Ch 75
Vol. 6 Ch. 75
ဒီအဖြစ်အပျက်မှာ ပူးပေါင်း ကြံစည်မှုတွေ ရှိမယ်လို့ လုရွှယ်ယင် ယူဆမိပေမဲ့ အခြေအနေတွေက ဒီလောက်ထိ ဖြစ်လာခဲ့တော့ သူမ ဖုန်းခေါ်မှ ရတော့မည်။
“ မစ္စလု မင်း လူမှားမေးနေမိတယ် ထင်တယ်။ ဒီကိစ္စက ငါလွှတ်ပေးလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး။ ဒီအမှုကို မြို့တော်ဗျူရိုက ကိုင်တွယ်နေတာ။ မင်း အလျင်လိုနေသလို ငါလဲမင်းထက်ပိုပြီး စိတ်ပူတယ်။ ငါ့ရဲ့ ဘော်ဒီဂတ်လဲ ဒီအမှုထဲ ပါနေရတာ”
“ ဒီအမှုကို မြို့တော်ဗျူရိုရဲ့ စုံစမ်းစစ်ဆေးမှု ပြီးမှပဲ ငါတို့ ဝင်ပတ်သတ်လို့ရမှာ”
မြို့တော်ဗျူရို? ဥပဒေ အတိုင်း သွားမယ်ပေါ့။ ဒါ လင်းဖေးဟန် ပေးနေတဲ့ ဆင်ခြေတွေဆိုတာ သူမ သိသည်။
တစ်ခါတစ်ရံဆို လင်းဖေးဟန်ရဲ့ စကားက မြို့တော်ဗျူရိုထက်တောင် ပို အစွမ်းထက် သေးတာ။
“ ဒါဆိုလဲ မနက်ဖြန်ကျတွေ့ပြီး စကားကောင်းကောင်း ပြောကြတာပေါ့”
လုရွှယ်ယင်ရဲ့ လေသံက အနည်းငယ် အေးစက်နေသည်။ သူမ တစ်ကယ်ကို အကူအညီ တောင်းခဲ့တာကို ဒီလင်းဖေးဟန်က သိသိသာသာကို သူမကို မျက်နှာသာ မပေးခဲ့ဘူး။
“ ကောင်းပြီ ကောင်းပြီ” လင်းဖေးဟန် အေးစက်စွာ ပြန်ဖြေလိုက်သည်။
“ ဒါဆို မနက်ဖြန်နေ့လည် ၃ နာရီ ကျရင် နင့် ကုမ္ပဏီရဲ့ မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်မှာ တွေ့မယ်”
လုရွှမ်ယင်ရဲ့စကားကို လက်ခံပြီးတာနဲ့ လင်းဖေးဟန် တန်ပြီး ဖုန်းချလိုက်သည်။
“ သူဋ္ဌေးလင် သူဋ္ဌေးလုကို တွေ့သင့်တယ် လို့မထင်ဘူး။ သူဋ္ဌေးလုရဲ့ နောက်ခံနဲ့ ပုံစံအရ မငြင်းနိုင်ဘဲ နေလိမ့်မယ်”
လင်းဖေးဟန်က လီရှောင်ဟွေ့ကို စိုက်ကြည့်ပြီးနောက် မျက်နှာကိုမဲ့ကာ ခေါင်းရမ်းလိုက်သည်။
“ မင်း လုံးဝ နားမလည်ဘူးပဲ”
ဥပဒေအတိုင်း လိုက်ပြီး လင်းဖေးဟန်ကလဲ မလွှတ်ပေးနေသရွေ့၊ သူ လုရွှမ်ယင်နဲ့ တွေ့ပြီး သူမကို အကူအညီတောင်းခွင့် မပေးသရွေ့ ယဲ့ဖန်းသည် အပြစ်ချခံရပြီး သေချာပေါက် ထောင်ကို သွားရမှာပင်။
ဒါပေမဲ့ ယဲ့ဖန်းက ဘယ်သူမလို့လဲ? ဇာတ်လိုက် ကျော်ကြီးလေ။ လမ်းလျှောက်နေရင်းတောင် အခွင့်အရေးတွေ သိန်းချီပြီးကို ရယူနိုင်တယ်။
ကောင်းကင်သားတော်လေးက ဘယ်လိုလုပ် သာမာန်လူတွေနဲ့ တစ်ပုံစံထဲ လုပ်မှာလဲ!
