← Chapters

Ch 79

Vol. 6 Ch. 79

Ch 79

Vol. 6 Ch. 79

လင်းဖေးဟန် ရင်ထဲ ထိသွားခဲ့သည်။ ဝမ်တကုံက သခင်ကို ကာကွယ်ဖို့ လုပ်ခဲ့တာပဲ။ သူ့ အကြိုက်ဆုံး ပေါက်စီတွေကိုတောင် လွှင့်ပစ်လိုက်သေးတယ်။

လူ တစ်ယောက်ရဲ့ စိတ်ရင်းကို ဒါမျိုး အခြေအနေမျိုးမှာမှ တွေ့ရတာ။

လူတစ်ယောက် မင်းကို စစ်မှန်စွာ သစ္စာရှိလား သိချင်ရင် သူကြိုက်တဲ့အရာတွေကို မင်းအတွက် ပေးဆပ်နိုင်လား ကြည့်လိုက်ပါ။

ဝမ်တကုံလို တုံးအပုံပေါက်တဲ့သူတောင်မှ သူ့အတွက်နဲ့ အကြိုက်ဆုံး ပေါက်စီကို လွှင့်ပစ်ခဲ့တယ်။

လုရွှယ်ယင် တစ်ခုခုမှားနေတာကို မြင်လိုက်တာမို့ အမြန် အရှေ့တိုးလိုက်ပြီး ယဲ့ဖန်းကို ဖမ်းလိုက်ကာ

“ ယဲ့ဖန်း အရမ်း စိတ်လိုက်မာန်ပါ မလုပ်နဲ့။ နင် စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ဒီကိစ္စက လုံးဝ ပြီးသွားမှာ”

“ ငါ မတောင်းပန်နိုင်ဘူး။ ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး!”

ယဲ့ဖန်း လုရွှယ်ယင်ထံမှ ရုန်းထွက်လိုက်ပြီး သူမ၏ ဖျောင်းဖြစကားတွေကို နားမထောင် တော့ပေ။ သူ လင်းဖေးဟန်ကို ရန်စစွာ ကြည့်လိုက်ပြီး ရွံရှာမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ သူက ဒီတိုင်း မိဘမျက်နှာနဲ့ လုပ်စားနေတဲ့ကောင်၊ အမှိုက်ကောင်ပဲ။ ငါ ယဲ့ဖန်းက သေရမယ်ဆိုရင်တောင် အဲ့လို အမှိုက်ကို မတောင်းပန်ဘူး!”

ပုံမှန်ဆိုလျှင် ယဲ့ဖန်း အခုလောက် စိတ်လိုက်မာန်ပါ မလုပ်ပေ။ သူ ဒီနေ့ အရမ်း စိတ်လိုက်မာန်ပါ လုပ်နေရခြင်းက သူ့မှာ ကိုယ်ပိုင် အတွေးရှိနေလို့ပဲ။

လင်းဖေးဟန်ကို ရန်စပြီး သူ့ကို အရင် တိုက်ခိုက်လာအောင် လုပ်မလို့ပဲ ဖြစ်သည်။

ဒီကိစ္စသာ အကြီးကြီးဖြစ်လာရင် လင်းဖေးဟန်နဲ့ လုရွှယ်ယင်တို့ ဆက်ဆံရေး ပျက်သွားပြီး သူက သူ့ရဲ့ စကားပြောစွမ်းရည်ကို သုံးလိုက်မယ်။ လုမိသားစုကို သူ့ဘက်ပါလာအောင် လုပ်ပစ်မယ်။ နောက်ဆုံးတွင် လုမိသားစုရဲ့ အာဏာကိုသုံးပြီး လင်းဖေးဟန်ကို ဖျက်ဆီးပစ်မယ်။

သို့ပေမဲ့ လင်းဖေးဟန်က အရူးမဟုတ်ပါချေ။ သူသည် မတူညီစွာ ပြုမူခဲ့ပြီး စိတ်ထဲမှာ ရယ်မောနေခဲ့သည်။

သူ ဒီအချိန်လေးကို စောင့်မျှော်နေတာ ကြာလှပြီ။ ဝတ္တုကိုရေးတဲ့ စာရေးဆရာအလိုအတိုင်း မြို့တော်ဗျူရိုထဲမှာ တိုက်ခိုက်ဖို့ လောက်ထိ လင်းဖေးဟန်တို့ မရူးနှမ်းပါဘူး။

အကုန်လုံးက ငါ့ထိန်းချုပ်မှုအောက်မှာပဲ။ ခံလိုက်တော့!

