← Chapters

အဖြူရောင်သက်တံဓား

Vol. 149 Ch. 2225

အဖြူရောင်သက်တံဓား

Vol. 149 Ch. 2225

“ဟုတ်ပြီကွ”

“ကောင်းလိုက်တဲ့သတ်ဖြတ်ကွက်”

တက္ကသိုလ်မှအကြီးအကဲများသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်များတစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို တွေ့မြင်သောအခါ သူတို့က စိတ်ခံစားချက်မြင့်မားစွာဖြင့် အော်ဟစ်အားပေးလိုက်ကြ၏။

သည့်ယခင်က မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ပစ်မှတ်ထားခဲ့ပြီး သူတို့၏ အပြုအမူများက ပိုပို၍ လွန်ကဲလာခဲ့ကြ၏။

တကယ်ဆို... ယဲ့ဖေးသေဆုံးသည်ကို တွေ့မြင်သောအခါ တက္ကသိုလ်မှအကြီးအကဲများသည် ဘာမှမတတ်နိုင်ခဲ့ပေ။ သူတို့သည် သူတို့၏ ရင်ထဲရှိ အမျက်ဒေါသများကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေခဲ့၏။

ထိုသည်ကိုတွေ့မြင်သောအခါ အကြီးအကဲများသည် သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားရ၏။

ရင်ပြင်ထက်ရှိအခြားသောကျင့်ကြံသူများကလည်း တုန်လှုပ်၍ မှင်တက်နေကြ၏။

ဆူဇီမိုက အရမ်းကိုရက်စက်လွန်း၏။

ဆူဇီမိုသည် ယခင် နေရာလွတ်အဆင့်များကို ဖြတ်ကျော်ခဲ့စဥ်က သူ၏ နည်းလမ်းများက အံ့အားသင့်စရာကောင်းသော်လည်း သူသည် ဤကဲ့သို့သောကြီးမားသည့် သက်ရောက်မှုတစ်ခုကို လူတိုင်းအား မပေးနိုင်ခဲ့ပေ။ သို့သော်ယခု... ထိပ်သီးကမ္ဘာမြေအင်မော်တယ်ခြောက်ယောက်က ဆူဇီမို၏ လက်ထဲမှာ သေဆုံးသွား၏။

ဤသွေးသံရဲရဲနှင့် ကြောက်စရာကောင်းသောမြင်ကွင်းက နေရာလွတ်အဆင့်များကို သူရှင်းလင်းခဲ့စဥ်ကထက်ပင် ပို၍တုန်လှုပ်စရာကောင်းနေ၏။

မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူများ၏ အမူအရာများက လွန်စွာပျက်ယွင်းနေကြ၏။

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကလည်း မတ်တတ်ထရပ်လိုက်၏။ သူ၏ အကြည့်က သုန်မှုန်နေပြီး သူက ဒေါသထွက်နေ၏။ သူက ကောင်းကင်နှင့်မြေကြီးရှိရာဘက်သို့ ထပ်တလဲလဲ ကြည့်ရှုပြီး တစ်စုံတစ်ရာကိုပြောချင်သော်လည်း နောက်ဆုံးမှာ မပြောနိုင်ပေ။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သည် ယဲ့ဖေးကိုသာဆုံးရှုံးလိုက်ရပြီး အင်မော်တယ်ပျံဂိုဏ်းကတော့ ဤကဲ့သို့ဖြင့် လူငါးယောက်ကိုဆုံးရှုံးခဲ့ရလေပြီ။

သို့သော်လည်း သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို အပြစ်တင်လို့မရပေ။

အင်မော်တယ်ပျံဂိုဏ်းမှတပည့်တစ်ယောက် မိုးကောင်းကင်ကိုးလွှာမှာ အသတ်ခံရမည်ဆိုလျှင် အဲ့ဒါသည် သူ၏ အစွမ်းအစ မလုံလောက်မှုကြောင့်ဖြစ်ပြီး သူက သူတို့အတွက် သေချာပေါက်ရပ်တည်ပေးလိမ့်မည်မဟုတ်ဟု မကြာသေးခင်ကမှ သူပြောထားခဲ့သောကြောင့်ဖြစ်၏။

သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို လူတိုင်းရှေ့မှာ စွပ်စွဲပြောဆိုမည်ဆိုလျှင် အဲ့ဒါက သူ့မျက်နှာသူပြန်ရိုက်နေခြင်းနှင့် တူနေပေလိမ့်မည်။

“အခုချိန်မှာ အောင်ပွဲခံတာက စောလွန်းမနေဘူးလား”

မင်းသားယွမ်ကျောသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများ၏ စိတ်ခံစားချက်မြင့်မားသောအမူအရာများကို တွေ့မြင်သောအခါ သူက လှောင်ရယ်လိုက်၏။

“ဆူဇီမိုက အဲ့ဒီထူးဆန်းတဲ့ လှုပ်ရှားမှုနည်းစနစ်ကို အသုံးမပြုနိုင်တော့တာနဲ့ သူက ထိုက်ဟွာနဲ့ ထျဲဟန်ကို မလွဲမသွေထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲ... သူဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲကြည့်ရသေးတာပေါ့”

မိုးကောင်းကင်ကိုးလွှာတွင်...။

ဆူဇီမိုသည် အဆက်မပြတ်တိုက်ခိုက်၍ သူ၏ အသံပိုင်းလျှို့ဝှက်အတတ်၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်၊ အစစ်အမှန်နဂါးလျှပ်စီးကိုးချက်နှင့် အခြားသောလျှို့ဝှက်အတတ်များနှင့်အတူ လူခြောက်ယောက်ကို ဆက်တိုက်သတ်ဖြတ်လိုက်၏။

ထိုအရာများသည် သူ၏ အသန်မာဆုံး ဝှက်ဖဲများဖြစ်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် မည်သည့်ထိန်ချန်မှုမှမရှိဘဲ သူတို့အားလုံးကို ထုတ်ဖော်ခဲ့၏။

လူခြောက်ယောက်သေဆုံးပြီးနောက် ကျန်ရှိနေသော ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၂ယောက်က နောက်မဆုတ်ရုံသာမက သူတို့၏ အစုအဖွဲ့ကပင် ပျက်ပြယ်မသွားဘဲ သူတို့က ဆူဇီမိုကို ဆက်လက်၍ဝိုင်းပတ်ထား၏။

ထိုကမ္ဘာမြေအင်မော်တယ်များအားလုံးသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ပညာရှင်များဖြစ်ကြ၏။

အခြားသူများ၏ သေဆုံးမှုများက သူတို့ကို လုံးဝမခြောက်လှန့်နိုင်ပေ။

ဒါ့အပြင် ဤကမ္ဘာမြေအင်မော်တယ်များက အလွန်တရာထက်ရှကြ၏။

ဆူဇီမို၏ ပုံရိပ်က ပြန်လည် ပေါ်ထွက်လာသည့်ခဏမှာပင် ဆူဇီမိုသည် အစစ်အမှန်နဂါးလျှပ်စီးကိုးချက်ကို ဆက်လက်၍ အသုံးမပြုနိုင်တော့ဘူးဆိုတာ သူတို့က တစ်ချိန်တည်းနီးပါး အကဲဖြတ်လိုက်နိုင်ကြ၏။

“မင်းမှာနောက်ပြီး တခြားဘာရှိသေးလဲ ကြည့်ရသေးတာပေါ့”

ထျဲဟန်က ဆူဇီမိုကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။

စောစောက ဆူဇီမိုသည် တဖျတ်ဖျတ်လှုပ်ရှားနေပြီး သူသည် ဆူဇီမိုနှင့် အနီးကပ်တိုက်ခိုက်ဖို့ သို့မဟုတ် ထိုက်ဟွာနှင့် အခြားသူများက သူတို့၏ အစွမ်းကုန်ဖြင့်တိုက်ခိုက်နိုင်ရန် ထိုသူကိုတားဆီးပေးဖို့ သူ့မှာအခွင့်အရေးမရှိခဲ့ပေ။

“အာဏာပါးကွက်သားအစောင့်တပ်သားတွေ ငါ့အမိန့်ကိုနာခံကြ”

ရုတ်တရက် ထျဲဟန်က အော်ပြောလိုက်၏။

“မင်းတို့ရဲ့အစွမ်းကုန်ကိုထုတ်ဖော်ပြီး သူ့ကိုအနီးကပ်တိုက်ခိုက်သတ်ဖြတ်ရမယ်”

“နာခံလျက်ပါ”

ကျန်ရှိနေသော ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား ၇ယောက်က သူတို့၏ သွေးချီများကို လှည့်ပတ်ကာ ဆူဇီမိုထံသို့ ခုန်ဝင်လာကြ၏။

ဝေါ....

