← Chapters

Ch 83

Vol. 6 Ch. 83

Ch 83

Vol. 6 Ch. 83

ယဲ့ဖန်းသည် ခေါင်းညိတ်လိုက်ပြီး ဟွမ်လောင်ပကိုကြည့်ကာ အေးစက်စက်နှင့် မောက်မာစွာ ပြောလိုက်သည်။

“ ကောင်းတယ်။ အနာဂတ်မှာ မင်းငါ့နောက်ကို လိုက်ရမယ်”

“ ဘယ်လို? မင်းနောက်လိုက်ရမယ်။ ဒါက..”

ယဲ့ဖန်းရဲ့ အထက်ဆီးဆန်သော စကားများကြောင့် ဟွမ်လောင်ပ အနည်းငယ် ရှုတ်ထွေးသွားသည်။ ဘယ်လို ဟာသလဲ? သူက အကြီးလေ။ ပြီးတော့ သူက တောက တက်လာတဲ့သူရဲ့ အနောက်ကို လိုက်ရအုံးမယ်တဲ့လား?

မင်းငါ့ကို ကယ်ခဲ့တယ်ဆိုပေမဲ့ ငါ့ရဲ့ အကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို မင်းကြောင့်နဲ့ စွန့်လွှတ်ပစ်ဖို့ အကြောင်းမရှိဘူး။ မင်းရဲ့ ညီငယ်လေးဖြစ်လာဖို့လား? ဆုတောင်းလေ!

မင်းရဲ့ သိုင်းပညာဘယ်လောက်မြင့်မြင့် ဓားတော့ ကြောက်ရမှာပဲ။ မင်းဓားကို မကြောက်တောင် သေနတ်တော့ ကြောက်ရမှာပဲ။

ဟွမ်လောင်ပ မျက်နှာ မဲ့လိုက်ကာ

“ ညီငယ်လေး မင်းငါ့အသက်ကို ကယ်တင်ခဲ့တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းအများကြီး တောင်းဆိုလို့ရတယ်လို့ မဆိုလိုဘူး..။ မင်းကို အကြံဆိုးတွေ မတွေးဖို့ ငါပြောလိုက်မယ်။ မင်းပိုက်ဆံတွေ ပစ္စည်းတွေ လိုချင်ရင် ငါတောင်းသလောက် ပေးမယ်”

ဟွမ်လောင်ပ၏ စကားသည် အတော်လေး ယဉ်ကျေးပါသည်။ တစ်ခြားသူသာဆိုရင် သူမြစ်ထဲပစ်ချပြီး ငါးစာကျွေးပြီး နေလောက်ပြီ။ ဒါပေမဲ့အခု သူက အပြင်းအထန် ဒဏ်ရာရနေခဲ့ပြီး ယဲ့ဖန်းရဲ့ သန်မာမှုကိုလဲ တွေ့ထားလို့ ဖြစ်သည်။ သူအများကြီး မပြောလွှတ်ရဲပေ။ မဟုတ်ရင် အခုတင် ကျားပါးစပ်ကလွတ်ထားတာမှ မကြာသေး ဝံပုလွေ ပါးစပ်ထဲ ထပ်ကျနေလိမ့်မည်။

“ အာ အဲ့လိုလား?”

ယဲ့ဖန်း ရယ်လိုက်သည်။ သူ့မျက်နှာထက်တွင် ခံစားချက်တစ်စုံတစ်ရာ မမြင်ရပေ။

ဟွမ်လောင်ပ သူ အသက်ရှုလို့ ရပြီလို့ တွေးပြီး သက်မချလိုက်ချိန်မှာပဲ ငွေရောင် အပ်ဖြူတစ်ချောင်းက ရုတ်တရက် သူ့လည်ပင်းကို ဖောက်ထွင်းသွားခဲ့သည်။

“ အား! မင်း..”

