← Chapters

လက်ဦးမှုရယူခြင်း

Vol. 149 Ch. 2224

လက်ဦးမှုရယူခြင်း

Vol. 149 Ch. 2224

“ချင်ချန်ဇီ”

ချင်ချန်ဇီသေဆုံးသွားသည်ကို တွေ့မြင်သောအခါ ရင်ပြင်ပေါ်မှ ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်၏ အမူအရာက အေးစက်လာခဲ့၏။ သူ၏ ခေါက်ယပ်တောင်ကိုပိတ်ပြီး ယူကျုံးမရဖြစ်နေသောအကြည့်ဖြင့် သူကတီးတိုးရေရွတ်လိုက်၏။

သို့သော်လည်း... သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့၏။

တစ်ဆက်တည်းမှာပင် အင်မော်တယ်ပျံဂိုဏ်းသည် နောက်ထပ်လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရ၏။

“လုယွီ”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်သည် သူ၏ တုန်လှုပ်မှုကို မထိန်းနိုင်တော့ဘဲ ဒေါသထွက်နေသောအမူအရာဖြင့် မတ်တတ်ထရပ်လိုက်၏။

တိုက်ပွဲဖြစ်ပွားလာပြီးနောက် ဆူဇီမိုက လုံးဝထိခိုက်ဒဏ်ရာမရရှိခဲ့ပေ။ သို့သော်လည်း အင်မော်တယ်ပျံဂိုဏ်းသည် လူနှစ်ယောက်ကို ဆက်တိုက်ဆုံးရှုံးလိုက်ရပြီဖြစ်၏။

သူက ဘယ်လိုလုပ် တည်ငြိမ်နေနိုင်ဦးမှာလဲ။

“ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်လဲ... အင်မော်တယ်ပျံဂိုဏ်းက အဲ့ဒီကမ္ဘာမြေအင်မော်တယ်က ဟိန်းဟောက်သံကြောင့် သေဆုံးသွားတာပဲ”

“ဆူဇီမိုကတော့.... သူကအခုချိန်မှာ သေရမယ်ဆိုရင်တောင် တန်နေပါပြီ”

သူ၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကိုကြားရပြီး ကျင့်ကြံသူများစွာ၏ အကြည့်များကို အာရုံခံမိသောအခါ ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ကိုယ်သူတဖြည်းဖြည်းပြန်လည်တည်ငြိမ်စေကာ သူ၏ ထိုင်ခုံမှာ ပြန်ထိုင်လိုက်၏။

ဆူဇီမိုကို ဝိုင်းပတ်ထားသောကျင့်ကြံသူများသည် တကယ်ပင် ထိပ်သီးကမ္ဘာမြေအင်မော်တယ်ပညာရှင်များဖြစ်ကြ၏။ ထိုအကွာအဝေးမှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ သေစေနိုင်စွမ်းအားက အလွန်တရာကြောက်စရာကောင်းလေသည်။ သို့သော်လည်း ကျန်ရှိနေသော ကမ္ဘာမြေအင်မော်တယ်များထဲမှ တစ်ယောက်ကသာလျှင် သေဆုံးသွား၏။

အင်မော်တယ်ထိုက်ဟွာသည် သူ၏ ဂိုဏ်းသားရောင်းရင်းသေဆုံးသွားသည်ကို ဘာမှမတတ်နိုင်ဘဲကြည့်နေရ၏။

အသံပိုင်းလျှို့ဝှက်အတတ်များက ရုတ်တရက်ဆန်လွန်းလေသည်။ အလွန်ဆုံး သူတို့က သူတို့ကိုယ်သူတို့သာ ကာကွယ်နိုင်ပြီး အခြားသူများကို မကယ်တင်နိုင်ပေ။

ဒါ့အပြင် အသံပိုင်းလျှို့ဝှက်အတတ် ထွက်ပေါ်လာပြီးနောက် အင်မော်တယ်ထိုက်ဟွာသည် သန်မာသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရပြီး သူ့အနေဖြင့် နောက်ထပ်စဥ်းစားနေဖို့အချိန်မရပေ။

