← Chapters

ခြေကုန်လက်ပန်းကျနေပါပြီ

Vol. 149 Ch. 2228

ခြေကုန်လက်ပန်းကျနေပါပြီ

Vol. 149 Ch. 2228

“ဆူဇီမို... မင်းက ကောင်းမှန်းဆိုးမှန်း တကယ်ကို နားမလည်ဘူးပဲ”

အင်မော်တယ်ထိုက်ဟွာ၏ အမူအရာက အေးစက်လာခဲ့၏။

သူသည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ ရင်ထဲမှာ ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် ထိပါးစော်ကားလို့မရနိုင်သည့် နတ်မိမယ်တစ်ပါးဖြစ်၏။

သူ၏ ယခင်ဘဝမှာပင်လျှင် သူသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို တွေ့မြင်သည့်အခါ ရိုသေလေးစားမှုပေးရပေလိမ့်မည်။

အနည်းဆုံးတော့ အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူတစ်ဝက်လောက်သည် နတ်မိမယ်မုန့်ယောင်ကို တိတ်တဆိတ်စွဲလမ်းနေကြ၏။

သို့သော်လည်း လူများစွာက အဲ့ဒါကို ထုတ်ဖော်ပြသရဲခြင်းမရှိပေ။

လူတိုင်း၏ နှလုံးသားထဲမှာ သူတို့က မထိုက်တန်ဘူးဆိုတာကို သိရှိထားသောကြောင့်ဖြစ်၏။

ယခုဆူဇီမိုသည် ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို ပေါ်ပေါ်တင်တင်ပုတ်ခတ်ပြောဆိုခဲ့လေသည်။ အဲ့ဒါသည် အင်မော်တယ်ထိုက်ဟွာ၏ နှလုံးသားထဲရှိနုနယ်သောနေရာကို လုံးဝထိမိသွား၏။

“ဆူဇီမို... ငါမင်းကိုပြောလိုက်မယ်”

အင်မော်တယ်ထိုက်ဟွာက အေးစက်စွာပြောလိုက်၏။

“ဒီလောကမှာ မင်းထိလို့မရတဲ့လူတချို့ရှိတယ်... အဲ့ဒါက စကားလုံးနဲ့.. အကြည့်နဲ့.. ထိပါးစော်ကားတာဆိုရင်တောင် အဲ့ဒါကကြီးလေးတဲ့ပြစ်မှုပဲ”

“အဲ့လိုလား”

ဆူဇီမိုက အေးစက်စက်အကြည့်နှင့်အတူ သွားဖြဲပြလိုက်၏။

“ငါ့မှာလည်း မင်းတို့ထိလို့မရတဲ့အရာရှိတယ်... မင်းတို့ အဲ့ဒါကိုထိမယ်ဆိုရင် မင်းတို့သေရမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ အကြည့်က တောက်ပလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်လိုက်၏။ သူ၏ ကျယ်ပြောသောစိတ်ဝိညာဥ်အသိစိတ်က သိပ်သည်းကျစ်လစ်လာပြီး အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

သူ၏ နှာရောင်ကနေ လက်တစ်ဖဝါးအရွယ် သာမန်ပုံစံ ကြေးခွံတစ်ခုက ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လွင့်မျောထွက်ပေါ်လာ၏။

ဘက်ပြန်ကြေးခွံ....

“တိုက်ကြ”

အင်မော်တယ်ထိုက်ဟွာက အော်ပြောလိုက်၏။

သူ၏ နှာရောင်က တဖျတ်ဖျတ်တလက်လက်အလင်းရောင်တစ်ခုဖြင့် တောက်ပသွားပြီး သူကလည်း သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကိုထုတ်ဖော်ကာ ဘက်ပြန်ကြေးခွံရှိရာသို့ ဝင်ရောက်သွားစေ၏။

အင်မော်တယ်ပျံဂိုဏ်းမှ အခြားသောကမ္ဘာမြေအင်မော်တယ်လေးယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို စုစည်းကာ သူတို့ကိုထုတ်ဖော်ဖို့ပြင်ဆင်ထားကြ၏။

သို့သော်လည်း ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အရင်ဆုံး အသက်သွင်းလိုက်၏။

သူတို့က ဘာမှမတတ်နိုင်ဘဲ သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များကို စုစည်းကာ သူတို့၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ရ၏။

အမြုတေစိတ်ဝိညာဥ်များအကြား တိုက်ပွဲတစ်ခုက အရမ်းကိုအန္တရာယ်များလွန်း၏။

မလိုအပ်သရွေ့ မည်သူကမှ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ချက်ချင်းထုတ်ဖော်လိမ့်မည် မဟုတ်ပေ။

