← Chapters

Ch 81

Vol. 6 Ch. 81

Ch 81

Vol. 6 Ch. 81

“စိတ်မပူနဲ့ ရွှယ်ယင် သဘောတူမှာ မဟုတ်ဘူး”

ဝူကျုံးဟောက်သည် ယဲ့ဖန်းရဲ့ ပုခုံးကို ပုတ်ပေးလိုက်သည်မို့ ယဲ့ဖန်း ဒေါသကို ပြန်ထိန်းထားလိုက်ရသည်။

ဝူကျုံးဟောက်၏ ဟန့်တားမှုအောက်မှာ ယဲ့ဖန်း ဘာမှ မလုပ်နိုင်တော့ပေ။ လုရွှယ်ယင်ကို ကြည့်ပြီး သူမ၏ အဖြေကို စောင့်မျှော်နေရုံသာ ရှိတော့သည်။

သူသည် လုရွှယ်ယင်ကို သူ့၏ မိန်းမအဖြစ် သတ်မှတ်လိုက်ပြီးပြီ။ ဝူကျုံးဟောက်၏ ဆိုလိုရင်းကိုလဲ နားလည်ပေမဲ့ ဒီအချိန်မှာတော့ လုရွှယ်ယင် လင်းဖေးဟန်ကို ငြင်းလိုက်ဖို့ပဲ သူ မျှော်လင့် မိပါသည်။

“ မစ္စလု မင်းငါ့ကို ဒီလောက်တောင် မျက်နှာသာ မပေးတော့ဘူးပေါ့? ငါတို့ရဲ့ စေ့စပ်ပွဲ ပျက်သွားပြီးတည်းက ဒါ ငါပထမဆုံး မင်းကိုအပြင်ထွက်ဖို့ ခေါ်တာမလား?”

လင်းဖေးဟန် ပြုံးလိုက်သည်။ လုရွှယ်ယင်၏ အမြင်တွင် လင်းဖေးဟန်၏ အပြုံးက ငိုတာထက်ပင် ပိုရုပ်ဆိုးနေသလိုပင်။ သူမ၏ နှလုံးသားသည် ရုတ်ချည်း နာကျင်လာရသည်။

လင်းဖေးဟန်က စိတ်ထဲမှာတော့ လှောင်ပြောင် နေခဲ့တာပင်။

ငါက ဘယ်သူမလို့လဲ? ငါက ဗီလိန်ပဲ!

ဗီလိန်ဆိုတာ စိတ်ပိုင်းဆိုင်ရာအကျပ်ကိုင်မှုတွေ၊ လာဘ်ထိုးတာတွေကို အသုံးပြုတဲ့သူပဲ။

အဲ့ဒါထက်က ငါ့ရဲ့ သရုပ်ဆောင်စကေးတွေ အသက်သွင်းလိုက်မှတော့ လုရွှယ်ယင် သဘောမတူဘူးလို့ ငါမယုံဘူး။

လုရွှယ်ယင် အနည်းငယ် ကရုဏာ သက်လာရသည်။

လင်းဖေးဟန် အစောက အနိုင်ကျင့်ခံထားရတာပဲ။ ငါကဘာလို့ သူနဲ့ မဒိတ်ပေးရမှာလဲ?

ဒါပေမဲ့ ဇာတ်လိုက်ယဲ့ဖန်းရဲ့ မျှော်လင့်နေတဲ့ အကြည့်တွေကို လုရွှယ်ယင် မြင်တဲ့အခါမှာ ရင်ထဲထိသွားပြီး သူမ၏ စိတ်ထဲက အတွေးတွေကို ချက်ချင်း ပြောင်းပစ် လိုက်တော့သည်။

လင်းဖေးဟန်က ငါ့အတွက် ဘယ်သူ မလို့လဲ? လင်းဖေးဟန် ဘာဖြစ်ဖြစ် ငါနဲ့ဘာဆိုင်လဲ? ခုချိန်မှာ အရေးကြီးတာက ယဲ့ဖန်းပဲ။

လုရွှယ်ယင်၏ အနည်းငယ် ပြောင်းလဲ သွားမှုကို လင်းဖေးဟန် သတိထားမိသည်မို့ ချက်ချင်းပဲ ပြောလိုက်သည်။

“ ဒီလိုပါ။ ငါတို့လင်းမိသားစုနဲ့ မင်းတို့လုမိသားစုမှာ ညှိနှိုင်းဖို့ လိုနေတဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပရောဂျက်တွေ အများကြီးရှိတယ်။ ငါတို့ တစ်ခုခု ဆွေးနွေးတာ ကောင်းတယ်။ ငါတို့ စားနေရင်း စကားပြောလို့ရမယ်လေ။ ဘယ်လိုလဲ?”

