← Chapters

Ch 80

Vol. 6 Ch. 80

Ch 80

Vol. 6 Ch. 80

ဒီယဲ့ဖန်းမှာ ဇာတ်လိုက်ရောင်ဝါတွေ အများကြီး ရှိလွန်းတယ်။ သူ ထောင်ထဲမှာ ရှိနေပြီး ဘာမှ မလုပ်နေတာတောင်မှ သူ့ကို ကူညီဖို့ဆိုပြီး တစ်ယောက်ယောက်က တစ်ကယ် ထွက်လာသေးသည်။

သူတို့ နှစ်ယောက် ဘယ်လို သိသွားတာလဲ ဘယ်သူမှ မသိကြပေ။

လင်းဖေးဟန် ထိုအခိုက်မှာ ဆဲချင်လာခဲ့သည်။ ဒီစာရေးသူ တစ်ယောက်ယောက်ကို ဘယ်ကမှန်း မသိ ပေါ်ခိုင်းလိုက်တာကြီးက အရမ်း ကျိုးကြောင်းမသင့်လွန်းဘူးလား?

စာရေးသူမှ ပြန်ပြောလိုက်သည်။ မမေးနဲ့၊ မေးတာက ဇာတ်ကြောင်းကြိုသိချင်နေတာပဲ!

“ ရှောင်ဟန်, ယဲ့ဖန်းက ငါတို့ ဝူမိသားစုရဲ့ ဧည့်သည်ပဲ။ သူ ဒီတစ်ကြိမ် နည်းနည်း စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်။ သူ အမှားလုပ်ခဲ့တာတွေအတွက် အန်ကယ် ကိုယ်စား တောင်းပန်ပါတယ်။ ရှောင်ဟန်း အန်ကယ့်ကို မျက်နှာသာပေးပြီး ဒီကိစ္စကို အဆုံးသတ်ပေးဖို့ မျှော်လင့်ပါတယ်”

လင်းဖေးဟန် ရယ်လိုက်ကာ

“အန်ကယ်ဝူကလဲ ဘာတွေ ပြောနေတာလဲဗျာ? ကျွန်တော်သူနဲ့ ရန်ဖြစ်ဖို့ မရည်ရွယ်ပါဘူး။ အန်ကယ်ဝူက ရပ်လိုက်ဖို့ပြောမှတော့ ကျွန်တော်လဲ ရှေ့ဆက်မတိုးတော့ပါဘူးဗျာ”

ဝူကျုံးဟောက်ရဲ့ စကားတွေကြားပြီးတာတောင်မှ လင်းဖေးဟန် ငြင်းလို့ရအုံးမည်လား?

ထို့အပြင် ဝူကျုံးဟောက် ပြောသွားတာကလဲ ပြတ်သည်။ သူ ယဲ့ဖန်းကို ကာကွယ်မယ်လို့ တည့်ပြောသွားတာပင်။

သူ ဒီကိစ္စကိုထပ်ပြီး ဆွဲထားချင်ရင်တောင် ဝူမိသားစု၏ ကာကွယ်မှုအောက်မှာ သူဘာမှ မလုပ်နိုင်တော့ဘူး။

“ ဒီလိုဆိုမှတော့ အန်ကယ်က ယဲ့ဖန်းကိုယ်စား ရှောင်ဟန်ကို ကျေးဇူးတင်ပါတယ်”

ထိုအချိန်တွင် ဝူကျုံးဟောက်ရဲ့ မျက်နှာသည် စီးပွားရေးသမားပီပီ ပညာသားပါးပါး အပြုံး တစ်ခုတပ်ဆင်ထားသည်။

“ ရှောင်ပင်း”

ဘေးတွင်ရှိနေသော လျိုရှစ်လင်းသည် ဟန်ရှောင်ပင်းကို တစ်ချက်ကြည့်ပေးလိုက် သည်။

ဟန်ရှောင်ပင်း တန်းသဘောပေါက်လိုက်ပြီး ခေါင်းညိတ်ကာ ပြင်ဆင်ထားတာ ကြာပြီဖြစ်သော ညှိနှိုင်းမည့် စာရွက်များကို ထုတ်လိုက်သည်။