ဆူနာမီသံက အာဏာပါးကွက်သားအစောင့်တပ်သား ၇ယောက်ထံကနေ တလိပ်လိပ်ထိုးတက်လာ၏။

“သတ်”

ထို့နောက် ချက်ချင်းပင် အာဏာပါးကွက်သားအစောင့်တပ်သား ၇ယောက်၏ နောက်ဘက်မှာ နယ်မြေဖြစ်စဥ်များက ကြောက်စရာကောင်းသောစွမ်းပကားနှင့် သံမဏိသတ်ဖြတ်လိုစိတ်နှင့်အတူ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

သူတို့က ၇ယောက်သာဖြစ်သော်လည်း သူတို့တစ်ချိန်တည်းမှာ လှုပ်ရှားသည့်အခါ အဲ့ဒါသည် ကြီးမားသည့်စစ်တပ်တစ်တပ်က ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ချဥ်းကပ်လာပြီး အရာရာတိုင်းကို ဖိချေဖျက်ဆီးပစ်နိုင်သည့်အလားပင်။

ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား ၇ယောက်နှင့် မျိုးဆက်သွေးနယ်မြေ ၇ခု....။

မိုးကောင်းကင်ကိုးလွှာ အပြင်ဘက်မှာရှိသော ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

မျိုးဆက်သွေးနယ်မြေတစ်ခုသည် ကျင့်ကြံသူတစ်ယောက်၏ သွေးချီကို အကန့်အသတ်နီးပါးထိ ကျင့်ကြံထားခြင်းဖြစ်ပြီး အဲ့ဒါကိုကျင့်ကြံဖို့က အလွန်တရာခက်ခဲလေသည်။

သို့သော် ဤတစ်ခေါက်မှာ ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံသည် မျိုးဆက်သွေးနယ်မြေများကို ကျင့်ကြံထားသည့် ကမ္ဘာမြေအင်မော်တယ် ၇ဦးကို စေလွှတ်ခဲ့လေသည်။

မျိုးဆက်သွေးနယ်မြေတစ်ခုချင်းစီကပင် ခုခံဖို့အတွက် ခက်ခဲလေသည်။

“သူက အဲ့ဒါကို ဘယ်လိုတိုက်ခိုက်နိုင်တော့မှာလဲ”

ယွင်လေက စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ပြောလိုက်၏။

“ထိုက်ဟွာနဲ့ တခြားသူတွေ တိုက်ခိုက်လာနိုင်တာကိုမပြောနဲ့ဦး... ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား ၇ယောက်ရဲ့ မျိုးဆက်သွေးနယ်​မြေတွေကတင် ဆူဇီမိုကို ဆွဲယူနှစ်မြှုပ်ဖို့လုံလောက်နေပြီ”

သူတို့သည် မိုးကောင်းကင်ကိုးလွှာမှာရှိနေပြီး တိုက်ပွဲနယ်မြေနှင့် သိပ်မကွာဝေးသောကြောင့် သူတို့သည် မျိုးဆက်သွေးနယ်မြေ ၇ခုကနေ ထုတ်ဖော်ထားသည့်စွမ်းအားကို ပို၍ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်ကြ၏။

ရှဲ့ယွင်ကလည်း သက်ပြင်းချလိုက်၏။

“အဲ့ဒါကတော့ ကံဆိုးတာပဲ... ဆူဇီမိုက ဟိုထူးဆန်းတဲ့လှုပ်ရှားမှုနည်းစနစ်ကို ထွက်ပြေးဖို့အတွက် အသုံးချနိုင်မယ်ဆိုရင် သူ့မှာ ရှင်သန်နိုင်ဖို့အခွင့်အရေးရှိသေးတယ်”

“အခုတော့ အခွင့်အရေးမရှိတော့ဘူး”

