မျက်စိကွယ်သွားခြင်း
Vol. 149 Ch. 2229
ထျဲဟန်က အဲ့ဒါကို ကောင်းကောင်းသိထား၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားက ကုန်ခန်း၍ သူက နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဆက်လက်၍ မထုတ်ဖော်နိုင်တော့ဘူးဆိုလျှင်တောင် သူ၏ ခန္ဓာကိုယ်နှင့် အနီးကပ်တိုက်ခိုက်ရည်ခွန်အားက အလွန်တရာ ကြောက်စရာကောင်းနေသေး၏။
ထို့ကြောင့် ထျဲဟန်သည် လုံးဝထိန်ချန်ထားခြင်းမရှိဘဲ သူ၏ ဝှက်ဖဲများအားလုံးနီးပါးကို ထုတ်ဖော်လိုက်၏။
“နှင်းခဲဆူးချွန်”
ထျဲဟန်၏ နှာရောင်က ပွင့်ဟသွားပြီး သူ၏ ကြီးမားသော စိတ်ဝိညာဥ်အသိစိတ်က အဆက်မပြတ်သိပ်သည်းကျစ်လစ်လာကာ ထက်ရှ၍ အေးစက်နေသော ဆူးချွန်တစ်ခုကို စုဖွဲ့ပြီး ဆူဇီမိုထံသို့ ပစ်ဝင်သွားစေ၏။
သူသည် စောစောက သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို မထုတ်ဖော်ခဲ့ဘဲ ကပ်ဘေးကိုရှောင်လွှဲခဲ့၏။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ၎င်း၏ အားအနည်းဆုံးအချိန်မှာရှိနေစဥ် သူက သေစေနိုင်စွမ်းအား မြင့်မားသော ဤအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
“နှင်းခဲမျက်လုံး”
တစ်ချိန်တည်းမှာပင် ထျဲဟန်က သူကျင့်ကြံထားသည့် စွမ်းအားကြီးမားသော စက္ခုနည်းစနစ်ကို ထုတ်လွှတ်လိုက်၏။
ပတ်ဝန်းကျင်က အေးခဲသွားလေသည်။
စက္ခုနည်းစနစ်က ထွက်ပေါ်လာပြီး နှင်းခဲစီးကြောင်းတစ်ခုက ထျဲဟန်၏ မျက်လုံးကနေ ပစ်လွင့်ထွက်ပေါ်လာ၏။ ချက်ချင်းနီးပါးပင် သူတို့က ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။
“ကန့်သတ်မဲ့နှင်းခဲချိပ်စည်း”
ထျဲဟန်က မာန်သွင်းအော်ဟစ်ပြီး နောက်ထပ်အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
သူ့အမြုတေစိတ်ဝိညာဥ်၏ လှည့်ပတ်မှုနှင့် နှင်းခဲသွေးချီကိုယ်ကာယအောက်မှာ အဆင့်မြင့်နတ်ဘုရားစွမ်းအား၏ စွမ်းပကားသည် အန္တိမနတ်ဘုရားစွမ်းအားများနှင့် ယှဥ်နိုင်လုနီးပါး ဖြစ်လာခဲ့၏။
နောက်ဆုံးမှာတော့ ထျဲဟန်၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူ၏ လက်နှစ်ဖက်ကြား အအေးဓာတ်က တရုန်းရုန်းထကြွကာ ဧရာမနှင်းခဲဓားသွားတစ်ခုကိုစုဖွဲ့ပြီး ဆူဇီမိုထံသို့ ခုတ်ပိုင်းချလိုက်၏။
ထျဲဟန်သည် အနီးကပ်တိုက်ခိုက်ခြင်းမှာ ဆင်နွဲဖို့ပြင်ဆင်ထားလေသည်။ သို့သော်လည်း သူသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်၊ စက္ခုနည်းစနစ်နှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကိုပါ ထုတ်ဖော်ခဲ့၏။
အင်မော်တယ်ဂိုဏ်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပျက်စီးဆုံးရှုံးမှုက အရမ်းကိုကြီးမားနေခဲ့ပြီဖြစ်၏။
သူက မည်သည့်အရာကိုမှ သေချာပေါက် ဖြစ်ခွင့်ပေးတော့မည် မဟုတ်ပေ။
သူသည် ဆူဇီမိုကို မည်သည့်အခွင့်အရေး သို့မဟုတ် ထွက်ပြေးလွတ်မြောက်ဖို့အတွက် မည်သည့်မျှော်လင့်ချက်မှ မပေးတော့ပေ။
တစ်ဘက်မှာတော့...
