ထွက်ပြေးခြင်း
Vol. 149 Ch. 2230
အင်မော်တယ်ထိုက်ဟွာက မကြောက်ရွံ့ပေ။ သူသည် မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုနှင့် ဆက်လက်၍မတိုက်ခိုက်ချင်တော့ရုံသာဖြစ်၏။
ဆူဇီမို၏ ခွန်အားက ကိုင်တွယ်ဖို့ခက်ခဲပြီး သူတွေးထင်ထားသည်ထက် များစွာကျော်လွန်နေ၏။
အလွန်ဆုံး အဲ့ဒါက သူ့ကိုတုန်လှုပ်သွားစေရုံသာဖြစ်သော်လည်း အဲ့ဒါက သူကြောက်ရွံ့ရမည့်အနေအထားထိ မရောက်ရှိသေးပေ။
တိုက်ပွဲ၏ ဤနေရာအရောက်မှာ နှစ်ဖက်စလုံးသည် သူတို့၏ ဝှက်ဖဲများအားလုံးနီးပါးကို အသုံးပြုခဲ့ကြပြီးလေပြီ။
ယခုဆူဇီမိုသည် အန္တိမနတ်ဘုရားစွမ်းအား ထာဝရအသက်ဓာတ်ကို ထုတ်လွှတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီက သူတို့၏ အထွတ်အထိပ်ထိ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူက ဆူဇီမိုနှင့် ဤနေရာမှာ ဆက်လက်တိုက်ခိုက်မည်ဆိုလျှင်တောင် အင်မော်တယ်ထိုက်ဟွာသည် ထိုသူကိုသတ်ဖြတ်နိုင်ဖို့ ယုံကြည်မှုမရှိပေ။
အဲ့ဒါထက် သူသည် လောလောဆယ်မှာတိုက်ပွဲကိုရှောင်လွှဲချင်လာခဲ့၏။
သူသည် မိုးကောင်းကင်ကိုးလွှာကနေထွက်ခွာပြီး သူ၏ ဓမ္မရတနာများကို အသုံးပြုနိုင်သည့်အချိန်မှသာ တိုက်ခိုက်မည်ဆိုလျှင်လည်း နောက်ကျလိမ့်မည်မဟုတ်ပေ။
သူ၏ သိုလှောင်အိတ်ထဲမှာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို သိသိသာသာမြှင့်တင်ပေးနိုင်သည့် စွမ်းအားကြီးမားသော ဓမ္မရတနာတချို့ရှိလေသည်။
အနည်းဆုံး အဲ့ဒီမှာ သူစားသုံးနိုင်သည့် ဆေးလုံးတချို့ကိုလည်း ပြင်ဆင်ထား၏။
မည်သို့ပင်ဆိုစေ မိုးကောင်းကင်ကိုးလွှာမှာ ကန့်သတ်ချက်များစွာရှိပြီး သူက သူ၏ တိုက်ခိုက်ရည်ခွန်အားကို အထွတ်အထိပ်ထိ မမြှင့်တင်နိုင်ပေ။
‘ငါက သူ့ကိုကြောက်လို့မဟုတ်ဘူး’
အင်မော်တယ်ထိုက်ဟွာသည် သူ၏ ဆုံးဖြတ်ချက်ကို နှစ်သိမ့်ပေးနေသည့်အလား တီးတိုးရေရွတ်လိုက်၏။
ထိုသို့အတွေးဖြင့် အင်မော်တယ်ထိုက်ဟွာက ဆူဇီမိုနှင့် ဆက်လက်၍ငြိတွယ်မနေတော့ဘဲ လှည့်ထွက်လိုက်၏။
တစ်ဘက်မှာတော့... ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူးအနေဖြင့် ထျဲဟန်သည် မင်းသားယွမ်ကျော၏ အမိန့်ကိုနာခံရပြီး နောက်မဆုတ်နိုင်ပေ။
သူက မျက်စိတစ်ဖက်ကွယ်ထားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရရှိထားသည်ဆိုလျှင်တောင် သူက မကြောက်ရွံ့ပေ။
သို့သော်လည်း သူသည် ဒဏ်ရာအပြင်းအထန် ဆက်တိုက်ရရှိပြီးနောက် သူထုတ်ဖော်ထားသောဆေဘာစွမ်းအားက ကြီးမားစွာလျော့ကျသွား၏။
ဆူဇီမိုက ဆေဘာကို လက်ဗလာဖြင့်ဖမ်းဆွဲပြီး အဲ့ဒါကိုခြေမွှပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် သူ၏ အခြားလက်တစ်ဖက်ကိုမြှောက်ပြီး မဟာကစဥ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်ကာ ထျဲဟန်၏ ဦးခေါင်းကို ဖိရိုက်ချလိုက်၏။
ထျဲဟန်က သူ၏ လက်ကိုမြှောက်ပြီး ခုခံလိုလေသည်။
ဖျောက်.....
