← Chapters

ပြန်တိုက်ခိုက်ကြ

Vol. 14 Ch. 191

ပြန်တိုက်ခိုက်ကြ

Vol. 14 Ch. 191

" အကိုကြီး ၊ အဲ့လူက ဘယ်သူလဲဗျ "

ချီပမ်နောက်မှ လူတစ်ယောက်က မေးလိုက်သည်။

ချီပမ်က သက်ပြင်းချ၍ ပြောပြ၏။

" အဲ့ဒါ ဝိဥာဥ်မီးတောက် အဘိုးအို ပေါ့ "

" ဝိဥာဥ်မီးတောက် အဘိုးအို  ... "

ထိုအမည်ကို ကြားသည်နှင့် ချီပမ်နောက်မှ လူများအားလုံး အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

" ဒီလူက မှော်လက်နက်တစ်ခုကြောင့်မို့ ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုရဲ့အမဲလိုက်တာကို ခံခဲ့ရတဲ့လူ မဟုတ်လား "

ချီပမ်က ခေါင်းညိတ်ပြ၏။

" အမှန်ပဲ "

အားလုံး ထိတ်လန့်သွားကြပြန်သည်။

ချီပမ်က လက်ယမ်းပြကာ စကားဆက်၏။

" အရမ်း မကြောက်ကြပါနဲ့ ။ သူက အစွမ်းထက်တယ် ဆိုပေမယ့် ငါကို့ဂိုဏ်းကိုတော့ စော်ကားမှာ မဟုတ်ပါဘူး။အဆိုးဆုံး အခြေအနေ ဆိုရင်တောင် သူ့ကို ငါတို့ရဲ့  အကျိုးအမြတ်ထဲကနေ နည်းနည်းလေးလောက်ပဲ ခွဲပေးရမှာပါ "

ချီပမ်က ထိုသို့ ပြောပြီးနောက် ရှေ့တိုး၍ ဝိဥာဥ်မီးတောက် အဘိုးအို အား ဦးညွှတ် အရိုအသေပေးလိုက်သည်။

" သခင်ကြီး ဝိဥာဥ်မီးတောက် ကို  ဖေးယန်ဂိုဏ်းက ကျုပ် ချီပမ် အရိုအသေ ပြုပါတယ် "

ဝိဥာဥ်မီးတောက် အဘိုးအို ( ဟောင်လင်ရှို့ )ကမူ ကောင်းကင်ယံမှ ဆင်းသက်လာစဥ်ကတည်းက ထျန်းလင်သတ္ထုရိုင်းများအပေါ်တွင်သာ အာရုံရောက်နေခဲ့၏။

ချီပမ်က စကားစလာမှသာ သူ အသိပြန်ဝင်လာပြီး ဘေးသို့ လှည့်ကြည့်လိုက်သည်။

" ဖေးယန် ဂိုဏ်းက .. ဟုတ်လား ၊ ဘာအတွက် အရိုအသေ ပေးတာလဲ "

ဟောင်လင်ရှို့က မျက်နှာသုန်မှုန်စွာဖြင့် ပြန်ပြောသည်။

ချီပမ်က အပြုံးဖြင့် ပြော၏။

" ဒီ ထျန်းလင်သတ္ထုရိုင်းတွေက ကျုပ်တို့ဖေးယန်ဂိုဏ်းရဲ့ အပိုင်ပဲဗျ ။ ဆိုတော့ .. သခင်ကြီး ဒီပစ္စည်းတွေကို မထိပါနဲ့ .. "

သူ့စကားကို ကြားသည်နှင့် တဖက်မှ လင်ကျိုးရန်က ဒေါသတကြီး အော်ပြောလာသည်။

" ချီပမ် ..မင်းမှာ အရှက် လုံးဝ မရှိဘူးလား။ ဒါတွေက ဘယ်တုန်းက မင်းအပိုင် ဖြစ်သွားရတာလဲ "

