ဒုံမင်းအင်မော်တယ်ကို ငါနဲ့အဖော်ထည့်ပေးလိုက်
Vol. 149 Ch. 2227
စောစောက တိုက်ပွဲသည် အရမ်းကိုပြင်းထန်ကြမ်းတမ်းလွန်း၏။ အဲ့ဒါက ပြောရသည်မှာ ကြာသည်ဟုထင်ရသော်လည်း တကယ်တော့အသက်ရှုချိန်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့၏။
ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက အရမ်းကိုကြမ်းကြုတ်ခက်ထန်ပြီး ထက်ရှလွန်းလေသည်။ စောင့်ကြည့်နေသောကျင့်ကြံသူများစွာသည် ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သား ၆ယောက်သေဆုံးသွားချိန်အထိ မတုံ့ပြန်နိုင်ကြပေ။
“ခေါင်းသုံးလုံးလက်ခြောက်ဖက် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခု... အဲ့ဒါကို အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က တကယ်ပဲ ထုတ်ဖော်လိုက်တာလား”
“မျိုးဆက်သွေးနယ်မြေတွေနဲ့ အာဏာပါးကွက်သား အစောင့်တပ်သား၆ယောက်က အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုနဲ့ ဗုဒ္ဓကျောင်းတော်တွေက အဆင့်မြင့်နတ်ဘုရားစွမ်းအားနှစ်ခုကြောင့် ခုခံဖို့တောင်အခွင့်မရေးမရဘဲ အသက်ခံလိုက်ရပြီ”
“ကောင်းကင်ဘုံပန်းကြွေကျခြင်းနဲ့ ကမ္ဘာမြေရွှန်းရွှန်းဝေရွှေကြာပန်းဆိုတာ… အဲ့ဒီအဆင့်မြင့်စွမ်းအားနှစ်ခုကို အောင်မြင်အောင် ကျင့်ကြံချင်တယ်ဆိုရင်... ဗုဒ္ဓကျောင်းတော်တွေရဲ့ နက်နဲသိမ်မွေ့မှုတွေကို သူတို့ရဲ့အကန့်အသတ်အထိ နားလည်ဆင်ခြင်ထားနိုင်ဖို့လိုတယ်.. ငါသိရသလောက်ဆိုရင် ဗုဒ္ဓကျောင်းတော်တွေက တပည့်ဂိုဏ်းသားတချို့တောင်မှ အဲ့ဒီအဆင့်မြင့်နတ်ဘုရားစွမ်းအားနှစ်ခုကို မထုတ်ဖော်နိုင်ကြဘူး”
လူအုပ်ကြီးက ဆူညံပွက်လောက်ရိုက်သွားပြီး မရေမတွက်နိုင်သောကျင့်ကြံသူများက ထိုမြင်ကွင်းမှာ စိတ်လှုပ်ရှားစွာဖြင့်ဆွေးနွေးပြောဆိုနေကြ၏။
“ကောင်းတယ်ကွာ... ကောင်းတယ်.. ကောင်းတယ်”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှအကြီးအကဲများက စိတ်ခံစားချက်များ မြင့်တက်နေပြီး တခြားမည်သည့်စကားကိုမှ ဆက်လက်မပြောဆိုနိုင်တော့ဘဲ ကောင်းတယ်ဆိုသောစကားကိုသာလျှင် ထပ်တလဲလဲရေရွတ်လိုက်၏။
“အခုချိန်ထိကို မင်းတို့တွေက ဟန်ဆောင်နေကြတုန်းလား”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က လှောင်ရယ်လိုက်၏။
“ဒီကောင်လေးရဲ့ အမြုတေစိတ်ဝိညာဥ်က ကောင်းကင်အမြုတေနယ်ပယ်ကိုရောက်နေပြီ... တက္ကသိုလ်က အကြီးအကဲတွေအနေနဲ့ မင်းတို့တွေက သူ့မှာ ဒီလိုမျိုးတိုက်ခိုက်ရည်ခွန်အားရှိတယ်ဆိုတာ မသိစရာအကြောင်းမရှိဘူး”
“ဟဲဟဲ”
အကြီးအကဲကျုံးကလည်း လှောင်ရယ်လိုက်၏။
“ဆူဇီမိုက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်လာပြီးကတည်းက ချက်ချင်းပဲတံခါးပိတ်ကျင့်ကြံသွားခဲ့တာ... သူကမကြာသေးခင်ရက်အနည်းငယ်ကမှ ပြန်ထွက်လာခဲ့တာ ငါတို့လည်း သူတိုက်ခိုက်တာကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ”
“သူ့မှာ ဘာဝှက်ဖဲတွေရှိတယ်ဆိုတာ ငါတို့တောင်မှ တကယ်မသိဘူး”
ထိုစကားကိုကြားသောအခါ အခြားသောကျင့်ကြံသူများက ပို၍ပင်တုန်လှုပ်သွားကြ၏။
