မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်
Vol. 13 Ch. 174
နတ်ဆိုးတစ်သောင်းလွင်ပြင် တစ်နေရာ၌ ...
နတ်ဆိုးမြေခွေးသည် အဝါရောင်ရေပူစမ်းပင်လယ် ရှိသည့်ဘက်သို့သာ မျှော်ကြည့်နေ၏။
" မြေခွေး .. မင်းက ဟိုလူသားရဲ့ နောက်လိုက် ဖြစ်ချင်နေတာတော့ မဟုတ်ဘူးမလား "
နတ်ဆိုးမြေခွေးနောက်တွင် ရှိနေသည့် အစိမ်းရောင်အမွေးများနှင့် ခြင်္သေ့က မေးလိုက်သည်။
နတ်ဆိုးမြေခွေးက နောက်သို့ ချက်ချင်း လှည့်လာကာ စိုးရိမ်မကင်းသည့် မျက်နှာဖြင့် ပြော၏။
" သူ့ကို စိတ်ပူနေတာ မဟုတ်ဘူးကွ ။ သူ မသေမှာကို စိတ်ပူနေတာ "
ခြင်္သေ့ကြီးက ပြန်ရန်တွေ့သည်။
" ခုနက စိတ်စွမ်းအင် လှိုင်းလုံးကြီးကို မင်း မမြင်လိုက်ဘူးလား ။ အဲ့နေရာမှာသာ မင်း နဲ့ ငါ ဆိုရင် အဲ့ဒီ ဆူနာမီလို စိတ်စွမ်းအင် လှိုင်းကြီးကြောင့် ခုချိန် အသားစ အကြေတွေတောင် ဖြစ်နေလောက်ပြီ "
နတ်ဆိုးမြေခွေးက ခေါင်းညိတ်လိုက်သည်။
" မင်းနဲ့ ငါနဲ့က ဒီလို အစွမ်းမျိုးကို မခံနိုင်ဘူးဆိုပေမယ့် သူက ခံနိုင်ရင် ခံနိုင်မှာပေါ့ကွ ။ အစောက တိုက်ခိုက်မှု အဆင့်မျိုးက သူ့ကို သတ်နိုင်မှာမဟုတ်ဘူးလို့ပဲ ငါ့စိတ်ထဲမှာ ထင်နေတယ် "
သူ့စကားဆုံးသည့် အချိန်တွင်မူ ခြင်္သေ့ကြီး ခဏ ငြိမ်သွားသည်။
လောထျန်း သူတို့ကို ပြခဲ့သည့် အစွမ်းက အမှန်တကယ် ကြောက်စရာကောင်းလှသည် မဟုတ်ပါလား ။
ထိုအချိန်မှာပင် ..
ဘုန်း ..
အဝါရောင် ရေပူစမ်းပင်လယ်ရှိသည့်ဘက်မှ အသံကျယ်တစ်သံ ထွက်ပေါ်လာ၏။
ဆုမီတောင် ကမ္ဘာငယ်တစ်ခုလုံးလည်း တုန်ခါလာသည်။
" ဘာတွေ ဖြစ်နေတာလဲ "
နတ်ဆိုးမြေခွေးနှင့် ခြင်္သေ့ကြီးတို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
ဧရာမ လက်သီးအရိပ်ကြီး တစ်ခုက အဝါရောင်ရေပူစမ်းပင်လယ်ဘက်သို့ ထိုးချလိုက်သည်ကို သူ တို့ မြင်လိုက်ရ၏။
ချက်ချင်းပင် ပင်လယ်ရေ မျက်နှာပြင် နှစ်ခြမ်းကွဲသွားပြီး ရေအောက်မှ မြေကြီးကပါ ပြိုကွဲလာသည်။
အကျိုးဆက်အနေဖြင့် ကမ္ဘာငယ်ထဲရှိ လေထုမှာလည်း ထိုခိုက်သွားသည်။
ထိုလက်သီးချက်က မြေကြီးကို ဖြိုခွဲကာ ဝင်သွားပြီး ဆုမီတောင် ကမ္ဘာငယ်၏ အကာအရံကို ထိမှသာ ရပ်သွားတော့၏။
ဘုန်း ...
ကမ္ဘာငယ်၏ အကာအရံမှာ အားပြင်းလွန်းလှသော လက်သီးချက်ဖြင့် ထိသွားသဖြင့် ၎င်းအပေါ်၌ လက်သီးရာကြီးပင် ထင်ထင်ရှားရှား ပေါ်လာသည်။
ဝုန်း ...
