Ch 76
Vol. 6 Ch. 76
“ သမီး အဲ့ဒီနေ့ကျရင် ရှောင်ဟန်ကို စကားပြောလို့ရမယ်။ ဒါပေမဲ့ အဲ့ဒါက သိပ်အသုံးဝင်လိမ့်မယ်လို့တော့ ဖေဖေ မထင်ဘူး။ သေချာပေါက် သမီးရဲ့ ဒေါသကို ထိန်းချုပ်ရမယ်။ လိုအပ်ရင် ဖေဖေတို့ သင့်တော်စွာ တောင်းဆိုပြီး ရှောင်ဟန်းကို ဥပဒေအတိုင်း သွားခွင့်ပေးလိုက်မယ်။ ရှောင်ဟန်း ဒီလောက်နဲ့ မကျေနပ်ဘူး ဆိုရင်တော့ ဖေဖေ မျက်နှာငယ်စွာနဲ့ပဲ လူအိုကြီးလင်းကို ဖုန်းခေါ်ရတော့မှာပေါ့”
လုရှော့ချွန်း သက်ပြင်းချကာ ပြောလိုက်သည်။
“ ရိုးရိုးသားသားပြောရရင် သမီးတို့ နှစ်ယောက် အတူမရှိတာ စိတ်မကောင်းစရာပဲ။ ဒီတစ်ကြိမ် ဖေဖေတို့ ယဲ့ဖန်းကို ကယ်လို့ရပေမဲ့ လင်းမိသားစုကို ဒေါသထွက်အောင်တော့ လုပ်လို့ မဖြစ်ဘူး”
လုရွယ်ယင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ ဖေဖေ သမီးနဲ့ လင်းဖေးဟန်ကြားမှာ ဘာဆက်ဆံရေးမှ မရှိတာ ကြာလှပြီ။ ကိစ္စတွေလဲ ဖြစ်ပြီးသွားပြီပဲ ပြန်အစ မဖော်ပါနဲ့တော့လား။ သူကသူ၊ သမီးက သမီးပဲ။ သမီးတို့ မိသားစုက လင်းမိသားစုကို မကြောက်ဘူး။ ဘာကိစ္စ သူတို့ကို အကြိမ်ကြိမ် အလျော့ပေးနေရမှာလဲ? ပြီး ဒီကိစ္စမှာ အဖိုးက သေးငယ်တဲ့ ရာထူးပဲရှိတဲ့ ဘော်ဒီဂတ်ကို ရှာပေးထားတာလေ။ သူ့အတွက်နဲ့ ဘာလို့ ဒီလောက် လုပ်နေရမှာလဲ?”
လုရွှယ်ယင် အနည်းငယ် ရှုတ်ထွေးလာသည်။ သူမဘာလို့ ယဲ့ဖန်းကို ကူညီနေလဲ မသိနေဘူး။ ဒါပေမဲ့ သူမအဖေကပါ ဘာကြောင့် တစ်ပုံစံထဲ ယဲ့ဖန်းကို ကယ်ဖို့လုပ်နေရတာလဲ?
လုရှော့ချွန်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ တစ်ကယ်တော့ ယဲ့ဖန်းက သမီးထင်သလို သာမာန်သူ မဟုတ်ဘူး။ သူ့ရဲ့အစွမ်းက သမီးနဲ့ အဖေစိတ်ကူးထားတာထက် ပိုများတယ်”
လုရွှယ်ယင်ရဲ့ အနည်းငယ် ထိတ်လန့်သွားပုံ မျက်နှာထားကို ကြည့်ပြီး လုရှော့ချွန်း ထပ်ပြောလာသည်။
“ ဒီလိုမျိုး ပြောရအောင်။ သူ့ရဲ့ အစွမ်းသာ အသက်သွင်းလိုက်ရင် လုမိသားစုထက်တောင် ပိုကြီးနိုင်တယ်”
“ ဒါကြောင့်မို့ ဒီတစ်ခေါက် ယဲ့ဖန်းကို အဖိုးက သမီးရဲ့ဘော်ဒီဂတ်လုပ်ခိုင်းရုံတင် မဟုတ်ဘူး။ သမီးနဲ့လဲ နီးစပ်လာအောင်လို့ပဲ”
“ ယဲ့ဖန်းက သမီးအဖိုးက သမီးနဲ့ လက်ထပ်ပေးဖို့ လျာထားတဲ့သူပဲ”
“ အနာဂတ်မှာ သမီးကို ယဲ့ဖန်းဆီ အပ်ခဲ့ပြီးရင် အဖေလဲ စိတ်အေးနိုင်ပြီ။ သမီး လင်းဖေးဟန်ကိုလဲ လွတ်သွားခဲ့ပြီးပြီ။ ဒီတစ်ခေါက် မလွတ်စေနဲ့တော့!”