ရှဲ့ချင်းချန်က ပြောလိုက်၏။
“ညီကိုဆူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ပြီးတဲ့နောက် သူက တက္ကသိုလ်က နည်းလမ်းတွေကို မကျင့်ကြံရသေးခင်မှာတင် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ဒီအဆင့်ထိ ရောက်နေပြီဆိုတဲ့သဘောပေါ့”
“သန်မာတယ်... အရမ်းကိုသန်မာတယ်”
ရှဲ့ချင်းချန်က စိတ်ခံစားချက်များစွာဖြင့် ထပ်တလဲလဲရေရွတ်နေ၏။
“ဒီတစ်ခေါက် ခန့်မှန်းကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က ညီကိုဆူရဲ့ အကဲဖြတ်တန်ဖိုးက တကယ့်ကိုအများကြီးကွဲလွဲနေတာပဲ”
“ကောင်းလိုက်တဲ့သတ်ဖြတ်ကွက်”
ယွင်ထင်က သူ၏ ဝိုင်ခွက်ကိုမော့သောက်ပြီး အော်ပြောလိုက်၏။
“ဘယ်လောက်တောင် စိတ်ကျေနပ်စရာကောင်းလိုက်သလဲ”
တစ်ချိန်တည်းမှာပင် ကျင့်ကြံသူများစွာက တဖြည်းဖြည်းတုံ့ပြန်လာကြ၏။
ယွင်ထင်သည် ယန်ယန်းအင်မော်တယ်နိုင်ငံသို့လာရောက်ပြီး ဆူဇီမိုကို ကိုယ်တိုင်ကိုယ်ကျစိန်ခေါ်ခဲ့သည်မှာ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်များကြောင့်သာလျှင် မဟုတ်လောက်ပေ။
အဲ့ဒါထက် ဆူဇီမို၏ ခွန်အားသည် ယွင်ထင်အနေဖြင့် သူ့ကို ဤကဲ့သို့ ပြုမူဆက်ဆံဖို့ လုံလောက်နေသောကြောင့်ဖြစ်၏။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ချောက်နက်က ညင်သာစွာ သက်ပြင်းချပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“အရင်တုန်းက ဒီကောင်လေးက တစ်မူထူးခြားတယ်ဆိုတာ ငါပြောနိုင်ခဲ့တယ်... ဒါပေမဲ့ ငါသူ့ကို လျှော့တွက်မိခဲ့တုန်းပဲ”
မင်းသားယွမ်ကျော၏ မျက်နှာက ဒေါသချောင်းချောင်းထွက်လာခဲ့၏။
မဟာကျင်းအင်မော်တယ်နိုင်ငံသည် ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သား၆ယောက်ကို ချက်ချင်းပင်ဆုံးရှုံးခဲ့ရပြီး သူတို့သည် ကြီးမားသောပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့လိုက်ရ၏။
သူသည် အံ့အားတသင့်ပြောဆိုသံများနှင့် သူ၏ ဘေးပတ်လည်မှ ဆူဇီမိုကို ချီးကျူးသံများကိုကြားရသောအခါ သူကပို၍ပင်မုန်းတီးလာခဲ့၏။
“မင်းတို့တွေက ဘာတွေများအူမြူးအားရနေကြတာလဲ... ဟမ့်”
ရုတ်တရက်မင်းသားယွမ်ကျောက ပြောလိုက်၏။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ထုတ်ဖော်ကြေညာလိုက်၏။
“သူ့ရဲ့ အမြုတေစိတ်ဝိညာဥ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိနေတယ်ဆိုရင်တောင် အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အနေနဲ့ အန္တိမနတ်ဘုရားစွမ်းအားတွေကို ထုတ်ဖော်ဖို့ သုံးစွဲရတဲ့ခွန်အားက စဥ်းစားကြည်လို့တောင် မရဘူး”
“ဆူဇီမိုက အခုချိန်မှာ အရှိန်အဟုန်ကုန်ဆုံးတော့မဲ့ မြားတစ်စင်းပဲ... အဲ့ဒါတွေက အရှိန်မကုန်ခင် သူ့ရဲ့နောက်ဆုံးအခိုက်အတန့်တွေပဲ”
နောက်ဆုံးမှာတော့ မင်းသားယွမ်ကျော၏ ကြမ်းကြုတ်ခက်ထန်သောအကြည့်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများအပေါ်ဆင်းသက်သွားပြီး အံကိုကြိတ်ကာပြောလိုက်၏။
“ခင်ဗျားတို့တွေ... ပျော်ရဖို့အတွက် စောလွန်းပါသေးတယ်”
“ထွီ...”
