Ch 78
Vol. 6 Ch. 78
ဒီလိုဖြစ်ရတာက ယဲ့ဖန်းမှာ ဇာတ်လိုက်ရဲ့ လှမ်းမိုးနိုင်စွမ်း ရှိနေလို့ဆိုတာကို ဟန်ရှောင်ပင်း မသိပေ။ ယဲ့ဖန်းကို ဘယ်သူပဲ တွေ့ပါစေ၊ သူတို့ရဲ့ IQ တွေက အလုပ်မလုပ်တော့ဘူး။ ထိုဖြစ်ရပ်မှာ ဤအမှိုက်ဝတ္ထုကို ရေးသားထားသည့် စာရေးဆရာ၏ ဆန္ဒပင်တည်း။
ဟန်ရှောင်ပင်းသည် အစောက လင်းဖေးဟန်၏ ကိစ္စကြောင့် လင်းဖေးဟန် အပေါ် အမြင်နည်းနည်း ပြောင်းသွားသလို ယဲ့ဖန်းကို မနှစ်သက်စိတ် ဖြစ်သွားခဲ့သော်ငြား ဇာတ်လိုက်အရှိန်အဝါက ပြင်းထန်လွန်းတာမို့ ကူညီချင်သွားခဲ့သည်။ ဟန်ရှောင်ပင်းသည် ဦးနှောက်အဆေးခံလိုက်ရတယ်လို့ ပြောရင်တောင် ချဲ့ကားပြောရာ ကျမည်မဟုတ်။
ဒါပေမဲ့ လင်းဖေးဟန်ရဲ့ ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်သွားတယ်လို့လဲ မဆိုလိုပေ။
ဟန်ရှောင်ပင်းသည် လင်းဖေးဟန်ကြောင့် ယဲ့ဖန်းကို မနှစ်သက်စိတ် ဖြစ်ပေါ်ခဲ့သဖြင့် အခု ယဲ့ဖန်းရဲ့ မြင့်မားလွန်းတဲ့ ရည်မှန်းချက်တွေကို ကြားသောအခါမှာ ယဲ့ဖန်းရဲ ပုံစံက သူမအတွက် ကျေးဇူးမသိတတ်တဲ့ မောက်မာတဲ့သူ တစ်ယောက်ဖြစ်လာခဲ့သည်။
ထိုသို့မဟုတ်လျှင် ဟန်ရှောင်ပင်းက ယဲ့ဖန်းရဲ့ ကိုယ့်ကိုယ်ကို မြင့်မားလှတဲ့ ယုံကြည်မှုရှိမှု တွေမှာ ကြွေဆင်းသွားပြီး ယဲ့ဖန်းက လိမ်နေတာ မဟုတ်ပဲ တစ်ကယ်လုပ်နိုင်စွမ်း ရှိတဲ့သူလို့ ထင်သွားမှာဖြစ်သည်။
ဟန်ရှောင်ပင်း အနည်းငယ် ဒေါ်သထွက်သွားတာကို တွေ့သောအခါမှာ ယဲ့ဖန်း ခဏလောက် ကူကယ်ရာမဲ့သွားသည်။
သူ အမှန်တွေ ပြောနေခဲ့တာကို ဘယ်သူမှ မယုံဘူးလား?
ဒါကြောင့်မို့ ယဲ့ဖန်းသည် ပါးစပ်ဖွင့်ကာ ကိုယ့်ကိုယ်ကို ခုခံလိုက်သည်။
“ ငါပြောတာ တစ်ကယ်အမှန်တွေပဲ”
ဟန်ရှောင်ပင်းသည် ရွံရှာစွာ ကြည့်နေဆဲ ဖြစ်သည်။ မသိလျှင် ယဲ့ဖန်း၏ ပါးစပ်ထောင့်မှာ တစ်ဖြည်းဖြည်း ကြီးလာပြီး ကောင်းကင်ထက် ပျံသန်းမည့် ကျီးမဲကြီး တစ်ကောင် ရှိနေသကဲ့သို့ပင်။
“ ဒီလိုဆိုရင်ကော? လောင်းကြရအောင်”
“ ငါဒီနေ့ သေချာပေါက် ထွက်သွားလို့ ရမယ်လို့ပြောတယ်။ မင်းယုံလား?”