ယဲ့ဖန်းရဲ့ အပြုအမူကြောင့် လုရွှယ်ယင် အလွန် စိတ်တိုသွားခဲ့သည်။

သူမအဖိုးက ဘယ်လိုလူမျိုးကို ရှာပေးခဲ့တာ များလဲ?

ယောက်ျားတွေက ဒီလိုပဲ မောက်မာကြတာလား?

ဒီယဲ့ဖန်းက လင်းဖေးဟန်ထက်တောင် မောက်မာ သေးတယ်။ သူမ ယဲ့ဖန်းကို တောင်းပန်ခိုင်းပေးမယ်လို့ လင်းဖေးဟန်ကို ကတိပေးထားပြီးပြီ။ ဒါပေမဲ့ ယဲ့ဖန်းက ခြင်္သေ့ရိုင်း တစ်ကောင်လိုပဲ သူမ ထိန်းချုပ်လို့ မရနေဘူး။ သူမ ဘယ်လိုလုပ် ဒေါသ မထွက်ပဲ နေနိုင်မှာလဲ?

“ ယဲ့ဖန်း နင်လုပ်နေတာ လုံလောက်သွားပြီ!”

ယဲ့ဖန်းက တစ်ကယ်ကို လင်းဖေးဟန်ကို လက်ညိုး ငေါက်ငေါက်ထိုးပြီး အမှိုက်ကောင်လို့ ခေါ်ခဲ့သည်။ ဒါကြီးက အရမ်း စော်ကားလိုက်တာပဲ။

“ ငါ့ကို လုံလောက်သွားပြီ ဟုတ်လား? ငါဘာလုပ် ရသေးလို့လဲ? ငါအမှန်တရားကိုပဲ ပြောခဲ့တာ!”

ယဲ့ဖန်းသည် လင်းဖေးဟန်ကို စိုက်ကြည့်ပြီး ရွံရှာစွာ ပြောလိုက်သည်။

“ သူက အမှိုက်စတစ်ခုပဲ။ သူငါ့ထက် ပိုချမ်းသာတယ်မလား? အဲ့ဒါဘာတွေ ကောင်းနေလို့လဲ? မင်းကငါ့ကို တောင်းပန် စေချင်တာလား? လုံးဝ မဖြစ်နိုင်ဘူး!”

ယဲ့ဖန်းရဲ့ စိတ်ထဲတွင် လင်းဖေးဟန်သည် လုံးဝကို ပြိုင်ဘက်အဆင့် မရှိပေ။ လင်းဖေးဟန်က သူ့အတွက် ကျင်းပိုင်မြို့မှာ သူချနင်းခံရဖို့ ငြိမ်ငြိမ်လေး ရပ်နေပေးတဲ့ ခြေနင်းခံကျောက်တုံးတစ်ခု သာသာပဲ။

ဒါက ပထမခြေလှမ်းပဲ ရှိသေးသည်။ ယဲ့ဖန်းသည် ရည်မှန်းချက် ကြီးတဲ့သူ ဖြစ်သည်။ သူသည် မှော်မြို့၊ ရှန်းကျင်းမြို့၊ တစ်နိုင်လုံးအပြင် တစ်ကမ္ဘာလုံးကိုပါ အနိုင်ယူ သိမ်းပိုက်ချင်တာ ဖြစ်သည်။ သူသည် ထိပ်ဆုံးမှာ ရှိဖို့အတွက် ကံကြမ္မာပါတဲ့သူပဲ။

အခု အခြေအနေက လူတစ်ယောက်က ပုရွက်ဆိတ်တစ်ကောင်အပေါ် နင်းမိ လိုက်သလိုပေါ့။ ဘယ်သူက နင်းမိတဲ့အတွက် ပုရွက်ဆိတ်ကို တောင်းပန်လို့လဲ?

တောင်းပန်ရမယ်။ ဘယ်လို ဟာသလဲ? မဖြစ်နိုင်တဲ့အရာပဲ!

ယဲ့ဖန်း၏ အမြင်သည် လုရွှယ်ယင်ကလဲ သူ့ကို ကူညီပေးသင့်သည်။ ပြောရလျှင် သူ့ဆရာနှင့် လုမိသားစုတွင် အဆက်အသွယ်ရှိသည်။ လုမိသားစုက ဆရာသခင်အပေါ် အကြွေးကြီး တင်နေသည်။ ဒါကြောင့်မို့ လင်းဖေးဟန် ဘက်က ဆန့်ကျင်ပြီး သူ့ကို ကူညီပေးသင့်သည်။ သူလဲ ဒီကျေးဇူးကို မှတ်သားထားမှာပင်။ အဆုံးကျရင် လုမိသားစုကို ကျင်းပိုင်မြို့ရဲ့ ထိပ်သီးဖြစ်လာပြီး အကျိုးအမြတ်အများကြီး အရယူနိုင်ဖို့ သူကူညီပေးမှာပဲလေ။

“ ယဲ့ဖန်း နင်အရမ်းလွန်နေပြီ!”