ချီပမ်၏ မျက်လုံးများ ချက်ချင်း အေးစက်သွားကာ ပြန်ပြော၏။

" ပါးစပ် ပိတ်ထားစမ်း ၊ ဒီမှာ မင်းကို ဘယ်သူက စကားပြောခွင့်ပေးလို့လဲ "

သူက ထိုသို့ပြောပြီးနောက် ဟောင်လင်ရှို့ဘက် လှည့်ကာ အပြုံးဖြင့် ဆက်ဆိုသည်။

" သခင်ကြီး ၊ ခုနက ကျုပ်ပြောတာကို ဘယ်လို သဘောရလဲ "

ဟောင်လင်ရှို့က ဂရုမစိုက်ဟန်ဖြင့် နှာခေါင်းနှိုက်နေရင်း ပြန်မေး၏။

" မင်း ပြောလို့ ပြီးပြိလား "

ချီပမ်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

" ပြီးပြီ "

" ပြောလို့ ပြီးပြီဆိုရင် ဒီကနေ ထွက်သွားတော့ "

ဟောင်လင်ရှို့က အေးစက်စက် ပြန်ပြော၏။

" ဟင် .. "

ချီပမ်တစ်ယောက် မျက်လုံးပြူးသွားရသည်။ တဖက်လူက ဤမျှ မလေးမစား လုပ်လာလိမ့်မည်ဟု သူ အမှန်ပင် မထင်ထားမိခဲ့ပါ။

အခြားအချိန်တွေဆိုလျှင် သူ ၎င်းကို ဂရုမစိုက်ဘဲ အသာတကြည်သာ ခွင့်လွှတ်ပေးလိုက်မည် ဖြစ်သော်လည်း ...

လောလောဆယ်တွင်မူ ထိုသို့ လုပ်ရန် မဖြစ်နိုင်ပေ။ သူတို့ရှေ့မှ ထျန်းလင်သတ္ထုရိုင်းများက အလွန်များပြားလှပေရာ လက်လျှော့လိုက်ပါက အရှုံးကြီးရှုံးသွားပေရလိမ့်မည် ။

ထို့ကြောင့် သူက အံကြိတ်ကာ ပြန်ပြောလိုက်သည်။

" သခင်ကြီး ၊ ဖေးယန်ဂိုဏ်းဆိုတာ အကိုချူစန်းယန်ရဲ့ ဂိုဏ်းမှန်း သခင်ကြီး သိတယ်မဟုတ်လား။ကျုပ်တို့ အကိုကြီး ချူက လက်ရှိ ထျန်းယွမ်အင်ပါယာရဲ့ လျှို့ဝှက်နဂါးစာရင်း မှာ အဆင့် ၁ ရထားတာဗျ ။ သူက နောင်အနာဂါတ်မှာလဲ ထျန်းယွမ်အင်ပါယာရဲ့ နံပါတ် ၁ အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ သေချာတယ် "

" ဒီတော့ ကျုပ်တို့ အကိုကြီးချူကိုသာ စော်ကားလိုက်ရင် သခင်ကြီးရဲ့ အနာဂါတ်ကလဲ ခက်ခဲသွားရလိမ့်မယ်။ အဲ့တော့ဗျာ .. ဖေးယန်ဂိုဏ်းကို မျက်နှာမထောက်ချင်ရင်တောင် ကျုပ်တို့ရဲ့ အကိုကြီးချူ ကို မျက်နှာထောက်သင့်တယ်ဗျ "

ချီပမ်သည် .. ဖေးယန်ဂိုဏ်း၏ နာမည်ထက် ချူစမ်းယန်၏ နာမည်ကို သုံးခြင်းက ပိုကောင်းမည်ဟု ယူဆကာ ပြောလိုက်ခြင်းဖြစ်ကြောင်း သိသာလှ၏။

သို့သော် ဝိဥာဥ်မီးတောက် အဘိုးအိုက သူ့ကို တစ်ချက်သာ လှည့်ကြည့်ပြီးနောက် လက်ဝါးဖြင့် ရိုက်ချပစ်လိုက်တော့သည်။

ဝုန်း ..