ယဲ့ဖန်းထံမှ ထွက်လာသော သန်မာလှတဲ့ ယုံကြည်ချက်မြင့်မှုကြီးကြောင့် ဟန်ရှောင်ပင်း ကြောင်သွားသည်။
ဟန်ရှောင်ပင်း ပြန်ပြောတော့မည့် အချိန်မှာပဲ တံခါးခေါက်သံကို ကြားလိုက်ရသည်။
ထို့နောက်တွင် ရဲသားတစ်ယောက် ဝင်လာခဲ့ပြီး
ဟန်ရှောင်ပင်းကို အလေးပြုကာ ပြောလိုက်သည်။
“ တင်ပြပါတယ်။ တစ်ယောက်ယောက်က တွေ့ခွင့်အတွက် လာနေပါတယ်”
“ နင့်ကို တစ်ယောက်ယောက် လာတွေ့မယ်လို့ ငါမထင်ထားမိဘူး။ လာခဲ့။ ငါနဲ့အတူ အပြင်ထွက်မယ်”
ဟန်ရှောင်ပင်းသည် ယဲ့ဖန်းကို အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။
ယဲ့ဖန်းက ဘာမှပြန်မပြောပဲ ဟန်ရှောင်ပင်း အနောက်ကနေ လိုက်သွားလိုက်သည်။
လင်းဖေးဟန်က လင်းအုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး လုရွှယ်ယင်က လုမိသားစုရဲ့ သမီးဖြစ်သည်။ ကျင်းပိုင်မြို့ရဲ့ ထိပ်သီး လူငယ်နှစ်ယောက်က မြို့တော်ဗျူရိုကို ရောက်လာခဲ့တာမို့ ဘယ်သူမှ လျစ်လျူမရှုရဲကြပေ။
“ ယဲ့ဖန်း နင် အဆင်ပြေတယ်မလား?”
ယဲ့ဖန်း အခန်းထဲမှ ထွက်လာတာကို တွေ့သည်နှင့် လုရွှယ်ယင်သည် ခုံမှ စိတ်လှုပ်ရှားစွာ ထလိုက်ပြီး ယဲ့ဖန်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စိတ်ပူစွာ စစ်ဆေးလိုက်သည်။
“ စိတ်မပူပါနဲ့။ ငါကဒီမှာ ဘာဖြစ်နိုင်မှာ မလို့လဲ?”
ယဲ့ဖန်း ရယ်မောကာ ပုခုံးတွန့်ပြလိုက်သည်။ လင်းဖေးဟန်ကို အလွန်ရန်စသော အကြည့်နှင့် ကြည့်ပြီးနောက်မှ သူ ချက်ချင်းပဲ လုရွှယ်ယင်ကို ပြန်ကြည့်လိုက်ကာ သူ့နှလုံးသားထဲမှ ရေရွတ်လိုက်သည်။
မှန်လိုက်တာ။ တစ်ကယ်ကို မှန်တယ်။
ဆရာသခင်က ငါ့ကို တောင်အောက်ဆင်းခိုင်းတာ မအံ့သြတော့ ပါဘူး။ အရမ်းမှန်သွားပြီ။ သူ့ရဲ့ စိတ်ထဲမှာ လုရွှယ်ယင်က သူ့ရဲ့အနာဂတ် မိန်းမလို့ မှတ်လိုက်ပြီ ဖြစ်သည်။
“ မင်းက ကိုယ့်ရဲ့ သူဋ္ဌေးမချောလေးလား? မင်္ဂလာပါ။ ယဲ့ဖန်းလို့ခေါ်ပါတယ်”
ယဲ့ဖန်း အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
လုရွှယ်ယင် မျက်မှောင်ကြုတ်သွား လေသည်။ ယဲ့ဖန်းရဲ့ ပုံစံက မြောက်ကြွမြောက်ကြွနှင့် သူမ မကြိုက်ပေ။ ဘာလို့မှန်းမသိ ယဲ့ဖန်းရဲ့ ပုံစံကို မြင်တာနဲ့ မကြိုက်တော့တာ ဖြစ်သည်။
လုရွှယ်ယင် အင်းဟုသာ အသံပြုပေးလိုက်သည်။
ယဲ့ဖန်း ကိုယ့်ဘာသာ ဖြေတွေး ပေးလိုက်ပါသည်။
“ ငါ့မိန်းမလေးက နည်းနည်း အေးစက်နေသေးပုံပဲ။ ငါ အလုပ်ပိုကြိုးစား ရတော့မယ် ထင်ပါတယ်။ ဒါပေမဲ့ ခက်ခဲတာတွေကို ငါမကြောက်ပါဘူး။ ပိုခက်လေလေ ပိုစိတ်ပါလေလေပဲ”
ယဲ့ဖန်း အနည်းငယ် ပြုံးလိုက်ပေမဲ့ ဘာမှ ပြန်မပြောခဲ့ပေ။ ယဲ့ဖန်းဘာတွေ တွေးနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
