သတ်ဖြတ်ခြင်း
Vol. 149 Ch. 2223
ထိုက်ဟွာကဲ့သို့ ထိပ်သီးကမ္ဘာမြေအင်မော်တယ်များ၏ ဝမ်းရံပိတ်ဆို့ခြင်းခံထားရစဥ်မှာ အရင်ဆုံးစတင်တိုက်ခိုက်သူက ဆူဇီမိုဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
သတ်ဖြတ်လိုစိတ်နှင့် ပြည့်နှက်နေသည့် မရေမတွက်နိုင်သောဓားချီများကနေ စုဖွဲ့လာသည့် အနှိုင်းမဲ့ကြမ်းကြုတ်တောကောင်တစ်ကောင်က မြေကြီးထဲကနေတိုးထွက်လာပြီး ချင်ချန်ဇီကို ကိုက်ချလိုက်၏။
ဆူဇီမို၏ တိုက်ခိုက်မှုသည် မြေကြီးအောက်ကနေ ထွက်လာလိမ့်မည်ဟု ချင်ချန်ဇီက ထင်မှတ်မထားခဲ့ပေ။
အဆင့်-၅ ၏ မြေဆွဲအားက အပြင်လောကမှာထက် များစွာကြီးမားပြီး လူတိုင်း၏ခြေဖဝါးအောက်ရှိမြေပြင်ကလည်း အပြင်ဘက်မှာရှိသောမြေပြင်ထက် များစွာပိုမိုမာကြောလေသည်။
ဆူဇီမို၏ ဖနှောင့်ပေါက်ချက်ဖြင့် မြေပြင်အက်ကွဲသွားသည့်မြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်း၏။
ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်တစ်ကောင်က သူ၏ အောက်ဘက်ကနေ ရိပ်ခနဲတိုးထွက်လာပြီး သတ်ဖြတ်လိုသောအော်ရာတစ်ခုနှင့်အတူ သူ့ထံသို့ ခုန်ဝင်လာသောအခါ ချင်ချန်ဇီက အနည်းငယ်မှင်တက်နေ၏။
“သွား”
မည်သို့ပင်ဆိုစေ... ချင်ချန်ဇီ၏ တိုက်ခိုက်ရည်ခွန်အားသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်တွင် ထိပ်ဆုံးဆယ်ယောက်ထဲမှာရှိလေသည်။
သူသည် ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် စဦးအရေးနိမ့်သွားသော်လည်း သူ၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်၏။ သူက သူ၏သွေးချီကို လှည့်ပတ်ပြီး လေထဲသို့ပျံတက်ကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားမှုလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
တစ်ချိန်တည်းမှာပင် ချင်ချန်ဇီ၏ လက်နှစ်ဖက်က အောက်သို့အဆက်မပြတ်ဝေ့ယမ်းပြီး သူ၏ အမြုတေချီကို အနက်ရောင်ချီများအဖြစ်စုဖွဲ့ကာ ကြမ်းကြုတ်တောကောင်၏ အလျင်အဟုန်ကို နှောင့်နှေးစေရန် ရစ်ပတ်စေလိုက်၏။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ အခြားသူများကလည်း တစ်ယောင်ပြီးတစ်ယောက်တိုက်ခိုက်လာကြ၏။ သူတို့ထဲမှာအချို့က ဆူဇီမိုထံသို့ပြေးဝင်သွားပြီး အခြားသူများက အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ မြေကြီးထဲကနေတိုးထွက်လာသည့် ကြမ်းကြုတ်တောကောင်ကို တိုက်ခိုက်လိုက်ကြ၏။
ယခုလူတိုင်းက ပူးပေါင်းထားကြပြီး ဆူဇီမိုက ချင်ချန်ဇီအားတိုက်ခိုက်နေသည်ကို သူတို့က ရပ်ကြည့်နေမည်မဟုတ်ပေ။