“ ဖေဖေ ဘာတွေပြောနေတာလဲ?”
လင်းဖေးဟန်ရဲ့ လက်ကနေ လွတ်မြောက်ပြီလို့ တွေးနေတာမှ မကြာသေးဘူး။ အခု ထပ်ပြီး ယဲ့ဖန်းရဲ့ လက်ထဲ ကျသွားပြန်ပြီ။
“ ဖေဖေ သမီးပြောမယ်။ သမီးကိစ္စကို စိတ်မပူနဲ့။ သမီး လင်းဖေးဟန်ကို မကြိုက်သလို ယဲ့ဖန်းကိုလဲ သေချာပေါက် မကြိုက်ဘူး။ ဒီအချိန်မှာ အချစ်ရေးကိစ္စလဲ မလုပ်ချင်နေဘူး”
“ ဟုတ်ပြီလား။ ဒီကိစ္စကို အဲ့လိုမှတ်ထားလိုက်ပါ။ သမီးသွားပြီ”
လုရှော့ချွန်း သက်ပြင်းချလိုက်ကာ
“ ရှောင်ယင် ဖေဖေက သမီးကောင်းဖို့ လုပ်နေတာပါ”
“ သမီး ယဲ့ဖန်းကို လပ်ထပ်နိုင်တာ သမီးအတွက် ကောင်းချီးဖြစ်သလို လုမိသားစု အတွက်ကောပဲ။ ယဲ့ဖန်းမှာ အဆက်အသွယ် အများကြီးရှိတယ်။ သူ့ရဲ့ အောင်မြင်မှုတွေက လင်းဖေးဟန်ထက် ပိုသာလာမယ်လို့ ဖေဖေ ယုံတယ်..”
လုရွှယ်ယင် ဘာစကားမှ ပြန်မပြောပဲ လှည့်ထွက်သွားသည်။
လင်းကုမ္ပဏီ၏ မျက်နှာချင်းဆိုင်က ကော်ဖီဆိုင်တွင်,
လင်းဖေးဟန်သည် အဆင်သင့် ထိုင်စောင့်နေခဲ့ပြီး သိပ်မကြာခင်မှာ လုရွှယ်ယင် ဝင်လာတာကို တွေ့လိုက်သည်။
ဒီနေ့ လုရွှယ်ယင်က အလွန်လှနေသည်။ ဖြောင့်တန်းနေတဲ့ ဆံနွယ်ရှည်များကို ဖြန့်ချထားပြီး ဝမ်းဆက်ဝတ်စုံနှင့် ခြေတံရှည်တစ်စုံက ထင်းနေသည်။ အံ့သြဖွယ် အလှတရားကို လုရွှယ်ယင်ရဲ့ ပြည့်စုံတဲ့ ကိုယ်လုံးနဲ့ ပေါင်းစပ်ထားပြီး အဖက်မလုပ်တဲ့ စရိုက်ကြောင့် လုရွှယ်ယင်ရဲ့ ပုံစံက ယောက်ျားတိုင်း၏ စိတ်ကူးထဲက ကောင်မလေးပင်။
ယောက်ျားတွေကို သူမအတွက် ယှဥ်ပြိုင်လိုစိတ်ပင် ပေါက်လာစေလောက်သည်။
လုရွှယ်ယင်ကို မြင်တာနှင့် သူ လက်လှမ်း ပြလိုက်ပြီး လာဖို့ ခေါ်လိုက်သည်။
ဒါပေမဲ့ အံ့သြစရာ ကောင်းသည်မှာ လုရွှယ်ယင်သည် သူမ၏ လက်ထောက် လျိုရှုယင်နဲ့ အတူရောက်လာခဲ့သည်။
“ မစ္စလု မင်းနဲ့ငါကော နှစ်ယောက်လုံးက အလုပ်များတယ်။ ကိစ္မရှိတယ်ဆိုလဲ လိုရင်းကိုပဲ ပြောကြတာပေါ့”
လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ ဘေးကို တစ်ချက် စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
မင်းဘာလုပ်တော့မလဲ? မင်းတို့ကို ကြည့်ရတာ ဂိမ်းကစားနေသလိုပဲ ငါ့အတွက်တော့။ ပြောရရင် live ကြည့်နေရသလိုပေါ့။
လူရွှယ်ယင် နှုတ်ခမ်းတွေ မဲ့သွားပေမဲ့ သူမစိတ်ထဲက စကားတွေကို မပြောခဲ့ပေ။