ယဲ့ဖန်းရဲ့ ရန်စတာကို တွေ့ပေမဲ့ လင်းဖေးဟန် လုံးဝ ဂရုမစိုက်မိပါ။ သူ.ယဲ့ဖန်းကို ကြည့်တောင် မကြည့်ခဲ့ပေ။ ထိုအစား ဟန်ရှောင်ပင်းကိုပဲ ပြုံးပြကာ ပြောလိုက်သည်။
“ ရဲမေဟန် မင်းတို့မြို့တော်ဗျူရိုရဲ့ လက်ဖက်ရည်က တော်တော်ကောင်းတယ်။ အချိန်ရရင် ပိုလာခဲ့ရမယ်”
“ မစ္စတာလင်း နောက်နေပါပြီ။ ကျွန်မတို့ရဲ့ လက်ဖက်ရည်က မစ္စတာလင်းကို အကြိုက်တွေ့ စေမိတာကိုပဲ ဂုဏ်ယူမိပါတယ်”
ထို့နောက်မှာ လင်းဖေးဟန်က လုရွှယ်ယင်ကို ပြောလိုက်သည်။
“ မင်းမှာ လက်ဖက်ရည်သောက်တဲ့ အကျင့် မရှိတာသိတယ်။ နေ့တိုင်း ကော်ဖီပဲ သောက်နေတာ မကောင်းဘူး။ မင်း စမ်းကြည့် သင့်တယ်။ တရုတ်ရဲ့ ရိုးရာ လက်ဖက်ရည်က တစ်ကယ် နှစ်သက်ဖွယ်နော်။ မတူတဲ့ အခြေအနေမှာ မတူညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်”
ပြောနေရင်းနဲ့ လင်းဖေးဟန်သည် လုရွှယ်ယင် အတွက် လက်ဖက်ရည်တစ်ခွက် ထည့်ပေး လိုက်သည်။
“ ကျေးဇူးပါ” လုရွှယ်ယင် ခေါင်းညိတ်ပြပြီး တစ်ငုံယူသောက်လိုက်သည်။ တစ်ကယ်ကို.. နည်းနည်းတော့ ကွာတာပဲ။
ထိုမြင်ကွင်းကို မြင်တဲ့အခါမှာ ယဲ့ဖန်းရဲ့ မျက်လုံးက ချက်ချင်း ဒေါ်သတွေ ပြည့်လာ ခဲ့သည်။
လုရွှယ်ယင်ရဲ့ အလှကို မြင်ပြီးတာနဲ့ သူမက သူ့ရဲ့အနာဂတ်မိန်းမလို့ သတ်မှတ်ထားပြီးပြီ။ အခု လင်းဖေးဟန်နဲ့ လုရွှယ်ယင်တို့ ခုံမှာထိုင်ပြီး ရင်းနီးစွာ လက်ဖက်ရည် သောက်နေတာ မြင်တော့ ရုတ်တရက်ကြီး သူ မပျော်တော့ဘူး။
လုရွှယ်ယင်သည် ယဲ့ဖန်းကို အေးစက်စွာ စိုက်ကြည့်လိုက်ကာ
“ ယဲ့ဖန်း နင်က ငါ့ရဲ့ဘော်ဒီဂတ်မလို့ ငါ ပြောချင်တာကို ပြောမယ်။ ငါ မစ္စတာလင်းနဲ့ စကားပြောပြီးပြီ။ အရင်ကိစ္စမှာ ဘယ်သူမှားမှား မှန်မှန် နင်လူကို အရမ်းထိခိုက်အောင် ရိုက်ခဲ့တယ်”
လင်းဖေးဟန်ကို ကြည့်ပြီး လုရွှယ်ယင်က ဆက် ပြောလိုက်သည်။
“ မစ္စတာလင်းက ဒီကိစ္စကို ဆက်ပြီး မဆွဲထားချင်တော့ဘူး။ နင် အနာဂတ်မှာ ဒီလိုကိစ္စ ထပ်မကျူးလွန်မိဖို့ မျှော်လင့်တယ်။ ဒီတော့ အခုကိစ္စကို နင်တောင်းပန်လိုက်သရွေ့ ဒါပြီးသွားလိမ့်မယ်”
“ဘာ? မင်းတစ်ကယ်ကြီး ငါ့ကို တောင်းပန် ခိုင်းတာလား? ဘာလို့လဲ? ဒီမကောင်းတဲ့ကောင်က ငါ့ကို အကွက်ချ ခဲ့တာကို ငါကဘာကြောင့် တောင်းပန်ရမှာလဲ? ငါကမင်းရဲ့ဘော်ဒီဂတ်မလို့ မင်းကို ကာကွယ်ဖို့ တာဝန်ရှိပေမဲ့ ကျန်တဲ့ကိစ္စတွေအတွက် တာဝန် မရှိဘူး။ မင်းငါ့ကို ဒီလိုအမိန့်ပေးရအောင် ငါကမင်းရဲ့ အစေခံ မဟုတ်ဘူး! ဒီအမှိုက်ကောင်ကို ငါ မတောင်းပန် နိုင်ဘူး”
ယဲ့ဖန်း စိတ်ဆိုးစွာ ပြောလိုက်သည်။
မင်းတို့ စိတ်ပျက်စရာ မိန်းမတွေက အဲ့ဒီကောင် ရုပ်ချောတာနဲ့ ကပ်ဖားယပ်ဖား လုပ်ဖို့ပဲ လုပ်နေကြတာ။ ငါ့ကို မရှိတော့ဘူး ထင်နေတာလား?