အင်မော်တယ်ထိုက်ဟွာသည် သူ၏ လက်ညှိုးကို ဆန့်ထုတ်ပြီး လေထဲမှာ ရှုပ်ထွေးပွေလီ၍ တဖျတ်ဖျတ်တောက်ပနေသော ရှေးဟောင်းစာလုံးတစ်ခုကို လျင်မြန်စွာရေးဆွဲ၍ ဆူဇီမိုကို တိုက်ခိုက်ဖို့ပြင်ဆင်လိုက်၏။
ရုတ်တရက်ဆိုသလို...။
တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အင်မော်တယ်ထိုက်ဟွာက တစ်ဘက်သို့လှည့်ကာ လေထဲသို့ခုန်တက်လာသော ချင်ချန်ဇီကို အော်ပြောလိုက်၏။
“အပေါ်ကို သတိထား”
ချင်ချန်ဇီသည် သူ၏ အောက်ဘက်ရှိ ကြမ်းကြုတ်တောကောင်၏ လိုက်လံဖမ်းဆီးမှုကနေလွတ်မြောက်လာစဥ် သူက အသက်ရှုခွင့်ရပြီး သူ၏ စိတ်ကို အနည်းငယ်လျှော့ချလိုက်စဥ်မှာပင် သူက အင်မော်တယ်ထိုက်ဟွာ၏ သတိပေးသံကိုကြားလိုက်ရ၏။
ထို့နောက်တစ်ဆက်တည်းမှာပင် ကြီးမားသောအရိပ်တစ်ခုက သူ၏ ဦးခေါင်းပေါ်ကနေ အုပ်မိုးလာခဲ့၏။
ပို၍ပင်ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ကိုလွှမ်းခြုံလာပြီး အဲ့ဒါက အရိုးထိတိုင်အေးစက်နေကာ သူ၏ ကိုယ်တွင်းအင်္ဂါများထဲသို့ စိမ့်ဝင်ထိုးဖောက်လုနီးပါးပင်။
ချင်ချန်ဇီသည် ခေါင်းနားပန်းကြီး၍ သူ၏ ခြေလက်များက အေးစက်လာခဲ့၏။ ထိုအခိုက်အတန့်မှာ သူ၏နှလုံးက သူ၏ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မတတ်ဖြစ်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် သေခြင်းရှင်ခြင်း အန္တရာယ်များစွာကို တွေ့ကြုံခဲ့ဖူး၏။
သို့သော်လည်း သူသည် သေခြင်းတရားနှင့် ဤမျှထိနီးကပ်မှုကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
ဖောက်...
သွေးမြူတစ်ခုက ပန်းထွက်လာခဲ့၏။
ချင်ချန်ဇီ၏ ခန္ဓာကိုယ်က ဧရာမပါးစပ်ပေါက်တစ်ခုဖြင့် ဝါးမျိုခံလိုက်ရပြီး သွေးမြူတစ်ခုအဖြစ် ချက်ချင်းပင် ကြိတ်ချေခံလိုက်ရ၏။ သူ၏ အမြုတေကပင် ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးမရဘဲ နေရာမှာပင် ဖျက်ဆီးခံလိုက်ရ၏။
သူသေဆုံးသည့်တိုင်အောင် ချင်ချန်ဇီသည် သူ့ကို ဘယ်အရာက သတ်ဖြတ်ခဲ့သည်ကို မသိရှိခဲ့ပေ။
ဘေးကနေစောင့်ကြည့်နေသော ကျင့်ကြံသူများကတော့ အရာရာတိုင်းကို ရှင်းလင်းစွာတွေ့မြင်နေရ၏။
မြေပြင်က အက်ကွဲသွားပြီး တောင်ပံများနှင့် ကြမ်းကြုတ်တောကောင်က ထွက်ပေါ်လာစဥ် မိုးကောင်းကင်ထက်မှာ အရေမတွက်နိုင်သော ဓားချီများသည် နတ်နဂါးတစ်ကောင်အဖြစ်စုဖွဲ့ပြီး အောက်ကို ထိုးဆင်းလာခဲ့၏။
နဂါးနှင့် မြွေ၏ ပူးပေါင်းတိုက်ခိုက်မှုမှာ သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ရှိနေပြီး ချင်ချန်ဇီက နေရာမှာပင်သေဆုံးသွားရ၏။
ဟာ....