ဥပမာအားဖြင့် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းဘက်မှာ သူတို့သည် ကြီးမားစွာသေကြေပျက်စီးထိခိုက်ပြီး လူခြောက်ယောက်သာကျန်တော့သည်ဆိုလျှင်တောင် သူတို့မှာ အရေအတွက်အားသာချက်ရှိနေသေး၏။

ထို့ကြောင့် သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို အသုံးပြုဖို့ လုံးဝတွေးမထားကြပေ။

ဘက်ပြန်ကြေးခွံပေါ်ထွက်လာသောအခါ သူတိုသည် အဲ့ဒါကိုခုခံဖို့အတွက် သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကိုသာ အသုံးချနိုင်လေသည်။

ထျဲဟန်က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

ဆူဇီမိုကို အောင်မြင်စွာ သတ်ဖြတ်နိုင်ဖို့အတွက် သူသည် ဆူဇီမိုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းပြီး အဲ့ဒါကို ဂရုတစိုက်လေ့လာခဲ့၏။

အထူးသဖြင့် လွန်ခဲ့သည့်နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှတိုက်ပွဲဖြစ်လေသည်။

သူနားလည်သဘောပေါက်ထားမှုအရ ဤအမြုတေလျှို့ဝှက်အတတ်က အလွန်တရာကြောက်စရာကောင်း၏။

လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က လုံလောက်အောင်မြင့်မားခြင်းမရှိလျှင် သူတို့က အဲ့ဒါကိုထိလို့မရပေ။

ထျဲဟန်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို အသက်မသွင်းလိုက်ပေ။

ထိုစဥ်မှာပင် အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ဘက်ပြန်ကြေးခွံနှင့် တိတ်တဆိတ်ထိတွေ့ရိုက်ခတ်သွား၏။

သို့သော်လည်း အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခု ရိုက်ခတ်မိရာလေဟာနယ်က ပြင်းထန်စွာတုန်ခါသွားပြီး ရေလှိုင်းဂယက်များနှင့်ဆင်တူသော ဝဲဂယက်များက အဘက်ဘက်ကိုဖြန့်ကြက်သွား၏။

အဲ့ဒါက သာမန်အမြုတေစိတ်ဝိညာဥ်တိုက်ပွဲတစ်ခုမဟုတ်ပေ။

ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော အမြုတေစိတ်ဝိညာဥ်နှစ်ခုကြား ရိုက်ခတ်မှု၏ တုန်ခါလှိုင်းကို စဥ်းစားကြည့်နိုင်၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဘေးကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများများပင်လျှင် သူတို့၏ အသိစိတ်ထဲမှာ အအေးဓာတ်တစ်ခုကို ခံစားလိုက်ရ၏။

ကျင့်ကြံသူများစွာက တိုက်ပွဲကနေအဝေးသို့ပင် ဆုတ်ခွာသွားကြ၏။

ဖုန်းယင်က သူ၏ မျက်လုံးနှစ်ဖက်ကို ဆက်လက်၍ မှိတ်မထားတော့ပေ။ ထိုအစားသူက တိုက်ပွဲနယ်မြေကိုမမှိတ်မသုန်စောင့်ကြည့်နေပြီး စစ်ဆေးလေ့လာအကဲခတ်နေ၏။

နောက်ဆုံးအနိုင်ရသူက မည်သူပင်ဖြစ်စေ ထိုသူသည် သူ၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်လာမည်ကို သူသိထားလေသည်။

အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်က ဘက်ပြန်ကြေးခွံနှင့် ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် သူကသန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက်ခံစားလိုက်ရ၏။

သေခြင်းတရားက နောက်ခဏ၌ ဆင်းသက်ရောက်ရှိလာတော့မည့်အလားပင်။

ရုတ်တရက်ဆိုသလို...။

ထူးဆန်းသောစွမ်းအားတစ်ခုက သူ၏ အသိစိတ်ထဲမှာ ရုတ်တရက်ပေါ်ထွက်လာပြီး သူ၏ အားနည်းသွားသောအမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံလာခဲ့၏။

သူ၏ အန္တိမနတ်ဘုရားစွမ်းအားနှင့် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာ အားနည်းလာခဲ့ပြီး ထိုစွမ်းအား၏ ကျူးကျော်ဝင်ရောက်လာမှုကို မခုခံနိုင်ပေ။

‘အဲ့ဒါတော့ဆိုးပြီ’

အင်မော်တယ်ထိုက်ဟွာ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ တွေဝေတုံ့တိုင်းခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို နောက်တစ်ဖန်လှည့်ပတ်ပြီး သူ၏ ခန္ဓာကိုယ်ကနေ စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျတစ်ခုကို ပေါက်ကွဲထွက်ပေါ်လာစေ၏။

သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားတစ်ခုက အင်မော်တယ်ထိုက်ဟွာ၏ ခန္ဓာကိုယ်ကနေ ဒလဟောထွက်ပေါ်လာခဲ့၏။

အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအား ထာဝရအသက်ဓာတ်ဖြစ်၏။

အတိမ်းအစောင်းမခံသော သေရေးရှင်ရေးအခိုက်အတန့်မှာ အင်မော်တယ်ထိုက်ဟွာက အမြုတေစိတ်ဝိညာဥ်စွမ်းအား၏ နောက်ဆုံးလက်ကျန်ကို အသုံးချကာ ဒုတိယမြောက်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်၏။

တကယ်တော့ အဲ့ဒါသည် ဖုန်းယင်နှင့်ရင်ဆိုင်ရန် သူ၏ အကြီးမားဆုံးမှီခိုအားထားရာဖြစ်၏။

သူ၏ မူလအစီအစဥ်မှာ ကမ္ဘာမြေအဆင့်သတ်မှတ်အတွက် ထိပ်ဆုံးနေရာမှတိုက်ပွဲသည် သူနှင့်ဖုန်းယင်ကြားတိုက်ပွဲဖြစ်ပေလိမ့်မည်။

သူတို့နှစ်ယောက်က နောက်ဆုံးအချိန်ထိ တိုက်ခိုက်ပြီး သူတို့၏ သွေးချီ၊ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီတို့က သူတို့၏ အကန့်အသတ်များထိ ရောက်ရှိသွားမည်ဆိုလျှင် သူသည် ထာဝရအသက်ဓာတ်ကို ထုတ်ဖော်ကာ သွေးချီ၊ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီတို့၏ ကြီးမားသောပမာဏတစ်ခုကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်၏။

ထိုအခါ တိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာလိုတော့မည် မဟုတ်ပေ။

သို့သော်လည်း သူသည် သူ၏ အကြီးမားဆုံးဝှက်ဖဲကို ကြိုတင်ထုတ်ဖော်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူ့မှာရွေးချယ်စရာမရှိတော့ပေ။

သူ၏ အသိစိတ်ထဲမှာ အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်သည် ကြောက်စရာကောင်းသောစိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်လွှတ်ပြီး ဘက်ပြန်ကြေးခွံကနေဆင်းသက်လာသည့် ထူးဆန်းသောစွမ်းအားကို လွင့်ပြယ်စေကာ ကပ်ဘေးကနေလွတ်မြောက်လာခဲ့၏။

“အဲ့ဒီကြေးခွံကို မထိကြနဲ့”

ထိုစဥ်မှာပင် သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား အင်မော်တယ်ထိုက်ဟွာက အော်ဟစ်သတိပေးလိုက်၏။

ကံဆိုးစွာနှင့်ပင် သူ၏ အော်သံက နောက်ကျသွားခဲ့လေပြီ။

အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ် လေးဦး၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များက ဘက်ပြန်ကြေးခွံနှင့် တစ်ခုပြီးတစ်ခုထိခတ်သွားကြ၏။

သူတို့လေးယောက်၏ အမြင်မှာ ဘက်ပြန်ကြေးခွံ၏ စွမ်းအားအများစုကို အင်မော်တယ်ထိုက်ဟွာက ပိတ်ဆို့တားဆီးပေးခဲ့ပြီးပြီဖြစ်၏။

သူတို့လေးယောက်၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များသည် ဘက်ပြန်ကြေးခွံကို ခြေမွှဖျက်ဆီးပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ တိုးဝင်ကာ ထိုသူ၏ အမြုတေစိတ်ဝိညာဥ်ကို သတ်ဖြတ်နိုင်ဖို့ လုံလောက်သည်ဟု တွေးထင်ထားကြ၏။

သို့သော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များစည် ဘက်ပြန်ကြေးခွံနှင့် ထိခတ်မိသောအခါ သူတို့၏ အမူအရာများက အေးခဲ၍ သူတို့၏ အကြည့်များကမှေးမှိန်ကာ သူတို့၏ အသက်ဓာတ်အားက လျင်မြန်စွာယုတ်လျော့သွား၏။

ဘက်ပြန်ကြေးခွံကလည်း ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ ကြေမွသွား၏။

အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်လေးဦး၏ အသိစိတ်များထဲမှာ သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ပျက်စီးသွားခဲ့ပြီဖြစ်၏။