ယွဲ့ဖုန်းက သူ၏ ခေါင်းကို ခါပြလိုက်၏။

“အင်မော်တယ်ထိုက်ဟွာက တိုက်ပွဲနယ်မြေရဲ့ အပြင်ဘက်မှာပဲရှိနေသေးတယ်... သူက အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်... အဲ့ဒီလူက အခု အနီးအဝေးတိုက်ခိုက်မှုတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရောက်နေပြီ သူက သေချာပေါက် သေရတော့မယ်”

ဆူဇီမိုသည် သူတို့၏ မျိုးဆက်သွေးနယ်မြေများနှင့်အတူ ရှေ့သို့ပြေးဝင်လာသော ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား ၇ယောက်ကို တွေ့မြင်သောအခါ သူ၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေ၏။

သူ့မှာ နောက်ဆံတင်းစရာများရှိပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးကို အသုံးမပြုနိုင်ဘူးဆိုရင်တောင် သူ့မှာ တိုက်ခိုက်ဖို့အတွက် တခြားသောနည်းလမ်းများရှိနေ၏။

“စုဖွဲ့လိုက်စမ်း”

ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားလိုက်၏။

ရုတ်တရက် ဆူဇီမို၏ ဦးခေါင်းထက်မှာ ကျယ်ပြော၍ လျှို့ဝှက်ဆန်းကြယ်သော ကြယ်တာရာကောင်းကင်တစ်ခု ပေါ်ထွက်လာ၏။

ကြယ်တာရာနယ်မြေ၏ တစ်ဝက်နီးပါးက မှေးမှိန်နေသော်လည်း တလက်လက်ဖြစ်နေသော ကြယ်တာရာကောင်းကင်များက လုံလောက်အောင်တောက်ပနေခဲ့ပြီဖြစ်၏။

သန်းပေါင်းများစွာသော ကြယ်များက အဆုံးမဲ့ကြယ်အလင်းတန်းများကို ဖြန့်ကျက်ပေးပြီး ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာလေသည်။

ဤနှစ်များမှာ ဆူဇီမိုသည် အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်သုတ္တန်ကို ကျင့်ကြံထားခဲ့ပြီး အဓိကကြယ်နယ်မြေဒေသသုံးခုကို စုဖွဲ့နိုင်ခဲ့ပြီဖြစ်၏။

သူသည် နောက်ထပ်ကြယ်နယ်မြေဒေသတစ်ခုကိုရရှိလာခဲ့ပြီး သူ၏ စွမ်းအားက ယခင်ကထက်ပို၍သန်မာလာခဲ့၏။

“ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်”

ပကတိအင်မော်တယ်ရှဲ့လင်က ကြယ်တာရာလျှို့ဝှက်အတတ်၏ ဇာစ်မြစ်ကို ချက်ချင်းပင်မှတ်မိသိရှိသွား၏။

ပြီးပြည့်စုံသောအမွေဆက်ခံမှုမဟုတ်သည့်အတွက် ဆူဇီမို၏ ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်ကားချပ်သည် လောကဆိုင်ရာ နိမိတ်ဖြစ်စဥ်တစ်ခုနှင့်တူလေသည်။ သို့သော်လည်း အဲ့ဒါက ဘေးပတ်လည်မှ မျိုးဆက်သွေးနယ်မြေများကို ဆန့်ကျင်တိုက်ခိုက်နိုင်၏။

ဝုန်း....

မျိုးဆက်သွေးနယ်မြေ ၇ခုက ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်၏ ကြယ်အလင်းရောင်များနှင့် ထိတွေ့ရိုက်ခတ်ပြီး သိပ်သည်းပြင်းထန်သော အသံတစ်သံက ထွက်ပေါ်လာ၏။

မျိုးဆက်သွေးနယ်မြေ ၇ခုစလုံးက အဆက်မပြတ်တိုးဝင်လာပြီး ကြယ်အလင်းတန်း၏ ခံစစ်ကို ချိုးဖျက်ချင်နေ၏။

မျိုးဆက်သွေးနယ်မြေ ၇ခု၏ သက်ရောက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ဂမ္ဘီရစိတ်ဝိညာဥ် ခုနှစ်စင်ကြယ်ကားချပ်ကလည်း ယိမ်းထိုး၍ သူ၏ ဦးခေါင်းထက်ရှိ ကြယ်တာရာကောင်းကင်က လှုပ်ခါလာခဲ့၏။