ဆုမီတောင် ကမ္ဘာငယ် တစ်ခုလုံးမှာလည်း အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မည့်အလား ယိမ်းယိုင် တုန်ခါလာတော့သည်။
ဤသို့ဖြင့် အချိန်အတန်ကြာပြီးမှသာ အားလုံး တဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။
ထိုအချိန်တွင် နတ်ဆိုးမြေခွေးနှင့် ခြင်္သေ့ကြီးတို့မှာ အလွန်ကြောက်ရွံ့နေကြပြီး တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြ၏။ အားလုံး ပြန်တည်ငြိမ်သွားမှသာ သူတို့ တစ်ယောက်တစ်ယောက် ကြည့်ကာ တစ်ပြိုင်နက်တည်း နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်တွင်လည်း ရွံရှာဟန် အထင်းသားပင်။
" ချီး .. ခုနက ဘာဖြစ်သွားတာလဲ "
နတ်ဆိုးမြေခွေးက တုန်လှုပ်စွာ ပြောလိုက်သည်။
ခြင်္သေ့ကြီးမှာလည်းဟောဟဲဟောဟဲ အမောဆိုက်နေပြီးမှ ပြန်ပြော၏။
" အဝါရောင်ရေပူစမ်းပင်လယ်က အင်မတန် အန္တရာယ်များတာပဲ ။ ဒီ ကမ္ဘာကြီးမှာ ဘာလို့ အဲ့လောက်ကြောက်စရာကောင်းတဲ့ အရာမျိုး ရှိနေရတာလဲ မသိပါဘူးကွာ။ ငါ့ကို သတ်မယ်ဆိုရင်တောင် အဲ့ကို ဘယ်တော့မှ မသွားဘူး ၊ အသေပဲ ခံလိုက်မယ် "
တစ်ကိုယ်လုံး တုန်နေသည့် နတ်ဆိုးမြေခွေးကလည်း ပြန်ပြောသည်။
" အမှန်ပဲ ၊ ခုနက လက်သီးချက်ကြီးက ကြောက်စရာ ကောင်းလိုက်တာကွာ ။ ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ရတာ မဟုတ်ရင် ကမ္ဘာကြီးမှာ ဒီလောက် အားပြင်းတဲ့ အစွမ်းမျိုး ရှိတယ်လို့ ယုံတောင် ယုံနိုင်မှာ မဟုတ်ဘူး "
ခြင်္သေ့ကြီးလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
" အမှန်ပဲ ။ ကဲ .. မင်း အခုတော့ စိတ်မပူသင့်တော့ဘူး "
" ဟင် .. "
နတ်ဆိုးမြေခွေးမှာ သူ ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်သွား၏။
ခြင်္သေ့ကြီးက အော်ပြီး ပြန်ပြောလိုက်သည်။
" ဒီချိန်လောက်ဆို ဟိုလူသားကောင်လေးက သေနေလောက်ပြီလေ "
ထိုအချိန်မှသာ နတ်ဆိုးမြေခွေး သဘောပေါက်သွားပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
" အမှန်ပဲ ၊ အစောတုန်းက စိတ်စွမ်းအင် လှိုင်းလုံးက သူ့ကို မသတ်နိုင်ရင်တောင် ခုလက်သီးချက်ရဲ့ အစွမ်းနဲ့ဆို သေချာပေါက် သေနေလောက်ပြီ "
ထိုအချိန်တွင် နတ်ဆိုးဘုရင် ၂ ယောက်နောက်မှ ရုတ်တရက် အသံတစ်သံ ထွက်လာ၏။
" နတ်ဆိုးဘုရင် ၂ ပါး ၊ ကျုပ်က ကျုပ်သခင်ကြီးရဲ့ ကိုယ်စား ဖိတ်စာ လာပို့ပေးတာပါ "
တစ်ချိန်တည်းမှာပင် ရေခဲပြင်ပေါ်ရှိ ငှက်ကြီးမှာလည်း လက်ထဲတွင် ဖိတ်သာတစ်စောင်ကို ကိုင်လျက် အတွေးနယ်ချဲ့နေဟန်တူသည်။
