← Chapters

Ch 84

Vol. 6 Ch. 84

Ch 84

Vol. 6 Ch. 84

ဟွမ်လောင်ပကို သူ အသုံးချချင်ရင် ဟွမ်လောင်ပကို အရင် သန်မာလာအောင် လုပ်ရမည်။ လက်ရှိ ဟွမ်လောင်ပက အသုံးမကျသေးတာမို့ လင်းဖေးဟန်နဲ့ မယှဥ်နိုင် သေးဘူး။

ဟွမ်လောင်ပ သက်ပြင်းချကာ ဆဲရေးလိုက်သည်။

“ အဲ့ဒါတွေအကုန်လုံးက ဖန်းဟွာဧရိယာက အဲ့ဒီ နှင်းဆီနီဆိုတဲ့ ခွေးမကြောင့်ပဲ။ ငါအဲ့ဒီ ကောင်မနဲ့ နယ်မြေလုရင်း တိုက်ခိုက်နေရတာ ကြာလှပြီ။ ဒီတစ်ခေါက် ငါ့ရဲ့နေရာ အဖော်ထုတ်ခံရပြီး နှင်းဆီနီရဲ့လူတွေဆီက အဖမ်းခံလိုက်ရတာ။ ငါသတိ လွတ်သွားခဲ့မိလို့ပဲ”

ယဲ့ဖန်း ခေါင်းညိတ်ပြလိုက်ပြီး မျက်လုံးတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ

“ စိတ်မပူနဲ့။ မင်းရဲ့အငြိုးအတွက် ငါလက်စား ချေပေးမယ်။ မကြာခင်မှာ အဲ့ဒီနှင်းဆီနီကိုယ်တိုင် မင်းကို ခေါ်အောင်လုပ်ပေးပြီး ဖန်းဟွာဧရိယာကို မင်းကိုယူခိုင်းမယ်”

ထိုစကားကို ကြားသောအခါမှာ ဟွမ်လောင်ပရဲ့ မျက်လုံးတွေ လက်သွားသည်။ ယဲ့ဖန်းရဲ့ သန်မာမှုကို သူယုံကြည်သည်။ အခု ယဲ့ဖန်း ပြောလိုက်ပြီဆိုမှတော့ ဖန်းဟွာဧရိယာက သူ့အိတ်ကပ်ထဲ ရောက်လာပြီပဲမလား?

ဟွမ်လောင်ပ အလျင်အမြန် ကျေးဇူးတင်လိုက်သည်။

“ ကျေးဇူးတင်ပါတယ် အကိုကြီး!”

ထို့နောက်တွင် ယဲ့ဖန်း ဆက်ပြောလိုက်သည်။

“ ဖန်းချန်းဧရိယာမှာ မင်းရဲ့ အခြေအနေ ဘယ်လိုလဲ? မင်းက နောက်ဆုံးပြောခွင့် ရှိသူလား?”

ဟွမ်လောင်ပသည် အနေခက်စွာခေါင်းရမ်း လိုက်ကာ

“ မဟုတ်ဘူး။ ငါက ဖန်းချန်းဧရိယာမှာ အကိုကြီး ဖြစ်လာပြီဆိုပေမဲ့ အင်အားသေး ဂိုဏ်းတစ်ချို့တော့ ရှိနေဆဲပဲ။ အဲ့ဒီထဲကမှ အဖွဲ့သုံး ဂိုဏ်းက အင်အားအကြီးဆုံး ဖြစ်ပြီးသူတို့ကငါ့ကို အသိအမှတ်မပြုကြဘူး”

ဟွမ်လောင်ပသည် ယဲ့ဖန်းကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပေမဲ့ အတွင်းတွင်တော့ လွန်စွာ စိတ်လှုပ်ရှားနေခဲ့သည်။ ယဲ့ဖန်းက သူ့ကို အသုံးမဝင်ဘူးလို့ မြင်ပြီး အမှိုက်တစ်စလို လွင့်ပစ်သွားမှာ ကြောက်သည်။ ဟွမ်လောင်ပ အလျင်အမြန် ပြောလိုက်သည်။

“ ဒါပေမဲ့ တစ်ယောက်ချင်း တိုက်ပွဲတွေမှာ သူတို့ထဲက တစ်ယောက်ကိုမှ ငါမကြောက်ပါဘူး။ ဒါပေမဲ့ သူတို့ သုံးယောက်ပေါင်းလိုက်ရင်တော့ ငါလုံးဝ မနိုင်တော့ဘူး”

ယဲ့ဖန်း ပြုံးကာ ပြောလိုက်သည်။

“ သူတို့ကိုခေါ်ပြီး အခုလာခိုင်းလိုက်။ ငါတစ်ယောက်ချင်းဆီ အနိုင်ယူပေးမယ်။ အရင်ဆုံး မင်း ဖန်းချန်းဧရိယာရဲ့ တစ်ကယ့်ဘော့စ် ဖြစ်လာမယ်။ နောက်မှ ကျင်းပိုင်မြို့ကို သိမ်းတာပေါ့”

“ ကျေးဇူးပါ အကိုကြီးယဲ့!”