“ဟီးဟီး”

ရုတ်တရက် အင်မော်တယ်ထိုက်ဟွာက ရယ်မောလိုက်၏။

“အဲ့ဒါက မင်းမှီခိုအားထားနေတဲ့နည်းလမ်းလား... ငါ့မျက်လုံးထဲမှာတော့ အဲ့ဒါက ပိုးစုန်းကြူးတစ်ကောင်ရဲ့ အလင်းရောင်လိုပဲ”

အင်မော်တယ်ထိုက်ဟွာက ထိုသို့ပြောရင်း သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ကာ သူ၏ လက်နှစ်ဖက်ဖြင့် ဓားပညာရပ်များကို ဆင့်ခေါ်လိုက်၏။ သူ၏ လက်ချောင်းထိပ်မှာ ကျိန်းစပ်နေသော ဓားအလင်းတစ်ခုက စုစည်းလာပြီး ချောက်ချားစရာကောင်းသော နတ်ဘုရားစွမ်းအားအော်ရာတစ်ခုကို ဖြာထုတ်ပေးလိုက်၏။

“ဒါက...”

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဘေးမှာ.. ယွဲ့ဖုန်၊ ယွင်လေ၊ ရှဲ့ယွင်နှင့် အခြားသူများက ထိုအရာကို ခံစားမိသောအခါ တုန်လှုပ်သွား၏။

“အဖြူရောင်သက်တံဓား”

“အန္တိမနတ်ဘုရားစွမ်းအားတစ်ခုပဲ”

သူတို့ထဲမှတချို့က အံအားတသင့်ရေရွတ်လိုက်ကြ၏။

သူတို့သည် အင်မော်တယ်ထိုက်ဟွာ၏ လက်ထဲရှိ အလင်းတန်းကိုတွေ့မြင်သောအခါ တက္ကသိုလ်အကြီးအကဲများ၏ အမူအရာများက မှေးမှိန်သွားပြီး သူတို့သည် မည်သည့်မျှော်လင့်ချက်ကိုမှ ဆုပ်ကိုင်မထားနိုင်တော့ပေ။

ဤကဲ့သို့သောတိုက်ခိုက်မှုနှင့် အင်မော်တယ်ထိုက်ဟွာစုဖွဲ့ထားသော နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုတွင် အခွင့်အရေးလုံးဝမရှိတော့ပေ။

အင်မော်တယ်ထိုက်ဟွာက အလှည့်အပြောင်းများအားလုံးကို ဖျက်ဆီးပစ်ချင်နေ၏။

အကြီးအကဲကျုံးက ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကိုကြည့်ပြီး ဝမ်းနည်းပူဆွေးစွာပြောလိုက်၏။

“ကောင်းတယ်ကွာ... မင်းတို့ရဲ့ ဒီပြန်ဝင်စားအင်မော်တယ်က တကယ့်ကိုအစွမ်းအစရှိတာပဲ... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က ကောင်းကင်အင်မော်တယ်နယ်ပယ်ထိတောင်ရောက်နေပြီပေါ့လေ”

မိုးကောင်းကင်ကိုးလွှာမှာ...။

“ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်အနေနဲ့ ငါက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာဖို့စိတ်ကူးမရှိသလို မင်းလိုမျိုးဂျူနီယာတစ်ယောက်နဲ့ တိုက်ခိုက်ဖို့လည်း စိတ်မဝင်စားဘူး”

အဖြူရောင်သက်တံဓားကိုကိုင်ဆွဲရင်း အင်မော်တယ်ထိုက်ဟွာက ဝိုင်းပတ်ခံထားရသည့် ဆူဇီမိုကိုကြည့်ကာပြောလိုက်၏။

“ဒါပေမဲ့... စီနီယာအစ်မမုန့်ယောင်က ငါ့ဆီကိုကိုယ်တိုင်လာလည်ခဲ့တယ်... ငါကမင်းရဲ့ တမလွန်လမ်းကြောင်းပေါ်ကို ငါကိုယ်တိုင်ပို့ပေးဖို့ သူက ငါ့ကိုလာပြီးမှာကြားခဲ့တယ်”

All Chapters