← Chapters

Ch 82

Vol. 6 Ch. 82

Ch 82

Vol. 6 Ch. 82

ဒါပေမဲ့ သူမရဲ့အတွေးတွေကို ဟန်ရှောင်ပင်း အမြန်ဖိနှိပ်လိုက်သည်။

“ ငါဘာတွေ တွေးနေတာလဲ? လင်းဖေးဟန်လို ခပ်ချောချောကောင်လေးနဲ့ အပြင်ထွက်ရင် သူမက သူ့ရဲ့ဘော်ဒီဂတ်လို ဖြစ်နေမှာ။ တစ်ချက်ရိုက်လိုက်ရုံနဲ့ မေ့လဲသွားမဲ့သူက ငါ့ရဲ့ကောင်လေးဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ? ဟန်ရှောင်ပင်း!”

ဟန်ရှောင်ပင်း ခေါင်းရမ်းလိုက်သည်။

ဟန်ရှောင်ပင်း စိတ်ကူးထဲက မင်းသားလေးပုံစံသည် တောင်းဆိုချက်အလွန်များသည်။ ဉာဏ်ကောင်းပြီး တည်ကြည်တဲ့သူ ဖြစ်ရုံတင်မကပဲ အဲ့လူက သန်မာရမည်။

သူမရဲ့လူက သူမကာကွယ်ပေးတာကို လိုနေရင် အရမ်းရှက်ဖို့ ကောင်းမှာလေ!

ထိုအချိန်တွင် ပင်းယွီ အနောက်တိုင်း စားသောက်ဆိုင်တွင်..

လင်းဖေးဟန်နဲ့ လုရွှယ်ယင်သည် ရိုမန့် ဆန်လှသော စားပွဲကြီးအောက်မှာ ညစာ စားခဲ့ကြသည်။ ထို့နောက်တွင် လုရွှယ်ယင်ကို အိမ်ပြန်လိုက်ပို့ပေးလိုက်ပြီး ဗီလာကို ပြန်လာလိုက်ကာ သူ့ဘဝရဲ့ အပျော်ဆုံးနေ့လေးကို ပြန်စဥ်းစားနေလိုက်သည်။

လင်းဖေးဟန် ပျော်ရွှင်ဖွယ် အချိန်လေးမှာ သာယာနေတုန်း ဝူစံအိမ်မှာ နေဖို့ငြင်းခဲ့သော ယဲ့ဖန်းသည် ဝူမိသားစုပိုင် ဗီလာကနေ တစ်ယောက်ထဲ လမ်းလျှောက်ထွက်လာ ခဲ့သည်။

ကောင်းကင်ပေါ်က ကြယ်တွေကို မော့ကြည့် နေရင်း သူ့ရဲ့မျက်နှာက အလွန်အမင်း ဒေါသ ထွက်လာသည်။ အံကြိတ်ကာ သူ ကြုံးဝါးလိုက်သည်။

“ လင်းဖေးဟန်! ငါယဲ့ဖန်းက ကောင်းကင်ကို တိုင်တည်ပြီး ကျိန်တယ်။ ငါမင်းကို ဖုန်မှုန့်ဖြစ်တဲ့အထိ ဖျက်ဆီးပစ်မယ်!”

ထိုအချိန်မှာ လင်းဖေးဟန်ကို သူ အပိုင်းပိုင်း ခုတ်ပစ်ချင်နေခဲ့သည်။

လင်းဖေးဟန်ရဲ့ အပြုံးတစ်ခုချင်းဆီ၊ လုပ်ဆောင်မှု တစ်ခုချင်းဆီကို တွေးမိလိုက်တိုင်း သူ ရွံရှာပြီး သေလောက်အောင် ဒေါသထွက်သည်။ အဘယ်ကြောင့်ဆိုသော် မြွေမြွေချင်းခြေမြင်သည်ဟူသည့် ဆိုရိုးရှိသည်မဟုတ်ပါလား။

ထိုအကောင်၏ လှုပ်ရှားမှုတိုင်း၊ မျက်ခုံးအတွန့်နှင့် အပြုံးတိုင်း၏နောက်တွင် သူ့အား ရန်စနေမှုများ ပါဝင်နေသည်ကို သူသိသည်။