“ ဒါနဲ့ ငါအဲ့ဒီ နှင်းဆီနီကို အရမ်းစိတ်ဝင်စားတယ်။ ချိန်းလိုက်ရအောင်၊ လူချင်းတွေ့ချင်တယ်”

“ ကောင်းပြီ”

ဟွမ်လောင်ပ သဘောတူလိုက်ပြီးနောက်တွင် အံ့သြစွာပြောလိုက်သည်။

“ အကိုကြီး အဲ့ဒီနှင်းဆီနီက အေးစက်ပြီး ကြမ်းတမ်းတယ်။ အကိုကြီးယဲ့နဲ့ စကားပြောဖို့ မတန်ဘူး။ ငါတို့ ဓားနဲ့ပဲ ဖြေရှင်းလိုက်ကြမယ်လေ?”

“ အသုံးမကျဘူး။ ငါ့ရဲ့အတွေးကို မင်းဘယ်လိုတောင် လိုက်မှန်း ရဲတာလဲ? ဒီလောက်နှစ်တွေအကြာကြီး နေတာတောင် ဖန်းချန်းဧရိယာကို မသိမ်းနိုင်သေးတာ ငါ မအံ့သြတော့ဘူး။ ငါက သေနေတဲ့လူကို လိုချင်တာ မဟုတ်ဘူး။ သူမကို အနိုင်ယူချင်တာ၊ ကောင်းကင်နဲ့ မြေကြီးရဲ့ အထူအပါးကို နားလည်အောင် လုပ်ပေးပြီး ငါ့ရဲ့ဘက်တော်သား ဖြစ်အောင် လုပ်မလို့ပဲ။ နားလည်လား?”

“ နားလည်ပြီ။ နားလည်ပါပြီ!”

ထို့နောက်တွင် ဟွမ်လောင်ပ ထပ်မေးလိုက်သည်။

“ အကိုကြီးယဲ့ အကယ်လို့ နှင်းဆီနီက သဘောမတူရင်ကော?”

“သဘောမတူရင် ဟုတ်လား? ဒါဆိုရင် သူမကို ခေါင်းခြောက်လုံး မြင်းမျက်နှာရှိတဲ့ မွန်းစတားနဲ့ အိမ်ထဲပိတ်ပြီး မုဒိန်းကျင့်ပေးလိုက်မှာပေါ့”

ယဲ့ဖန်း ရယ်လိုက်သည်။

ထိုစကားကို ကြားသောအခါမှာ ဟွမ်လောင်ပရဲ့ ကိုယ်ကချက်ချင်း တုန်သွားခဲ့သည်။ ယဲ့ဖန်းက ဟာသပုံစံ ပြောလိုက်သော်ငြား ရက်စက်သည့် ခြိမ်းခြောက်မှုအပြည့်ကို သူခံစားလိုက်ရသည်။ သူသာ ကောင်းကောင်း မလုပ်နိုင်ရင် အပိတ်ခံရမဲ့သူက နှင်းဆီနီ မဟုတ်ဘဲ သူဖြစ်သွားလိမ့်မည်။

ဟွမ်လောင်ပ တွေးမိတာနှင့် ချွေးပင် ထွက်လာရသည်။

အနည်းငယ် ကြောက်နေပုံရတဲ့ ဟွမ်လောင်ပ စိုက်ကြည့်ကာ ယဲ့ဖန်းစိတ်ထဲမှ လှောင်ပြောင် လိုက်သည်။

ဒါက အတိအကျ သူလိုချင်တဲ့ အရာပဲလေ။ သူ့ရဲ့လက်အောက်ငယ်သားတွေကို သူ့ကို ကြောက်နေစေချင်သည်။ ဒါမှ သူ့အတွက် ကြိုးစားပမ်းစား အလုပ်လုပ်မှာ။

