Ch 77
Vol. 6 Ch. 77
လင်းဖေးဟန် သူ့ရဲ့လက်ကို ယမ်းပြကာ ပြုံးလိုက်သည်။
“ မေ့ထားလိုက်ပါ။ လင်းဖေးဟန်ဆိုတဲ့ ငါက မစ္စလု ငွေရှင်းပေးဖို့လောက်ထိ မလိုအပ်ပါဘူး”
လုရွှယ်ယင် ဘာမှ မပြောတော့ပေ။ ဒီကုသစရိတ် ဆိုတာက ပြောရလျှင် ငွေပမာဏ နည်းနည်းလောက်ပဲ ရှိတာမို့ ဘယ်သူပေးပေး ကိစ္စတော့ မရှိဘူး။
လင်းဖေးဟန် သူမကို လာကစားနေမှာကိုပဲ စိုးရိမ်မိသည့် အတွက် သူမ တည့်ပဲ မေးလိုက်သည်။
“ လင်းဖေးဟန် နင်အခုအားပြီလား? ငါတို့ ဘာမှလုပ်စရာမရှိရင် မြို့တော်ဗျူရိုကို သွားပြီး လတ်မှတ်ထိုးကြမလား?”
လင်းဖေးဟန် ပြုံးကာ ခေါင်းညိတ်လိုက်ပြီး
“ရတာပေါ့”
ကားထဲမှာ ထိုင်နေချိန်တွင် အတူပါလာသော လီရှောင်ဟွေ့ သည် မေးလာခဲ့သည်။
“ သူဋ္ဌေးလင်း တစ်ကယ်ပဲ အဲ့ဒီတောက တက်လာတဲ့ ယဲ့ဖန်းဆိုသူကို အလွယ်လေး လွှတ်ပေးမှာလား? လုရွယ်ယင် သူဋ္ဌေးလင်းကို တစ်ခုခု လုပ်လိုက်တာလား? လုရွယ်ယင် စိတ်ရှုပ်အောင်လုပ်တာကို မခံနဲ့နော်။ အဲ့ဒီအမျိုးသမီးက စွမ်းအားရှင်ပဲ!”
လင်းဖေးဟန်၏ ကားနောက်မှာ ပါလာသော လုရွှယ်ယင်၏ ကားကို မြင်သည်နှင့် လင်းဖေးဟန် သဘောတူပေးလိုက်ပြီမှန်း လီရှောင်ဟွေ့ သိလိုက်သည်။ လင်းဖေးဟန်၏ လက်အောက်ငယ်သားအနေနဲ့ သူဋ္ဌေးကို သတိတော့ ပေးရမည်လေ။
လင်းဖေးဟန်သည် သရောင်ပြုံး ပြုံးကာ ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းလိုက်ပြီး
“ သူမငါ့ကို စိတ်ရှုတ်အောင် မလုပ်ပါဘူး။ ငါကိုယ်တိုင် သဘောတူလိုက်တာ”
လင်းဖေးဟန်သည် အကြောင်းအရင်းရှိလို့ သဘောတူလိုက်ခြင်း ဖြစ်သည်။
ယဲ့ဖန်းဆိုတာ ကောင်းကင်က သတ်မှတ်ပေးထားသော ကောင်းချီ အဖြာဖြာရှိသည့် ကံကြမ္မာရဲ့ သားတော် လေးမှန်း သူသိသည်။ သူ ချက်ချင်းကြီး တရားစွဲချလိုက်ရင်တောင် ယဲ့ဖန်းကို ထောင်ချနိုင်မှာ မဟုတ်ဘူး။ ကိစ္စတွေ ပိုဖြစ်လာပြီး လူတွေက ယဲ့ဖန်းကို ကယ်နေ ကြအုံးမှာပင်။
မသိရတဲ့ ကိစ္စတွေကြားမှာ လင်းဖေးဟန် မစွန့်စားရဲပါချေ။
အဆုံးကျရင် ယဲ့ဖန်းက ထွက်လာမှာပဲ။ ဒီလိုဆိုမှတော့ တရားစွဲနေမဲ့အစား ယဲ့ဖန်းကို လက်ခုတ်ထဲ ကောင်းကောင်း ဖမ်းဆုတ် ထားပြီး ထိန်းချုပ်ထားရမယ်။ အတိုးကို ရသလောက် များများယူထားရမယ်လေ။
လင်းဖေးဟန် ယဲ့ဖန်းကို တောင်းပန်ခိုင်းလိုက်တာက သာမာန်လူရဲ့ မျက်လုံးထဲတွင်တော့ ကိစ္စကြီး မဟုတ်ပေ။
ဒါပေမဲ့ ယဲ့ဖန်းက တောင်းပန်ရတာကို အလွန် မုန်းတီးသည်။
ဇာတ်လိုက်က ဗီလိန်ကို တောင်းပန်တာမျိုး မြင်ဖူးလို့လား?
