← Chapters

ထျန်းလင် သတ္ထုတွင်း

Vol. 14 Ch. 187

ထျန်းလင် သတ္ထုတွင်း

Vol. 14 Ch. 187

" ကောင်းပါပြီ သခင်လေး "

စွန်းရှို့က လောထျန်းစကားကို နာခံလိုက်သည်။

ထို့နောက် .. သူတို့အားလုံး တောင်တက်လမ်းအတိုင်း လမ်းလျှောက်တက်သွားလိုက်ကြသည်။

ပြုတ်ကျလာခဲ့သည့် လူမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" ခေါင်းမာတဲ့ ကောင်တွေကို ကောင်းကောင်းပြောလို့လဲ မရပါလား ။ ငါ ဒီလောက် တားနေတာတောင် ဆက်သွားဖြစ်အောင်ကို သွားကြသေးတယ်။ ထားလိုက်ပါလေ ၊ သူတို့ ပြန်ပြုတ်ကျလာတာကို ဒီမှာ စောင့်ပြီးတော့ ကြည့်ဦးမယ် "

သူက ထိုသို့ပြောပြီးနောက် လက်ပိုက်၍ လောထျန်းတို့ လူစုအား ရပ်ကြည့်နေလိုက်သည်။

တဖက်မှ လောထျန်းတို့ လူစုမှာမူ သူ့စကားကို ဂရုမစိုက်ဘဲ တောင်တက်လမ်းအတိုင်းသာ ဆက်တက်သွားကြ၏။

အချိန် အတန်ငယ်ကြာ လမ်းလျှောက်လာပြီး နောက်တွင်မူ လမ်းအလယ်တည့်တည့်တွင် ရှိနေသည့် ဧရာမ ကျောက်တုံး ရုပ်ထုကြီးတစ်ခုအား တွေ့လိုက်ရတော့သည်။

စွန်းရှို့က လောထျန်းအား ချက်ချင်း ရှင်းပြ၏။

" ဒီမှာ ဆုမီတောင်ကို စောင့်ကြပ်နေကြတဲ့ အစွမ်းထက်တဲ့ ကျောက်တုံးရုပ်ထုတွေ အများကြီး ရှိတယ်ဗျ ။ ဒီ ရုပ်ထုတွေကို အရင် ဆုမီတောင်ရဲ့ ပိုင်ရှင်က ချန်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောကြတယ် "

" ဒီကျောက်တုံးရုပ်ထုတွေက တစ်ခုနဲ့တစ်ခု ရှိကြတဲ့အစွမ်းတွေတော့ မတူကြဘူး။ အစွမ်းနိမ့်တဲ့ ရုပ်ထုတွေက စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့် လောက်ပဲ ရှိတတ်ကြပေမယ့် တချို့ ပိုအစွမ်းထက်တဲ့ ရုပ်ထုတ္ကျေတော့ တုကျဲ့အဆင့် ထိပ်ဆုံးလောက်တောင် ရှိတတ်ကြတယ်။ အခု ဒီ ရုပ်ထူကလဲ အစွမ်းထက်ရုပ်ထုတွေထဲက တစ်ခုပဲနဲ့တူတယ် "

လောထျန်းက ကျောက်တုံးရုပ်ထုကို ကြည့်ကာ  ခေါင်းအသာညိတ်လိုက်သည်။ ထို့နောက် သူက လောရုံဘက်လှည့်ကြည့်ကာ ပြော၏။

" ခုနက မင်းကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးလို့ ပြောတယ်မလား ..အခု ဒီကျောက်တုံးကို မင်းပဲ ရှင်းလိုက်တော့ကွာ "

" အင် .. ကျွန်တော်လား .. "

လောရုံ ကြောင်အအ  ဖြစ်သွားသည်။

လောထျန်းက ခေါင်းညိတ်ကာ ဆက်ပြော၏။

" မင်း မသွားချင်ဘူးဆိုရင် ငါ ရှောင်ရှောင်းကို သွားခိုင်းလိုက်မယ် "

တဖက်မှ လောရှောင်ရှောင်းမှာလည်း သွားမည့်ဟန် တကဲကဲ ဖြစ်သွားသည်။

၎င်းကို မြင်သောအခါ လောရုံက ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။

" ကောင်းပါပြီဗျာ ၊ ကျွန်တော် သွားပါ့မယ် "

သူက ထိုသို့ပြောပြီးသည်နှင့် ကျောက်တုံးရုပ်ထုရှေ့ ဝုန်းခနဲ ရောက်သွာတော့သည်။

အခြားတစ်ဖက်သို့ မျက်နှာမူထားသည့် ကျောက်တုံးရုပ်ထုက လောရုံ၏ အရိပ်အငွေ့ကို အာရုံခံမိသွားကာ ချက်ချင်း လှုပ်ရှားလာသည်။

ဘုန်း ...