လုရွှယ်ယင် သူ့ကို ဖုန်းခေါ်လာတဲ့အချိန်မှာ သူ ယဲ့ဖန်းကို ထောင်ထဲ တစ်သက်လုံး ပိတ်ထားလို့ မရဘူးဆိုတာကို သိလိုက်ရသည်။
လူရွှယ်ယင်ရဲ့ တောင်းဆိုချက်ကို သူ သဘော မတူခဲ့တောင် ကောင်းကင်သားတော် ဖြစ်တဲ့ ယဲ့ဖန်းကြောင့် တောင်းဆိုပေးမဲ့သူတွေက လုရွှယ်ယင် မရှိတောင် ဝမ်ရွှယ်ယင် စသဖြင့် လူတွေ ပေါ်လာမှာပဲ။
ယဲ့ဖန်းကို ဘယ်လိုနေနေ ကယ်ထုတ်သွား လိမ့်မည်။
ဒီလိုဖြစ်နေမှတော့ လုရွှယ်ယင်ကို မျက်နှာ ပေးသလိုလုပ်ပြီး အခြေအနေကို ထိန်းချုပ်ဖို့ ဘာလို့ မလုပ်လိုက်ရမှာလဲ?
လင်းဖေးဟန်သည် ယဲ့ဖန်းကို အကွက်ချချင်ခဲ့သည်။ သူ လမ်းလွှဲလာပြီးတဲ့ အတွက် ယဲ့ဖန်းကို တိုက်ခိုက်ဖို့ကို သူအမြဲ တွေးနေခဲ့တာ ဖြစ်သည်။ သူ့ရဲ့ အခြေအနေက ရေခဲလွှာပါးပါးအပေါ်မှာ လမ်းလျှောက် နေရသကဲ့သို့ပင်။ ခြေလှမ်းတိုင်သည် သတိကြီးကြီးထားရပြီး ခက်ခဲသည်။
လင်းဖေးဟန်ရဲ့ စကားကို လီရှောင်ဟွေ့ ကြားသော အခါမှာ
“ သူဋ္ဌေးလင် ဒီလိုဆိုရင် ကျွန်တော် ယဲ့ဖန်းကို တရားစွဲဆိုဖို့ ပြင်ဆင်ထားဖို့ လိုသေးလား?”
“ သေချာပေါက် လိုတာပေါ့”
လင်းဖေးဟန် သူ့ရဲ့လက်ကိုယမ်းပြီး ပြုံးလိုက်သည်။
“ အဲ့ဒီအချက်တွေက အခု အသုံးမဝင်တောင် အနာဂတ်ကျ အသုံးမဝင်လာဘူးလို့ မပြောနိုင်ဘူး။ တစ်ခါတစ်လေကျ မထင်ထားမိဆုံး အမှားသေးလေး တစ်ခုက အခြေအနေကို ပြောင်းပြန်လှန်ပစ်မဲ့ နောက်ဆုံး ကောက်ရိုးမျှင် ဖြစ်သွားနိုင်တယ်”
“ မင်းဒီမှာ အချိန်ပိုဆင်းဖို့ မလိုတော့ဘူး။ အလျင်မလိုပါဘူး။ မနက်ဖြန်ညကျမှ ငါ့ဆီကို ပို့ပေးလိုက်”
“ ဟုတ်ကဲ့ သူဋ္ဌေးလင်း”
လီရှောင်ဟွေ့ အထုတ်တွေ သိမ်းနေပေမဲ့ သူ့ရဲ့ နှလုံးသားတွင် သံသယတို့ ပြည့်နေခဲ့သည်။ ဘာလို့များ တောဘက်က တက်လာတဲ့ ယဲ့ဖန်း ဆိုတဲ့သူကို လင်းဖေးဟန်က အရမ်းစိတ်ပူနေပြီး ဒီလိုပြင်ဆင်မှုတွေအထိ လုပ်ထားရတာလဲ?
ထိုအချိန်မှာ လုရွှယ်ယင်သည် ဖုန်းချပြီးပေမဲ့ သူမ မျက်မှောင်ကြုတ်ထားမိဆဲ ဖြစ်သည်။ သူ ဘာတွေ တွေးနေလဲ သူမ မသိရဘူး။
ထိုအချိန်မှာ ဖုန်းမြည်လာသည်။ လျိုရှုယွင် ခေါ်နေတာပင်။
“ သူဋ္ဌေးလု သူဋ္ဌေးလင်း ဘာပြောလဲ?”