အင်မော်တယ်ထိုက်ဟွာက ထာဝရအသက်ဓာတ်ကို ထုတ်ဖော်၍ သူ၏ အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကို ပြန်လည်ဖြည့်တင်းပြီးနောက် ထိုမြင်ကွင်းကို တွေ့မြင်သောအခါ သူက ဤအခွင့်အရေးကို လက်လွှတ်မခံပေ။
သူသည် အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး ဒုတိယမြောက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်လွှတ်လိုက်၏။
ရွှစ်...
အမြုတေစိတ်ဝိညာဥ်ဓားတစ်လက်က လေထုကိုဆုတ်ဖြဲပြီး ဆူဇီမို၏ ဦးခေါင်းနောက်ဘက်ကနေ ဝင်ရောက်လာ၏။
ထိုအခိုက်အတန့်မှာ လောကက ရပ်တန့်သွားသည်ဟုထင်ရ၏။
မိုးကောင်းကင်ကိုးလွှာအပြင်ဘက်တွင်...။
မရေမတွက်နိုင်သော ကျင့်ကြံသူများက မျက်တောင်မခတ်တမ်းစောင့်ကြည့်နေကြ၏။
ယခုအချိန်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းဘက်မှ လူနှစ်ယောက်သာလျှင် ကျန်တော့လေသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၅ယောက်ထဲမှာ ရပ်တည်လေသည်။
သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက စောစောက ကမ္ဘာမြေအင်မော်တယ် ၁၈ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။
ဤကဲ့သို့သောအခြေအနေအရ ဆူဇီမိုသည် အသက်ဆက်ရှင်နိုင်ဦးမည်ဟု မည်သူကမှ မယုံကြည်ကြပေ။
သူက ဤအခြေအနေမှာ လုံးဝကို အရေးမသာတော့ပေ။
“မင်းတို့တွေက ငါ့ကိုသတ်နိုင်ဖို့ အဝေးကြီးလိုသေးတယ်”
ဆူဇီမိုက အော်ငေါက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကနေ ခံ့ညားထည်ဝါသောအော်ရာတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။
အဲ့ဒါက အသက်ဓာတ်အားဖြင့် ပြည့်နှက်နေပြီး စောစောက အင်မော်တယ်ထိုက်ဟွာဖန်တီးခဲ့သည့်အရာထက်ပင် ပို၍သန်မာကာပေါကြွယ်ဝနေ၏။ အဲ့ဒါက အခြေအနေကို လုံးလုံးလျားလျား ပြောင်းလဲသွားစေ၏။
အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအား.. ထာဝရအသက်ဓာတ်ပင်ဖြစ်၏။
ရင်ပြင်ပေါ်မှာအော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ယခုတင်... ငြိမ်သက်သွားခါစလူအုပ်ကြီးက တစ်ဖန်လှုပ်ခတ်သွားကြ၏။
ထာဝရအသက်ဓာတ်သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ပင်ကိုနတ်ဘုရားစွမ်းအားဖြစ်ပြီး ဆူဇီမိုသည် အောက်ဘုံလောကမှာကတည်းက အဲ့ဒါကို နားလည်ဆင်ခြင်ခဲ့ပြီးပြီဖြစ်၏။
အဲ့ဒါကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ ထုတ်ဖော်လိုက်သောအခါ ထိုအန္တိမနတ်ဘုရားစွမ်းအား၏ သက်ရောက်မှုက ပို၍ပင်တုန်လှုပ်စရာကောင်းနေ၏။
တစ်ခဏချင်းမှာပင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ၎င်း၏ အထွတ်အထိပ်ထိ အားအင်ပြန်လည်ပြည့်ဝလာခဲ့ပြီဖြစ်၏။
အသက်ဓာတ်အားက တလိပ်လိပ်ထိုးတက်လာပြီး ထျဲဟန်၏ အဆင့်မြင့်နတ်ဘုရားစွမ်းအား ကန့်သတ်မဲ့နှင်းခဲချိပ်စည်းက ချက်ချင်းပင် ပျက်ပြယ်သွား၏။ အကန့်သတ်မဲ့နှင်းခဲချိပ်စည်းသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုသာဖြစ်၏။
အဲ့ဒါက ဘယ်လောက်ပင် စွမ်းအားကြီးမားသည်ဖြစ်စေ ၎င်းသည် ထာဝရအသက်ဓာတ်ကို ထုတ်ဖော်ထားသည့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အေးခဲစေနိုင်မည် မဟုတ်ပေ။
ဆူဇီမိုသည် ထျဲဟန်၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို လျစ်လျူရှုပြီး ရုတ်တရက်တစ်ဘက်ကိုလှည့်ကာ ဝင်ရောက်လာသည့် ထျဲဟန်ကိုကြည့်လိုက်၏။
ဖျောက်... ဖျောက်... ဖျောက်...
