← Chapters

ပေါက်ကွဲထွက်ပေါ်လာသော တန်ပြန်တိုက်ခိုက်မှု

Vol. 149 Ch. 2226

ပေါက်ကွဲထွက်ပေါ်လာသော တန်ပြန်တိုက်ခိုက်မှု

Vol. 149 Ch. 2226

အင်မော်တယ် ထိုက်ဟွာသည် ဒုံမင်းအင်မော်တယ် မုန့်ယောင်ကြောင့် ပေါ်ထွက်လာခဲ့သည်ဆိုတာကို မိုးကောင်းကင်ကိုးလွှာ၏ အပြင်ဘက်ရှိ ကျင့်ကြံသူများစွာက ယခု​အခါမှသာ နားလည်သဘောပေါက်လာကြ၏။

လူတစ်ယောက်က သက်ပြင်းချလိုက်၏။

“နတ်မိမယ် မုန့်ယောင်က သူ့အသက်ကို ဒီလောက်ထိ အသည်းအသန် လိုချင်နေပြီဆိုမှတော့ သူက အေးအေးချမ်းချမ်းနဲ့ သေလို့ရပါပြီ”

နောက်ထပ်လူတစ်ယောက်က ခေါင်းခါလိုက်၏။

“နတ်မိမယ် မုန့်ယောင်က ဒီလိုမျိုး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ပစ်မှတ်ထားတာက တကယ့်ကို ဂုဏ်သိက္ခာမဲ့တာပဲ.. အဲဒီ ဒုံမင်းအင်မော်တယ်က သူ့ရဲ့ ဘွဲ့နဲ့ မထိုက်တန်ဘူးလို့ ငါထင်တယ်”

“ပေါက်တတ်ကရ စကားတွေ မပြောစမ်းနဲ့.. မဟုတ်ရင် မင်း အဲဒါကို သိတောင် မသိလိုက်ရဘဲ သေသွားရလိမ့်မယ်”

ထိုကျင့်ကြံသူ၏ ဂိုဏ်းအကြီးအကဲက အလောတကြီး အော်ငေါက်လိုက်၏။

“ကောင်းကင်ဘုံကမ္ဘာမှာ ဒုံမင်းအင်မော်တယ်ရဲ့ ထိန်းချုပ်တာကို စိတ်လိုလက်ရ ခံယူချင်တဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စား မွန်းစတားတွေ မရေမတွက်နိုင်အောင် ရှိတယ်.. မင်းကိုယ်မင်း ဘယ်သူထင်နေလို့လဲ… မင်း ဒီလို ပေါက်တတ်ကရ စကားကို ဘယ်လိုတောင် ပြောရဲတာလဲ”

မိုးကောင်းကင်ကိုးလွှာမှာ…

မောက်မာဝင့်ကြွားသော အမူအရာတစ်ခုနှင့်အတူ အင်မော်တယ် ထိုက်ဟွာက သူ၏ လက်ကို အနည်းငယ်မြှောက်ပြီး သူ၏ လက်ထဲရှိ အဖြူရောင် အလင်းတန်းကို ထုတ်လွှတ်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

“မင်း အေးအေးချမ်းချမ်း သေလို့ရပြီ”

ရွှစ်..

အဖြူရောင် သက်တံဓားက အလွန်တရာ ထက်ရှသော အနားစောင်းတစ်ခုကို ထုတ်ဖော်ပြီး လေထုကို ဆုတ်ဖြဲကာ ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်ကားချပ်ကို ချက်ချင်းပင် ထိုးဖောက်လိုက်၏။

ကြယ်အလင်းတန်းများက မိုးကောင်းကင်ကို ထိုးဖောက်လာသည့် ကြယ်အလင်းတန်း၏ တောက်ပထည်ဝါမှုကို မယှဉ်နိုင်ပေ။

အဲဒါသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းအားဖြစ်၏။

ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ ထျဲဟန်နှင့် အခြားခြောက်ယောက်၏ မျိုးဆက်သွေးနယ်မြေများပင်လျှင် အနည်းငယ် တုန်ခါသွား၏။