ရင်ပြင်ပေါ်မှာ ပင့်သက်ရှိုက်သံများက ထွက်ပေါ်လာ၏။
မိုးကောင်းကင်ကိုးလွှာမှာ ဖြစ်ပျက်နေသည့်အရာကို တွေ့မြင်သောအခါ ကျင့်ကြံသူများစွာက တုန်လှုပ်သွားကြ၏။
ထိုက်ဟွာနှင့် ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၇ယောက်၏ ဝန်းရံပိတ်ဆို့မှုနှင့် ရင်ဆိုင်ရချိန်မှာ တိုက်ပွဲဖြစ်ပွားလာသည့်ခဏမှာပင် ထိန်းမနိုင်သိမ်းမရနည်းလမ်းများနှင့်အတူ အင်မော်တယ်ပျံဂိုဏ်းမှ ချင်ချန်ဇီကို သတ်ဖြတ်လိုက်သည့်သူက ဆူဇီမိုဖြစ်နေ၏။
“စောစောက နဂါးနဲ့ မြွေက ဘာတွေလဲ... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုလဲ”
“မိုးကောင်းကင်ရှေးဟောင်းကြေးမုံကနေတောင် ငါကသတ်ဖြတ်လိုစိတ်ကို အာရုံခံမိနေတယ်”
“အဲ့ဒါက နတ်ဘုရားစွမ်းအားတစ်ခုလား... လျှို့ဝှက်အတတ်တစ်ခုလား.... ငါအဲ့ဒါကို တစ်ခါမှမမြင်ဖူးဘူး... အဲ့ဒါက ဆူဇီမိုရဲ့ အသန်မာဆုံးဝှက်ဖဲဖြစ်လိမ့်မယ်”
လူအုပ်ကြားထဲမှာ အုန်းအုန်းကျက်ကျက်အသံများ ထွက်ပေါ်လာ၏။
“ကမ္ဘာမြေရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ နဂါးမြွေတို့က ပေါ်ထွက်လာလိမ့်မယ်... ငါထင်တာမမှားဘူးဆိုရင် စောစောကတိုက်ခိုက်မှုက ဒဏ္ဍာရီလာ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ် ဖြစ်လိမ့်မယ်”
ပကတိအင်မော်တယ်ရှဲ့လင်က ဖြည်းဖြည်းချင်းပြောလိုက်၏။
“ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်လား”
“တက္ကသိုလ်က ဆူဇီမိုက မဟာဓားပညာရပ်သုံးခုထဲက နှစ်ခုကို တကယ်ကြီးပိုင်ဆိုင်ထားတာလား”
“အဲ့ဒါကြောင့်ပဲ ယွင်ထင်က သူ့ကို ပေါ်ပေါ်ထင်ထင်စိန်ခေါ်လာခဲ့တာပေါ့”
“ဒီလိုသာဆိုရင်... ချင်ချန်ဇီက ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ကြောင့်သေဆုံးသွားရတာ အံ့အားသင့်စရာမရှိတော့ဘူး”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ပို၍ပင်ကျယ်လောင်သောအသံများက ထွက်ပေါ်လာခဲ့၏။
ကျင့်ကြံသူအများစုသည် ထိုတိုက်ခိုက်မှုကို လုံးဝမသိရှိကြပေ။
ယွင်ထင်တစ်ယောက်တည်းကသာလျှင် အေးဆေးတည်ငြိမ်နေပြီး သူ၏ မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံးတစ်ခုရှိနေ၏။
သူက အံ့အားသင့်မသွားပေ။
ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့စဥ် ယွင်ထင်သည် ဆူဇီမို၏ ဓားပညာရပ်နှစ်ခုကို တွေ့မြင်ခဲ့ပြီးပြီဖြစ်၏။
သို့သော်လည်း ထိုဓားပညာရပ်နှစ်ခုပေါင်းပင်လျှင် သူ၏ လူသားသတ်ဖြတ်ခြင်းဓားကို မယှဥ်နိုင်ခဲ့ပေ။
မိုးကောင်းကင်ကိုးလွှာမှာ...။
ချင်ချန်ဇီ၏ သေဆုံးမှုက တိုက်ပွဲကို ရပ်တန့်မသွားစေပေ။ ထိုအစား... တခြားသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများက ပို၍ပြင်းထန်ကြမ်းတမ်းလာခဲ့၏။
သို့သော်လည်း မည်သူကမှ ဆူဇီမိုကို ထပ်မံ၍ အထင်မသေးရဲတော့ပေ။