နှင်းခဲမျက်လုံး၏ စွမ်းအားက အရင်ဆုံးရောက်ရှိလာခဲ့၏။
ထိုစက္ခုနည်းစနစ်ဖြတ်သွားရာနေရာတိုင်းမှာ အဲ့ဒါသည် အဖြူရောင်နှင်းခဲအမှတ်အသားတစ်ခုကို ကျန်ရစ်ခဲ့စေ၏။
ဆူဇီမိုက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။ ရုတ်တရက် သူ၏ ညာဘက်မျက်လုံးက အလျှံညီးညီး နေတစ်စင်းနှင့်ဆင်တူသော တဖျတ်ဖျတ်တလက်လက်အလင်းရောင်ဖြင့် တောက်ပလာခဲ့၏။
မီးပဒေသာမျက်လုံး... ။
မီးပဒေသာကျောက်တုံးက ဆူဇီမို၏ ညာဘက်မျက်လုံးနှင့် ပေါင်းစည်းပြီးခဲ့ပြီဖြစ်၏။
ထိုစက္ခုနည်းစနစ်သည် အဆုံးစွန်လွန်ကဲခြင်းယန်စွမ်းအင်ဖြင့် ပြည့်နှက်နေ၏။
နှင်းခဲမျက်လုံး၏ စွမ်းအားက မီးပဒေသာမျက်လုံးနှင့် ထိတွေ့ရိုက်ခတ်မိသည့်ခဏမှာပင် အဲ့ဒါက စတင်၍အရည်ပျော်ကျသွား၏။
ဘုန်း...
မီးပဒေသာအလင်းက တလိပ်လိပ်ထိုးတက်လာပြီး ထျဲဟန်၏ မျက်နှာပေါ်သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့၏။
ထျဲဟန်က သူ၏ အလျင်အဟုန်ဖြင့် ရှေ့သိုပြေးဝင်လာသောအခါ ဤကဲ့သို့သောအပြောင်းအလဲတစ်ရပ်ကို မျှော်လင့်မထားခဲ့ပေ။
စက္ခုနည်းစနစ်များ၏ လျှက်တပြက်ဆန်မှုနှင့်အတူ သူကရှောင်တိမ်းဖို့အတွက် နောက်ကျသွားခဲ့ပြီဖြစ်၏။
သူသည် သူ၏ ဦးခေါင််းကိုသာ အတတ်နိုင်ဆုံး လှည့်လိုက်ရ၏။
ဖောက်...