အကြီးအကဲကျုံးက တံတွေးထွေးကာပြောလိုက်၏။
“မင်းတို့မဟာကျင်းအင်မော်တယ်နိုင်ငံက အင်မော်တယ်ပျံဂိုဏ်းနဲ့ပူးပေါင်းပြီး ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ယောက်ကို စုစည်းထားခဲ့ကြတယ်... အခုသူတို့တွေက ငါတို့တက္ကသိုလ်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကြောင့် စုတ်ပြတ်သတ်ပြီး ဖရိုဖရဲဖြစ်နေကြပြီ... မင်းက ဒီနေရာမှာ အရှက်မရှိ ဘယ်လိုတောင် ဟောင်ဖွာဟောင်ဖွာဆက်လုပ်ရဲသေးတာလဲ”
“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အာဏာပါးကွက်သားအစောင့်တပ်သားတွေရဲ့ နာမည်ဂုဏ်သတင်းက မင်း... ယွမ်ကျောကြောင့် အမဲစက်ထင်သွားပြီ”
အကြီးအကဲဟဲကလည်း ဟားတိုက်ရယ်မောလိုက်၏။
မင်းသားယွမ်ကျောမျက်နှာက ဆူပူငေါက်ငမ်းခံရခြင်းကနေ နီမြန်းလာခဲ့ပြီး သူကမုန်းတီးစွာပြောလိုက်၏။
“ဒါက... ချောင်ပိတ်ခံထားရတဲ့ တောကောင်တစ်ကောင်ရဲ့တိုက်ခိုက်မှုပဲ... သူကဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ငါစောင့်ကြည့်ဦးမယ်”
တက္ကသိုလ်မှအကြီးအကဲများသည် စိတ်ကျေနပ်အားရစွာဖြင့် ဆဲဆိုနေကြသော်လည်း သူတို့နှလုံးသား၏ အနက်ပိုင်းထဲမှာ စိုးရိမ်ပူပန်မှုက ရှိနေဆဲပင်။
တကယ်တော့ မင်းသားယွမ်ကျောပြောသည်မှာ မမှားပေ။
အမြုတေစိတ်ဝိညာဥ်သည် ကောင်းကင်အင်မောတယ်နယ်ပယ်သို့ ရောက်ရှိသွားသည့်နှင့် သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်နိုင်ကြ၏။ သို့သော်လည်း အမြုတေစိတ်ဝိညာဥ်သည် ကောင်းကင်အင်မော်တယ်နယ်ပယ်၏ အဆင့်-၁ သို့မဟုတ် အဆင့်-၂ မှာသာရှိနေမည်ဆိုလျှင် အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ရခြင်းက သူတို့ကိုအားအင်ကြီးမားစွာကုန်ခန်းစေပြီး ဝန်ထုပ်ဝန်ပိုးကို ဖြစ်လာပေလိမ့်မည်။
သူတို့နှစ်ယောက်စလုံးသည် အန္တိမနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ထားကြသော်လည်း အင်မော်တယ်ထိုက်ဟွာ၏ အခြေအနေက ဆူဇီမိုနှင့် လုံးဝမတူပေ။
အင်မော်တယ်ထိုက်ဟွာ မတိုက်ခိုက်ခင် သူက အနားယူချိန်ကောင်းကောင်းရခဲ့ပြီး သူ၏ အထွတ်အထိပ်အခြေအနေမှာရှိနေ၏။
ဆူဇီမိုကတော့... သူသည် နေရာလွတ်အဆင့်လေးဆင့်မှ ရတနာများကို လုယူဖို့အတွက် သူသည် လမ်းတစ်လျှောက်မှာ စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်ခဲ့ပြီး သူ၏ စွမ်းအားများစွာကို ကုန်ဆုံးစေခဲ့၏။
စောစောကတိုက်ပွဲမှာ သူသည် များစွာသော နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် အန္တိမနတ်ဘုရားစွမ်းအား ခေါင်းသုံးလုံးလက်ခြောက်ဖက်ကိုပင် ထုတ်ဖော်ခဲ့၏။