လုရွှယ်ယင် အခု ယဲ့ဖန်းကို ခွင့်မလွှတ်နိုင် လောက်အောင် ဒေါသထွက်နေခဲ့ပြီ။ သူမ ယဲ့ဖန်းကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေခဲ့သည်။

ဟန်ရှောင်ပင်း ထိုအခိုက်မှာ အနည်းငယ် ရှက်လာခဲ့သည်။ ပတ်ဝန်းကျင်က ယမ်းငွေ့တွေကို သူမ ခံစားမိနေပေမဲ့ အကုန်လုံးကို ဘယ်လို ဖျောင်းဖြရတော့ မလဲ သူမ မသိတော့။

ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက် ရသည်။

“ အကုန်လုံး ခဏစိတ်လျော့သင့်တယ်။ ဒီလိုမျိုး ပြဿနာဖြစ်နေတာ မကောင်းဘူး”

အကုန်လုံး လှည့်ကြည့်လိုက်သော အခါမှာ ကြင်နာပုံပေါက်တဲ့ သတ်လတ်ပိုင်း အရွယ် လူတစ်ယောက်နှင့် ဘေးမှ အတူပါလာသော ယူနီဖောင်းဝတ် သတ်လတ်ပိုင်း အရွယ် လူတစ်ယောက် ဝင်လာတာကို မြင်လိုက်ရသည်။

“ ခေါင်းဆောင်, မစ္စတာဝူ”

လူနှစ်ယောက်ကို မြင်လိုက်သော အခါမှာ ဟန်ရှောင်ပင်း အားကိုးရသွားသလို ခံစား လိုက်ရသည်။ သူမ လျှောက်သွားလိုက်ပြီး နှုတ်ဆက်လိုက်သည်။

ထိုနှစ်ယောက်မှာ မြို့တော်ဗျူရိုရဲ့ လျိုရှစ်လင်းနဲ့ ကျင်းပိုင်မြို့ရဲ့ ဝူမိသားစု ခေါင်းဆောင် ဝူကျုံးဟောက်တို့ ဖြစ်လေသည်။

“ အန်ကယ်လျို၊ အန်ကယ်ဝူ”

“ အန်ကယ်လျို၊ အန်ကယ်ဝူ”

လင်းဖေးဟန်နဲ့ လုရွှယ်ယင်လဲ လျိုရှစ်လင်းနဲ့ ဝူကျုံးဟောက်ကို နှုတ်ဆက်လိုက်သည်။

ဝူမိသားစုက ကျင်းပိုင်ရဲ့ မိသားစုကြီး လေးခုထဲက တစ်ခုဖြစ်ပြီး လင်းမိသားစုနဲ့ လုမိသားစုလောက်နီးတူ အာဏာရှိသည်။ လင်းမိသားစုနဲ့ ဝူမိသားစုက ပြိုင်ဘက်တွေမို့ သူတ်ို့နှစ်ယောက်ကြားမှာ စိတ်ဝမ်းကွဲမှုများ ရှိကြပြီး သိပ်ပြီး ပတ်သတ်မှုများ မရှိပေ။ ဒါပေမဲ့ အခု ဝူကျုံးဟောက်နဲ့ တွေ့တဲ့အခါမှာ လင်းဖေးဟန် ယဥ်ကျေးမှု ပြဆဲပင် ဖြစ်သည်။

ပြိုင်ပွဲကွင်းပြင်တွင် သူတို့သည် ပြိုင်ဘက်တွေ ဆိုပေမဲ့ အပြင်ရောက်ရင် မိတ်ဆွေတွေပဲလေ။

“ ရှောင်ဖန်း မင်းက အရမ်းငယ်သေးတယ်။ မင်း ငါ့အရွယ်လောက်ရောက်ရင် သိသွား လိမ့်မယ်။ စိတ်လိုက်မာန်ပါ လုပ်ခြင်းက အားနည်းချက် ဖြစ်လာနိုင်တယ်ဆိုတာကို”

ဝူကျုံးဟောက်သည် ယဲ့ဖန်းရဲ့ ပုခုံးကို ပုတ်လိုက်ပြီး စိတ်အားထက်သန်စွာ ယဲ့ဖန်းအား အကြံပြုလိုက်သည်။

“ အန်ကယ်ဝူ!”