ချီပမ်တစယောက် ချက်ချင်း နောက်သို့ လွင့်စင်ထွက်သွား၏။

" ချီးပဲ ၊ ဘာတဲ့ ... ချူစန်းယန် .. လျှို့ဝှက်နဂါးစာရင်း  .. ဟုတ်လား ။ ကောင်လေးတစ်ကောင်က ငါ့ရှေ့မှာ မျက်နှာရအောင် လာကြိုးစားနေတယ်ပေါ့လေ။ မင်းဘေးက လူတွေကိုလဲ လှည့်ပြီး မေးကြည့်လိုက်ဦး ၊ ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာ ငါ ဘယ်သူါ့ကို မျက်နှာသာပေးဖူးလဲလို့ ။ မင်းပါးစပ်ကနေ ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားမျိုး နောက်တစ်ခွန်း ထပ်ထွက်လာတာနဲ့ မင်းကို ငါ သတ်ပစ်မှာနော် ၊ ငါပြောတာကို ယုံချင်ယုံ မယုံချင်နေ "

ဝိဥာဥ်မီးတောက် အဘိုးအိုက ချီပမ်အား လက်ညိုးတထိုးထိုးဖြင့် ပြောဆိုလိုက်သည်။

ချီပမ်မှာ အဘိုးအိုလက်ချက်ဖြင့် ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရသည့်အပြင် အဆဲအဆိုပါ ထပ်ခံလိုက်ရသေးသဖြင့် စကားတစ်ခွန်းမှ  ပြန်မပြောနိုင်တော့ချေ။

သူ ဆုမီတောင်အပြင်သို့ ပြန်ရောက်သွားမှသာ ချူစန်းယန်အား အကြောင်းစုံ ပြောပြပြီး သူ့အတွက် တရားမျှတမှုကို ပြန်ရှာခိုင်းတော့မည်ဟုသာ တိတ်တဆိတ် တေးမှတ်ထားလိုက်သည်

ထိုအချိန်မှာပင် ဝိဥာဥ်မီးတောက် အဘိုးအိုက တဟားဟားရယ်ကာ ပြောလာ၏။

" ကဲ ..  ဒီ ထျန်းလင်သတ္ထုရိုင်းတွေ အားလုံးက ငါ့အပိုင် ဖြစ်သွားပြီ "

သူက ပြောပြောဆိုဆိုပင် တောင်လိုပုံနေသည့် သတ္ထုရိုင်းပုံကြီးဆီသို့ လျှောက်သွားလိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

" ခဏနေပါဦး ၊ ဒီ ထျန်းလင် သတ္ထုရိုင်းတွေက ကျုပ် ပိုင်တဲ့ ဟာတွေလေ ။ ခင်ဗျား ထိလို့ မရဘူး "

သတ္ထုရိုင်းပုံ၏ တဖက်ခြမ်းတွင် ထိုင်နေသည့် လောထျန်းက ရုတ်တရက် ပြောလာ၏။

" ဟင် .. အခု ဘယ်ကောင် ပြောလိုက်တာလဲ ။ ငါ့ကို ထပ်ခါထပ်ခါ နှောင့်ယှက်နေတာ ၊ သေချင်လို့လား "

ဝိဥာဥ်မီးတောက် အဘိုးအိုက ဒေါသထွက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

အဘိုးအိုက ပြောပြောဆိုဆိုပင် လောထျန်းရှိသည့်ဘက်သိူ့ ဝုန်းဒိုင်းကြဲ လျှောက်လာ၏။

သို့သော် ... လောထျန်းကို မြင်လိုက်ရသည့် အချိန်တွင်မူ အံ့သြမှင်သက်ပြီး သူ့တစ်ကိုယ်လုံး ကြက်သေ သေသွားတော့သည်။