“ ယဲ့ဖန်းက ငါ့ရဲ့ဘော်ဒီဂတ်ပါ။ သူနင့်ကို မလေးမစားလုပ်ခဲ့တယ်။ ငါသူ့ကိုယ်စား နင့်ကို တောင်းပန်ပါတယ်”
လုရွှယ်ယင်က လင်းဖေးဟန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူမနှုတ်ခမ်းကို ကိုက်ကာ ဆက်ပြောလိုက်သည်။
“ လင်းဖေးဟန် ဒီကိစ္စကို ငါ့အတွက်နဲ့ လွှတ်ပေးပြီး သူ့ကို မနှောက်ယှက်ဖို့ တောင်းဆို ချင်ပါတယ်။ လင်းဖေးဟန် လုပ်ပေးနိုင်မလား?”
ဘေးမှာ ထိုင်နေသော လျိုရှုယွင်သည် လင်းဖေးဟန်များ ငြင်းလိုက်မလားလို့ စတင် စိတ်ပူလာခဲ့သည်။
လင်းဖေးဟန် ဖျော့တော့စွာ ပြုံးလိုက်သည်။ လုရွှယ်ယင် ဒီလိုပြောလာမယ်ဆိုတာ သူ သိပြီးသားပဲ။
“ မစ္စလုက ပြောလာမှတော့ ငါ သဘောမတူဘူးဆိုရင် ကြင်နာမှု မရှိရာ ကျသွားမှာပေါ့။ ဒီနေ့ မင်းမျက်နှာကို ထောက်လို့နော်”
လီရှောင်ဟွေ့ လင်းဖေးဟန်ရဲ့ ဗီလာမှာ တစ်ညလုံး အချိန်ပိုဆင်းပေးပြီး ပြင်ဆင်ထားတဲ့ စွတ်စွဲချက်တွေကို လင်းဖေးဟန် သူ့ရဲ့ လက်ဆွဲအိတ်ထဲမှ ထုတ်လိုက်သည်။
“ အမှန်တိုင်းပြောရင် ငါအားလုံး အသင့်ဖြစ်ပြီး ယဲ့ဖန်းကို တရားစွဲတော့မလို့။ မင်း ကြည့်လိုက်ပါ”
လင်းဖေးဟန် ပြုံးပြီး လုရွှယ်ယင်ကို ကမ်းပေးလိုက်သည်။
“ ဒါက..” လုရွှယ်ယင်ရဲ့ နှုတ်ခမ်းတွေက မထိန်းနိုင်စွာ နှစ်ချက်မျှ တုန်သွားသည်။ အရမ်း ရှက်ဖို့ကောင်းတာပဲ။
လင်းဖေးဟန်က ယဲ့ဖန်းကို တရားစွဲဖို့ လိုတာအကုန် ပြင်ဆင်ထားပြီးပြီမှန်း မထင်ထား မိဘူး။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက လင်းဖေးဟန် ပြင်ဆင်ထားသမျှက ဥပဒေအတိုင်း သွားထားပြီး ဥပဒေ ဘောင်အတွင်းမှာပဲ ရှိနေသည်။
လုရွယ်ယင် ရှုတ်ထွေးသွားသည်။ သူမ လင်းဖေးဟန်ရဲ့ နာမည်ပျက်တွေကို ကြားဖူးတာ ကြာလှပြီဖြစ်သလို သူနဲ့လဲ အကြိမ်ကြိမ် ရင်ဆိုင်ဖူးသည်။
လင်းဖေးဟန်က အရမ်းမောက်မာပြီး စည်းမျဥ်းတွေအတိုင်း မလိုက်နာတာကို သူမသိသည်။ တောဘက်က ယဲ့ဖန်းဆိုတဲ့ ကောင်လေးကို တစ်ကယ် တရားစွဲဖို့ လုပ်ခဲ့တာတဲ့လား? ဒါပုံမှန်မဟုတ်ဘူး။
ထိုအချိန်မှာ လင်းဖေးဟန်ရဲ့ ဆိုလိုရင်းကို လုရွယ်ယင် လုံးဝ နားမလည်ခဲ့ပေ။
သူမ လက်ထဲက အချက်အလက်တွေကို အောက်ချပြီး အေးစက်စွာ ပြောလိုက်သည်။
“ လင်းဖေးဟန် နင်ဘာကို ဆိုလိုတာလဲ?”