သူသည် သူ၏ နှာရောင်ပေါ်ရှိ သေကွင်းသေကွက်ကို ရှောင်လွှဲနိုင်ခဲ့သော်လည်း ထိုအလင်းရောင်က သူ၏ ဘယ်ဘက်မျက်လုံးထဲသို့ ဝင်ရောက်ကာ အဲ့ဒါကိုထိုးဖောက်၍ အပေါက်တစ်ပေါက်ကို ဖန်တီးလိုက်ဆဲဖြစ်၏။။
အထဲက မည်သည့်သွေးကမှ စီးထွက်မလာခဲ့ပေ။ သွေးကစီးထွက်လာသည့်ခဏမှာပင် မီးပဒေသာမျက်လုံးဖြင့် လောင်ကျွမ်းခံလိုက်ရ၏။
မီးပဒေသာမျက်လုံး၏ စွမ်းအင်များစွာသည် နှင်းခဲမျက်လုံးမှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
ထို့ကြောင့်.... အဲ့ဒါက ထျဲဟန်ကို မသတ်ဖြတ်နိုင်ဘဲ သူ့ကိုမျက်စိကွယ်သွားစေရုံသာဖြစ်၏။
တကယ်တော့... မီးပဒေသာ၏ ကြွင်းကျန်ရစ်သော စွမ်းအားနှင့်အတူ ထျဲဟန်သည် ဤကဲ့သို့သောထိခိုက်ဒဏ်ရာကနေ ပြန်လည်သက်သာချင်သည်ဆိုလျှင် အချိန်အတော်ကြာ ပြန်လည်အားဖြည့်ရပေလိမ့်မည်။
“နှမြောစရာပဲ”
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဝင်ရောက်လာ၏။
သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ တမလွန်မီးရောင်ကျောက်တုံးသည် တစ်ခါက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အမှောင်စွမ်းအားပမာဏများစွာကို စုပ်ယူထားခဲ့၏။ ယခုအဲ့ဒါက ငြိမ်သက်နေပြီး အသက်သွင်းလို့ မရပေ။
မဟုတ်ပါက တမလွန်မီးရောင်မျက်လုံးကို ထုတ်ဖော်မည်ဆိုလျှင် ထျဲဟန်သည် သူ၏ စက္ခုနည်းစနစ်နှစ်ခုကြောင့် နေရာမှာပင်သတ်ဖြတ်ခံရပေလိမ့်မည်။
ထျဲဟန်သည် ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူးဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ၏ မျက်နှာက နာကျင်မှုဖြင့် ရှုံ့မဲ့နေသော်လည်း သူက အသံတစ်ချက်မထွက်ပေ။
သူ၏ ကျန်ရစ်နေသောမျက်လုံးတစ်လုံးဖြင့် ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။
သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များနှင့်အတူ သူက သူ့လက်ထဲရှိ နှင်းခဲဓားသွားကို ကိုင်မြှောက်ကာ ဆူဇီမိုကို ခုတ်ပိုင်းချလိုက်၏။
ဆူဇီမို၏ နောက်ဘက်မှာ အင်မော်တယ်ထိုက်ဟွာ၏ တိုက်ခိုက်မှုရှိနေ၏။
ထျဲဟန်၏ ထင်မြင်ချက်အရ ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် ၎င်း၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည်ဆိုလျှင်တောင် သူသည် ဘက်ပြန်ကြေးခွံကို နောက်တစ်ဖန်ထုတ်ဖော်နိုင်မည်မဟုတ်ဘဲ သူနှင့်အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ခုခံရပေမည်။
“ရူလိုင်းဓမ္မချိပ်စည်း”
ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သုတ္တန်တစ်ခုကို တိတ်တဆိတ်ရွတ်ဆိုလိုက်၏။
သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတစ်ခုဖြင့်တောက်ပလာပြီး မနှိုင်းယှဥ်သာအောင် ဂမ္ဘီရဆန်သော ရှေးဟောင်းစာလုံးတစ်လုံးက လွင့်မျောထွက်ပေါ်လာ၏။
အဲ့ဒါက ကျိန်းစပ်နေသောရွှေရောင်အလင်းတစ်ခုဖြင့်တောက်ပနေပြီး နတ်ဆိုးများအားလုံးကို ဖိနှိမ်နိုင်ပုံရလေသည်။
ဆူဇီမို၏ ဒုတိယမြောက် စိတ်ဝိညာဥ်အမြုတေလျှို့အတတ်က ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
ရူလိုင်းဓမ္မချိပ်စည်းသည် အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်ဓားကို မခုခံခဲ့ပေ။ ထိုအစားအဲ့ဒါက ထျဲဟန်၏ ဆီးနှင်းဆူးချွန်ထံသို့ ပစ်ဝင်သွား၏။
ဖြောက်.....