အဖြူရောင် သက်တံက မရေမတွက်နိုင်သော ကြယ်များကို နှစ်ပိုင်း လှီးဖြတ်လိုက်၏။ သူတို့၏ အလင်းရောင်များက မှေးမှိန်၍ အလျင်အမြန် ပျက်ပြယ်သွားလေသည်။

အဖြူရောင်သက်တံ ဖြတ်သွားရာ နေရာတိုင်းမှာ အဲဒါက အရာရာတိုင်းကို ထိုးဖောက်သွားခဲ့၏။

လောကမှာ အဖြူရောင် သက်တံနှင့် ၎င်း၏ ထက်ရှမှုကို ခုခံပေးနိုင်သည့် မည်သည့် အင်မော်တယ်ပညာရပ်၊ မည်သည့် ဓမ္မပညာရပ် သို့မဟုတ် မည်သည့်သက်ရှိမှ မရှိသည့်အလားပင်။

ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်ကားချပ်ကို ပြီးပြည့်စုံသည့် အဆင့်ထိ မကျင့်ကြံရသေးသည့်အတွက် အဲဒါသည် အန္တိမ နတ်ဘုရားစွမ်းအားများ၏ အစစ်အမှန်ပုံစံကို မခုခံနိုင်ဘဲ လဲပြိုကျသွား၏။

အဖြူရောင် သက်တံဓားက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဆူဇီမို၏ ဦးခေါင်းထံသို့ ထိုးစိုက်ကျလာ၏။

ဂမ္ဘီရစိတ်ဝိညာဉ် ခုနှစ်စင်ကြယ်ကားချပ်၏ ထောက်ပံ့မှု မရှိဘဲ ထျဲဟန်နှင့် အခြားသော ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား ၆ယောက်၏ မျိုးဆက်သွေးနယ်မြေများက ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကဲ့သို့ တလိပ်လိပ် တိုးဝင်လာကာ ဆူဇီမိုကို ဆွဲယူနှစ်မြုပ်ချင်နေ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုတွင် လက်ရှိအခြေအနေအရ ရှောင်တိမ်းဖို့ နေရာလွတ် သို့မဟုတ် အခွင့်အရေးပင် မရှိတော့ချေ။

မင်းသမီး သက်တံနီထံမှ စိတ်နှလုံးနာကျင်နေသော အမူအရာတစ်ခုက ထွက်ပေါ်လာ၏။

ဆူဇီမိုက နေရာမှာပင် ဆိုးဆိုးဝါးဝါး သေဆုံးသွားသည်ကို သူမက မြင်ယောင်မိလိုက်၏။

ရင်ပြင်ပေါ်မှာ ကျင့်ကြံသူများစွာက မျက်တောင်မခတ်ဘဲ မမှိတ်မသုန် စောင့်ကြည့်နေကြ၏။

ယွင်ထင်ပင်လျှင် စိုးရိမ်ကြောင့်ကျသော အမူအရာတစ်ခုနှင့်အတူ ရှေ့သို့ အနည်းငယ် စောင်းငဲ့လိုက်၏။

“အား..”

ရုတ်တရက်ဆိုသလို…

ဆူဇီမိုက သူ၏ ခေါင်းကို​မော့ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်ကာ မိုးကောင်းကင်ကိုးလွှာကို လှုပ်ခါသွားစေ၏။

ရုတ်တရက်ဆိုသလို… သူ၏ နောက်ဘက်ကနေ ကျောက်စိမ်းဖြူရောင် ဆင်စွယ် ၆ခုက ပေါ်ထွက်လာ၏။ သူတို့က ထက်ရှပြီး ချောက်ချားစရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ဆူဇီမို၏ အော်ရာက လျင်မြန်စွာ မြင့်တက်လာ၏။

ဧရာမ နတ်ဆင်တစ်ကောင်က ပေါ်ထွက်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်နှင့် ထပ်သွားသည့်အလားပင်။ ၎င်းမှာ ဆင်စွယ် ၆ချောင်း ပါရှိပြီး ၎င်း၏ နှာမောင်းကို မြှောက်ကာ ကောင်းကင်ထက်သို့ အော်မြည်ဟစ်ကြွေးနေ၏။

ပင်ကိုနတ်ဘုရားစွမ်းအား၊ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား..။