သူ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်တစ်ယောက်နှင့် ယှဥ်နိုင်သည်ဆိုလျှင်တောင် ၎င်း၏ ခွန်အားက ကြီးမားစွာကုန်ခန်းသွားပေလိမ့်မည်။
သို့သော်လည်း အဲ့ဒီမှာ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ထျဲဟန်၊ အင်မော်တယ်ထိုက်ဟွာနှင့် အင်မော်တယ်ပျံဂိုဏ်းမှာ အထွတ်အထိပ်ကမ္ဘာမြေအင်မော်တယ်လေးဦးက ကျန်ရှိနေသေး၏။
ယခုအချိန်မှစ၍ ဆူဇီမို၏ အခြေအနေသည် ပို၍ခက်ခဲလာပြီး သူက သေကြေပျက်သုဥ်းရဖို့များလေသည်။
မိုးကောင်းကင်ကိုးလွှာမှာ..။
ဆူဇီမို၏ အခြေအနေသည် တက္ကသိုလ်မှအကြီးအကဲများထင်မှတ်ထားသည်ထက် အနည်းငယ်ပို၍ ကောင်းနေသေး၏။
အကြောင်းမှာ သူ၏ အမြုတေစိတ်ဝိညာဥ်က အရမ်းကိုထူးခြားနေသောကြောင့်ဖြစ်၏။
အဲ့ဒါသည် အစိမ်းရောင်ကြာပန် အမြုတေစိတ်ဝိညာဥ်နှင့် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်တို့ ပေါင်းစည်းမှု၏ ရလဒ်ဖြစ်ပြီး အလွန်တရာသိပ်သည်းသန့်စင်လေသည်။
ဒါ့အပြင် အစွယ်ခြောက်ချောင်းနတ်ဆင်းခွန်အားကို ထုတ်ဖော်ပြီးနောက် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ဆပွားတိုးလာခဲ့၏။
သူ့အမြုတေစိတ်ဝိညာဥ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိနေသေးသော်လည်း ၎င်း၏ ခွန်အားက အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ ခွန်အားထိရောက်ရှိလာခဲ့ပြီဖြစ်၏။
လမ်းတစ်လျှောက်မှာ ဆူဇီမိုသည် အဆင့်လေးဆင့်မှာ ရတနာများကိုလုယူခဲ့ပြီး ပဉ္စဝဏ္ဏတာအိုမီး၊ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီနှင့် အခြားသောလျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့ရ၏။
စောစောကတိုက်ပွဲမှာ သူသည် ဝှက်ဖဲများစွာနှင့် သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကိုထုတ်ဖော်ခဲ့ပြီး အမြုတေချီများစွာကို ကုန်ဆုံးစေခဲ့၏။
ထိုသို့ဆိုလျှင်တောင် သူ့အမြုတေစိတ်ဝိညာဥ်သည် ၎င်း၏ တိုက်ခိုက်ရည်ခွန်အားကိုထိန်းထားပြီး အနည်းဆုံးအမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်နိုင်နေသေး၏။
“သူက လမ်းဆုံးကိုရောက်နေပြီ... အားလုံးပဲ ဘာမှစိတ်ပူမနေကြနဲ့”
အင်မော်တယ်ထိုက်ဟွာက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဒီကောင်လေးက ငါတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ သေချာပေါက်သေရလိမ့်မယ်”
“ဟားဟားဟားဟား...”