ထိုစကားကို ကြားသောအခါမှာ တစ်ကယ်ကို လင်းမိသားစုနှင့် ဆွေးနွေးဖို့ လိုအပ်နေသည့် အရေးကြီး ပရောဂျက်တစ်ခုရှိတာကို သူမ တွေးမိသွားသည်။ လင်းဖေးဟန် သူမ၏ မိသားစုကို ပေးခဲ့သော 10ဘီလီယံ တန် ပရောဂျက်ပဲ။

ရုံးပိုင်းဆိုင်ရာ ကိစ္စတွေမှာ လုမိသားစုက ဂရုမပြုပဲ နေလို့မရဘူး။

လုရွှယ်ယင် နောက်ဆုံးတော့ လင်းဖေးဟန်၏ ဖိတ်ခေါ်မှုကို တွန့်ဆုတ်စွာနှင့် သဘောတူကာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ။ ဒါဆို နင်နေရာရွေးလိုက်”

လင်းဖေးဟန် ဒီနေ့ သူမကို မျက်နှာသာ ပေးထားသည်။ ဒုတိယတစ်ချက်က ဒီစာချုပ်ကနေ လုမိသားစုအတွက် အကျိုး အကြီးကြီးရှိသည်။ သူမ အခု လင်းဖေးဟန်ကို ငြင်းလိုက်ပြီး သူနဲ့အတူ နေ့လည်စာ မစားဘူး ဆိုရင် လင်းဖေးဟန်အတွက် အရမ်းကို ရှက်စရာ မဖြစ်သွားဘူးလား?

အဲ့ဒါထက်က ဒီကိစ္စသာ အပြင်ကို ပျံ့သွားရင် သူမ လုရွှယ်ယင်က ကမ္ဘာကြီးရဲ့ ရှင်သန်နည်းတွေကို နားမလည်ဘဲ မပြုမူတတ်ဘူးလို့ ထင်ခံရနိုင်သည်။ သူမ မကြောက်ဘူးဆိုပေမဲ့လဲ သေချာကြီး ရှင်းပြမနေနိုင်ဘူး။

လုရွှယ်ယင် အကြာကြီးတွေးပြီးနောက်တွင် လင်းဖေးဟန်၏ စကားကို သဘောတူဖို့ ဆုံးဖြတ်လိုက်သည်။ လင်းဖေးဟန်ကို မျက်နှာသာ ပေးရမည်လေ။

လင်းဖေးဟန် ရယ်လိုက်ပြီး ဝမ်တကုံကို ပြောလိုက်သည်။

“ ကုံဇီ ငါ မစ္စလုကို ပင်းယွီ အနောက်တိုင်း စားသောက်ဆိုင်မှာ ဧည့်ခံချင်တယ်”

ထို့နောက်မှာ အလွန်ကို လူကြီးလူကောင်း ပီသလှသော အပြုအမူဖြင့် ပြောလိုက်သည်။

“ မစ္စလု ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကြွပါ”

လုရွှယ်ယင် ခေါင်းညိတ်ပြကာဒေါသတွေ ပေါက်ကွဲတော့မဲ့ ယဲ့ဖန်းကို အားနာဟန် အကြည့်တစ်ချက်ပို့လွှတ်ထားသည်။ လင်းဖေးဟန်၏ အနောက်ကနေ မြို့တော်ဗျူရိုအတွင်းမှ ထွက်သွားလိုက်သည်။

“ အဲ့ကောင် ခွေးသူတောင်းစား!”

လင်းဖေးဟန်နဲ့ လုရွှယ်ယင်၏ နောက်ကျောကို ယဲ့ဖန်း စိုက်ကြည့်နေခဲ့သည်။ သူသည် အံကို ကြိတ်ကာ လက်သီးကို တင်းနေအောင် ဆုတ်ထားသည်။ သူ ကိုယ့်ကိုယ်ကို မချုပ်တည်း နိုင်တော့သလို မချုပ်လည်း မချုပ်တည်းချင်တော့ဘူး။

“ လုရွှယ်ယင် မင်းက ကောင်းလိုက်တာ!”

ယဲ့ဖန်းရဲ့ မျက်လုံးထဲတွင် လုရွှယ်ယင်အား စိတ်ပျက်မှုတို့ ပြည့်နေသည်။ လုရွှယ်ယင်က လင်းဖေးဟန်ကို သဘောတူလိုက်သည်။ သူ့အမြင်မှာ သူ့အမျိုးသမီးက သူ့ကို သစ္စာဖောက်လိုက်တာပဲ။

ယဲ့ဖန်း လုံးဝကို မပျော်တော့ဘူး။

ဇာတ်လိုက် တစ်ယောက်အနေနဲ့ သူ့မှာ ပိုင်စိုးပိုင်နင်း စိတ်ဓာတ်နဲ့ ကြီးစိုးလိုစိတ်ရှိသည်။ ဇာတ်လိုက် တစ်ယောက်အနေနဲ့ သူ့ရဲ့ အမျိုးသမီးကို တစ်ခြားသူက ထိတာ ဘယ်ခံနိုင်မှာလဲ? နေ့လည်စာ စားရုံဖြစ်ဖြစ်!