ရွှံ့အိုင်ဘေးရှိ လိပ်အဘိုးကြီး၏ ရှေ့တွင်လည်း ဖိတ်စာတစ်စောင် ရှိနေ၏။
ရှေဟောင်း ဘုရားကျောင်းတစ်ခုရှေ့တွင်မူ အရိုးဖြူ ပညာရှိက သူ့မူလအသွင်ပြောင်းကာ ရှေ့မှ လူနှစ်ယောက်ကို စူးစူးရှရှ စိုက်ကြည့်နေသည်။
" စိတ်မပူပါနဲ့ အရိုးဖြူ နတ်ဆိုးဘုရင်ကြီး ။ ဖိတ်စာထဲမှာ ပြောထားတဲ့အတိုင်းသာ လုပ်ရင် ကျုပ်တို့ သခင်ကြီးက ခင်ဗျားရဲ့ ရန်သူ ဖြစ်လာမှာမဟုတ်ပါဘူး။ သူက ခင်ဗျားကို အဖိုးတန် ပစ္စည်းတွေပါ ဆုချဦးမှာ "
လူတစ်ယောက်က ပြောလိုက်သည်။
အရိုးဖြူ ပညာရှိက ခေတ္တမျှ တိတ်နေပြီးမှသာ ပြန်ပြော၏။
" တကယ်လို့ ငါက ငြင်းရင်ရော '
သူ့ရှေ့မှ လူက ရယ်ကာ ပြောသည်။
" ဒါဆို ခင်ဗျားက ကျုပ်တို့ သခင်ကြီးရဲ့ ရန်သူ ပေါ့ဗျာ "
အရိုးဖြူ ပညာရှိသည် အချိန်အတန်ကြာ စဥ်းစားနေပြီးမှသာ ဖိတ်စာကို လှမ်းယူလိုက်၏။
" ဂုဏ်ယူပါတယ် အရိုးဖြူ နတ်ဆိုးဘုရင်ကြီး ။ ခင်ဗျားက အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်မျိုး ချလိုက်တာပဲ '
တစ်ဖက်လူက ပြောလိုက်သည်။
ထိုစဥ် .. ဆုမီတောင်ခြေ တစ်နေရာ၌ အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် အသံလွှင့်အဆောင်မှတဆင့် ပေးပို့လာသည့် အချက်အလက်များကို ဖတ်ကာ စိတ်ကျေနပ်နေဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေသည်။
" နတ်ဆိုးဘုရင် ကိုးယောက်လုံးက စဥ်းစားတတ်တဲ့ ဉာဏ်တော့ ရှိကြသားပဲ ။ ငါ့ရဲ့ မဟာအစီစဥ်ထဲက ဒုတိယမြောက် ဒီ အစီအစဥ်ကလဲ အင်မတန် အရေးကြီးတယ် "
သူက ထိုသို့ ပြောပြီးနောက် သူ့ရှေ့မှ စစ်တုရင်ခုံပေါ်သို့ စစ်တုရင် အရုပ်တစ်ခု တင်လိုက်သည်။
ထို့နောက်တွင်မူ သူက အဝါရောင် ရေပူစမ်းပင်လယ်ဘက်သို့ စိုးရိမ်မကင်းသည့် မျက်နှာဖြင့် ကြည့်လိုက်၏။
" ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကျောင်းက ရတဲ့ အချက်အလက်တွေအရဆိုရင် ဒီ မိစ္ဆာနတ်ဆိုးက ခုလောက်ကြီး အစွမ်းထက်မနေသင့်ဘူးလေ ။ ဒီကောင်ကသာ တကယ်ကို အဲ့လောက်အစွမ်းထက်နေရင်တော့ အပြောင်းအလဲတွေ ဖြစ်သွားလိမ့်မယ် "
" ထားလိုက်ပါ ၊လောလောယ် အဲ့ဒါကို မစဥ်းစားတာပဲ ကောင်းပါတယ် ။ တကယ်လို့ ဒီကောင်က အဲ့လောက်အစွမ်းထက်နေရင်တောင် ငါ သူ့အားနည်းချက်ကို သိထားတာပဲ ။ သူ့ကို အချိန်မရွေး ပြန်ချုပ်နှောင်လို့ ရပါတယ် "
" ဟားဟား ..လောထျန်း ၊ မင်းကတော့ ဒီတစ်ခါတကယ်သေပြီပေါ့ကွာ "
သူက ထိုသို့ပြောပြီးနောက် စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
...........
ထိုစဥ် အဝါရောင် ရေပူစမ်းပင်လယ်အောက်ရှိ ရှေးဟောင်းဘုရားကျောင်း အတွင်း၌ ..