ဟွမ်လောင်ပ မအော်နိုင်ခင်မှာပဲ ကိုယ်တွင်းကို ထိုးဖောက်လာတဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။

ထို့နောက်မှာ မြေပြင်ပေါ်ကို လဲကျသွားပြီး မတ်တပ်ပြန်မရပ်နိုင်လောက်အောင် နာကျင် နေရသည်။

ယဲ့ဖန်း နောက်ထပ် အပ်တစ်ချောင်းထုတ်ပြီး စိုက်လိုက်သည်။ အရိုးတွေထဲကို နက်ရှိုင်းစွာ ဝင်ရောက်နေခဲ့သော နာကျင်မှုသည် ခန္ဓာ ကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

အမှောင်လောကရဲ့ အကိုကြီး တစ်ယောက် အနေနဲ့ ဟွမ်လောင်ပ လူတွေကို နှိပ်စက်ဖူးပါသည်။ ဒါပေမဲ့ သူအများဆုံး လုပ်တာက လက်ချောင်းတွေထဲ သစ်သားချောင်းတွေ စိုက်ထည့်တာတို့၊ လက်သည်းခွံတွေ ခွာပစ်တာတို့ပဲ။

ဒါပေမဲ့ ဒီလောက်ပြင်းထန်တဲ့ နာကျင်မှုမျိုးကို သူတစ်ခါမှ မတွေ့ကြုံဖူးဘူး။ သူ့ရဲ့ လက်သည်းခွံတွေကို ခွာလိုက်ရင်တောင် အခုလောက် နာကျင်ရမှာ မဟုတ်တာ သေချာသည်။

တစ်ခုပြီးတစ်ခု အပ်တွေက သူ့ရဲ့ကိုယ်အတွင်းကို ဖောက်ထွင်းလာခဲ့သည်။ တစ်ချောင်းချင်းစီသည် စိတ်ဝိညာဉ်ကို ထိုးဖောက်နိုင်သည်အထိ နက်ရှိုင်းသည်!

နောက်ထပ် အပ်ဆယ်ချောင်းကျော်လောက်သည် ဟွမ်လောင်ပရဲ့ လည်ပင်းကို ဖောက်ထွင်းလာသည်။ ဒါပေမဲ့ ယဲ့ဖန်းက မတူညီစွာ အသုံးပြုခဲ့တာဖြစ်သည်။ သူသည် ဆေးပညာတတ်ကျွမ်းသည်မို့ လူကယ်နိုင်သလို လူလဲသတ်နိုင်သည်။

ခုနှစ်ဘဝစာလောက်စာ နာကျင်မှုတွေကြောင့် ဟွမ်လောင်ပ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး။

သူ ခွင့်လွှတ်မှု တောင်းခံရတော့သည်။

“ လွှတ်ပေးပါ။ ငါ မှားသွားပါတယ်။ ငါမင်းတောင်းဆိုသမျှ လုပ်ပါ့မယ်။ အကိုကြီး! ငါမင်းရဲ့ ညီလေး လုပ်ပါ့မယ်”

ထိုအချိန်မှာ နာကျင်မှုတွေကို အလူးအလိမ့် ခံစားနေရသည့် ဟွမ်လောင်ပ၏ မျက်နှာသည် အကျည်းတန်စွာ ရှုံ့မဲ့နေခဲ့ပြီး နှာခေါင်းမှ သွေးများပင်စီးကျလာခဲ့သည်။

ဒါပေမဲ့ သူ့အရှေ့ကလူသည် စကားတစ်ခွန်းမှ မပြောပဲ ငွေအပ်များကိုသာ လည်ပင်းမှာ ထိုးစိုက်နေခဲ့သည်။

တစ်ခဏချင်းပဲ ကျယ်လောင်သံ အော်ဟစ်သံတွေ ပျံ့နှံ့လာတော့သည်။

“ အား! အကိုကြီး ငါမှားသွားပါတယ်။ ငါမှားသွားပါတယ်။ ငါ့ကိုလွှတ်ပေးပါ။ မင်းခိုင်းတာဘာမဆို လုပ်ပါ့မယ်။ သေခိုင်းရင်တောင် သေပါ့မယ်”

“ ကျေးဇူးပြုပြီး မနှိပ်စက်ပါနဲ့တော့။ ဒါမှမဟုတ် ငါ့ကို တစ်ချက်ထဲနဲ့ သေခွင့် ပေးလိုက်ပါ့လား?”