သူက ဆူဇီမို၏ ပစ်မှတ်ထားခြင်းခံလာရပြီဖြစ်၏။

အသံပိုင်းလျှို့ဝှက်အတတ်၏ ရုန်းကန်ပေါက်ကွဲအားသည် အခြားသူများ၏ လျှို့ဝှက်အတတ်များကို ပျက်ပြယ်သွားစေရုံသာဖြစ်၏။

ဆူဇီမို၏ အစစ်အမှန်ပစ်မှတ်က အင်မော်တယ်ထိုက်ဟွာဖြစ်၏။

တကယ်ဆို သူသည် သူ့ဘေးမှာရှိသောထျဲဟန်ကိုပင် လျစ်လျူရှုလိုက်၏။ သူက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို သုံးပြီး အင်မော်တယ်ထိုက်ဟွာ၏ ဘေးမှာ ပေါ်ထွက်လာကာ သူ၏ လက်ကို ဆန့်ထုတ်လိုက်၏။

မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ပေါက်ကွဲထွက်ပေါ်လာပြီး အင်မော်တယ်ထိုက်ဟွာ၏ ဦးခေါင်းပေါ်သို့ ဖိချေကျဆင်းလာ၏။

ယဲ့ဖေးသည် အင်မော်တယ်ထိုက်ဟွာ၏ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။ ဆူဇီမိုပထမဆုံးသတ်ဖြတ်ချင်သည့်လူက ထိုက်ဟွာဖြစ်၏။

သူသည် အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ဖို့အတွက် နဂါးဟိန်းသံလျှို့ဝှက်အတတ်၊ အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့် မဟာကစဉ့်ကလျားအမြုတေလက်ဝါးတို့ကို ထုတ်ဖော်ခဲ့၏။

ဆူဇီမိုပျောက်ကွယ်သွားသည်ကို တွေ့မြင်သောအခါ အင်မော်တယ်ထိုက်ဟွာက တွေဝေတုံ့တိုင်းခြင်းမရှိဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်​ပြီး သူ၏ လက်ကိုဝေ့ယမ်းကာ သူဆင့်ခေါ်ထားသော ရှေးဟောင်းစာလုံးကို ပို့လွှတ်လိုက်၏။

ဘုန်း...

မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ရှေးဟောင်းစာလုံးနှင့် ကျယ်လောင်စွာထိတွေ့ရိုက်ခတ်သွား၏။

ဆူဇီမိုက ခြေတစ်လှမ်းမှ နောက်မဆုတ်ခဲ့ပေ။

သို့သော်လည်း အင်မော်တယ်ထိုက်ဟွာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ မြေပြင်ပေါ်ကို ခြေဖျားထောက်ကာ သူ၏ လှုပ်ရှားမှုနည်းစနစ်ကိုထုတ်ဖော်၍ ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခြားလိုက်၏။

နှစ်ဘက်စလုံးက ဤတစ်ခေါက်မှာ ညီတူမျှတူယှဥ်ပြိုင်ခဲ့ပြီး မည်သည့်ဘက်ကမှ အသာစီးမရရှိခဲ့ပေ။

ရွှစ်...

ဆူဇီမို၏ ပုံရိပ်က နောက်တစ်ဖန် ပျောက်ကွယ်သွား၏။

သူပြန်လည်ပေါ်ထွက်လာသောအခါ သူသည် အင်မော်တယ်ထိုက်ဟွာ၏ ဘေးမှာ ပြန်လည်ပေါ်ထွက်လာပြီး ဥက္ကာခဲတစ်ခုကဲ့သို့ မနှိုင်းယှဥ်သာအောင် ကြမ်းကြုတ်ခက်ထန်သော ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။

အင်မော်တယ်ထိုက်ဟွာက လှည့်မကြည့်ပေ။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရုတ်တရက်ဘေးတိုက်ရွေ့လျားကာ ဆူဇီမို၏ ထိုးချက်မှ အသန်မာဆုံးနေရာကို ရှောင်တိမ်းလိုက်၏။

ထို့နောက်တစ်ဆက်တည်းမှာပင် အမြုတေချီက အင်မော်တယ်ထိုက်ဟွာ၏ လက်ချောင်းထိပ်ဖျားများကနေ လျှံထွက်လာပြီး သူက နောက်ထပ်ရှေးဟောင်းစာလုံးကို လျင်မြန်စွာရေးဆွဲကာ ဆူဇီမို၏ လက်သီးပေါ်သို့ ခတ်နှိပ်ပေးလိုက်၏။

ဘန်း...