လောထျန်းမှာ မြေကြီးပေါ်တွင်သာ အေးအေးလူလူဟန်ဖြင့် မေးကို လက်တစ်ဖက်ထောက်ကာ ထိုင်နေ၏။ သူက ဝိဥာဥ်အဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။

" ကျေးဇူးပြုပြီးတော့ ကျုပ်ကို မျက်နှာသာပေးပြီး ဒီ ထျန်းလင်သတ္ထုရိုင်းတွေကို မထိလို့ ရမလား "

ထိုစကားကို ကြားသောအခါ သူတို့နှင့် ခပ်ဝေးဝေးတွင် ရောက်နေသည့် ချီပမ်တစ်ယောက် လှောင်ပြုံး ပြုံးလိုက်၏။

" ဟား ဟား .. ဒီကောင်လေးက လုံးဝ စိတ်လွတ်နေပြီပဲ။ ဒီ အရူးကြီး ဟောင်လင်ရှို့က ငါ့အကိုကြီး ချူစန်းယန်ကိုတောင် မျက်နှာမထောက်တာကို သူ့ကိုများ မျက်နှာသာ ပေးမယ် ထင်နေတယ်ပေါ့ ။ ရယ်စရာကောင်းလိုက်တာ ။ ဟောင်လင်ရှို့ ၊ ဒီကောင့်ကို ငါ့ကိုယ်စား အသေရိုက်သတ်လိုက်စမ်းပါ "

သူ့ စိတ်ထဲမှလည်း တစ်ကိုယ်တည်းတွေးကာ ကျိန်ဆဲလိုက်သေးသည်။

သို့သော် ..လောထျန်းကို မြင်လိုက်ပြီးနောက် စစချင်း အံ့သြမှင်သက်နေခဲ့သည့် ဟောင်လင်ရှို့၏ မျက်နှာတွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာမည်ဟု မည်သူ ထင်ထားပါမည်နည်း။

" အိုး .. ကျုပ်က ဘယ်သူများလဲလို့ တွေးနေတာ ၊ လတ်စသတ်တော့ သခင်လေး လောထျန်း ဖြစ်နေတာကိုး "

ဟောင်လင်ရှို့က အပြုံးဖြင့် မျက်နှာချိုသွေးကာ ပြောလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေကြသည့် ဘေးပတ်ဝန်းကျင်မှ လူများအားလုံး အံ့သြမှင်သက်သွားကြကုန်၏။

အထူးသဖြင့် ချီပမ်ပင် ..

အစောကလေးပင်  ဝိဥာဥ်မီးတောက် အဘိုးအိုးက သဘောထား မတိုက်ဆိုင်မှုလေး တစ်ခုအတွက် သူ့ကို ပြင်းပြင်ထန်ထန် ရိုက်ပစ်ခဲ့သည် မဟုတ်ပါလား ။

ထိုအဘိုးအိုက သူ့ကို အနည်းငယ်လေးပင် မျက်နှာသာ မပေးခဲ့ပါ။

သို့သော် .. ယခုတွင်မူ ထိုအဘိုးကြီးက မည်သည့်အတွက်ကြောင့် ချက်ချင်းယဥ်ကျေးသွားရပါသနည်း။

သူ့ပုံစံမှာ လောထျန်းအား စိတ်ကျေနပ်အောင် လုပ်ပေးချင်နေဟန်ပင် ။

တဖက်မှ လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။

" ဟုတ်ပါတယ် ၊ ကျုပ်ပါ ။ ဒီ ထျန်းလင်သတ္ထုရိုင်းတွေ အားလုံးက ကျုပ်အပိုင်ပဲဗျ။ အဲ့တော့ ကျုပ်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ ဒါတွေအားလုံးကို မထိလို့ ရမလား "