လောထျန်းမှာ အစောက လက်သီးထိုးခဲ့သည် ပုံစံအတိုင်းပင် ရှိနေသေး၏။
သူ့ရှေ့မှ မိစ္ဆာနတ်ဆိုး ရှိခဲ့သည့် နေရာတွင်မူ ပြာမှုန်များသာ ကျန်ပေတော့သည်။
သူ့နောက်မှ အမျိုးသမီးကလည်း မြင်ကွင်းကို အံသြတုန်လှုပ်စွာ ကြည့်နေ၏။ သူမ မှာ သူ့မျက်လုံးသူပင် မယုံနိုင်ဘဲ ဖြစ်နေသည်။
သို့သော် .. ထိုမြင်ကွင်းကို သူမ ရှင်းရှင်းလင်းလင်း သေချာစွာ မြင်ခဲ့ရပါသည်။
လောထျန်းက လက်သီးဖြင့် ထိုးလိုက်သည့်အချိန်တွငအလွန် မောက်မာနေခဲ့သည့် မိစ္ဆာနတ်ဆိုးက ချက်ချင်း အငွေ့ပျံသွားခဲ့ရ၏။
၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
သူမ လောထျန်းအား ထပ်ကြည့်လိုက်သည့် အချိန်တွင်မူ သူမ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုက အထင်းသား ဖြစ်နေတော့သည်။
လောထျန်းသည် ပါရမီထူးချွန်သည့် လူငယ်လေးတစ်ယောက်ဟုသာ သူမ ထင်ထားခဲ့သော်လည်း ...
ယခု ကြည့်ရသည်မှာ လောထျန်းက ထိုအဆင့်မျိုးထက် များစွာ သာနေဟန်ပင်။
သူသည်ကား ဘီလူးတစ်ကောင်ကဲ့သို့ အစွမ်းထက်လှပေသည်။
" ဟင် ..ဟိုလူ ဘယ်ရောက်သွားတာလဲ "
ထိုအချိန်တွင် လောထျန်းတစ်ယောက် အသိပြန်ဝင်လာကာ အံ့သြတကြီး မေး၏။
" ပြောတော့ ခင်ဗျားကြီးက မသေမျိုးဆို ။ ခု ဘယ်ကို ရောက်သွားတာလဲ "
သူက ထိုသို့ပြောပြီး အဖြေရှာလိုဟန်ဖြင့် အမျိုးသမီးဘက် လှည့်ကြည့်လိုက်သည်။
" ခင်ဗျားပြောတော့ ဒီလူက အင်မတန် အစွမ်းထက်တယ်ဆို "
သူ မေးလိုက်သည်။
အမျိုးသမီးမှာ ကြောင်အအ ဖြစ်သွားကာ ပြန်ပြော၏။
" ဟုတ်တယ် ၊သူက တကယ်လဲ အင်မတန် အစွမ်းထက်တယ် "
လောထျန်းက သူ့ရှေ့မှ အပျက်အစီးပုံကြီးကို လက်ညိုးညွှန်ပြကာ ထပ်ပြောလိုက်သည်။
" ဒါဆို သူက ဘာလို့ လက်သီးချက်တစ်ချက်ကိုတောင် မခံနိုင်ရတာလဲ "
" အင် ... "
အမျိုးသမီးမှာ မည်သို့ ပြန်ပြောရမည်မသိဖြစ်ကာ ဆွံ့အသွားသည်။
ထိုအချိန်မှာပင် ..
ဝီ ...