ရှေးဟောင်းစာလုံးက ပေါက်ကွဲသွားသည့်ခဏမှာပင် ဆူဇီမိုကလည်း နောက်သို့ ခြေလှမ်းဝက်ဆုတ်လိုက်၏။

ဤပြန်ဝင်စားအင်မော်တယ်က တကယ့်ပင် ကိုင်တွယ်ကရခက်ခဲနေ၏။

အဲ့ဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့်အတူ လိုက်လံတိုက်ခိုက်မှုကနေ ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အင်မော်တယ်ထိုက်ဟွာက အဲ့ဒါကိုနှစ်ကြိမ်ဆက်တိုက်ဆင့်၍ရှောင်တိမ်းခဲ့၏။

သည့်မတိုင်ခင်က ဆူဇီမိုသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်နှင့် ကစဉ့်ကလျားအမြုတေလက်ဝါးကဲ့သို့ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့စဥ်မှာပင် သူသည် မည်သည့်အသာစီးမှ မရရှိခဲ့ပေ။

ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို နောက်ထပ်လေးကြိမ်ထုတ်ဖော်နိုင်သေး၏။

သို့သော်လည်း သူက ဤတိုင်းဆက်၍တိုက်ခိုက်မည်ဆိုလျှင် သူ့အနေဖြင့် အချိန်တိုအတွင်းမှာ အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ဖို့မလွယ်ကြောင်း ခန့်မှန်းမိလိုက်၏။

ဝိုင်းပတ်ထားသော တခြားကမ္ဘာမြေအင်မော်တယ်ပညာရှင်များက အဆက်မပြတ် တိုက်ခိုက်လာမည်ဆိုလျှင် သူသည် ခါးသီးသောတိုက်ပွဲတစ်ခုမှာ သေချာပေါက်ကျဆင်းသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကပင် ​ခြေကုန်လက်ပန်းကျလာနိုင်၏။

“ငါ တခြားသူတွေကို အရင်ရှင်းထုတ်ပစ်ရမယ်”

သူ၏ မျက်လုံးကို မှေးကျဥ်းပြီး ဆူဇီမိုက သူ၏ စိတ်ကို တည်ငြိမ်စေကာ အခြေအနေကို ချက်ချင်းပင် အကဲဖြတ်လိုက်၏။

ထိုက်ဟွာတစ်ယောက်တည်းသာ ကျန်ခဲ့သရွေ့ သူသည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်ဖြစ်သည်ဆိုလျှင်တောင် ဆူဇီမိုသည် မိုးကောင်းကင်ကိုးလွှာမှာ သူ့ကို မြှုပ်နှံပစ်နိုင်သည်ဟု ပကတိယုံကြည်မှုရှိလေသည်။

အခြားတစ်ဘက်မှာ အင်မော်တယ်ထိုက်ဟွာသည် အပေါ်ယံမှာ အံ့အားသင့်သွားရုံသာရှိသည့်ပုံပေါ်သော်လည်း သူက ရင်ထဲမှာဗလောင်ဆူနေပြီဖြစ်၏။

စောစောက သူ၏ လှုပ်ရှားမှုများက အေးဆေးပေါ့ပါး၍ တည်ငြိမ်နေသည်ဟုထင်ရ၏။

သို့သော်လည်း အမှားတစ်ချက်က သူ့ကိုနေရာမှာပင် သေဆုံးသွားစေနိုင်၏။

ဤအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်မှာ သူ့ကိုသတ်ဖြတ်နိုင်သည့်စွမ်းအားတကယ်ပင်ရှိနေပြီး သူက ထိုသူကို အထင်မသေးရဲတော့ပေ။