ဟွမ်လောင်ပ ဆက်တိုက် တောင်းပန်နေခဲ့သည်။

သူ ဒီနေ့ အပြင်ကို တစ်ယောက်ထဲ ထွက်လာမိတာကို ဟွမ်လောင်ပ စတင် နောင်တရနေခဲ့ပြီ။ ရန်သူဆီက အလိုက်ခံ ခဲ့ရရုံတင်မကပဲ ဒီလို နတ်ဆိုးသခင်နဲ့လဲ တွေ့ပြီး ဒုက္ခရောက်ခဲ့ရသည်။

ယဲ့ဖန်းကို အစတည်းက သဘော မတူမိတာကို အလွန်နောင်တ ရလာမိသည်။

သူ မွေးဖွားလာတာကိုပါ နောင်တရလာသည်။

ဟွမ်လောင်ပရဲ့ လည်ပင်းထဲကို ငွေအပ်တွေ စိုက်ပြီးချိန်မှာ ယဲ့ဖန်းရပ်လိုက်သည်။

ထိုအချိန်မှာ ဟွမ်လောင်ပရဲ့ မျက်လုံးထဲတွင် တောင်းပန်မှုနှင့် အသနားခံမှုများဖြင့် ပြည့်နှက် နေခဲ့သည်။

ယဲ့ဖန်းရဲ့ နှုတ်ခမ်းတွေ အနည်းငယ် ပြုံးသွားခဲ့သည်။ ဟွမ်လောင်ပ သူ့ကို လုံးဝ နာခံသွားပြီဆိုတာကို သူသဘော ပေါက်လိုက်သည်။

လူတစ်ယောက် မင်းကို လုံးဝ နာခံလာစေချင်ရင် ပထမတစ်ကြိမ် တောင်းပန်မှုမှာ ဘယ်တော့မှ မရပ်ပေးရဘူး။

လေ့ကျင့်ပေးပြီးနာခံတတ်တဲ့ ခွေးတစ်ကောင် ဖြစ်လာအောင် ဖန်တီးရမည်လေ။

ယဲ့ဖန်းသည် ဟွမ်လောင်ပရဲ့ လည်ပင်းက အပ်များကို တစ်ချောင်းချင်း ထုတ်လိုက်သည်။

ဟွမ်လောင်ပ သူ့မှာ အင်အားတစ်ချို့ ကျန်သေးတာ ခံစားမိတာမို့ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

ဟွမ်လောင်ပ ထလာပြီးတာနဲ့ ပထမဆုံးလုပ်တဲ့ အရာက အကူအညီကို အော်တောင်းတာလဲ မဟုတ်သလို၊ ယဲ့ဖန်းကို တိုက်ခိုက်ပြီး ထွက်ပြေးတာလဲ မဟုတ်ပေ။

“အဲ့ဒီအစား သူသည် ယဲ့ဖန်းအရှေ့မှာ ဒူးထောက်ချလိုက်ကာ ခေါင်းငုံ့လိုက်သည်။

အခုကစပြီး ငါကမင်းရဲ့ ညီလေးဖြစ်ပြီး မင်းကငါ့ရဲ့အကိုကြီးပဲ။ အသက်ကို စတေး ရမယ်ဆိုရင်တောင်မမှ င်းလိုချင်တာ မှန်သမျှ ရအောင်လုပ်ပေးမှာပါ”

ဟွမ်လောင်ပ တစ်ကယ်ကို ကြောက်သွားသည်။ သူ့အရှေ့ကသူက သရဲ တစ်ကောင်ပဲ။

အခု ကိစ္စနဲ့တင် ခုခံမှုလုပ်လဲ လုံးဝ အသုံးမဝင်ဘူးဆိုတာကို သူသဘောပေါက်လိုက်ပြီ။

“ အိုခေ ကောင်းတယ်။ ငါ့နောက်ကိုလိုက်။ ငါမင်းကိုဘယ်တော့မှ ဆိုးဆိုးရွားရွား နောက်ကျောဓားမထိုးဘူး။ ငါ ကျင်းပိုင်မြို့ရဲ့ခေါင်းဆောင် ဖြစ်လာတဲ့ အထိပဲ။ သိပ်မကြာပါဘူး။ မှတ်ထား ငါ့နာမည်ကို။ ငါ့နာမည်က ယဲ့ဖန်းပဲ”