ဒါက ဘယ်တော့မှ မဖြစ်မဲ့အရာပဲ။ ဇာတ်လိုက်က အင်အားကြီးဟန် ဆောင်ပြီးပဲ သူများတွေရဲ့ မျက်နှာကို ရိုက်ဖို့လုပ်မှာ။ ဒါပေမဲ့ အခုတော့ လင်းဖေးဟန်က ဇာတ်ကြောင်းကို ကောင်းကောင်း သိထားသည်။ စနစ်ပါ သူ့ရဲ့ကိုယ်ထဲ ရှိနေသည့်အတွက် သူ ဇာတ်လိုက် ဖြစ်လာနိုင်သည်။
လီရှောင်ဟွေ့သည် လင်းဖေးဟန်ကို သံသယများဖြင့် ကြည့်လိုက်ကာ
“ သူဋ္ဌေးလင်း အဲ့ဒီကောင်လေးက တစ်ကယ်ကြီး တောင်းပန်ခဲ့ရင် ဒီကိစ္စကို တစ်ကယ်ကြီး လွှတ်ပေးတော့မှာလား?”
လီရှောင်ဟွေ့သည် လင်းဖေးဟန်၏ လက်ပါးစေကဲ့သို့ ဖြစ်လာပြီး အမြဲ သူသည် လင်းဖေးဟန် အကြောင်းကိုပဲ တွေးနေခဲ့သည်။ သူ မကျေနပ်မှုများဖြင့် ပြောလာသည်။
“ ဒီလိုဆိုရင် သူ့အတွက် အရမ်း လွယ်သွားမှာပေါ့”
လင်းဖေးဟန် ခေါင်းကိုရမ်းကာ ပြောလိုက်သည်။
“ စိတ်မပူနဲ့။ အဲ့ဒီယဲ့ဖန်းက ငါ့ကို တောင်းပန်မှာ မဟုတ်ဘူး”
“ မဟုတ်ဘူးလား?”
လီရှောင်ဟွေ့ စတင်ပြီး ရှုတ်ထွေးလာတော့သည်။ ယဲ့ဖန်း သူ့ကို မတောင်းပန်ဘူးလို့ အဘယ်ကြောင့် လင်းဖေးဟန်က သေချာနေရတာလဲ?
တောင်းပန်လိုက်ရုံနဲ့ နှစ်ပေါင်းများစွာ ထောင်ကျမှာကို တားနိုင်မှာလေ။ ကြည့်လိုက်ရင် လုံးဝကို အကျိုးအမြတ်ရတဲ့ ကိစ္စကြီးပဲ။ ယဲ့ဖန်းက တုံးနေလို့သာ မဟုတ်ရင် သေချာပေါက် တောင်းပန်မှာပဲ။
“ ငါ့ရဲ့အတွေးတွေကို မင်း ဘယ်လိုတောင် လိုက်မှန်းရဲတာလဲ? အချိန်တန်ရင် သိမှာပေါ့”
လင်းဖေးဟန်က ရှင်းပြရမှာ အရမ်းပျင်းသည်မို့ လီရှောင်ဟွေ့ကို မရှင်းပြခဲ့ပေ။ သူ ဇာတ်လမ်းတစ်ပုဒ်လုံးကို သိနေတာလို့လဲ ပြောလိုက်လို့မှ မရတာပဲ။
ဘယ်ဇာတ်လိုက်မှ ဗီလိန်ကို ဦးမညွတ်ဘူး!