လင်းဖေးဟန် မြို့တော်ဗျူရိုကနေ ထွက်သွားလိုက်ပြီး ဟန်ရှောင်ပင်းက လင်းဖေးဟန်ကို လိုက်ပို့ပေးသည်။

“ ရဲမေဟန် ပြန်သွားလိုက်ပါ။ ကျွန်တော့်ကို လိုက်မပို့ပါနဲ့တော့”

လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ ကားထဲကို ရောက်နေပြီဆိုပေမဲ့ ဟန်ရှောင်ပင်းကိုလဲ သူ မမေ့ပါချေ။ ဒါကလဲ ဇာတ်လိုက်မပဲလေ။ သူမနဲ့ အီစီကလီလုပ်နိုင်ရင် သူလဲ အကျိုးအမြတ်ရှိသည်။ ပုံမှန်ဆိုရင် သူသည် သူများကို ထိုသို့အရေးတစိုက် မလုပ်တတ်ပေ။

ယဲ့ဖန်းရဲ့ အမျိုးသမီးဇာတ်လိုက် ငါးယောက်ကို သူတွေ့ခဲ့ပြီးပြီ။ ထိုထဲမှ အဓိက သုံးယောက်က သူ့လက်ထဲတွင်ပင်။

ထိုထဲမှ စွန်းရှင်းယွဲ့သည် သူ့ကို ကြွေကျ သွားခဲ့ပြီ။ ယဲ့ဖန်း စွန်းရှင်းယွဲ့ကို လက်လွှတ်လိုက် ရပြီလို့ သူယုံသည်။ ဟန်ရှောင်ပင်းနဲ့သူနဲ့က ဘာမှ မတိုးတက်သေးပေမဲ့ သူ့ရဲ့ များစွာသော လုပ်ဆောင်မှုတွေကြောင့် ဟန်ရှောင်ပင်းရဲ့ ယဲ့ဖန်းအပေါ် အမြင်က အောက်ကိုထိုးကျ နေပြီဆိုတာ သူသိသည်။ သူ့မှာ အခွင့်အရေး ရှိသေးတယ်။

ဒါပေမဲ့ လုရွှယ်ယင်ကတော့ တစ်ကယ်ကို ခက်ခဲသည်။ ဒီလောက် အချိန်အများကြီး ကြားပြီးနောက်မှာ တိုးတက်မှု မရှိတာတော့ မဟုတ်ပေမဲ့ တိုးတက်မှုက နှေးနေသည်လို့ ပြောရပေမည်။

လုရွယ်ယင် ဒီတစ်ခေါက် သူနဲ့ ညစာ အတူလိုက်စားပေမဲ့ ဒါက ဒီတစ်ကြိမ် သူ လုပ်ပေးလို့ ပြန်ပြီး မျက်နှာသာပေးတာ ဆိုတာကိုသိသည်။ သူမ၏ စိတ်ပါလို့ မဟုတ်ပေ။

ဟန်ရှောင်ပင်း ခေါင်းညိတ်ပြီး လင်းဖေးဟန်ကို ကောင်းမွန်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ မစ္စတာလင်း ကျွန်မရဲ့ အလုပ်ကို ကူညီပေးလို့ ကျေးဇူးပါ”

ဟန်ရှောင်ပင်း သိနေသည်။ ဒီတစ်ခေါက်မှာ လင်းဖေးဟန်သာ အလျော့မပေးလို့ကတော့ သူမ လင်းဖေးဟန်နဲ့ ဝူကျုံးဟောက်ကြားမှာ ဘေးကျပ်နံကျပ် ဖြစ်ရတော့မည် ဆိုတာကို။

တစ်ယောက်က လင်းမိသားစု ကိုယ်စားပြု ဖြစ်ပြီး နောက်တစ်ယောက်က ဝူမိသားစု ကိုယ်စားပြု။ မိသားစု နှစ်ခုကြားက ဆက်ဆံရေးက ရှုတ်ထွေးပြီး သူမ နှစ်ဖက်လုံးကို မျက်နှာပျက်အောင် မလုပ်ချင်ဘူး။