ယဲ့ဖန်းရဲ့ နှလုံးသားထဲမှာ ခံစားချက်တစ်ခု ရှိနေသည်။ ဒီဖော်ပြလို့မရတဲ့ ခံစားချက်ကို လင်းဖေးဟန် သူ့နှလုံးသားထဲ ရိုက်သွင်း ခဲ့တာပင်။ မူလက သူနဲ့သက်ဆိုင်တဲ့ အရာတွေက လင်းဖေးဟန်ဘက်ကို ရောက်သွားခဲ့သည်။ သူ ကျင်းပိုင်မြို့မှာ ခိုင်မာတဲ့ခြေကုတ်ရဖို့အတွက် အကြီးဆုံး အနှောက်အယှက်က လင်းဖေးဟန်လို့ သူ ခံစားနေရသည်။

“ ရှောင်ယင်၊ ရှောင်ယင် မင်းငါ့ကို တစ်ကယ် စိတ်ပျက်အောင်လုပ်ခဲ့တယ်”

ယဲ့ဖန်း လမ်းမမှာ ထိုင်နေကာ ခေါင်းငုံ့ပြီး ဆေးလိပ်ဖွာနေခဲ့သည်။ သူ့မျက်နှာထက်တွင် အဆုံးမရှိတဲ့ ဝမ်းနည်းရိပ်တို့ ထင်ဟပ်နေသည်။

ဇာတ်ကြောင်းအရ ယဲ့ဖန်းကအခု လုရွှယ်ယင်၏ ဘော်ဒီဂတ် ဖြစ်လာခဲ့ပြီ။ မြို့တော်ဗျူရိုက ထွက်လာတာနဲ့ လုရွှယ်ယင်ကို ကာကွယ်ပေးဖို့ သူမဘေးကို ပြန်ခဲ့သင့်တာပင်။

ဒါပေမဲ့ လင်းဖေးဟန်ကို သဘောတူလိုက်တဲ့ လုရွှယ်ယင်ကြောင့် ယဲ့ဖန်း၏ စိတ်ထဲတွင် ကြီးမားသော ခံစားချက်ရှိနေသည်။ သူ လုရွှယ်ယင်ကို လုံးဝ မတွေ့ချင်နေဘူး။

ယဲ့ဖန်း အံကြိတ်ကာ ဆေးလိပ်ကို ခဲလိုက်သည်။

ထိုအချိန်တွင် လမ်းကြားထဲ၌ ဆူညံသံတွေကို ကြားလိုက်ရသည်။

“ ဟဟ ပြေးလေ။ ဘာလို့ မပြေးတော့တာလဲ? ဟွမ်လောင်ပ မင်း ဒီလိုနေ့မျိုး ရောက်လာမယ် မထင်ခဲ့ဘူးမလား!”

“ ဟဟ မင်းမှာ သတ္တိရှိရင် ငါ့ကို အသေ သတ်သွားလေ။ ငါ ဟွမ်လောင်ပ က လေပြင်း မုန်တိုင်းမျိုးစုံကို တွေ့ကြုံဖူးပြီးသားပဲ။ မင်းလို ငချွတ်ကို ဘာကိစ္စ ကြောက်ရမှာလဲ?”

“ ဟွမ်လောင်ပ မင်းက စောက်ရူးပဲ။ ငါမင်းကို ဒီနေ့ အပိုင်းပိုင်း ခုတ်ပစ်ပြီး ခွေးစာ ကျွေးပစ်မယ်ကွ!”

ထိုလူကထပ်အော်လိုက်သည်။

“လာလေ လာစမ်းပါ!”

အသံကိုကြားတော့ ယဲ့ဖန်း လမ်းကြားထဲ ဝင်သွားပြီး အသံလာရာကို သွားလိုက်သည်။

ဝတ်စုံပြည့်နဲ့ လူတွေအများကြီးက မျက်နှာမှာ အမာရွတ်နဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ကို ဖမ်းချုပ်ပြီး ဒူးထောက်ခိုင်းထားတာကို မြင်လိုက်ရသည်။

ဒူးထောက်ကျနေတဲ့ သူသည် အလွန်ဒေါသထွက်နေပြီး ကြောက်ရွံ့မှု တစ်စက် မရှိချေ။ သူ့ကို စိတ်ဝင်တစား ကြည့်နေတဲ့ ဝတ်စုံပြည့်နဲ့ လူငယ်ကို စူးနေအောင် ကြည့်နေခဲ့သည်။

ဝတ်စုံပြည့်နဲ့ လူငယ်က ယဲ့ဖန်းရဲ့ခြေသံကို ကြားတာမို့ နောက်လှည့်ကြည့်ကာ ဆဲလိုက်သည်။

“ မင်း မသေချင်ရင် ဒီကနေ အမြန်ထွက်သွားစမ်း! ဘာလာ ကြည့်နေတာလဲ?!”