ယဲ့ဖန်းပြောပြီးတာနဲ့ မြေကြီးပေါ်က အုတ်နီခဲ တစ်ခုကို ယူကာ လက်ထဲတွင် တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။

အသံတစ်ခုနှင့်အတူ အုတ်နီခဲသည် အမှုန်အဖြစ် ပြောင်းသွားပြီး လေထဲတွင် လွင့်မြောသွားသည်။

ဒါ..ဒါက.. အရမ်းသန်မာတာပဲ။

ဒါက အုတ်ခဲပဲ။ အုတ်ခဲလောက် မမာတဲ့ အရာကိုတောင်မှ အမှုန့်ဖြစ်အောင် ချေပစ်နိုင်တဲ့သူ ရှိဖူးလို့လား?

ဟွမ်လောင်ပ ထိတ်လန့်သွားသည်။ ယဲ့ဖန်းရဲ့ လက်တွေက လူတစ်ယောက်ရဲ့ ခေါင်းကိုပါ ခွဲချေပစ်နိုင်တယ်လို့ သူခံစားလိုက်ရသည်!

ယဲ့ဖန်းရဲ့ သန်မာမှုက အလွန်ကို ကြောက်မက်ဖွယ် ကောင်းလှသည်။

“ အကိုကြီးယဲ့!”

ယဲ့ဖန်းရဲ့ သန်မာမှုကို မြင်ပြီးနောက်မှာ ဟွမ်လောင်ပ လေးစားရိုကျိုးစွာ ပြောလိုက်သည်။

“ အကိုကြီးယဲ့ ငါအနာဂတ်မှာ မင်းနောက်ကို စိတ်ရင်းနဲ့ လိုက်ပါ့မယ်။ အခုကစပြီး အကိုကြီးကငါ့ရဲ့ သူဋ္ဌေးပဲ!”

“ ဟုတ်ပြီ ငါအခု မင်းရဲ့ဒဏ်ရာတွေကို ကုပေးမယ်။ ပထမဆုံးတွေ့တဲ့ လက်ဆောင်ပေါ့”

ယဲ့ဖန်းပြုံးလိုက်ပြီး လျိူ့ဝှက်ရွှေရောင်ဆေးကို ထုတ်လိုက်ကာ ဟွမ်လောင်ပရဲ့ အနာတွေအပေါ် ဖြူးပေးလိုက်သည်။

ဒါကတစ်ကယ်ကို မျက်နှာဖြတ်ရိုက်ပြီးမှ ကောင်းပေးခြင်းပဲ။ တစ်ချိန်ထဲမှာ ယဲ့ဖန်းကသူ့ရဲ့ သန်မာမှုကို ဟွမ်လောင်ပ သိအောင် ပြထားပေးတာလဲ ဖြစ်သည်။

ရွှေရောင်ဆေးရဲ့ အကျိုးအာနိသင် အောက်မှာ သူ့ရဲ့ဒဏ်ရာတွေက မျက်လုံးနဲ့ မြင်နိုင်လောက်တဲ့ အရှိန်နဲ့လျင်မြန်စွာ သက်သာသွားတာကို ဟွမ်လောင်ပ မြင်လိုက်ရသည်။ ဟွမ်လောင်ပ ပိုပြီး စိတ်လှုပ်ရှားလာရကာ

“ဒါ..ဒါက အရမ်းအံ့သြဖို့ ကောင်းတာပဲ!”

ဒါကြီးက အရမ်းအံ့သြဖို့ကောင်းလွန်းသည်။ ဒါကဘယ်လိုတောင် ၉၆ ပါး ရောဂါအကုန် ပျောက်ကင်းနိုင်တဲ့ ဆေးမျိုးလဲ?

ယဲ့ဖန်းကို သူပိုပြီး လေးစားလာမိတော့သည်။

“ မင်းက မြေအောက်လောကရဲ့အကိုကြီးမလား? ဒီတစ်ခေါက် ဘယ်လိုလုပ် အခုလို ဒုက္ခရောက်နေရတာလဲ? သူများဆီက အလိုက်ခံနေရတာ လူကြားရင် ရယ်စရာ မကောင်းဘူးလား?”

ယဲ့ဖန်း ဟွမ်လောင်ပနဲ့ စတင်ပြီး စကားပြောလိုက်သည်။

All Chapters