ဆူဇီမိုသည် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အဆင့်ထိ ရောက်ရှိနေခဲ့ပြီဖြစ်၏။

အဲဒါကို ထုတ်ဖော်လိုက်သောအခါ သူ၏ ကိုယ်ကာယ၊ သွေးချီနှင့် အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ၆ဆ တိုးလာခဲ့၏။

ထို့နောက် ချက်ချင်းပင် မရေမတွက်နိုင်သော အကြည့်များအောက်မှာ ထပ်တူထပ်မျှ တူညီသော ဦးခေါင်းနှစ်လုံးနှင့် လက်လေးဖက်က ဆူဇီမို၏ ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီမှာ ပေါ်ထွက်လာခဲ့၏။

အန္တိမ နတ်ဘုရားစွမ်းအား၊ ခေါင်းသုံးလုံး လက်ခြောက်ဖက်…။

မိုးကောင်းကင်ကိုးလွှာ၏ အပြင်ဘက်မှာ ကျင့်ကြံသူများစွာက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

“ဒါက..”

ပကတိအင်မော်တယ် ရှဲ့လင်ကလည်း တုန်လှုပ်သွား၏။

အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို​ တကယ်ပင် ထုတ်ဖော်နေ၏။

ဒါ့အပြင် ဤအန္တိမ နတ်ဘုရားစွမ်းအားသည် အလွန်တရာ စွမ်းအားကြီးမားလေသည်။ ကောင်းကင်အင်မော်တယ်များစွာပင်လျှင် သူတို့၏ အထွတ်အထိပ် အရွယ်မှာပင် ၎င်း၏ လေးနက်သိမ်မွေ့မှုကို နားလည်ဆင်ခြင်နိုင်မှ ဆင်ခြင်နိုင်ပေလိမ့်မည်။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ အကြီးအကဲများကလည်း တုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

“အန္တိမ နတ်ဘုရားစွမ်းအားကို ငါလည်း ထုတ်ဖော်တတ်တာပေါ့”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ နောက်ဘက်မှာ အစွယ် ၆ချောင်း နတ်ဆင်က ကြီးထွားလာ၏။ ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ဝှေ့ယမ်းပြီး သူက ရှေ့သို့ ပြေးဝင်လာသော ထျဲဟန်နှင့် အခြားသူများကို အော်လိုက်လေသည်။

“ထွက်သွားစမ်း”

အစွယ် ၆ချောင်း နတ်ဆင်နှင့် ခေါင်းသုံးလုံး လက်ခြောက်ဖက် မရှိလျှင်တောင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသက်သက်ကပင် ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ မျိုးဆက်သွေးနယ်မြေများကို ဆန့်ကျင်တိုက်ခိုက်နိုင်၏။

ယခု သူသည် ပင်ကိုနတ်ဘုရားစွမ်းအားတစ်ခုနှင့် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ထားပြီး ဆူဇီမို၏ ခွန်အားက ၎င်း၏ အထွတ်အထိပ်နီးပါးသို့ ရောက်ရှိလာခဲ့၏။

ဘုန်း.. ဘုန်း.. ဘုန်း.. ဘုန်း..

ဆူဇီမိုသည် မျိုးဆက်သွေးနယ်မြေများစွာနှင့် သူ၏ ဦးခေါင်းထက်ရှိ အဖြူရောင် သက်တံဓားကို ခြောက်ကြိမ် ဆက်တိုက်ဆင့်၍ ပစ်ထိုးလိုက်၏။ သူက သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်လိုက်ပြီး အခြားသော ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား ၆ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ကာ လောကကို လှုပ်ခါစေသည့် ကျယ်လောင်သော မြည်သံများကို ဆက်တိုက်ထွက်ပေါ်လာစေ၏။

ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ မျိုးဆက်သွေးနယ်မြေများက ဆူဇီမို၏ လက်သီးချက်များဖြင့် ကြေမွသွားပြီး အဲဒါကို လုံးဝ မခုခံနိုင်ခဲ့ပေ။

ပုံရိပ် ၆ခုက လွင့်စင်ထွက်သွား၏။

ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တချို့သည် လေထဲမှာ သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲသွားပြီး သူတို့၏ ခန္ဓာကိုယ်များက လုံးဝကို ချို့ယွင်းပျက်စီးကာ သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားရ၏။