သူတို့လေးယောက်သည် မည်သည့်ထိခိုက်ဒဏ်ရာမှမရှိသော်လည်း မြေပြင်ပေါ်သို့ ပျော့ခွေစွာလဲကျသွား၏။ သူတို့ကသေဆုံးသွားကြပြီဖြစ်၏။

အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုက နောက်ထပ်လူလေးယောက်ကို သတ်ဖြတ်ပစ်လိုက်၏။

ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ယောက် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ဘယ်လောက်မှမကြာသေးခင်မှာပင် အင်မော်တယ်ထိုက်ဟွာနှင့် ထျဲဟန်သာလျှင် ကျန်ရစ်တော့လေသည်။

ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

ဘက်ပြန်ကြေးခွံကို ထုတ်ဖော်ပြီးနောက် ဆူဇီမို၏ ခန္ဓာကိုယ်ကလည်း အနည်းငယ်ယိမ်းထိုးသွား၏။ သူ၏ မျက်နှာက ဖြူဖျော့၍ သူ၏ နှာရောင်ပေါ်ရှိ အလင်းရောင်က အလွန်တရာမှေးမှိန်သွားခဲ့ပြီဖြစ်၏။

အဆင့်-၅ မှာရှိသော ကျင့်ကြံသူများကို မပြောနှင့်.. ရင်ပြင်ပေါ်မှ ကျင့်ကြံသူများပင်လျှင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က အားအင်ကုန်ခန်းသွားပြီဆိုတာကို ပြောနိုင်ကြ၏။

သူ့အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီ၏ စွမ်းအားက ကုန်ခန်းသွားပြီး သူသည် သူ၏ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် အင်မော်တယ်ပညာရပ်များအားလုံးကို အသုံးမပြုနိုင်တော့ပေ။

ဆူဇီမိုသည် စဉ်းတီတုံးပေါ်ရောက်ရှိလာသောငါးတစ်ကောင်ကဲ့သို့ဖြစ်လာပြီး သူ၏ သေခြင်းရှင်ခြင်းက အခြားသူများ၏ လက်ထဲသို့ ရောက်ရှိနေပြီဟုဆိုလိုလေသည်။

“အာ... ဘယ်လောက်နှမြောဖို့ကောင်းလိုက်လဲ”

လူတစ်ယောက်က သနားဂရုဏာသက်စွာဖြင့် ညည်းတွားရေရွတ်လိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းရဲ့ ပူးပေါင်းတိုက်ခိုက်မှုမှာ သူက အခုချိန်ထိ အသက်ရှင်နေသေးပြီး ထိပ်သီးကမ္ဘာမြေအင်မော်တယ်၁၆ယောက်ကိုတောင် ပြန်ပြီးသတ်ဖြတ်နိုင်ခဲ့တယ်ဆိုတာ သူ့ရဲ့နာမည်ကို ခေတ်အဆက်ဆက်မှတ်တမ်းတင်ခံရဖို့ လုံလောက်နေပြီ”

“အမှန်ပဲ... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားနဲ့ဆို သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ဖြစ်တယ်လို့ပြောရင် ချဲ့ကားရာကျမှာမဟုတ်ဘူး”

“ဒါပေမဲ့... သမိုင်းတစ်လျှောက်မှာ အရွယ်မတိုင်ခင် သေဆုံးခဲ့ရတဲ့ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေက ရေတွက်လို့မရဘူး... သူ့ကိုဘယ်သူက နောက်ပိုင်းအမှတ်ရဦးမှာလဲ”

ရင်ပြင်ပေါ်မှာ ကျင့်ကြံသူများစွာသည် မိုးကောင်းကင်ကိုးလွှာမှာ တစ်ယောက်တည်း တိုက်ခိုက်နေသည့်ပုံရိပ်ကိုကြည့်ကာ သက်ပြင်းချလိုက်ကြ၏။

ထိုပုံရိပ်သည် အနည်းငယ်အထီးကျန်၍ သနားစရာကောင်းကာ ဝမ်းနည်းစရာပင်ကောင်းသည့်ပုံပေါ်နေ၏။

ထျဲဟန်သည် သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို မထုတ်ဖော်ခဲ့သော်လည်း သူက ဆူဇီမို၏ အားနည်းချက်ကို အာရုံခံမိသွားပြီး ထိုသူထံသို့ ရိပ်ခနဲပြေးဝင်လာခဲ့၏။

တစ်ခဏချင်းမှာပင် သူက ဆူဇီမိုရှေ့သို့ ရောက်ရှိလာခဲ့​ပြီဖြစ်၏။

သူသည် ဤကဲ့သို့သောရှားရှားပါးပါးအခွင့်အရေးကို သေချာပေါက်လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

All Chapters