လောထျန်းဘေး၌ အနီရောင် ကြိုးမျှင်လုံးတစ်ခု ရုတ်တရက် စုစည်းလာ၏။
" #$%*-% မင်းက ငါ့ခန္ဓာကိုယ်ကို တကယ်ကြီး ဖျက်ဆီးလိုက်တာပဲ "
ကြိုးမျှင်လုံးထဲမှ ဒေါသတကြီး ဆဲဆိုအော်ဟစ်သံ ထွက်ပေါ်လာသည်။
" ဟာ .. မဖြစ်ဘူး ၊ သူက အခုထိ မသေသေးဘူး "
အမျိုးသမီးက ကြောက်ရွံ့စွာ ပြောလိုက်သည်။
" ဟင် .. ဒါက ဘာလဲ "
လောထျန်းကမူ နားမလည်နိုင် ဖြစ်နေကာ အံ့သြမှင်သက်နေသည်။
" ကောင်လေး ၊ မင်းက တမင် အားနည်းချင်ယောင်ဆောင်ပြီး ငါ့ကို အကွက်ချစီစဥ်ခဲ့တာ မဟုတ်လား ။ မင်းက ငါ့ခန္ဓာကိုယ်ကိုတောင် ဖျက်ဆီးခဲ့သေးတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူးလေ ၊ မင်းခန္ဓာကိုယ်က ငါ့ထက် ပိုအစွမ်းထက်တာဆိုတော့ မင်းခန္ဓာကိုယ်ကိုပဲ အပိုင်စီးရတော့မှာပေါ့ကွာ "
အနီရောင် ကြိုးမျှင်လုံးကြီးက ချက်ချင်းပင် ပိုက်ကွန်တစ်ခုအသွင် ပြောင်းသွားကာ လောထျန်းအား လွှမ်းခြုံလိုက်သည်။
" ကောင်လေး ၊ သတိထားနော် ။ ဒီလူကို မင်းရဲ့ ခန္ဓာကိုယ််ထဲ အဝင်မခံနဲ့ "
အမျိုးသမီးက အော်ဟစ်သတိပေး၏။
မိစ္ဆာနတ်ဆိုးက လှောင်သံဖြင့် ပြောလိုက်သည်။
" ဟီးဟီး .. ငါ့ကိုများ မဝင်နိုင်အောင် တားချင်သေးလို့လား။ ကောင်လေး ၊ မင်းရဲ့ ခန္ဓာကိုယ်က အင်မတန် အစွမ်းထက်တယ်ဆိုတာကို ငါ ဝန်ခံပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ ငါ့ရဲ့ မျိုးနွယ်စုရှေ့မှာတော့ အလကားပါပဲကွာ ။ ကောင်လေး ၊ မင်းရဲ့ စိတ်ဝိဥာဥ် ပြိုကွဲပြီသာ မှတ်လိုက်တော့ "
ထိုသို့ပြောပြီးသည်နှင့် အနီရောင် ကြိုးမျှင်တစ်ခု ပေါက်ကွဲထွက်သွားကာ လောထျန်းကိုယ်ထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်သည်။
" ဟာ..မဖြစ်ဘူး "
ထိုအခြင်းအရာကို မြင်သောအခါ အမျိုးသမီး ကြောက်လန့် တုန်လှုပ်သွား၏။ သို့သော် သူမ မည်သို့မှလဲ အကူအညီ မပေးနိုင်ပါ ။
သို့သော် ...
ဝီ ...
ထိုအချိန်မှာပင် လောထျန်းကိုယ်ပေါ်၌ အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလာပြီး သူနှင့် အနီးဆုံးတွင် ရှိနေသည့် အနီရောင်ကြိုးမျှင်က စတင်လောင်ကျွမ်းသွားသည်။
" အား .. မင်း .. မင်း ဘာလုပ်လိုက်တာလဲ "
နတ်ဆိုးမိစ္ဆာက စူစူးရှရှအော်ကာ အနီရောင်ကြိုးမျှင်များအား အမြန် နောက်ပြန်ဆုတ်လိုက်သည်။
" ဟေ့ .. မင်း အဲ့ဒါ ဘယ်လိုလုပ်လိုက်တာလဲ "
အမျိုးသမီးမှာလည်း အလွန်အံ့အားသင့်နေကာ မနေနိုင်တော့ဘဲ မေးလိုက်သည်။
သူမသည် ထို မိစ္ဆာနတ်ဆိုးနှင့် ရင်ဆိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုသို့သော အရာမျိုးကို တစ်ကြိမ်မှ မမြင်ခဲ့ဖူးပါချေ။
လောထျန်းက တည်ငြိမ်စွာ ပြန်ဖြေ၏။
" ကျုပ် ဒီကို စရောက်လာကတည်းက ဒီ အနီရောင် ကြိုးမျှင်တွေက ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားနေခဲ့ကြတာဗျ။ ဒီကြိုးမျှင်တွေက စိတ်ဝိဥာဥ်အစွမ်း မဟုတ်ပေမယ့် စိတ်ဝိဥာဥ်အစွမ်းနဲ့ တော်တော်လေး ဆင်တူတာာမို့ ကျုပ်ရဲ့စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး လောင်ကျွမ်းသွားအောင် လုပ်လိုက်တာ "