အချိန်ရလို့ကတော့ မင်းကို အိပ်ယာထဲ ကောင်းကောင်းလေ့ကျင့်ပေးပြီး ယောက်ျား အာဏာကို ပြန်ယူရမယ်!
ယဲ့ဖန်းရဲ့ စကားကို ကြားပြီးနောက်မှာ လင်းဖေးဟန် စိတ်ထဲမှ ရယ်မောလိုက်သည်။
အားလုံးက သူတွေးထားသလို အဆင်ပြေ နေတယ်။
ယဲ့ဖန်းရဲ့ စကားဆုံးတာနှင့် လူတိုင်းမှာ မျိုးစုံသော မျက်နှာထားများ ဖြစ်သွားကြသည်။
လုရွှယ်ယင်နှင့် ဟန်ရှောင်ပင်း နှစ်ယောက်လုံး အံ့သြသွားခဲ့သည်။
သူတို့ တွေးထားတာနှင့် လုံးဝ မတူနေဘူး။
ဒီကိစ္စကို ကောင်းကောင်း ရှင်းပြီးပြီလို့ တွေးခဲ့တာကို ယဲ့ဖန်းက ဒေါသကြောင့် ဒီလိုတွေ ပြောပစ်လိမ့်မယ် တစ်ကယ်ကို မတွေးထားမိတာပင်။
လင်းဖေးဟန်က ဒီကိစ္စကို တစ်ကယ် ရပ်ပေးဖို့ လုပ်ခဲ့တာကို ယဲ့ဖန်းက အမှိုက်ကောင်လို့ ခေါ်လိုက်သေးတယ်။ လင်းဖေးဟန်ရဲ့ မျက်နှာကို ရိုက်လိုက်ရုံတင်မကပဲ လုရွှယ်ယင်ရဲ့ မျက်နှာကိုပါ ဖြတ်ရိုက်လိုက်တာပဲ။
လုရွှယ်ယင် လွန်စွာ စိတ်ပျက်သွားသည်။ သူမ အောက်ကျခံပြီး လင်းဖေးဟန်ကို ယဲ့ဖန်းအတွက် တောင်းဆိုခဲ့ရတာကို ယဲ့ဖန်းက သူမကို မျက်နှာသာ လုံးဝ မပေးခဲ့ဘူး။ အဲ့ဒီ အစား အရောင်းပြခန်းထဲက ဖိနပ်တစ်ရံလို သူမကို မျက်နှာသာမပေးတဲ့အပြင် တန်းပြီး အော်ဟစ်လိုက်သေးသည်။
အနောက်မှာ ရပ်နေသော ဝမ်တကုံ အလွန် မခံမရပ်နိုင် ဖြစ်လာရသည်။ သူ့ရဲ့ သူဋ္ဌေး အအော်ခံလိုက်ရတာကို ကြားတာနဲ့ လက်ထဲရှိ ပေါက်စီလုံးနှစ်ခုကို ပစ်ချကာ အရှေ့ကို အပြေး တိုးသွားလိုက်သည်။
လင်းဖေးဟန်က လက်ကာလိုက်ကာ အမြန်တားလိုက်တာမို့ ပြဿနာတော့ မတက်သွားခဲ့။