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခုက လေထဲမှာထိတွေ့ရိုက်ခတ်သွား၏။
ထျဲဟန်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ နှာရောင်ပေါ်ရှိအလင်းက တဖျပ်ဖျပ်ဖြစ်သွား၏။ ရုတ်တရက် သူက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။
သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က လုံလောက်အောင်မြင့်မားခြင်းမရှိဘဲ သူသည် ရူလိုင်းဓမ္မချိပ်စည်းကို မခုခံနိုင်ခဲ့ပေ။
ဤတစ်ခေါက်အမြုတေစိတ်သိညာဥ်တိုက်ပွဲမှာ မည်သူက မည်သူ့ကိုမှ မသတ်ဖြတ်နိုင်ခဲ့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာ ရရှိသွား၏။
အခြားတစ်ဘက်မှာတော့...။
ဆူဇီမိုသည် သူ၏ ဘယ်ဘက်လက်ဖြင့် သူ၏ နှာရောင်ကို ညင်သာစွာထိပြီး လျှို့ဝှက်အတတ်တစ်ခုကို လှည့်ပတ်လိုက်၏။
သူက လျှပ်စီးလျှပ်ပန်းများဖြင့်တောက်ပနေသော ကျာပွတ်တစ်ခုကို သူ၏ နှာရောင်ထဲကနေဆွဲထုတ်ပြီး ဆင်းသက်လာသော အမြုတေစိတ်ဝိညာဥ်ဓားကို ရိုက်ချလိုက်၏။
တတိယမြောက် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်...။
ရင်ပြင်ပေါ်မှ ကျင့်ကြံသူများက အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။
သာမန်ကျင့်ကြံသူအများစုသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကိုသာ ကျင့်ကြံနိုင်ကြ၏။ နှစ်ခုကိုကျင့်ကြံနိုင်သော ထိုသူများက ရှားရှားပါးပါးပြိုင်စံရှားများဖြစ်နေလေပြီ။
လူအများစုအတွက်တော့ သူတို့က ဘယ်လောက်များများကို ကျင့်ကြံထားသည်ဖြစ်စေ အဲ့ဒါကအလကားပင်ဖြစ်၏။
သူတို့သည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်ဖို့ လုံလောက်သည့်စွမ်းအားကို မပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။
အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက အကန့်အသတ်ရှိပြီး မည်သူကမှ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို ဆက်တိုက်မထုတ်ဖော်နိုင်ပေ။
သို့သော် ယခုအခါ ဆူဇီမိုသည် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုကို ထုတ်ဖော်ခဲ့၏။
အင်မော်တယ်ထိုက်ဟွာနှင့် ထျဲဟန်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် သေဆုံးမသွားဘဲ သူက မနှိုင်းယှဥ်သာအောင်စွမ်းအားကြီးမားသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကိုပင် ထုတ်ဖော်ခဲ့၏။
ဤတိုက်ပွဲမှာ ပြသခဲ့သောနည်းလမ်းများသည် သာမန်ကမ္ဘာမြေအင်မော်တယ်များ၏ နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေပြီဖြစ်၏။
ဖြောင်း...
ဓားနှင့် ကျာပွတ်က ထိတွေ့ရိုက်ခတ်ပြီး စိတ်ဝိညာဥ်အသိစိတ်လှိုင်းများက တလိပ်လိပ်ထိုးတက်လာ၏။
သူတို့နှစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်များက မတိမ်းမယိမ်းမှာရှိပြီး ဤအမြုတေစိတ်ဝိညာဥ်တိုက်ခိုက်မှုမှာ မည်သူကမှ အနိုင်မရရှိပေ။
သို့သော်လည်း ဤတစ်ခေါက်မှာ အင်မော်တယ်ထိုက်ဟွာ၏ မျက်လုံးထဲတွင် သတ္တိကြောင်မှုအငွေ့အသက်တစ်ခုက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။