လျိူရှုယွင်ရဲ့ အသံသည် အနည်းငယ် တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ အဆုံးကျလဲ သူမ လာကြိုတာ အချိန်လွဲသွားရ၍ ယဲ့ဖန်း အဖမ်းခံရပြီး ထောင်ကျသွားရတာလေ။
လျိူရှုယွင်မှာလဲ အာဏာတစ်ချို့ ရှိပေမဲ့ လင်းဖေးဟန်နဲ့ မြို့တော်ဗျူရိုကို ညှိနှိုင်းဖို့ လောက်ထိတော့ အရည်အချင်း မပြည့်မှီသေးပေ။ သူမ၏ အဆင့်က လုံးဝ နိမ့်နေသေးပြီး သူတို့နဲ့ လုံးဝမယှဥ်သာချေ။
ဒါကြောင့်မို့ သူမ ဖုံးလဲမဖုံးကွယ်ရဲဘဲ လုရွှယ်ယင်ဆီကိုသာလာပြီး အပူကပ်ရတော့သည်။
“ အဲ့ဒီလင်းဖေးဟန်စုတ်က လက်မလျော့ပေးဘူး”
လုရွှယ်ယင် မျက်မှောင်ကြုတ်ပြီး ခေါင်းပင် ကိုက်လာသည်။
“ မနက်ဖြန် ညနေကျရင် သူနဲ့ ဆွေနွေးဖို့ သဘောတူထားတယ်။ လူချင်းတွေ့မယ်”
လျိူရှုယွင် ခဏမျှ တုံ့ဆိုင်းစွာ နှုတ်ခမ်းကို ကိုက်ထားသည်။ ထို့နောက်တွင် ပြောလိုက်သည်။
“ သူဋ္ဌေးလု သူဋ္ဌေးလင်း ဘာတွေးနေတယ်လို့ ထင်လဲ?”
“သူက တစ််ကယ်ကြီး ယဲ့ဖန်းကို တစ်သက်လုံး ထောင်ချချင်နေတာလား?”
လျိုရှုယွင် အနည်းငယ် စိတ်ပူနေသည်။
“ သူဋ္ဌေးလု ဒါက ကျွန်မအမှားပါ။ ကျွန်မ သေချာ အလုပ်မလုပ်မိတာ။ ကျွန်မကို အပြစ်ပေးချင်လဲ ပေးလိုက်ပါ။ သူ့ကို ကယ်ကို ကယ်ရမယ်”
လျိူရှုယွင်သည် သူမ၏ နှုတ်ခမ်းကို အားဖြင့် ကိုက်ထားပြီး မျက်နှာတစ်ခုလုံးလဲ ဖြူစွတ် နေခဲ့သည်။
တစ်ကယ်လို့ ယဲ့ဖန်းသာ သူမ၏.အမှား သေးသေးလေးကြောင့် သေတဲ့အထိ ထောင်ထဲ အရိုးဆွေးသွားရရင် သူမကိုယ်သူမ သေတဲ့အထိ အပြစ်တင်နေမိပြီး အကြီးအကျယ် အရှက်ရမိမှာပင်။
“ စိတ်မပူနဲ့။ ဒီကိစ္စကို အလောတကြီးလုပ်ဖို့ မလိုဘူး။ လင်းဖေးဟန်က ငါနဲ့တွေ့ဖို့ သဘောတူ လိုက်တယ်ဆိုမှတော့ ဒီကိစ္စအတွက် ဝင်တိုးဖို့ နေရာလွတ် ရှိသေးတယ်လို့ သက်သေပြလိုက်တာပဲ။ မနက်ဖြန်ကျမှ သူနဲ့ အသေးစိတ် ဆွေးနွေး လိုက်မယ်”
“ စိတ်မပူနဲ့။ ဒီအမှုအတွက် မဆွေးနွေး နိုင်ခဲ့ရင်တောင် ယဲ့ဖန်းက လူကို ဒဏ်ရာရအောင်ပဲ လုပ်ခဲ့တာ။ လူမသတ်ခဲ့ဘူး။ ငါ့ရဲ့ ဥပဒေရေးရာ ဋ္ဌာနကို ဒီကိစ္စကို ကိုင်တွယ်ပေးဖို့ ပြောလိုက်မယ်”