ကျောက်တုံးရုပ်ထုနဲ့ လူသားတစ်ယောက်တို့မှာ တွေ့တွေ့ချင်းမှာပင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထိုးလိုက်ကြ၏။

ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီးများ အရပ်မျက်နှာအနှံ့ လိမ့်ဆင်းသွားသည်။

စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့ နှစ်ယောက်မှာ အံ့သြတုန်လှုပ်နေကာ နောက်သို့ ခြေလှမ်း ၂ လမ်းပင် ဆုတ်လိုက်ကြသည်။

သို့သော် ..လောထျန်းနှင့် လောရှောင်ရှောင်းတို့ကမူ နေရာမရွှေ့ဘဲ ရပ်မြဲအတိုင်းသာ အေးအေးလူလူ ရပ်နေကြ၏။

ထိုစဥ် လောရုံနှင့် ကျောင်တုံးရုပ်ထုတို့မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထိုးကြိတ်နေကြပြီးနောက် သူတို့၏ လက်ရည်က အတူတူပင် ဖြစ်နေသည်ကို နှစ်ယာက်လုံး သတိထားမိလိုက်ကြတော့သည်။

ထိုမြင်ကွင်းကို ကြည့်နေသော စွန်းရှို့တို့ လူအုပ် အံ့သြမှင်သက်သွားကြပြန်၏။

အထူးသဖြင့် စွန်းရှို့နောက်မှ အစောင့်အကြပ် သုံးဦးပင် ...

မကြာသေးမီ အချိန်ကပင် သူတို့၏ မျက်လုံးထဲ၌ လောရုံမှာ ပါရမီရှိသည့် လူငယ်လေးတစ်ယောက်အဖြစ်သာ ရှိနေခဲ့သေးပါသည်။

သို့သော် ..ယခု လက်သီးချက်၏ အစွမ်းကို ကြည့်ရသည်မှာ လောရုံက သူတို့ကို ဖိနှိပ်နိုင်သည့် အစွမ်းမျိုးပင် ပိုင်ဆိုင်ထားဟန် ရှိနေလေပြီ။

အချိန်တိုလေး အတွင်း ဖြစ်သွားခဲ့သည့် အပြောင်းအလဲက ဤမျှ ကြီးမားသည်လား ...

ထိုစဥ် လောရုံနှင့် ကျောက်တုံးရုပ်ထုတို့က စတင်တိုက်ခိုက်လိုက်ကြပြန်၏။

သူတို့နှစ်ဦးကြားမှ တိုက်ပွဲမှာ အထူးအထွေ သိုင်းပညာရပ်မျိုးကို သုံးနေခြင်း မရှိဘဲ မူလ ခန္ဓာကိုယ်အစွမ်းကိုသာ သုံးပြီး တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။

ဤသို့ဖြင့် မျက်စိတစ်မှိတ် အချိန်အတွင်းမှာပင် တစ်ယောက်ကိုတစ်ယောက် လက်သီးချက် နှစ်ဆယ်ကျော် ပစ်လွှတ်ပြီးသွားကြတော့သည် ။ သို့သော် ထိုအချိန်ထိတိုင် မည်သည့်ဘက်ကမှ နောက်ဆုတ်မသွားခဲ့ကြချေ။

လောထျန်းက ၎င်းကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။

" ကဲ ..လောရုံ၊ ပြန်လာခဲ့တော့ "

လောရုံက သူ့ကို ပြန်လှည့်ကြည့်ကာ ပြော၏။

" အကိုထျန်း ၊ ရတယ်ဗျ ။ ကျုပ် ဆက်ပြီး တိုက်ခိုက်နိုင်သေးတယ် "

လောထျန်းက မျက်နှာတည်ဖြင့် ထပ်ပြောလိုက်သည်။

" ငါတို့မှာ အချိန် အဲ့လောက် မရှိဘူးကွ "

ထိုစကားကို ကြားမှသာ လောရုံ ခေါင်းညိတ်လိုက်ပြီး လောထျန်းဆီသို့ ပြန်ရောက်လာသည်။

လောရုံ နောက်ဆုတ်သွားသည်ကို မြင်သည့်အချိန်တွင်မူ ကျောက်တုံးရုပ်ထုက ဆက်မတိုက်ခိုက်တော့ဘဲ ၎င်း၏ မူလနေရာအတိုင်းသာ ပြန်နေလိုက်၏။

ထိုအချိန်မှာပင် လောထျန်းက ကျောက်တုံးရုပ်ထုဆီသို့ လျှောက်လာသည်။

ဘုန်း ...