ထိုအရာကိုမြင်တော့ လင်းဖေးဟန်၏ နှလုံးသားထဲတွင် မြင်းတွေထောင်ချီ ခုန်ပေါက်နေသလို တုန်ယင်လာရသည်။ သူ့စိတ်ထဲမှာ မကျေနပ်ပေမဲ့လဲ အားကောင်းလွန်းတဲ့ ယဲ့ဖန်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်တိုခြင်းများစွာနဲ့ လတ်မှတ်ထိုးပေးရုံအပြင် ဘာမှ မတတ်နိုင် တော့ဘူး။

ဘေးမှာရပ်နေသော လုရွှယ်ယင်၏မျက်လုံးသည် လင်းဖေးဟန် လတ်မှတ်ထိုးနေတာကို မြင်တော့ အနည်းငယ် လက်သွားခဲ့သည်။

လင်းဖေးဟန်ရဲ့ ဒေါသနဲ့ဆိုရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ လင်းဖေးဟန်က ဝူကျုံးဟောက်နဲ့ ပုံမှန်လို စကားပြောပြီး အလျော့ပေးကာ ဒီကိစ္စကို အဆုံးသတ်ပေးမယ်လို့ မထင်ထားမိပေ။

လုရွှယ်ယင် အရူးမဟုတ်ပေ။ ဝူကျုံးဟောက် အနိုင်ကျင့်နေတာကို သူမ သေချာပေါက် တွေ့တာပေါ့။

ဝူကျုံးဟောက်က လင်းဖေးဟန်ကို ဖော်ရွေစွာ စကားပြောနေပုံပေါက်ပေမဲ့ တစ်ကယ်တော့ ယဲ့ဖန်းကို ခွင့်လွှတ်ဖို့ရန် အတင်းအကျပ် ဖိအား ပေးနေခဲ့တာလေ။

ဒီကိစ္စ ဒီလောက် လွယ်လွယ်ပြီးသွားမယ်လို့ ဝူကျုံးဟောက် မထင်ထားမိပေ။ သူ ကျေနပ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ ကောင်းတယ်။ အရမ်းကောင်းတယ်”

အမှန်တော့ ဝူကျုံးဟောက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့တာဖြစ်သည်။ သခင်လေးလင်းရဲ့ ဒေါသကို ကျင်းပိုင်မြို့ရှိ လူတိုင်းသိသည်။ လင်းဖေးဟန်ကို ရန်စတဲ့ သုမှန်သမျှ နောက်နေ့ နေဝင်ချိန် မြင်ခွင့် မရတော့ဘူးလေ။

ဝူကျုံးဟောက်က သူ့ရဲ့ အာဏာကြောင့် မနက်ဖြန်တော့ နေမြင်လို့ရနိုင်ပေမဲ့ လင်းဖေးဟန်ထံမှ အော်ခံရမည်လို့တော့ မှန်းထားခဲ့သည်။

လင်းဖေးဟန်က သူ့ကို အရှက်မရှိလို့ အော်ဟစ်ပြီး ယဲ့ဖန်းကို ထိုက်သင့်တဲ့ အပြစ်ပေးဖို့ ပြောလာလိမ့်မယ်လို့ သူထင်ခဲ့တာပင်။

တစ်ကယ်တော့ လင်းဖေးဟန် သူ့ကို မအော်ခဲ့တာတောင်မှ အငယ်တစ်ယောက်ကို အနိုင်ကျင့်ရ၍ သူ့စိတ်ထဲ အနည်းငယ်တော့ ရှက်မိပါသည်။

အတိတ်တုန်းက လင်းဖေးဟန်သည် စိတ်အလိုမကျလျှင် ရိုက်နှက်ပြီး အနောက်က သူ့ကိုထောက်ပံ့ပေးမဲ့ လင်းမိသားစုရှိသည်။ သူသည် ဘယ်သူ့မျက်နှာမှ မထောက်တတ်သလို အခြေအနေကိုလဲ ဂရုမစိုက်ချေ။

ဒါပေမဲ့ လင်းဖေးဟန် တစ်ကယ်ကြီး ဒီကိစ္စကို သည်းခံပေးမယ်လို့ ဝူကျုံးဟောက် မထင်ထားမိဘူး။ လင်းဖေးဟန်သည် ကြင်နာပုံပေါက်ပြီး သူ့ကိုတောင် အန်ကယ်ဝူလို့ ခေါ်သေးသည်။ မသိတဲ့သူတွေဆို သူက လင်းဖေးဟန်ရဲ့ ဦးလေးလို့ပင် ထင်သွားနိုင်သည်။