ကျန်သည့်သူများကလဲ ဘော့စ်အော်သံကို ကြားလိုက်တာမို့ ယဲ့ဖန်းကို တွန်းလွှတ်ကြသည်။

စိတ်အခြေအနေ မကောင်းနေတဲ့ ယဲ့ဖန်းက ဒီကိစ္စကို ဂရုမစိုက်ပေ။ သူ စိတ်လှုပ်ရှားမှု လိုချင်လို့ ရောက်လာတာဖြစ်သည်။

ဒါပေမဲ့ ကံဆိုးစွာနဲ့ ဝတ်စုံပြည့် လူငယ်က ယဲ့ဖန်းကို ရိုင်းဆိုင်းစွာ ဆက်ဆံတဲ့အပြင် သူ့လူတွေကလဲ သေမှာ မကြောက်ဘဲ ယဲ့ဖန်းကို တွန်းလိုက်သေးသည်။

ယဲ့ဖန်း အလွန်ဒေါသထွက်သွားသည်။ ဘယ်သူမှ မမြင်လိုက်ခင်မှာပဲ သူ့ကို တွန်းနေတဲ့သူသည် အဝေးကို လွင့်ပျံသွားသည်။ မြေပေါ်ကို ပြင်းထန်စွာ ပြုတ်ကျကာ သွေးတွေ အန်ထွက်သွားသည်။ ထိုသူ သေသလား ရှင်သလား မသိရတော့ပေ။

ထိုအချိန်တွင် အကုန်လုံး လန့်သွားကြသည်။ သူတို့ရှေ့ကို လာနေတဲ့ ဒီလူရွယ်က အရမ်း ကြမ်းတမ်းတာပဲ။

သူတို့ရဲ့ သူငယ်ချင်း အရိုက်ခံလိုက်ရတာကို မြင်တော့ ကျန်တဲ့သူတွေ သည်းမခံနိုင်တော့ပဲ ဓားတွေ ဝှေ့ယမ်းကာ ဆဲဆိုးရင်း ယဲ့ဖန်းဆီကို အပြေး ရောက်လာကြသည်။

ဒါပေမဲ့ ထိုထဲက များသောသူတွေက ငပျော့တွေပင်။ သူတို့တွေက သူများကို အနိုင်ကျင့်ပြီး မောက်မာကြပေမဲ့ ယဲ့ဖန်းလို ဆရာကြီးအတွက် ပြိုင်ဘက်မဟုတ်နေဘူး။

ယဲ့ဖန်းအတွက် သူတို့တွေက ဂိမ်းထဲက လူသစ်ရွာထဲက အစမ်းဆော့ပေးရတဲ့ မွန်းစတားကောင် အဆင့်လောက်ရှိတာပင်။ သူကအခု လယ်ဗယ် ၁၀၀မှာ ရှိပြီး သူတို့ဆီက exp ပွိုင့် ယူရမှာတောင် ပျင်းလှသည်။

တစ်မိနစ်အတွင်း မြင်ကွင်းတစ်ခုလုံး ရှုတ်ထွေးသွားတော့သည်။

ဒူးထောက်နေတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသားကို အခုပဲ သတ်တော့မလို့ လုပ်နေတဲ့ ကောင်တွေအကုန် မြေပြင်မှာ လူးလိမ့် အော်ဟစ်နေခဲ့ရပြီ။

ဝတ်စုံပြည့် လူငယ်က နာကျင်စွာ မြေပြင်မှ လူးလဲထရင်း ယဲ့ဖန်းကို လက်ညိုးငေါက်ငေါက် ထိုးပြီး ဆဲရေး လိုက်သည်။

“ မင်းမှာ သတ္တိရှိနေတယ်ပေါ့! ငါ့ကို စောင့်နေ!”

ပြောပြီးတာနဲ့ ထွက်ပြေးသွားတော့သည်။

ဘော့စ် ထွက်ပြေးသွားတာ မြင်တော့ ကျန်တဲ့သူတွေလဲ မနေရဲတော့ဘဲ ထွက်ပြေးကြသည်။

“ အမှိုက်ကအမှိုက်ပဲ။ ဘယ်တော့မှ ကြည့်ကောင်းတယ်ဆိုပြီး ရှိမလာဘူး”

ယဲ့ဖန်း ရွံရှာစွာ ခေါင်းရမ်းလိုက်ပြီး လှည့်ထွက်သွားသည်။

“ ကောင်လေး နေပါအုံး။ မင်းရဲ့နာမည်လေး ပြောခဲ့ပါ။ ငါ ဟွမ်လောင်ပက ငါ့အသက်ကို ကယ်ခဲ့အတွက် မင်းကို ကျေးဇူးတင်နေမှာပါ”

ဟွမ်လောင်ပ?