လုရွှယ်ယင်နှင့် သူ ဒီနေ့ ဆွေးနွေးဖို့ ရွေးချယ်လိုက်တာကိုက သူမကို သူနှင့်အတူ မြို့တော်ဗျူရိုကို လိုက်လာခိုင်းဖို့အတွက် ဖြစ်သည်။ ယဲ့ဖန်း၏ စရိုက်ကို အသုံးပြုပြီး သူ့၏ပန်းတိုင်ကို အရယူရမည်လေ။
ဇာတ်လိုက်က တောင်အောက်ကို ဆင်းလာခဲ့ပြီ။ ဒီဇာတ်လိုက်မျိုးရဲ့ လုပ်ဆောင်ပုံက သာမာန်သူတွေနဲ့ တူညီပါ့မလား? တူနေခဲ့မယ်ဆိုလို့ကတော့ အဲ့ဒါ ဘယ်လို ဇာတ်လိုက်ကြီးလဲပဲ။
တောင်အောက်ကို ဆင်းလာသည့် ဇာတ်လိုက်၏ စရိုက်သည် အလွန်မောက်မာ သည့်အပြင် ဘဝင်ကလဲ လေဟပ်သေးသည်။ ဒီပုံစံတွေကြောင့်ပဲ ယဲ့ဖန်းသူ့ကို မတောင်းပန်မှာ သေချာသည်။
လင်းဖေးဟန်က လုရွှယ်ယင်ကို မြို့တော်ဗျူရိုဆီ သေချာ ခေါ်လာရခြင်းကလဲ သူမကို ယဲ့ဖန်း၏ ဘဝင်ဟပ်နေသည့် ပုံစံကို မြင်စေချင်၍ပင်။ တစ်ခါထဲ သူနှင့် လုရွှယ်ယင်ကြားရှိ ဆက်ဆံရေးကိုပါ လှုံ့ဆော်ရင်းနဲ့ပေါ့။
မကြာမှီတွင် နှစ်ဖက်လုံးသည် မြို့တော်ဗျူရို၏ ယာယီ ထိန်းသိမ်းခန်းသို့ ရောက်လာခဲ့သည်!
“ တစ်ကယ်တော့ နင်ဒီကိစ္စမှာ ပြဿနာအကြီးကြီး မလုပ်မိပေမဲ့ နည်းနည်းတော့ ရက်စက်သွားတယ် ပြောလို့ရတယ်”
ယဲ့ဖန်း၏ ဇာတ်လိုက် အရှိန်အဝါကြောင့် မူလက စပ်ဆုတ်နေခဲ့သော ဟန်ရှောင်ပင်း သည်ပင်လျှင် ယဲ့ဖန်းကို အပြစ်မှ လွတ်အောင် ကူညီချင်လာခဲ့သည်။
“ မနေ့က ငါဒီကိစ္စကို တွေးကြည့်ပြီးပြီ။ ဒီလိုဆိုရင်ရော? နင်သာ အပြစ်ကို စောစော ဝန်ခံလိုက်ရင် ငါ အထက်လူကြီးတွေကို အပြစ်လျော့ပေါ့ပြီး စီစဥ်ပေးဖို့ အသနားခံစာ တင်ပေးမယ်”
ယဲ့ဖန်းက ပြုံးနေပြီး မလှုပ်မရှားဖြင့် ဘာစကားမှလဲ ပြန်မပြောပေ။
ယဲ့ဖန်းရဲ့ မထီမဲ့မြင် အပြုအမူကြောင့် ဟန်ရှောင်ပင်း မျက်မှောင်ကြုတ်သွားသည်။
ယဲ့ဖန်းက ငါ့ကို အထင်သေးနေတာလား? နင်သိလားဟဲ့။ ငါကနင့်ရဲ့ အပြစ်တွေ ပေါ့အောင် ကူညီပေးနေတာ!
ဟန်ရှောင်ပင်း ဆက်ပြောလိုက်သည်။
“ နင်အခု နင့်ရဲ့မျက်နှာထားကို ပြင်လိုက်တာ ကောင်းမယ်။ ဒီကိစ္စက ပြင်လို့ရသေးတယ်။ နင့်ရဲ့ အချိုးက ဒီပုံဖြစ်နေရင် ငါကဘယ်လို ကူညီပေးရတော့မလဲ?”
ဟန်ရှောင်ပင်းရဲ့ စကားတွေကို ယဲ့ဖန်း နားထောင်နေပြီး ဘာမှ မပြောလာသေးပေ။
လာနောက်နေတာပဲ။ ငါယဲ့ဖန်းက အားလုံးကို မြင်ပြီးသွားပြီ။ ရှေ့နှစ်တွေတုန်းက ငါ့ဆရာသခင်ငါ့ကို ပေးခဲ့တဲ့ တာဝန်တွေက အကုန် ကမ္ဘာ့အဆင့်မှီတွေလို့ ပြောလို့ရတယ်ကွ။
ယဲ့ဖန်းသည် အထင်သေးစွာ ပြောလိုက်သည်။
“ ငါက ကိုယ့်ကိုယ်ကို ကာကွယ်တာပဲ။ မဟုတ်ရင် တစ်ဖက်လူကို မရိုက်ဖို့ ထိုင်ဆုတောင်းနေရမှာလား? လင်းဖေးဟန်က ဘာတွေ မောက်မာပြနေတာလဲ? သူက မကောင်းတဲ့လုပ်ရပ်လုပ်ဖို့ မိသားစု နောက်ခံနဲ့ ဇောင်းကြွားနေတဲ့ အမှိုက်ကောင်ပဲ”
“ မင်းတို့ရဲ့ ကျိုးပဲ့နေတဲ့ မြို့တော် ဗျူရိုလောက်နဲ့ ငါ့ကို ပိတ်ထားချင်တာလား?”