လောထျန်း၏ စကားဆုံးသည်နှင့် ဟောင်လင်ရှို့က ချက်ချင်း ပြန်ပြော၏။

" သခင်လေးလောထျန်း ၊ ဘာတွေ ပြောနေတာလဲဗျ ။ ဒါတွေက သခင်လေးလောထျန်းရဲ့ အပိုင်မှန်းသာ သိခဲ့ရင် ကျုပ် အစောကတည်းက လုံးဝ မထိပါဘူးဗျာ " 

ဝိဥာဥ်မီးတောက် အဘိုးအိုက ထိုသို့ပြောပြီးသည်နှင့် သူ့လက်မောင်းမှ ဟင်းလင်းပြင် လက်စွပ်တစ်ကွင်းကို ယူကာ ထျန်းလင်သတ္ထုရိုင်းအချို့ကိုလည်း ထုတ်လိုက်သေးသည်။

" သခင်လေးလောထျန်း ၊ ဒီ ထျန်းလင်သတ္ထုရိုင်းတွေက ကျုပ် အစောက လုခဲ့ ... အဲ .. တူးခဲ့တဲ့ ဟာတွေဗျ ။ ဒါတွေကို သခင်လေးကို ပေးပါရစေ "

သူက လောထျန်းအား သတိထားကြည့်ကာ ဆက်ပြောလိုက်သည်။

လောထျန်း မည်မျှအစွမ်းထက်သည်ကို အခြားသူများက သိချင်မှ သိကြမည် ဖြစ်သော်လည်း သူကမူ ကောင်းကောင်းကြီး သိထားပါသည်။

ဆုမီတောင် မဖွင့်ခင် အချိန်က ဟဲ့ဒုံမြို့ အပြင်ဘက်၌ သူတို့လူစုမှာ မသေမျိုး အစီအမံကြောင့် အသတ်ခံရမလို ဖြစ်နေခဲ့စဥ်တွင် လောထျန်းက ၎င်းအစီအမံကို မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း ချိုးဖျက်ပစ်ခဲ့၏။

ထို့အပြင် မူစန်းထုံကလည်း လောထျန်း၏ လက်ချက်ဖြင့် စက္ကန့်ပိုင်းလေးအတွင်း သေသွားခဲ့ရပါသေးသည်။

သူနှင့် မူစန်းထုံတို့မှာ အစွမ်းအရာ၌ အတူတူနီးပါးပင် ဖြစ်ပေရာ ..

လောထျနက မူစန်းထုံကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်နေလျှင် သူ့ကိုလည်း စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်သည်ဆိုသည့် သဘောပင် ဖြစ်ပါသည်။

သို့ဖြစ်ရာ .. အကယ်၍ လောထျန်းကိုသာ စော်ကားခဲ့မိပါက မိမိကိုယ်ကို သေကြောင်း ကြံစည်ခြင်းနှင့် မည်သို့ ခြားပါတော့မည်နည်း။

ဟာင်လင်ရှို့ ဆိုသည့် သူသည် စိတ်ထင်ရာ လုပ်တတ်သည့် အရူးတစ်ယောက်ဟု ပြော၍ ရသော်လည်း ဥိးနှောက်မဲ့သူတစ်ယောက် မဟုတ်ပါ။

သို့သော် ... သူတို့လူစု ကြောက်နေခဲ့ကြသည့် အစီအမံမှာ လောထျန်းက အစမ်းလုပ်ကြည့်ထားသည့် အစီအမံ ဖြစ်နေသည်ကိုမူ သူ မသိခဲ့ပါ။

၎င်းကိုသာ သိသွားခဲ့ပါက သူ လောထျန်းအား ယခုထက် ပို၍ပင် ကြောက်နေမည် ဖြစ်သည်။

လောထျန်းက သူ့ကို ကြည့်ကာ ခေါင်းတစ်ချက်ညိတ်ပြ၏။

" ခင်ဗျားရဲ့ ထျန်းလင် သတ္ထုရိုင်းတွေကိုတော့ ကိုယ်တိုင်ပဲ သိမ်းထားပါဗျာ "