ဆူဇီမို၏ ပုံရိပ်က နောက်တစ်ဖန်ပျောက်ကွယ်သွားပြီး အင်မော်တယ်ထိုက်ဟွာသည် သုန်မှုန်နေသောအမူအရာဖြင့် သူ၏ ကြီးမားသောစိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ထား၏။ သူ၏ အာရုံငါးပါးကို သူတို့၏ အကန့်အသတ်ထိမြှင့်တင်ထားပြီး သူက သတိအနေအထားမှာရှိနေ၏။

ထိပ်သီးအဆင့်ကျင့်ကြံသူဆယ့်ရှစ်ယောက်၏ ဝန်းရံပိတ်ဆို့မှုမှာ ဆူဇီမိုသည် မသိလိုက်မသိဘာသာနှင့် လက်ဦးမှုရယူလာသည်ကို သူက ယခုအချိန်ထိသဘောမပေါက်သေးပေ။

ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ထုတ်ဖော်လိုက်သောအခါ သူသည် အင်မော်တယ်ထိုက်ဟွာ၏ ဘေးမှာ ပြန်လည်ပေါ်ထွက်မလာခဲ့ပေ။

ရုတ်တရက်ဆိုသလို...။

ကမ္ဘာမြေအာဏာပါးကွက်သားတစ်ယောက်က တစ်စုံတစ်ရာကို အာရုံခံမိသွား၏။

“သေစမ်း”

သူကခေါင်းနားပန်းကြီး၍ သူ၏ ခေါင်းမွေးများက ထောင်ထလာခဲ့၏။ သူက နက်ရှိုင်းစွာ မာန်သွင်းအော်ဟစ်ပြီး ကြည့်ပင်မကြည့်ဘဲ သူ၏ ခန္ဓာကိုယ်ကိုလှည့်ကာ ဆေဘာတစ်လက်ကဲ့သို့ သူ၏ လက်ဝါးဖြင့် ခုတ်ပိုင်းချလိုက်၏။

ထင်မှတ်ထားသည့်အတိုင်းပင်...။

ဆူဇီမိုက သူ၏ နောက်မှာ အမူအရာကင်းမဲ့စွာနှင့် အေးစက်နေသောအကြည့်တစ်ခုနှင့်အတူရှိနေ၏။

ထိုသူ၏ လက်ဝါးက ဆေဘာတစ်လက်အဖြစ်အသွင်ပြောင်းလဲသွားပုံရပြီး ခုတ်ပိုင်းကျဆင်းလာ၏။

ရုတ်တရက် ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်၏။ သူ၏လက်တစ်ဖက်လုံးက အလွန်တရာပျော့ပျောင်းသွားသည့်ပုံရှိပြီ အဲ့ဒါက ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား၏ လက်ဖဝါးပေါ်သို့ ဆင်းသက်သွား၏။

ဆူဇီမို၏ လက်ဖဝါးက ရစ်ပတ်၍ဆွဲခါလိုက်၏။

ဖြောက်..... ဖောက်....

အရိုးများကျိုးသံက ထွက်ပေါ်လာပြီး သွေးမြူတစ်ခုက ဖြန့်ကြက်လာခဲ့၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား၏ လက်တစ်ဖက်လုံးက ကြောက်စရာကောင်းသောထောင့်ချိုးများဖြင့် ကျိုးကြေသွား၏။

သူ၏ အရိုးများက ပေါက်ကွဲထွက်သွား၏။

“အား...”

ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားက နာကျင်စွာအော်ဟစ်လိုက်သော်လည်း သူ၏ အသံက ယတိပြတ်ရပ်တန့်သွား၏။

သူက အခွင့်အလမ်းကိုချိန်ဆပြီး ရှေ့သို့တက်လှမ်းကာ ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။

ဖြောက်... ဖြောက်.... ဖြောက်...

အာဏာပါးကွက်သားအစောင့်တပ်သား၏ ဦးခေါင်းက အကြိမ်ရေအနည်းငယ်လည်သွားပြီး သူက ထုံထိုင်းသောအကြည့်နှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး သူကသေဆုံးသွားပြီဖြစ်၏။

ဘန်း... ဘန်း...

အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်တချို့က ဆင်းသက်လာစဉ် ဆူဇီမို၏ ပုံရိပ်က နေရာမှာကနေ ပျောက်ကွယ်သွား၏။

အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အင်မော်တယ်ပညာရပ်နှင့် နတ်ဘုရားစွမ်းအားကို ယခုတင်ထုတ်ဖော်လိုက်ခါစဖြစ်၏။ ဆူဇီမို သူ့ဘေးမှာပေါ်ထွက်လာသောအခါ သူကအတော်အတန်အားနည်းနေချိန်ဖြစ်၏။

ဘန်း... ဘန်း...

သူတို့နှစ်ယောက်က အနီးကပ်တိုက်ခိုက်လိုက်ကြပြီး ထိချက်အနည်းငယ်အပြီး၌ ထိုသူ၏ ဦးခေါင်းက ဆူဇီမို၏ လက်ချက်ဖြင့် ကြေမွကာ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးသွား၏။

ကမ္ဘာမြေအင်မော်တယ် ၁၈ယောက်သည် သန်မာ၍ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်မှာရပ်တည်နေကြသော်လည်း သူတို့သည် ဆူဇိမို၏ အနီးကပ်တိုက်ခိုက်မှုများကို မခုခံနိုင်ကြပေ။

အင်မော်တယ်ထိုက်ဟွာက သူ၏ လက်နှစ်ဖက်ဖြင့် ရှေးဟောင်းစာလုံးနှစ်လုံးကို ဆင့်ခေါ်ထားသော်လည်း သူကတစ်ချိန်လုံးတိုက်ခိုက်မလာခဲ့ပေ။

သူသည် တခြားသူများကို မကယ်တင်လိုသောကြောင့်မဟုတ်ဘဲ ဆူဇီမိုက အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို တစ်ကြိမ်ထုတ်ဖော်လိုက်တိုင်းမှာ သူက မည်သည့်နေရာမှာ ပေါ်ထွက်လာမည်ကို မသိရသောကြောင့်ဖြစ်၏။

အင်မော်တယ်ထိုက်ဟွာသည် ဆူဇီမို၏ ရုတ်တရက်ပေါ်ထွက်လာမှုများနှင့် တိုက်ခိုက်မှုများကိုရင်ဆိုင်ရန် တစ်ချိန်လုံးသတိအနေအထားပြင်ထားရ၏။

“အဲ့ဒီလှုပ်ရှားမှုနည်းစနစ်ကို မင်းကဘယ်လောက်ကြာကြာထုတ်ဖော်နိုင်မလဲကြည့်ရသေးတာပေါ့”

အင်မော်တယ်ထိုက်ဟွာက လှောင်ရယ်လိုက်၏။

ထိုသို့ဖြင့် ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို လေးကြိမ်ထုတ်ဖော်ခဲ့ပြီး ကမ္ဘာမြေအင်မော်တယ်လေးယောက်က နေရာမှာပင် သေဆုံးသွားခဲ့ကြ၏။ မည်သူကမှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။

ကမ္ဘာမြေအင်မော်တယ်၁၈ ဦးက အတူပူးပေါင်းထားပြီး တိုက်ပွဲက ပေါ်ထွက်လာခဲ့၏။ ယခုအချိန်ထိကို အသက်ရှုချိန်ဆယ်ကြိမ်ကျော်သာရှိသေးပြီး ဆူဇီမိုက လုံးဝထိခိုက်မှုမရှိသေးပေ။ သို့သော်လည်း မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ လူခြောက်ဦးကတော့ သေဆုံးသွားခဲ့ပြီဖြစ်၏။

ရင်ပြင်ပေါ်မှ ကျင့်ကြံသူများကတော့ ကြက်သေသေနေကြ၏။

ဤမြင်ကွင်းသည် စစချင်းသူတို့တွေးထင်ထားသည်ထက် အပြတ်အသတ်ကျော်လွန်သွားခဲ့ပြီဖြစ်၏။

All Chapters