“ လင်းဖေးဟန် မနက်ဖြန်ကျ ငါ့ကို မျက်နှာသာ မပေးရင် အဖေနဲ့သွားတွေ့ပြီး သူ့ကို သွားစကား ပြောခိုင်းမယ်။ လင်းဖေးဟန် ငါ့ကို မျက်နှာ မပေးရင်တောင် ငါ့အဖေကိုတော့ ပေးသင့်တယ်”
လျိူရှုယွင် အလွန် ရင်ထဲထိသွားပြီး ပြောလိုက်သည်။
“ ကျေးဇူးပါ သူဋ္ဌေးလု။ သူဋ္ဌေးလုက ယဲ့ဖန်းအပေါ် အရမ်းကောင်းပေးတာပဲ”
လုရွှယ်ယင် တစ်ခဏလောက် ကြောင်သွားသည်။
“ ငါက ငါ့လက်အောက်ငယ်သားတွေ အပေါ် ကောင်းတာပါ။ ယဲ့ဖန်းက ငါ့အဖိုးငါ့အတွက် ရှာပေးထားတဲ့ ဘော်ဒီဂတ်ပဲ။ ငါတို့ မတွေ့ဖူး သေပေမဲ့ ငါ့မှာ တာဝန်ရှိတယ်”
ထိုအချိန်မှာ လုရွှယ်ယင် သူမရဲ့ အခြေအနေကို အဖြေမရှာနိုင်တော့ပေ။
ဘာလို့များ တစ်ခါမှ မတွေ့ဖူးသေးတဲ့ ထူးဆန်းတဲ့ ဘော်ဒီဂတ်တစ်ယောက်ကို သူမ အရမ်း ဂရုစိုက်မိနေတာလဲ?
ငါဘာတွေ ဖြစ်နေတာလဲ?
လုရွှယ်ယင်သည် ယဲ့ဖန်း၏ ကိစ္စကို ဂရုမစိုက်ချင်ပေမဲ့ သူမ၏ လုပ်ဆောင်မှုတွေကတော့ ဂရုစိုက်နေခဲ့သည်။
နောက်တစ်နေ့မနက် လုဥက္ကဋ္ဌ ရုံးခန်းတွင်,
“ ဖေဖေ အဲ့လိုဖြစ်သွားတာပဲ!”
လုရွှယ်ယင်က သူမရဲ့ ဆံပင်ကို နူးညံ့စွာ သပ်တင်လိုက်ရင်း အံ့သြမှုများဖြင့် ယဲ့ဖန်းနဲ့ လင်းဖေးဟန်အကြောင်းကို သူမ၏ အဖေကို ပြန်ပြောပြလိုက်သည်။
“ လင်းဖေးဟန်က ရဲကို ခေါ်လိမ့်မယ်လို့ မထင်ထားဘူး။ တစ်ကယ်ကို မတွေးခဲ့မိတာ!”
လုရှော့ချွန်း ရယ်မောကာ ပြောလိုက်သည်။
“ ဟုတ်တယ်။ ဒီကလေးရဲ့ အရင်က ဒေါ်သနဲ့ဆိုရင် ယဲ့ဖန်း မြစ်ထဲကို မြောခံနေရတာ ကြာလောက်ပြီရယ်! ရှောင်ဟန်လေး ရင့်ကျက်လာပြီ ပြောရမယ်”
လုရှော့ချွန်း အစက လင်းဖေးဟန်၏ ပါးနပ်မှုကို ချီးကျူးမိပေမဲ့ နောက်တစက္ကန့်တွင် မျက်မှောင်ကြုတ် သွားခဲ့သည်။
“ ဒါပေမဲ့ ယဲ့ဖန်း ဒီတစ်ခေါက် လွန်လွန်းတယ်”
မှန်သည်။ လုရွှယ်ယင်လဲ မျက်မှောင်ကြုတ် သွားခဲ့သည်။ ဒီလိုပြဿနာ ကြုံရမယ်လို့ သူမ မမျှော်လင့်ထားမိဘူး။
အမှန်ပြောရလျှင် အစတည်းက ယဲ့ဖန်းကို သူမ၏ ဘော်ဒီဂတ်အဖြစ် မလိုချင်ခဲ့တာကို အဖိုးက အတင်းအကျပ် ပေးထားတာ ဖြစ်သည်။
“ ထားတော့။ နောက်ဆုံးတော့လဲ သူက သမီးအဖိုးရဲ့ ဘော်ဒီဂတ်ပဲ။ သူ့ကို မကယ်လိုက်ရင် လုမိသားစု ဂုဏ်သိက္ခာကျ လိမ့်မယ်”