အာဏာပါးကွက်သား အစောင့်တပ်သား တချို့မှာ သန်မာသော ကိုယ်ကာယများ ရှိကြလေသည်။ သူတို့၏ ခန္ဓာကိုယ်များက ဖျက်ဆီးမခံလိုက်ရသော်လည်း သူတို့က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက သူတို့၏ ခန္ဓာကိုယ်ထဲမှာ နေရာများ ရွေ့ကာ သူတို့၏ အရိုးများက ကျိုးကြေကုန်၏။

ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများသည် အစွယ် ၆ချောင်း နတ်ဆင်နှင့် ခေါင်းသုံးလုံး လက်ခြောက်ဖက်၏ ရုန်းကန်ပေါက်ကွဲအားကို လုံးဝ မခုခံနိုင်ပေ။

သူတို့သည် ဆူဇီမို၏ တိုက်ခိုက်မှုများကို မသေအာင် ခုခံနိုင်ခဲ့သည်ပင် အလွန်တရာ ကံကောင်းလှပြီဖြစ်၏။ အဲဒါသည် သူတို့၏ နည်းလမ်းများနှင့် ခွန်အားက သူတို့၏ အထွတ်အထိပ်မှာ ရှိနေသည်ဟု သက်သေပြပေးနေ၏။

အဲဒါက အခြားသော ကမ္ဘာမြေအင်မော်တယ်များသာဆိုလျှင် သူတို့သည် ထိုးချက်တစ်ချက်ဖြင့် စိစိညက်ညက်ကြေပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အဖြူရောင် သက်တံဓားက ဆင်းသက်လာခဲ့၏။

ထျဲဟန်၏ လက်ဝါးဆေဘာကလည်း ခုတ်ပိုင်းကျဆင်းလာခဲ့၏။

ဆူဇီမိုက တိုက်ခိုက်မှု နှစ်ရပ်ကို လျစ်လျူရှုပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို နောက်တစ်ဖန် လှည့်ပတ်ကာ အဆင့်မြင့် နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်လိုက်၏။

ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၆ယောက်က အောက်သို့ မကျဆင်းခင်မှာပင် သူတို့၏ အောက်ဘက် မြေကြီးထဲကနေ ရွှေရောင်ကြာပန်းများက တလိပ်လိပ် တိုးထွက်လာခဲ့၏။

ဘန်း.. ဘန်း.. ဘန်း..

ရွှေရောင်ကြာပန်းများက ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများနှင့် ထိခတ်မိသောအခါ သိပ်သည်းပြင်းထန်သော စွမ်းအားက သူတို့၏ ခန္ဓာကိုယ်များကို ခြေမွဖျက်ဆီးပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကလည်း ဖျက်ဆီးခံနေရ၏။

ဘေးဘက်တွင် ရှိသော အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ် တချို့သည် အလောတကြီး ဝင်ရောက်တိုက်ခိုက်ပြီး သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ မြေပြင်ပေါ်မှ ရွှေရောင်ကြာပန်းများကို ဖျက်ဆီးလိုက်ကြ၏။ သူတို့သည် ကျန်ရှိနေသော ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများကို ကယ်တင်ပေးလိုခြင်းဖြစ်၏။

သို့သော်လည်း ကောင်းကင်ထက်ကနေ ကြာပန်းများက တစ်ခုပြီးတစ်ခု ကျဆင်းလာပြန်၏။

ဆူဇီမို တိုက်ခိုက်လိုက်ပြီဆိုမှတော့ သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှ မည်သူ့ကိုမှ ရှင်သန်ဖို့အတွက် အခွင့်အရေးပေးတော့မည် မဟုတ်ပေ။

ဗုဒ္ဓကျောင်းတော်များ၏ အဆင့်မြင့် နတ်ဘုရားစွမ်းအားများ၊ ကောင်းကင်ဘုံပန်း ကြွေကျခြင်းနှင့် ကမ္ဘာမြေ ရွှန်းရွှန်းဝေ ရွှေကြာပန်း…။