နှင်းဆီနီကိုပါ သူ့ဘက်ပါအောင် ခေါ်နိုင်ရင် ပိုကောင်းသွားမည်။

လုပ်နိုင်စွမ်းရှိတဲ့ လက်အောက်ခံ နှစ်ယောက်နဲ့ဆိုရင် မနာလိုမှုတွေ ရှိလာမည်။ သူ့ဆီက မျက်နှာရအောင် အချင်းချင်း ပြိုင်ဆိုင်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက် ဖော်ထုတ်ကြမည်လေ။

ဒါလုံးဝ သူလိုချင်တဲ့အရာပဲ။ အချင်းချင်း စောင့်ကြည့်နေရင်း ယှဥ်ပြိုင်စေချင်သည်။

လက်အောက်ငယ်သား နှစ်ယောက် တိုက်ခိုက်လေလေ၊ တိုက်ခိုက်တာမှ ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေလေ သူ့ရဲ့ ဘော့စ်နေရာက ပိုတည်ငြိမ်မှာလေလေပဲ။

မဟုတ်ရင် ဟွမ်လောင်ပ ရဲ့ လက်အောက်ခံတွေက သူ့စကား နားမထောင်ပဲ ဟွမ်လောင်ပရဲ့ အမိန့်ကိုပဲ နာခံနေကြလိမ့်မည်။

ယဲ့ဖန်း ယာယီ ဆုံးဖြတ်လိုက်သည်။ သူများတွေကို ဥပမာပေး ပြသဖို့ အဓိက အဖွဲ့သုံးဖွဲ့ကိုပဲ သတ်လိုက်ပြီး ကျန်နှစ်ဖွဲ့ကို ဟွမ်လောင်ပရဲ့ လက်အောက်မှာ ထားမည်။

ဟွမ်လောင်ပ က သူ့ရဲ့ညီငယ်တွေကို ခေါ်လိုက်တာမို့ မကြာခင်မှာပဲ ကားတွေ အများကြီး ချိန်းဆိုထားတဲ့နေရာကို ရောက်လာ ကြသည်။ ကားထဲမှ ဆံပင်အတိုနှင့် လူငယ်များက ပြိုင်တူထွက်လာကြကာ တစ်ယောက်ချင်းစီ၏ လက်ထဲတွင် ဓားတစ်လက်ဆီနှင့် လွန်စွာကြောက်ဖို့ ကောင်းလှသည်။

ဒါပေမဲ့ သူတို့တွေ ဟွမ်လောင်ပနဲ့ ယဲ့ဖန်းကို မြင်သောအခါမှာ အံ့သြသွားခဲ့ကြသည်။

“ အကိုကြီး အဲ့ကလေးက ဘယ်သူလဲ? ချောသားပဲ။ အကိုကြီး ကောင်မလေးလား?”

ဘန်း!

နောက်တစ်စက္ကန့်မှာပဲ ဟွမ်လောင်ပက ထိုလူငယ်ကို ကန်လိုက်ကာ ဆဲလိုက်သည်။

“ ဖက်ခ်! မင်းကန်းနေလားကွ! ဒါငါ့အကိုကြီးပဲ။ မင်းသူ့ကို ဘော့စ်လို့ခေါ်ရမယ်!”

အားလုံး အံ့သြသွားကြပေမဲ့ ယဲ့ဖန်းကို ဘော့စ်ဟု ခေါ်လိုက်ကြသည်။

ဟွမ်လောင်ပ ယဲ့ဖန်းကို ပြုံးပြလိုက်ကာ

“ အကိုကြီး ငါတစ်ကယ်ပဲ တောင်းပန်ပါတယ်။ ဒီကောင်တွေက မောက်မာပြီး သိပ်ဂရုမစိုက် တတ်ကြလို့ပါ။ ငါသူတို့ကို သေချာပေါက် သင်ပြပေးထားပါ့မယ်”

ပြောနေရင်းဖြင့် ဟွမ်လောင်ပသည် သူ့မျက်နှာကိုသူ လက်ဝါးဖြင့်ရိုက်လိုက်သည်။

မြင်လိုက်သူအားလုံး ကြောင်အ သွားကြသည်။

ယဲ့ဖန်း၏ မျက်နှာသည် အမူအရာမဲ့ ဖြစ်နေဆဲပင်။ သူ အေးစက်စွာ ပြောလိုက်သည်။

“ ကိစ္စပြီးအောင်လုပ်ပြီး ပြန်မယ်!”

ပြောပြီးတာနှင့် ဟွမ်လောင်ပ၏ ကားအတွင်းသို့ ဝင်လိုက်သည်။

“ မင်းတို့အားလုံး အဲ့မှာဘာရပ်လုပ်နေတာလဲ? သွားမယ်!”