ကျောက်တုံးရုပ်ထုက လောထျန်း၏ အရောင်အဝါကို အာရုံခံမိသွားကာ လှုပ်ရှားသွားပြန်သည်။

ထို့နောက်တွင်မူ ၎င်းက လောရုံကို လုပ်ခဲ့သည့်အတိုင်း လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်၏။

သို့သော် လောထျန်းကမူ ၎င်းကို တိုက်ခိုက်လိုစိတ် လုံးဝ ရှိမနေပါ ။

ထိုအစား .. လောထျန်းက လက်ကို အနည်းငယ် မြှောက်၍ ကျောက်တုံးရုပ်ထုကို ကိုင်ပြီး နောက်သို့သာ လွင့်ပစ်လိုက်သည်။

ဝှီး . ...

ကျောက်တုံးရုပ်ထုမှာ သာမာန်ကျောက်တုံးတစ်ခုအလား တောင်စောင်းတလျှောက် လိမ့်ကျသွားတော့၏။

လောထျန်းက တစ်ချက်တည်းဖြင့် တုကျဲ့အဆင့်ရှိ ကျောက်တုံးရုပ်ထုတစ်ခုကို အမှိုက်တစ်ခုနှင့်မခြား လွှင့်ပစ်ခဲ့သည်လား ...

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားကြသည်။

" ဘာတွေ ကြည့်နေကြတာလဲ ။ သွားကြမယ်လေ "

လောထျန်းက သူ့လူများကို လှည့်ကြည့်ကာ ဆော်သြ၏။

" အ .. ဟုတ်ကဲ့ ၊ ကျုပ် လမ်းပြပေးပါ့မယ် "

စွန်းရှို့မှာ ထိုအချိန်မှသာ အသိဝင်လာပြီး လောထျန်းနောက် လိုက်သွားလိုက်သည်။

ထိုအချိန်.. ဆုမီတောင်ခြေရင်း၌ ...

အစောက လောထျန်းတို့ လူအုပ်အား အခြားလမ်းမှ တက်ကြရန် ပြောခဲ့သည့် လူမှာ လက်ပိုက်လျက်ပင် ကြည့်နေ၏။

လောရုံနှင့် ကျောက်တုံးရုပ်ထုတို့ တိုက်ခိုက်နေသံကို ကြားသည့်အချိန်တွင်မူ သူ အံ့သြမှင်သက်သွားခဲ့ရသည်။

" ဘုရားရေ .. ဒီကောင်တွေက ငါ ထင်ထားသလို သာမာန်လူတွေ မဟုတ်ကြဘူးပဲ ။ သူတို့က ကျောက်တုံးရုပ်ထုနဲ့ ရင်ဆိုင်နေရတာတောင် ဒီလောက်အကြာကြီး တောင့်ခံနိုင်ကြတယ်ပေါ့ "

" ဒါပေမယ့် .. ဒီကောင် ရှုံးမှာပါပဲကွာ "

သူတစ်ကိုယ်တည်း ရေရွတ်လိုက်သည် ။

ထိုအချိန်မှာပင် ..

ဝှီး ...

ဆုမီတောင်စောင်းမှ အရိပ်တစ်ခု ပြုတ်ကျလာ၏။

၎င်းကို မြင်သောအခါ အစောက လူ၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" မင်းတို့လဲ တောင်ပေါ်က တွန်းချခံရမှာလို့ ငါ ပြောသားပဲ ။ အခုတော့ ကြည့်ပါဦး ။ အစောဆုံး ကျလာတာ ဘယ်သူလဲ .. မှန်းစမ်း ..  "

သူက အပြုံးဖြင့် ပြောလိုက်သည်

ထို့နောက်တွင်မူ ...

ဘုန်း ..

အသံကျယ် တစ်သံနှင့်အတူ အရိပ်ကြီးက မြေ​ပြင်သို့ ကျသွား၏။

၎င်းကို မြင်သည်နှင့် ထိုလူ၏ မျက်နှာပေါ်မှ အပြုံးက ချက်ချင်းပျောက်သွားကာ ကြက်သေသေသွားသည်။

" ကျောက်တုံးရုပ်ထုပါလား ၊ ခင်ဗျားက .. ဘယ်လိုဖြစ်ပြီး အောက်ကို ကျလာရတာလဲ "

သူ အံ့သြတကြီး ပြောလိုက်သည်။

ထိုအချိန်မှာပင် ..