ရုတ်တရက် ဆူဇီမိုက ဟားတိုက်ရယ်မောပြီး မလှမ်းမကမ်းမှာရှိသော အင်မော်တယ်ထိုက်ဟွာကို သရော်တော်တော်အမူအရာဖြင့်ကြည့်လိုက်၏။
“မင်းက မင်းရဲ့ပါချည်ပါချဲ့နည်းလမ်းတွေနဲ့ ငါ့ကို ငါ့ရဲ့တမလွန်လမ်းကြောင်းပေါ် ပို့ပေးချင်သေးတာလား”
“အင်မော်တယ်ပျံဂိုဏ်းက ကျင့်ကြံသူတွေနားထောင်ကြ”
ဆူဇီမိုက အော်ပြောလိုက်၏။
“မင်းတို့ရဲ့မုန့်ယောင်ကို သွားပြန်ပြောလိုက်... သူကငါ့ကို ငါ့ရဲ့တမလွန်လမ်းကြောင်းပေါ်ကို ပို့ပေးချင်တယ်ဆိုရင် အဲ့ဒါကို သူကိုယ်တိုင်လာပြီးလုပ်လို့ ပြောလိုက်”
“တမလွန်လောကကိုသွားရတဲ့ခရီးက အရမ်းကိုပျင်းဖို့ကောင်းမှာ... ဒုံမင်းအင်မော်တယ်က ငါ့ကိုအဖော်ပြုပေးမယ်ဆိုရင်တော့ မဆိုးဘူး”
“ဟာ...”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
မျက်နှာပြောင်တိုက်ခြင်း...
မောက်မာခက်ထန်ခြင်း....
အဲ့ဒါသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ပြောင်းပြောင်တင်းတင်းစော်ကားပြောဆိုလိုက်ခြင်းဖြစ်၏။
နတ်မိမယ်မုန့်ယောင်သည် ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ကို တံခါးပိတ်ကျင့်ကြံရာကနေဖိတ်ခေါ်ပြီး ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် ပူးပေါင်းစေခဲ့၏။ သူ၏ ရင်ထဲမှာ မကျေမချမ်းဖြစ်နေမည်ကို နားလည်လက်ခံ၍ရလေသည်။
သို့သော်လည်း တစ်ယောက်ယောက်က ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို မကျေမနပ်ဖြစ်နေလျှင်တောင် ဘယ်သူက သူမကိုပေါ်ပေါ်ထင်ထင် ဆန့်ကျင်ရဲမှာလဲ..
ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှ အင်မော်တယ်ဘုရင်တချို့ပင်လျှင် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို စိုးရိမ်ထိတ်လန့်ရ၏။
ကျင့်ကြံသူများစွာ၏ မျက်လုံးများထဲမှာ ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် ထိပါးစော်ကားလို့မရသည့် စွမ်ပကားကြီးမားသော နတ်မိမယ်တစ်ဦးဖြစ်၏။
သို့သော်ယခု... ဆူဇီမိုသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ကိုယ်တိုင်လာပြီး သူ့ကိုအဖော်ပြုပေးဖို့ လူတိုင်းရှေ့မှာပြောဆိုနေ၏။
“မိုက်မဲတဲ့ဂျူနီယာပဲ”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ဒေါသချောင်းချောင်း ထွက်နေ၏။
ဤတစ်ခေါက်မှာတော့... ပကတိအင်မော်တယ်ရှဲ့လင်ပင်လျှင် တိတ်တဆိတ်မှင်တက်သွားရ၏။
သူ၏ အဆင့်အတန်းနှင့်ပင်လျှင် သူသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ထိုကဲ့သို့သောစကားများဖြင့် ပြောဆိုရဲလိမ့်မည်မဟုတ်ပေ။
“ဟားဟားဟား”
ယွင်ထင်တစ်ယောက်ကသာလျှင် ချုပ်တည်းခြင်းမရှိဘဲ ရယ်မောကာပြောလိုက်၏။
“ဆူဇီမို... မင်းမှာဒီလိုမျိုးသတ္တိတောင်ရှိနေတာပဲ... ငါတော့မင်းကို ပိုပိုပြီးတော့ သဘောကျလာပြီဟေ့”
“ငါလည်း အဲ့ဒီဒုံမင်းအင်မော်တယ်ကို ကြည့်မရတာကြာပြီ.. သူက ငါ့အစ်မနဲ့တစ်တန်းတည်းရပ်တည်ဖို့ လုံးဝမထိုက်တန်ဘူး”