ကျင့်ကြံသူများ၏ တစ်စိတ်တစ်ဒေသက တိုက်ခိုက်လိုက်ကြပြီး ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်ကနေ စုဖွဲ့ထားသည့် မျိုးပျံမြွေနဂါးနှင့် နတ်နဂါးကို ဖျက်ဆီးပစ်လိုက်ကြပြီး အခြားသောသူများက ဆူဇီမိုထံသို့ ပြေးဝင်သွားကြ၏။
ထျဲဟန်၏ ကိုယ်ကာယကသန်မာပြီး သူ၏ သွေးချီကလည်း အားကောင်းလေသည်။ အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူက ဆူဇီမိုရှေ့သို့ တစ်ခဏချင်းရောက်ရှိလာပြီး ထိုသူနှင့် အနီးကပ်တိုက်ခိုက်ဖို့ပြင်ဆင်လိုက်၏။
ကြိုတင်ခန့်မှန်း ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အရ ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ အရမ်းသန်မာသည်ကို သူသိထားလေသည်။
အဆင့်-၂ ၏ သမုဒ္ဒရာချိုင့်ဝှမ်းအနက်ပိုင်းထဲမှာတုန်းက သူတို့နှစ်ယောက်က တစ်ခါတိုက်ခိုက်ခဲ့ကြဖူး၏။
သို့သော်လည်း လက်ရှိအခြေအနေက ထိုစဥ်တုန်းကနှင့် လုံးဝကို ကွဲပြားခြားနားသွားလေပြီ။
ချင်ချန်ဇီ၏ သေဆုံးမှုနှင့်ပင်လျှင် ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ပိုင်ဆိုင်ထားသည့် အင်မော်တယ်ထိုက်ဟွာအပါအဝင် နောက်ထပ်ကျင့်ကြံသူဆယ်ယောက်ကျော်က ဆူဇီမိုကို တားဆီးထားကြ၏။
ဆူဇီမိုက အနည်းငယ်စိတ်အာရုံပျက်ယွင်းသွားသည်နှင့် သူသည် အနီးကပ်တိုက်ခိုက်ခြင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။
“ဂါး...”
ရုတ်တရက်ဆိုသလို.. ဆူဇီမိုက ခံ့ညားသောအမူအရာတစ်ခုနှင့်အတူ သူ၏ ပါးစပ်ကိုဖွင့်ဟပြီး မိုးကြိုးနတ်ဘုရားတစ်ပါး၏ စိန်ဒေါမာန်အကြည့်ကဲ့သို့ ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
အဲ့ဒါက နဂါးဟိန်းသံ၊ ဖီးနစ်အော်သံနှင့် အခြားသောတောကောင်များ၏ အော်သံများနှင့်တူနေ၏။
ဆူဇီမိုကို ဗဟိုပြု၍ ကြောက်စရာကောင်းသောအသံပိုင်းစွမ်းအားက အစိုင်အခဲဖွဲ့လုနီးပါးဖြစ်လာပြီး လေစီးကြောင်းများကဲ့သို့ ဖြန့်ကြက်သွားလေသည်။
ကျင့်ကြံသူများစွာက တုန်လှုပ်ချောက်ချားသွား၏။
ကျင့်ကြံသူတချို့သည် ဆူဇီမိုပါးစပ်ဟလိုက်သည်ကို တွေ့မြင်သောအခါ သူတို့က တစ်စုံတစ်ရာလွဲမှားနေသည်ကို နားလည်သဘောပေါက်သွားပြီး သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များကို ခပ်မြန်မြန်ထုတ်ဖော်လိုက်ကြ၏။
သို့သော်လည်း သူတို့၏ အသံပိုင်းလျှို့ဝှက်အတတ်များက ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ထံမှ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိဘဲ အလွယ်တကူ ဖျက်ဆီးခံလိုက်ရ၏။
ထိုကျင့်ကြံသူများ၏ တိုက်ခိုက်မှုများက ချက်ချင်းပျက်ပြယ်သွား၏။
ယခုတင် အင်မော်တယ်ထိုက်ဟွာစုဖွဲ့ထားသော ရှေးဟောင်းစာလုံးကပင်လျှင် ပျက်ပြယ်တော့မည့်လက္ခဏာများ ပြသလာခဲ့၏။
ထျဲဟန်က အရင်ဆုံး ထိခတ်ခံလိုက်ရ၏။
“အား...”