ဒါပေမဲ့အခုတော့ သူ လင်းဖေးဟန်အပေါ် အကြွေးတစ်ခု တင်သွားခဲ့ပြီ။

လင်းဖေးဟန် လတ်မှတ်ထိုးပြီးသွား၍ အပေါ် မော့လိုက်သောအခါတွင် လုရွှယ်ယင်၏ မျက်ဝန်းများနှင့် တန်းစုံသည်။ လုရွှယ်ယင်သည် ရှက်ရွံ့မှုကြောင့် သူမ၏ ခေါင်းကို ငုံ့ထားလိုက်သည်။

ထိုလှုပ်ရှားမှုက ယဲ့ဖန်း၏ မျက်လုံးထဲတွင် မီးလောင်တဲ့ထဲ လောင်စာ လောင်းထည့် လိုက်သကဲ့သို့ပင်။

ယဲ့ဖန်း၏ မျက်လုံးထဲတွင်လုရွှယ်ယင်၏ ရှက်နေပုံက လင်းဖေးဟန်နှင့် သူမကြားထဲရှိ အီစီကလီလုပ်နေပုံပေါက်သည်။ သူ့၏ ဖူးစာရှင်ဇနီးလောင်းနဲ့ ရန်သူတော်ကြီး အီစီကလီ လုပ်နေတာကို မြင်ရချိန်မှာ သူ့နှလုံးသားထဲ စတင် ပေါက်ကွဲလာတော့သည်။

ယဲ့ဖန်းသည် မီးပွင့်တော့မတတ် မျက်လုံးများဖြင့် လင်းဖေးဟန်ကို ကြောက်မက်ဖွယ် ကြည့်လိုက်သည်။

ယဲ့ဖန်းရဲ့ ဒေါသထွက်နေတာကို ခံစားလိုက်မိတော့ လင်းဖေးဟန် ရန်စသည့်ပုံဖြင့် ပြုံးလိုက်ကာ စူးရှနေတဲ့ ယဲ့ဖန်းရဲ့ အကြည့်တွေကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက်တွင် ဝူကျုံးဟောက်နှင့် လျိုရှစ်လင်းတို့နှင့် မျိုးရိုးမြင့် မိသားစုရဲ့ လိမ္မာရေးခြားရှိလှသော ကလေးတစ်ယောက်ကဲ့သို့ ကျိုးနွံစွာ စကား ပြောနေခဲ့သည်။

ဝူကျုံးဟောက်သည် လင်းဖေးဟန်ရဲ့ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ ရှောင်ဟန် သားအချိန်ရရင် အိမ် အလည်လာခဲ့အုံးနော်။ သားနဲ့ ရှောင်မင်း မတွေ့တာ ကြာပြီမလား?”

လင်းဖေးဟန် ခေါင်းညိတ်လိုက်ပြီး

“ စိတ်မပူပါနဲ့ အန်ကယ်ဝူ။ ကျွန်တော် နောက်နေ့ အချိန်ရတာနဲ့ သေချာပေါက် အန်ကယ်ဝူကို လာနှောက်ယှက်လိုက်မယ်”

ယဲ့ဖန်းနဲ့ အတူ ထွက်သွားတော့မဲ့ ဝူကျုံးဟောက်ကို ကြည့်ပြီး လင်းဖေးဟန်ရဲ့ မျက်လုံးတွေက တစ်ချက် လှုပ်ရှားသွားကာ အစီအစဥ်တစ်ခုကို ဂရုတစိုက် စဥ်းစား လိုက်သည်။

လင်းဖေးဟန် သူ့ရဲ့ခေါင်းကို လှည့်ကာ လုရွှယ်ယင်ကို ပြုံးပြီးပြောလိုက်သည်။

“ မစ္စဝု ခဏလောက် စောင့်ပါအုံး”

ထွက်သွားတော့မည် ဝူကျုံးဟောက်နဲ့ ကျန်တဲ့သူတွေ အကုန်လုံးသည် လင်းဖေးဟန်ရဲ့ အော်သံကို ကြားသော အခါမှာ ရပ်သွားကြသည်။ သတိလက်လွတ်ဖြင့် လင်းဖေးဟန်ကို လှည့်ကြည့်လိုက်မိကြသည်။

ယဲ့ဖန်း မျက်မှောင်ကြုတ်သွားကာ လင်းဖေးဟန်ကို သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။

လျိုရှုယွင် မျက်မှောင်ကြုတ်သွားသည်။ လင်းဖေးဟန်ရဲ့ ဆိုလိုရင်းကို သူမ နားလည်ပါသည်။

သူမသည် လင်းဖေးဟန်နဲ့ လုရွှယ်ယင်ကြားတွင် ပိတ်လိုက်ကာ ခေါ်လိုက်သည်။

“မစ္စတာလင်း”

လင်းဖေးဟန် မျက်မှောင်ကြုတ်လာသည်။ သူမပျော်တော့ဘူး။ ငါ့နာမည်က လင်းဖေးဟန်ပဲ။ မင်းကဘာကိစ္စ မလေးမစား လမ်းလာပိတ်ရဲတာလဲ?