အဆင့်မြင့် နတ်ဘုရားစွမ်းအားနှစ်ခု၏ အပေါ်အောက်နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခြင်းနှင့် ရင်ဆိုင်ရချိန်မှာ လောကတွင် သူတို့အတွက် မည်သည့် ထွက်ပေါက်မှ မရှိတော့ပေ။ မျိုးဆက်သွေးနယ်မြေများနှင့်အတူ ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား ၆ယောက်စလုံးက သေဆုံးသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံလိုက်ရ၏။

ထိုမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှု၏ ကြမ်းကြုတ်ခက်ထန်မှုက ကျင့်ကြံသူများစွာကို တုန်လှုပ်ချောက်ချားသွားစေပြီး အကြောက်တရားခံစားချက်တစ်ခုကို ပေးလာခဲ့၏။

သူ၏ မျက်လုံးနှစ်ဖက်ကို ပိတ်ကာ အနားယူနေသည့် အခြားသော ပြန်ဝင်စား အင်မော်တယ် ဖုန်းယင်ပင်လျှင် သူ၏ မျက်လုံးကို ဖွင့်ကာ သတိထားမှု တစ်စွန်းတစ်စနှင့်အတူ စောင့်ကြည့်လိုက်၏။

“ဘာတွေဖြစ်ကုန်တာလဲ”

“ထိပ်သီး ကမ္ဘာမြေအင်မော်တယ် ၁၂ယောက်ရဲ့ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုနဲ့ အန္တိမ နတ်ဘုရားစွမ်းအားနဲ့ မျိုးဆက်သွေးနယ်မြေ ၇ခုရဲ့ ရိုက်ခတ်မှုအောက်မှာ ဆူဇီမိုက လူ ၆ယောက်ကို ပြန်လှန်သတ်ပစ်လိုက်တာပဲ”

“ဘုရားရေ.. သူက တော်တော်ကို သန်မာတာပဲ”

လူအုပ်ကြားထဲမှ အုန်းအုန်းကျက်ကျက် အသံများက ရင်ပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့၏။

ရှဲ့ချင်းချန်က အလိုလို မတ်တတ်ထရပ်ပြီး တိုက်ပွဲနယ်မြေမှာ ရှိသော မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများကလည်း စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လာကြ၏။

တိုက်ပွဲ၏ အရှိန်အဟုန် မြင့်တက်မှုက လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။

ဖောက်.. ဖောက်..

အဖြူရောင် သက်တံဓားက ဆင်းသက်လာပြီး ဆူဇီမို၏ ဦးခေါင်းကို ထိုးဖောက်ကာ လတ်ဆတ်သော သွေးများကို အဘက်ဘက်သို့ ဖိတ်စင်ပြန့်ကျဲသွားစေ၏။

ထို့နောက် ချက်ချင်းပင် ထျဲဟန်၏ လက်ဝါးဆေဘာက ဆူဇီမို၏ မျက်နှာကို ထိုးခွဲပြီး သူ၏ ဦးခေါင်းကို နှစ်ပိုင်းကွဲထွက်သွားစေ၏။ ​သွေးများက စီးထွက်မလာခင်မှာပင် ရေခဲအဖြစ် အေးခဲသွား၏။

“ဟီးဟီးဟီး”

ရုတ်တရက် ဆူဇီမို၏ ရယ်သံက မကောင်းဆိုးဝါးဆန်ဆန် ထွက်ပေါ်လာ၏။

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်..။

အင်မော်တယ် ထိုက်ဟွာ၏ အဖြူရောင်ဓားက သူ၏ ဦးခေါင်းတစ်လုံးကို ထိုးဖောက်ခဲ့၏။

ထျဲဟန်၏ လက်ဝါးရိုက်ချက်ကလည်း နောက်ထပ်ဦးခေါင်းတစ်လုံးကို ကွဲထွက်သွားစေ၏။

သို့သော်လည်း အမြုတေစိတ်ဝိညာဉ်တစ်ခုကို အမှန်တကယ် ပိုင်ဆိုင်ထားသည့် သူ၏ ဦးခေါင်းက အကောင်းအတိုင်း ကျန်ရှိနေ၏။

All Chapters