ယဲ့ဖန်း ခေါင်းကိုရမ်းပြီး ပြုံးလိုက်သည်။
“ ငါပြောမယ်။ ငါထွက်ချင်ရင် ဒီကနေ အခု ထွက်လိုက်တောင်ရတယ်”
“ ငါဒီကနေ လွတ်တာနဲ့ အရင်ဆုံး လုပ်မှာက လင်းဖေးဟန်နဲ့ လင်းမိသားစုကို ဖျက်ဆီးပစ်ဖို့ပဲ။ ဒီကျင်းပိုင်မြို့မှာ သူတို့ပဲ လက်ဝါးကြီးအုပ်နိုင်တာ မဟုတ်ဘူးဆိုတာ သိအောင်လုပ်ပေးလိုက်မယ်”
ယဲ့ဖန်း သူ့ကိုယ်သူ အလွန်ယုံကြည်မှုရှိသည်။ သူ့၏ သန်မာမှုနဲ့ စွမ်းဆောင်ရည်ကို သူယုံသည်။ ဆရာသခင်ရဲ့ အဆက်အသွယ် တစ်ချို့နှင့်ပါ ဆိုရင် သူ ကျင်းပိုင်မြို့မှာ အာဏာကြီးလာဖို့ သိပ်ကြာမှာ မဟုတ်ဘူး။
သေချာပေါက် ဆရာသခင်ရဲ့ အဆက်အသွယ်တွေက သူ အလိုအပ်ဆုံး အချိန်မှ ထုတ်သုံးလို့ရမှာ ဆိုပေမဲ့ အချိန်အကြာကြီး ဆွဲနေလို့လဲ ဘာကောင်းမှာလဲ?
သူ့ရဲ့ ကိုယ်ပိုင်အာဏာနဲ့တင် လင်းဖေးဟန်နဲ့ လင်းမိသားစုကို ပုရွက်ဆိတ် တစ်ကောင်လို ချေမှုန်းပစ်လို့ ရနေပြီ။
“ယဲ့ဖန်း!”
ထိုစကားကိုကြားသည်နှင့် ဟန်ရှောင်ပင်း ယဲ့ဖန်းကို အော်ဟစ်ခဲ့သည်။
ဒီယဲ့ဖန်းက အရမ်း မောက်မာတာပဲ။ ထောင်ကနေလဲ ထွက်ချင်သေးတယ်။ သူ့ရဲ့ စကားတွေက အကုန် အပေါ်စီးကကြည့်ပဲ။
ယဲ့ဖန်းက ဘယ်လောက်သန်မာတယ်ဆိုတာ သူမ မသိဘူး။ ယဲ့ဖန်းကို လုမိသားစုက ဒီတိုင်း အရည်အချင်းရှိလို့ ခန့်ထားတဲ့ ဘော်ဒီဂတ် လောက်ပဲ ထင်ထားမိခဲ့တာ ဖြစ်သည်။
ဒါက မြို့တော်ဗျူရို ဖြစ်တာကို ယဲ့ဖန်းက သူဒီကနေ ထွက်ချင်ရင်ထွက်နိုင်တယ်လို့ ကြွားဝါ ပြောသွားသေးသည်။ တစ်ကယ် ကြွားတတ်တာပဲ။
ယဲ့ဖန်းအပေါ် ဟန်ရှောင်ပင်းရဲ့ အမြင်က ပိုဆိုးလာပြီး သူမ ဒေါ်သတကြီး ပြောလိုက်သည်။
“ ယဲ့ဖန်း နင် စကားကောင်းဆိုတာကို နားမလည်ဘူးလား? ဟမ်?”
ဟန်ရှောင်ပင်း အလွန် ဒေါသထွက်နေခဲ့သည်။ သူမကိုယ်တိုင် ဘာလို့မှန်း မသိပေမဲ့ ယဲ့ဖန်းကို စစမြင်တုန်းက သူ့အပေါ် မရေမရာ နှစ်သက်မှုတစ်ချို့ ရှိခဲ့သည်။ ဒီလိုမှ မဟုတ်ရင် အမြဲတမ်း အေးတိအေးစက် နေတတ်သည့် သူမက ယဲ့ဖန်းကို ဘာကြောင့် ဒီလောက် စကား အရှည်ကြီး ပြောနေမည်နည်း? ထို့အပြင် သူမရဲ့ ကိုယ်ပိုင် အခွင့်အရေးကို သုံးပြီးပါ ယဲ့ဖန်းကို အနောက်တံခါးကနေ အပြစ်လွတ်အောင် ကူညီပေးဖို့ ကြိုးစားခဲ့သေးသည်။