ယဲ့ဖန်းသည် လင်းဖေးဟန်ကို အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက်တွင် ဝူကျုံးဟောက်ကို မျက်နှာပေးသဖြင့် လင်းဖေးဟန်ကို မအော်တော့ပေ။

ထိုအချင်းအရာကို မြင်တော့ လင်းဖေးဟန် မထိန်းနိုင်စွာ နှုတ်ခမ်းတွေ တွန့်လိမ် မိတော့သည်။

ဒါကြီးက လွန်လွန်းတယ်။ ယဲ့ဖန်းက လွန်ခဲ့တဲ့ မနေ့ညနေကမှ ကျင်းပိုင်ကို ရောက်တာဖြစ်ပြီး မနေ့မနက်က သူ အကွက်ဆင်လိုက်တာလေ။ ယဲ့ဖန်းနဲ့ ဝူကျုံးဟောက်နဲ့ က ဘယ်လို သိကြပြီး အရမ်းတွေတောင် ရင်းနီးနေရတာလဲ?

နတ်ဘုရားတွေက မတရားဘူး!

တကယ့်အမှိုက်ဝတ္တုပဲ၊ ဇာတ်လိုက်ကို မနိုင်နိုင်အောင် လုပ်ပေးထားတာ

လင်းဖေးဟန် နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

ယဲ့ဖန်းရဲ့ ဇာတ်လိုက်ရောင်ဝါကြီးက တောက်ပနေဆဲပဲ ဖြစ်ရမယ်။ အရှုံးကနေ အနိုင်အဖြစ်တောင် ချက်ချင်း ပြောင်းလိုက် နိုင်သေးတယ်။

မူလက ဒီအကြံကို စဥ်းစားမိပြီး ငါက ယဲ့ဖန်းကို ထပ်အကွက်ချဖို့ ကြံစည်ခဲ့တာ။ ဒါပေမဲ့ဝူကျုံးဟောက် ရောက်လာတာက အကုန် ဖျက်ဆီးပစ်လိုက်တာပဲ။

အစက အကုန်အဆင်ပြေနေပြီး လင်းဖေးဟန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပြီး အခုတော့ အကုန် ကျရှုံးသွား ခဲ့ရပြီ။ အရင်ကရထားတဲ့ အမှတ်တွေလဲ အသုံးမဝင် တော့ဘူး။

လင်းဖေးဟန် ကူကယ်ရာမဲ့သွားခဲ့သည်။

ဒီအချိန်မှာ ဝူကျုံးဟောက် ရောက်လာခဲ့ပြီး သူက အကြီးတစ်ယောက် ဖြစ်တာမို့ လင်းဖေးဟန်အနေနဲ့ ဘာမှထပ်ပြောလို့ မကောင်း တော့ပေ။ ဝူကျုံးဟောက်နဲ့ ငါ့အဖေ လင်းသခင်ကြီးနဲ့ မျိုးဆက်အတူတူပဲ။ မစ္စတာဝူရဲ့ မျက်နှာကိုတော့ ထောက်ရအုံးမည်။ မဟုတ်လျှင် ဝူမိသားစုနဲ့ လင်းမိသားစုကြား စစ်ပွဲစလိုက်သလို ဖြစ်သွားလိမ့်မယ်။ လင်းဖေးဟန် လှုံ့ဆော်မှု လုပ်ခဲ့လိုက်မိရင် လင်းမိသားစုအတွက် ပြန်လမ်း မရှိ ဖြစ်သွားနိုင်တယ်။

အနောက်မှာရှိနေသော ဝမ်တကုံသည်လည်း ဝူကျုံးဟောက်သည် ယဲ့ဖန်းရဲ့ဘက်ကမှန်း သဘောပေါက်လိုက်သည်။ ထိုမြင်ကွင်းကို မြင်သောအခါမှာ သူ လက်သီးဆုတ်လိုက် မိပြီးအော်လိုက်သည်။

“ သူဋ္ဌေး..”

ဝမ်တကုံ၏ ဆိုလိုရင်းက ရိုးရှင်းသည်။ သူ့သူဋ္ဌေးအတွက် အမှိုက်သရိုက်များကို သူရှင်းပေးချင်သည်။

နေ့တိုင်း ပေါက်စီတွေ တစ်သောင်းလောက် စားသောက်ထားတာ အခု အသုံးဝင်အောင် လုပ်ပေးရမယ်။

ရန်လိုနေသော ဝမ်တကုံကို လင်းဖေးဟန် တားလိုက်သည်။ ဝမ်တကုံရဲ့ တောင့်တင်းနေသော ခန္ဓာကိုယ်ကို ပုတ်ပေးလိုက်ကာ

“ အရမ်း စိတ်လိုက်မာန်ပါ မလုပ်နဲ့”

လင်းဖေးဟန် မျက်လုံးတွေ မှေးကျင်းကာ ယဲ့ဖန်းကို ကြည့်လိုက်သည်။

All Chapters