ဝီ ...

ကျောက်တုရုပ်ထုက မြေကြီးပေါ် လဲနေရာမှ ပြန်ထောင်လာကာ ထိုလူဆီသို့ ချက်ချင်း အကြည့်ရောက်သွား၏။

ထို့နောက်တွင်မူ ကျောက်တုံးရုပ်ထုက ထိုလူအား စတင်တိုက်ခိုက်လိုက်တော့သည်။

ထိုလူ .. ချက်ချင်း အံ့သြတုန်လှုပ်သွား၏။

" ချီး .. မင်းကို ပစ်ချခဲ့တာ ငါ မဟုတ်ဘူးလေ ။ ဘာဖြစ်လို့ ငါ့ကို တိုက်ခိုက်နေတာလဲ "

သူ ဒေါသတကြီး အော်လိုက်သော်လည်း ၎င်းမှာ မည်သို့သော အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပါ။ 

ထို့နောက် တွင်မူ ထိုလူက ရှေ့ကပြေး၍ ကျောက်တုံးရုပ်ထုက သူ့နောက်မှ ​လိုက်နေသည်ကို အားလုံး မြင်ကြရမည်ဖြစ်သည်။

ထိုစဥ် .. ဆုမီတောင်စောင်း၌ ...

လောထျန်းတို့ လူစု တောင်တက်လမ်းအတိုင်း ဆက်လျှောက်လာပြီး အချိန်အတန်ငယ် ကြာသွားပြီးနောက် ..  သူတို့ရှေ့တွင် ဂူတစ်လုံး ရုတ်တရက် ပေါ်လာ၏။

၎င်းကို မြင်သည်နှင့် စွန်းရှို့၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

" ဘုရားရေ .. ကျုပ်တို့ တော်တော်ကံကောင်းတာပဲ "

လောထျန်းက သူ့ကို ကြည့်ကာ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ "

စွန်းရှို့က စိတ်လှုပ်ရှားစွာ ပြန်ဖြေ၏။

" သခင်လေးလောထျန်း ၊ ဒီ ဂူက ထျန်းလင်သတ္ထုတွင်းကို ဝင်တဲ့ ဝင်ပေါက်ပဲဗျ "

" ထျန်းလင်သတ္ထုတွင်း .. ဟုတ်လား "

လောထျန်းနှင့် သူ့ညီ ၊ ညီမ နှစ်ယောက်လုံး နားမလည်နိုင် ဖြစ်သွားကြသည်။

၎င်းကို မြင်သောအခါ စွန်းရှို့က ချက်ချင်း ရှင်းပြသည်။

" ဆုမီတောင်မှာ အရွယ်အစား ပေါင်းစုံနဲ့ ဂူတွေ ရာချီပြီး ရှိတယ်ဗျ ။ ဒီဂူတွေက သူတို့ရဲ့ သတ်မှတ်ချက်အတိုင်းပဲ လည်ပတ်ကြတာ။ တစ်ခါတလေဆို ပေါ်လာတယ် ၊ တစ်ခါတလေဆို ဘယ်လိုရှာရှာ မတွေ့ဘဲ ပုန်းနေကြတယ် ။ဘယ်အချိန်မှာဘယ်ဂူ ပေါ်လာမယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်တာမို့ ဂူတွေ့တာ ၊ မတွေ့တာက ကံတရားအပေါ်မှာပဲ မူတည်တယ်ဗျ "

" ပြီးတော့ အဲ့လို ဂူတွေထဲမှာရှိတဲ့ ပစ္စည်းတွေကလဲ တစ်ခုနဲ့တစ်ခု မတူကြဘူး။ ဒါပေမယ့် အထဲမှာ ရှိတဲ့ သတ္ထုတွေရဲ့ အရွယ်အစားအပေါ် မူတည်ပြီး ( အဆင့်မြင့် ၊အလယ်အလတ်အဆင့် ၊ အဆင့်နိမ့် ) ဆိုပြီး အမျိုးအစား သုံးခုတော့ ခွဲထားတယ် ။ အခု ဒီ ထျန်းလင် သတ္ထုတွင်းက အဆင့်မြင့် သတ္ထုတွင်းတစ်ခုပဲ "