လူငယ်တွေအားလုံး ကြောက်ရွံ့စွာ တုန်ယင် နေကြသည်။ ဘော့စ်တစ်ယောက်ပဲ သူတို့အကိုကြီးကို ဒီလိုဖြစ်အောင် လုပ်နိုင်သည်။

ဒါပေမဲ့ ဒါက မဟုတ်သေးဘူး။ အရင် နှစ်တွေတုန်းတည်းက ဘော့စ်မပေါ်လာတာက သားရေအိတ်တစ်ခုလို အရိုက်ခံနေရလို့လား?

ထိုအချိန်တွင် လုရွှယ်ယင်သည် လုကုမ္ပဏီတွင် အချိန်ပိုဆင်းနေခဲ့သည်။

လျိုရှုယွင်သည် လုရွှယ်ယင်၏ အခန်းအတွင်းသို့ စိတ်ပူပင်စွာ ဝင်လာပြီး ပြောလိုက်သည်။

“ သူဋ္ဌေးလု ယဲ့ဖန်းအခုထိ ပြန်မရောက်သေးဘူး။ ကျွန်မဖုန်းခေါ်ပေမဲ့ ဘယ်သူမှမကိုင်ဘူး”

လျိုရှုယွင်သည် လုရွှယ်ယင်အား ရှုတ်ထွေးနေသော မျက်နှာဖြင့် ကြည့်နေခဲ့သည်။ သူမသည် ယဲ့ဖန်းကို ပထမဆုံး မြင်တည်းက ချစ်မိသွားခဲ့တာမို့ ယဲ့ဖန်းအတွက် ဆင်ခြေပေးချင်နေသည်။

“ သူဋ္ဌေးလု ယဲ့ဖန်း တစ်ခုခု မကောင်းတာ ကြုံနေရလို့များလား? မဟုတ်ရင် သူဋ္ဌေးလု ဖုန်းခေါ်ပြီး မေးကြည့်ပေးပါ့လား?”

လုရွှယ်ယင် မျက်ခုံးပင့်ကာ ပြန်ပြောလိုက်သည်။

“ ဒီယဲ့ဖန်းက သူ ဘော်ဒီဂတ်လုပ်ရမဲ့ ပထမနေ့မှာ ရဲဖမ်းခံရတယ်။ အခုလဲ ဒီအချိန်ထိ မရောက်သေးဘူး။ နင်ကငါ့ကို ဖုန်းခေါ်စေချင်တာလား? သူဋ္ဌေးက ဘော်ဒီဂတ်ကို ဖုန်းခေါ်တာ နင်မြင်ဖူးလား?”

လုရွှယ်ယင် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူမ၏ လက်ထဲက စာရွက်စာတမ်းတွေကိုပဲ ခေါင်းငုံ့ကာ ဖြေရှင်းနေလိုက်သည်။

“ အဖိုးကြောင့်သာ မဟုတ်ရင် အဲ့လိုလူကို အလုပ်ထုတ်ပစ်တာ ကြာလှပြီ။ ဒါသူ့အပေါ်ပဲ မူတည်တယ်။ သူပြန်လာချင်ရင် လာလိမ့်မယ်။ မလာချင်ရင် မလာဘူး။ အနားမှာ ဘယ်သူမှ မရှိရင် ငါအေးဆေး အလုပ်ပိုလုပ်လို့ရတယ်”

“ ဒါက…” လျိုရှုယွင် တုံ့ဆိုင်းနေသေးသည်။

လျိုရှုယွင် တွေးနေခဲ့သည်။

‘ လင်းဖေးဟန်က လှည့်စားနေတာကို မစ္စလု ဘာလို့မမြင်ရတာလဲ? သူ သေချာ မစ္စလုကို ညစာဖိတ်ကျွေးခဲ့တာ၊ မစ္စလုနဲ့ ယဲ့ဖန်းရဲ့ ကြားထဲ သွေးကွဲမှုကို မြင်ချင်လို့ပဲ’

လျိုရှုယွင် ဘာမှ ထပ်မပြောတော့ပေ။ သူမသိသည်။ လုရွှယ်ယင်၏ ပုံစံအရ သူမထပ်ပြောလဲ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။

လင်းဖေးဟန်ဆိုသည့်ကောင်က ယဲ့ဖန်းကို အဆိုးမြင်အောင်လုပ်နေတဲ့ ဗီလိန်ကောင်ပဲဟု သူမ မကျေနပ်စွာတွေးလိုက်သည်။

စာစဉ်ပြီး၏

All Chapters