ထျဲဟန်၏ မျက်လုံးက ပြူးကျယ်သွားပြီး မာန်ဖီအော်ဟစ်ကာ ဓမ္မပညာရပ်တစ်ခုကို လှည့်ပတ်လိုက်၏။ သူ၏ နားနှစ်ဖက်ပေါ်တွင် ရေခဲတစ်လွှာက လျင်မြန်စွာဖြစ်ပေါ်လာပြီး နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ သက်ရောက်မှုကို ခုခံပေးလိုက်၏။
ဖျောက်... ဖျောက်...
ရေခဲအလွှာက ချက်ချင်းပင်ကြေမွသွားသော်လည်း အဲ့ဒါသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ အကြီးမားဆုံး ပျက်စီးထိခိုက်မှုကို ပိတ်ဆို့တားဆီးပေးခဲ့၏။
ထျဲဟန်၏ ကိုယ်ကာယနှင့် သွေးချီအရ သူသည် ကျန်ရှိနေသောစွမ်းအားကို ခံနိုင်ရည်ရှိလေသည်။
အခြားသောကျင့်ကြံသူများ၏ တိုက်ခိုက်မှုများက ပျက်ပြယ်သွားသော်လည်း သူတို့၏ အခြေခံအုတ်မြစ်များက ထိခိုက်မသွားပေ။
ကျင့်ကြံသူအချို့၏ သွေးချီက တရုန်းရုန်းထကြွလာပြီး ဆူနာမီသံများက တလိပ်လိပ်ထိုးတက်လာကာ နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ ရိုက်ခတ်မှုကို ခုခံလိုက်ကြ၏။
ကျင့်ကြံသူအချို့မှာ အနည်းငယ်အားနည်းသော ကိုယ်ကာယများရှိသော်လည်း သူတို့သည် အသံပိုင်းလျှို့ဝှက်အတတ်များကိုထုတ်ဖော်ပြီး ပျက်စီးထိခိုက်မှုအများစုကို ချေဖျက်လိုက်ကြ၏။
သူတို့၏ နားများထဲကနေ သွေးများက စိမ့်ထွက်လာခဲ့သော်လည်း သူတို့က သူတို့၏ သွေးချီကို လှည့်ပတ်ပြီး သူတို့၏ ထိခိုက်ဒဏ်ရာများကို ချက်ချင်းပင်ကုသလိုက်ကြ၏။
ကျန်ရှိနေသော ကမ္ဘာမြေအင်မော်တယ် ၁၇ယောက်ထဲမှာ တစ်ဦးကသာလျှင် သူ၏ အကြည့်က ထုံထိုင်း၍ သူ၏ အမူအရာက တောင့်တင်းသွား၏။ သူက နေရာမှာပင်မလှုပ်မယှက်မတ်တတ်ရပ်နေပြီး သူ၏ ဒွာရပေါက်များအားလုံးကနေ သွေးများကစီးကျလာပြီး မြေပြင်ပေါ်ကို လဲကျကာ သေဆုံးသွား၏။
အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်...။
သူ၏ ကိုယ်ကာယနှင့် သွေးချီက အားနည်းပြီး အဲ့ဒါက သူ၏ အကြီးမားဆုံးအားနည်းချက်ဖြစ်၏။
သို့သော်လည်း အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများမှာဆိုလျှင် သူသည် အင်မော်တယ်ထိုက်ဟွာအောက် ဒုတိယနေရာမှာရပ်တည်လေသည်။
ယခုသူသည် တိုက်ခိုက်ဖို့အခွင့်အရေးမရခင်မှာပင် ဆူဇီမို၏ နဂါးဟိန်းသံ လျှို့ဝှက်အတတ်ကြောင့် နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
ထိုကျင့်ကြံသူက မြေပြင်ပေါ်သို့ ပျော့ခွေစွာလဲကျသွား၏။ သူ၏ အရိုးများက နဂါးဟိန်းသံလျှို့ဝှက်အတတ်ကြောင့် ကြေမွသွားခဲ့ပြီဖြစ်၏။
တစ်ခဏချင်းမှာပင် အင်မော်တယ်ပျံဂိုဏ်းမှ လူနှစ်ယောက်က ဆက်တိုက်သေဆုံးသွားခဲ့ကြ၏။