လင်းဖေးဟန် သူ့စိတ်ထဲက ဒေါသကိုတော့ မဖော်ပြပေ။ သူ ပြုံးလိုက်ကာ

“ အတွင်းရေးမှူးလျို ကိစ္စရှိလို့ပါလား?”

“ မရှိပါဘူး”

လင်းဖေးဟန်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိမယ်လို့ သူမ ခန့်မှန်းမိပေမဲ့ ပြုံးပြနေတဲ့သူကို လျိုရှုယွင် ဘာသွားပြောရမည်နည်း?

လင်းဖေးဟန် ဒီနေ့ လုပ်ဆောင်ခဲ့သည့် ကိစ္စကိုလဲ တော်တော်လေး ချီးကျုးဖွယ် ကိစ္စလို့ ပြောလို့ရသည်။

“ ဘာမှ အရေးကြီးကိစ္စမရှိရင် အခုက နေ့လည်စာချိန်ပဲ။ ထမင်းအတူ သွားစား ကြရအောင်”

လင်းဖေးဟန် ပြုံးပြီး ဖိတ်ခေါ်လိုက်သည်။

“ ခွေးကောင်!”

ထိုစကားကို ကြားသောအခါမှာ ယဲ့ဖန်း ပေါက်ကွဲတော့သည်။ မျက်လုံးထဲတွင်လဲ ဒေါသ အပြည့်နှင့်ပင်။

ဒီအချိန်မှာ ယဲ့ဖန်း သူ့ရဲ့ ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။ လက်သီးကို ကျစ်နေအောင် ဆုတ်ထားပြီး ခန္ဓာကိုယ်ကလဲ တုန်ယင်လာခဲ့သည်။

တစ်ခုခုမှားနေတာကို ဝူကျုံးဟောက် သတိ ထားမိလိုက်တော့ ယဲ့ဖန်းရဲ့ ပုခုံးကို လှမ်းပုတ်လိုက်ကာ

“ ရှောင်ဖန်း စိတ်လိုက်မာန်ပါ မလုပ်နဲ့”

လင်းဖေးဟန်ရဲ့ လက်ရှိအနေအထားက အရင်ကထက် မြင့်သည်။ လင်းကုမ္ပဏီ ဥက္ကဋ္ဌပင် ဖြစ်လာခဲ့ပြီ။ ယဲ့ဖန်းသာ လင်းဖေးဟန်ကို ရိုက်လိုက်လို့ကတော့ နောက်ဆက်တွဲကို သူ မကိုင်တွယ်နိုင်တော့ဘူး။

မိသားစုကြီးတွေ အတွက် အရေးအကြီးဆုံးက စည်းမျဥ်းနဲ့ မျက်နှာထောက်ဖို့ပဲ။

ယဲ့ဖန်းသာ လင်းဖေးဟန်ကို တစ်ကယ်ကြီး ရိုက်လိုက်ပြီး လင်းဥက္ကဋ္ဌ အရိုက်ခံလိုက်ရ ပါတယ်လို့ သတင်းတွေ ထွက်သွားရင် ယဲ့ဖန်းကို လုံးဝ ကာကွယ်ပေးလို့ရမှာ မဟုတ်တော့ဘူး။ သူသာ ယဲ့ဖန်းကို ကာကွယ် ပေးလိုက်ရင် ဝူမိသားစုက လူပြောစရာ ပစ်မှတ် ဖြစ်လာပြီး အပြစ်အားလုံး ဝူမိသားစုဆီကို ကျသွားလိမ့်မယ်။ ဝူမိသားစုက အထက်တန်းလွှာတွေရဲ့ စည်းမျဥ်းကို ဖောက်ဖျက်မိတဲ့အတွက် အထက်တန်းလွှာကြားမှာ ဖယ်ကျဥ်ခံရ လိမ့်မယ်။

All Chapters