ဟောင်လင်ရှို့က အသံတိိမ်တိမ်ဖြင့် ဆက်မေးလာသည်။

" ဒါဆို .. ကျုပ် .. ထွက်သွားလို့ ရပြီလားဟင် "

ဟောင်လင်ရှို့သည် ဤနေရာတွင် လိုအပ်သည်ထက် တစ်စက္ကန့်မျှပင် ပိုမနေချင်ပါချေ။

အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့မှ လောထျန်းမှာ အလွန် နားလည်ရခက်သည့်ပုံ ပေါက်နေသည့်အတွက်  သူ့အန္တရာယ်သူ အလွန်စိုးရိမ်မိသောကြောင့်ပင် ။

" ကောင်းပါပြီ ၊ ကျုပ်တော့ လိုက်မပို့တော့ဘူး "

လောထျန်းက ပြန်ပြော၏။

" ကျေးဇူးတင်ပါတယ် သခင်လေး "

ဝိဥာဥ်မီးတောက် အဘိုးအိုမှာ အသက်ဘေးမှ ကင်းလွှတ်ခံလိုက်ရသည့်အလား မျက်နှာဝင်းပသွားသည်။ ထို့နောက် ချက်ချင်း နောက်လှည့်ကာ မီးအလင်းတန်း တစ်ခုအဖြစ် ပြောင်းလိုက်ပြီး အသည်းအသန် ပြေးသွားတော့၏။

အားလုံးမှာမူ ထိူမြင်ကွင်းကို အံ့သြမှင်သက်စွာ ကြည့်ရင်း ကျန်နေခဲ့ကြသည်။

အထူးသဖြင့် ချီပမ်မှာ အခြေအနေကို နားမလည်နိုင်ဘဲ အလွန်စိတ်ရှုပ်ထွေးသွား၏။

ဘာတွေ ဖြစ်နေပါသနည်း။

ထို ဝိဥာဥ်မီးတောက် အဘိုးအိုက မည်သည့်အတွက်ကြောင့် လောထျန်းအား အလွန် ကြောက်ရွံ့ဟန် ပေါက်နေရပါသနည်း။

လောထျန်းမှာ သူ့ထက်ပင် အသက်ငယ်သေးဟန်တူပေသည် ။ ထိုလူငယ်လေးက ဘာကြောက်စရာ ရှိပါသနည်း။

ထိုအချိန်တွင် လောထျန်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ချီပမ်တို့ လူစုကို ကြည့်ကာ ပြောလိုက်သည်။

" ခုနတုန်းက ကျုပ် မိတ်ဆွေတွေကို ထိုးကြိတ်အနိုင်ကျင့်ခဲ့တာ မင်း မဟူတ်လား "

ချီပမ်က အံကြိတ်၍ ခေါင်းမော့ကာ ပြန်ဖြေ၏။

" အမှန်ပဲ "

လောထျန်းက ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် လက်ချောင်းထိပ်လေးများဖြင့် အသာအယာ တောက်လိုက်သည်။

ဝုန်း ...

ကြောက်မက်ဖွယ် ဖိအားတစ်ခုကြောင့် ချီပမ်တို့လူစု မြေကြီးပေါ်တွင် ဒူးထောက်ကျသွားကြ၏။ သူတို့ နေရာပင် မရွှေ့နိုင်ကြတော့ချေ။

" မင်း ..ဘာလုပ်လိုက်တာလဲ "

ချီပမ်တို့ အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

လောထျန်းက သူ့ကို လျစလျူရှုထားကာ လင်ကျိုးရန်တို့ သုံးယောက်ဘက် လှည့်၍ ပြောလိုက်သည်။

" ကဲ ..ပြန်တိုက်ခိုက်ကြလေ "

All Chapters