" ဒီ ဂူထဲမှာရှိတဲ့ ထျန်းလင် သတ္ထုတွင်းထဲမှာ အင်မတန် ထူးခြားတဲ့ စိတ်စွမ်းအင် သတ္တုရိုင်းတစ်မျိုး ရှိတယ်ဗျ ။ ဒီ စိတ်စွမ်းအင် သတ္ထုရိုင်းရဲ့ ထူးခြားတဲ့အချက်က ဘာလဲဆိုရင် .. ဒီပစ္စည်းကို ပုံမှန်လို လက်နက်တွေကို သန့်စင်တဲ့နေရာမှာ မသုံးဘဲ လူတွေက စုပ်ယူကြတာပဲ "

လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။

" လူတွေက စုပ်ယူတယ် ..ဟုတ်လား "

စွန်းရှို့က ခေါင်းညိတ်ကာ စကားဆက်၏။

" ဟုတ်တယ်ဗျ ။ ဒီပစ္စည်းကို တိုက်ရိုက် စုပ်ယူလို့ ရတယ်။ အဲ့လို စုပ်ယူပြီးသွားရင် ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ အဆင့်တိုးသွားအောင် လုပ်ပေးနိုင်တယ်။ သီအိုရီ သဘောတရားအရပဲ ပြောရမယ်ဆိုရင်တော့ လုံလောက်တဲ့ ကောင်းကင် စိတ်စွမ်းအင် သတ္ထုရိုင်း ရှိထားရုံနဲ့ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်က လူတစ်ယောက်က တုကျဲ့အဆင့်ကိုတောင် ရောက်သွားနိုင်တယ်ဗျ "

ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြသည်။

ထိုပစ္စည်းက စွန်းရှို့ပြောသည့်အတိုင်းသာ ကျင့်ကြံခြင်းအဆင့်ကို အမှန်တကယ် တိုးစေသည် ဆိုပါက သူ့အတွက် အလွန်အသုံးတည့်မည့် အရာပင် .. ။

သူသည် ကျင့်ကြံခြင်း အဆင့်ငယ်များကို အလွယ်တကူ အဆင့်တက်သွားအောင် လုပ်နိုင်သော်ငြား ...

အဆင့်ကြီးတစ်ခု တက်ရျန်ဆိုလျှင်မူ .. ကန့်သတ်ချက်များက အလွန်များပြားလှပေသည်။

ယခု ထျန်းလင်စိတ်စွမ်းအင် သတ္ထုရိုင်းက ထိုအတားအဆီးများကို ကျော်ဖြတ်ရန် ကူညီပေးနိုင်ပါမည်လား ....

" အထဲဝင်ကြစို့ "

လောထျန်းက ပြောလိုက်သည်။

ထို့နောက်တွင်မူ သူတို့အားလုံး ဂူထဲသိူ့ တစ်ပြိုင်နက်တည်း ခြေချလိုက်ကြ၏။

ထိုဂူမှာ အပြင်မှ ကြည့်လျှင် ဂူအစစ်တစ်ခုနှင့် အလွန်တူနေခဲ့သော်လည်း ...အထဲသို့ နောက်သွားမှသာ ၎င်းက တည်နေရာရွှေ့ပြောင်းခြင်း အစီအမံတစ်ခုသို့ ဝင်ပေါက် ဖြစ်နေမှန်း လောထျန်း သိလိုက်ရသည်။

သူတို့အားလုံး ဖြစ်ပျက်နေသည့် အခြေအနေကို သဘောပေါက်သွားသည်ါ အချိန်တွင်မူ နေရာသစ်တစ်ခုသို့ပင် ရောက်နေခဲ့လေပြီ။

" ကဲ .. ကြည့်ကြည့်မယ် "

လောထျန်းက ချက်ချင်းပင် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ စစ်ဆေးကြည့်လိုက်ရာ သူတို့ရောက်နေသည့် နေရာမှာ  ဘေးပတ်ပတ်လည် မိုင်နှစ်ရာခန့် ကျယ်ပြောသည့် နေရာကြီးတစ်ခု ဖြစ်နေမှန်း မြင်လိုက်ရသည်။

သတ္ထုတွင်း အထဲတွင်လည်း သူတို့ထက် အရင်ရောက်နေခဲ့သည့် လူများ များစွာပင် ရှိနေကြ၏။

ထိုစဥ် .. ရုတ်တရက် .. သူနှင့် ရင်းနှီးသည့် အရောင်အဝါ တချို့ကို လောထျန်း တွေ့သွားပြီး   ပြုံးလိုက်သည်။

" ဟိုနားကို သွားကြစို့ "

လောထျန်းက ပြောကာ ရှေ့ဆုံးမှ ထွက်သွားလိုက်သည်။

All Chapters