သူမ၏ မိသားစုနောက်ခံက မသေးဘူးဆိုပေမဲ့ မိသားစုအတွက် သူမ လုံးဝ မတွေးပေးဘူးလို့တော့ မဆိုလိုဘူး။

လင်းဖေးဟန် လက်ယမ်းပြကာ ပြုံးလိုက်ပြီး

“ ဒါက ဘာမှမဟုတ်ပါဘူး။ ရဲမေဟန်က ဥပဒေ အတိုင်း ဘက်မလိုက်ပဲဆောင်ရွက်ခဲ့တာပါ။ ဒီတစ်ကြိမ် ရဲမေဟန်ကို အနှောက်အယှက် ပေးလိုက်ရတာ တစ်ကယ်ပဲ စိတ်မကောင်း ပါဘူး”

“ ဒါဆို ဒီလိုလုပ်ရအောင်။ ကျွန်တော် အချိန်ရရင် ရဲမေဟန်ကို ညစာ ဖိတ်ပါ့မယ်”

သူတို့နှစ်ယောက် အချင်းချင်း နှုတ်ဆက်ပြီးသည်နှင့် လင်းဖေးဟန် မောင်းထွက် သွားလိုက်သည်။

လင်းဖေးဟန်သည် ဦးစားပေးရမည့် အရာများကို နားလည်သည်မို့ ဟန်ရှောင်ပင်း သူ့အပေါ် ခံစားချက်တွေ ပြောင်းလာပေမဲ့ သံပူတုန်း မရိုက်ခဲ့ပေ။

လင်းဖေးဟန်သိသည်။ အလှလေးတွေ အထူးသဖြင့် လုရွှယ်ယင်နဲ့ ဟန်ရှောင်ပင်းလို အလှလေးတွေကို အမြန်တိုးတက်မှု မရအောင် လုပ်သင့်တယ်။ အရမ်းမြန်လိုက်ရင် တစ်ဖက်လူကို ခုခံအောင် လုပ်ခဲ့ရုံတင် မကပဲ ပြန်တိုက်ခိုက်လာနိုင်သည်။

လင်းဖေးဟန်ကို လိုက်ပို့ပေးပြီးနောက်မှာ မြို့တော်ဗျူရိုထဲမှ ထွက်လာသော ဝူကျုံးဟောက်နှင့် ယဲ့ဖန်းကို သူမ တွေ့လိုက်သည်။

သူမ ခေါင်းအသာရမ်းရင်း သက်ပြင်း ချလိုက်မိသည်။

သူတို့နှစ်ယောက်ကြားက ကွာခြားချက်က သိသာလှသည်။

လင်းဖေးဟန် ဒီနေ့ ပြသွားခဲ့တဲ့ လူကြီးလူကောင်း ဆန်မှုက ယဲ့ဖန်းရဲ့ စိတ်လိုက်မာန်ပါ လုပ်ပုံနဲ့ ယှဥ်ကြည့်လို့ရသည်။

တစ်ကယ်ကို ကွာခြားလွန်းတယ်။

ဟန်ရှောင်ပင်း သူမကိုယ်သူမ ကန်းနေတယ်လို့ ခံစားနေရသည်။ ယဲ့ဖန်းကို ကြည့်လိုက်တိုင်း ဘာလို့ စိတ်သက်သာသလို ခံစားနေရပြီး သူ့အတွက်တောင် ပထမဆုံးအကြိမ် အနောက်ကနေ ကူညီပေးဖို့တောင် ကြိုးစား လိုက်သေးသည်။

ဒါပေမဲ့ တစ်ကယ်တော့ ယဲ့ဖန်းက ကောင်းတာ ဆိုးတာတောင် မခွဲခြားနိုင်ဘူး။

ဒီနေ့လုပ်ဆောင်ပုံကို ယှဥ်ကြည့်လိုက်ရင် ယဲ့ဖန်းက လင်းဖေးဟန်နဲ့ လုံးဝ မယှဥ်နိုင်ဘူး!

လင်းဖေးဟန်ရဲ့ မိသားစု နောက်ခံ၊ အရည်အချင်း၊ အကျင့်စရိုက် အကုန်လုံးမှာ ယဲ့ဖန်းထက် မသာတာ ဘာရှိသလဲ?

ထိုအချိန်မှာ ဟန်ရှောင်ပင်းရဲ့ စိတ်ထဲ အနည်းငယ် လှုပ်ရှားလာသည်။ လင်းဖေးဟန်က သူမစိတ်ကူးထဲက မင်းသားလေးနဲ့ မတူဘူးလား?

အဲ့လိုဆိုရင်တောင် ဘာလို့ ဟိုစိတ်ထင်ရာစိုင်းတဲ့ ယဲ့ဖန်းကို သူမက ပိုသဘောကျနေရတာလဲ။

All Chapters