီး ရုတ်တရက် သူမရဲ့ မျက်နှာက အနီရောင် သန်းလာခဲ့သည်။ သူမ လင်းဖေးဟန်ကို ကြည့်ပြီး ပြောလိုက်သည်။

“ အစ်ကိုလင်း ဒီနားလာခဲ့ပါ။ ရှင့်မျက်နှာမှာ ပေနေတယ်”

“ တစ်ကယ်လား?” လင်းဖေးဟန် သတိလက်လွတ် သူ့ရဲ့မျက်နှာကို ထိလိုက်သည်။

“ အဲ့နား မဟုတ်ဘူး။ လာပါ။ ကျွန်မ ကူညီပေးမယ်”

လင်းဖေးဟန် ဘာကိုမှ မတွေးမိဘဲ ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ သူ အလုပ်လုပ်တာ အာရုံအစိုက်လွန်ပြီး သတိမထားမိဘဲ ပေသွားတာ ဖြစ်ရမည်။

ဝှီးချဲပေါ်တွင် ထိုင်နေသော စွန်းရှင်းယွဲ့ မှီနိုင်အောင်လို့ လင်းဖေးဟန် ကိုယ်ကို ငုံ့ပေးလိုက်သည်။

“ အစ်ကိုလင်း နည်းနည်း အောက်ငုံ့ပါအုံး။ ကျွန်မ မမှီဘူး”

“အိုး!”

All Chapters