ယဲ့ဖန်းက ကျင်းပိုင်ကို ရောက်တာ သုံးရက်ရှိပြီမို့ ကျင်းပိုင်ရဲ့ မျိုးစုံသော အင်အားကြီးတွေကို သိပြီးလေပြီ။

ကျင်းပိုင်မြို့ရဲ့ အလွှမ်းမိုးနိုင်ဆုံး လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟွမ်လောင်ပ ဆိုသူကို သူကြားဖူးသည်။

ဟွမ်လောင်ပ ကို ကြည့်ပြီး ယဲ့ဖန်းခေါင်းထဲ အကြံတစ်ခု ပေါ်လာခဲ့သည်။

လုရွှယ်ယင်က လင်းဖေးဟန်နဲ့ ညစာ စားဖို့ သဘောတူလိုက်တဲ့အတွက် သူ သဝန်တိုသွားပြီး လုရွှယ်ယင်ကို ဘော်ဒီဂတ်လုပ်ဖို့ လုမိသားစုဆီ ပြန်မသွားချင် တော့ပေ။

သူ ကျင်းပိုင်မြို့မှာ ဘာဆက်လုပ်ပြီး လင်းဖေးဟန်ကို ဘယ်လိုလက်စားချေရမလဲ သူ မသိဘူး။ သူ ဟွမ်လောင်ပ ကို တွေ့တော့ ပြီးပြည့်စုံတဲ့ အစီအစဥ်တစ်ခုကို တွေးမိ သွားသည်။

သူ့အရှေ့က ဟွမ်လောင်ပက ကျင်းပိုင်ရဲ့ အဓိကအာဏာရှင်တွေထဲ ဝင်နိုင်ဖို့ သူ့အတွက် ပထမဆုံးခြေလှမ်းပဲ။

ဟွမ်လောင်ပ ကို သူ့ဘက်ပါအောင်လုပ်ပြီး သူ့ရဲ့ညီငယ်လေး ဖြစ်လာမယ်ဆိုရင် ဟွမ်လောင်ပရဲ့ အာဏာကိုသုံးပြီး လင်းဖေးဟန်ကို အကွက်ဆင်လို့ရပြီ။

သူ ရက်အနည်းငယ်အတွင်း အင်အားကြီးလာမယ်လို့ ယုံကြည်သည်။ ဒါဆိုရင် လင်းဖေးဟန်နဲ့ လင်းမိသားစုကို တိုက်ခိုက်နိုင်ပြီ။

လင်းမိသားစုရဲ့ အရေးကြီးတဲ့ မိသားစုဝင် ဖြစ်တဲ့ လင်းဖေးဟန်ရဲ့ မိဘတွေကို သူ ပြန်ပေးဆွဲလို့ရသည်။ အဲ့ကျရင် လင်းဖေးဟန်ကို သူ့အရှေ့ ဒူးထောက်လာပြီး တောင်းပန်လာအောင် လုပ်မည်။ သူ အရမ်းကို မြင်တွေ့ချင်နေပြီ။

တွေးလိုက်ရုံနဲ့တင် သူအနည်းငယ် စိတ်လှုပ်ရှား လာရသည်။

ယဲ့ဖန်း ဟွမ်လောင်ပကို ကြည့်ပြီး ပြောလိုက်သည်။

“ မင်းက ကျင်းပိုင်ရဲ့ မြေအောက်လောကမှာ နာမည်ကြီးဖြစ်တဲ့ အကိုကြီး ဟွမ်လောင်ပလား? သခင်ပ လို့ ခေါ်ကြတဲ့သူလေ?”

ဟွမ်လောင်ပ အနည်းငယ် လန့်နေသည်။ ယဲ့ဖန်းရဲ့ သန်မာမှုကို သူမြင်ထားသည်။ ယဲ့ဖန်းက အင်အားကြီး မိသားစုက တိုက်ခိုက်နိုင်စွမ်း ကောင်းတဲ့သူပဲ ဖြစ်ရမယ်။ သူ လေးစားစွာ ပြောလိုက်သည်။

“ ဟုတ်တယ်…အဲ့ဒါငါပဲ။ ငါ့ကို လောင်ပ လို့ပဲခေါ်ပါ ညီလေး!”

All Chapters