လင်းဖေးဟန် ပြုံးကာပြောလိုက်သည်။
“ မစ္စလု စိတ်မလှုပ်ရှားပါနဲ့။ ငါမင်းကို မျက်နှာသာပေးမှာပါ။ မင်းရဲ့ အမြင်ကို သဘောတူပေးမှာပါ။ ဒါပေမဲ့ တောင်းဆိုမှု တစ်ခုရှိတယ်”
“ဘာလဲ?”
“ ယဲ့ဖန်းက ငါနဲ့ ငါ့ဘော်ဒီဂတ် အားသောင်အပေါ်မှာ မကောင်းတဲ့ အကျိုးဆက်ကို ဖြစ်စေပြီးသွားပြီ။ ယဲ့ဖန်း ငါ့ရဲ့ဘော်ဒီဂတ်ကို တောင်းပန်လိမ့်မယ်လို့ မျှော်လင့်တယ်”
ထို့နောက် လင်းဖေးဟန် ထပ်မေးလိုက်သည်။
“ မစ္စလု ဒီတောင်းဆိုမှုက မများဘူးမလား?”
ယဲ့ဖန်းက လင်းဖေးဟန်ရဲ့ ဘော်ဒီဂတ်ကို ရိုက်နှက်ခဲ့သည်။ အခု လင်းဖေးဟန်က သူမကြောင့် ယဲ့ဖန်းကို တရားမစွဲတော့ဘူး။ တောင်းပန်တာလေးပဲ။ သေချာပေါက် ပြဿနာ တစ်ခု မဟုတ်ဘူး။ လင်းဖေးဟန်၏ တောင်းဆိုချက်က လုံးဝ မလွန်ဘူး။
လင်းဖေးဟန်က ယဲ့ဖန်းကို ဖမ်းထားပြီးမှတော့ နောက်မဆုတ်တော့ဘူးလို့ လုရွှယ်ယင် ထင်ထားခဲ့သည်။ လင်းဖေးဟန်သာ ယဲ့ဖန်းကို ထောင်မချသရွေ့ သူ့ရဲ့ တောင်းဆိုချက်က သူမ၏ သည်းခံနိုင်တဲ့ ဘောင်ထဲမှာ ရှိမယ် ဆိုရင် အကုန်သဘောတူမယ်လို့ တွေးထားပြီးသားပင်။
ဒီအကြိမ်မှာ လင်းဖေးဟန်က သူ့ဘော်ဒီဂတ်ကို တောင်းပန်ဖို့ ပြောလိုက်တာ ယဲ့ဖန်းကို အတော်လေး ကြင်နာပေးထားတာ ဖြစ်သည်။ ဘော်ဒီဂတ်တစ်ယောက်က ဘော်ဒီဂတ်ကို တောင်းပန်ရတာ အရှက်ရစရာလဲ မဟုတ်ဘူး။ ပြီး သူက ရိုက်ထားတဲ့သူပဲ။
“ စိတ်မပူနဲ့ လင်းဖေးဟန်။ ငါ ယဲ့ဖန်းကို သေချာပေါက် နင့်ဘော်ဒီဂတ်ကို တောင်းပန် ခိုင်းလိုက်မယ်”
ဒီကိစ္စက ဒီလောက် အလွယ်ပြီးသွားမယ်လို့ လုရွှယ်ယင် မထင်ထားသည့်အတွက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ နင့်ဘော်ဒီဂတ်ရဲ့ ဆေးကုစရိတ်တွေကိုကော ပြန်နလန်ထူမဲ့ ကုသမှုတွေအတွက်ပါ အကုန် ငါစရိတ်ခံပါ့မယ်”