သို့သော်လည်း မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားက အလွန်တရာကြမ်းကြုတ်ပြီး ထျဲဟန်၏ လက်ကို ကျိုးသွားစေ၏။ အသားနှင့်သွေးစများက ဖိတ်စင်ပြန့်ကျဲသွား၏။
သိပ်သည်းပြင်းထန်သောစွမ်းအားက လုံးဝရပ်မသွားဘဲ ထျဲဟန်ပေါ်သို့ ဆက်လက်၍ ဖိကျလာ၏။
“ထိုက်ဟွာ... မင်း...”
ထိုစဥ်မှာပင် ထျဲဟန်၏ တစ်ဖက်တည်းသောမျက်လုံးက လှည့်ထွက်သွားသော အင်မော်တယ်ထိုက်ဟွာကို တွေ့မြင်သွားပြီး သူ၏ အမျက်ဒေါသက တလိပ်လိပ်ထိုးတက်လာ၏။
အင်မော်တယ်ထိုက်ဟွာ၏ အပြုအမူသည် သူ့ကို သစ္စာဖောက်လိုက်ခြင်းနှင့်တူလေသည်။
သေရေးရှင်ရေးအခိုက်အတန့်မှာ ထျဲဟန်၏ ပြင်းပြသောရှင်သန်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာ၏။
သူက သူ၏ ခေါင်းကို ရုတ်တရက်မော့ပြီး သူခန္ဓာကိုယ်ကို နောက်သို့ လှန်ချလိုက်၏။ ဤတစ်ခေါက်မှာ သူသည် သေကွင်းသေကွက် ပျက်စီးထိခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။
ဘန်း...
မဟာကစဉ့်ကလျားအမြုတေလက်ဝါးက ထျဲဟန်၏ လက်ကိုဖိချပြီး သူ၏ ရင်ဘတ်ကို ရိုက်ချလိုက်၏။
အရိုးကျိုးသံတဖြောက်ဖြောက်နှင့်အတူ.... ထျဲဟန်၏ ရင်ဘတ်ပေါ်မှာ လက်ဖဝါးရာတွင်းချိုင့်တစ်ခုက ချက်ချင်းပင်ပေါ်ထွက်လာ၏။
ကံမကောင်းစွာနှင့် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်စွမ်းအားသည် စောစောက ကုန်ခန်းသွားခဲ့ပြီး အစွယ်ချောက်ခြောင်းနတ်ဆင်ခွန်အားနှင့် ခေါင်းသုံးလုံးလက်ခြောက်ဖက်ကလည်း ပျက်ပြယ်သွားခဲ့လေပြီ။
အဲ့ဒါကြောင့်မဟုတ်ပါက သူ၏ ခွန်အားသည် ၆ဆတိုးနေပေလိမ့်မည်။ ခေါင်းသုံးလုံးလက်ခြောက်ဖက်နှင့်အတူ သူသည် အနားသို့ချဥ်းကပ်လိုက်သည့်ခဏမှာပင် ထျဲဟန်ကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
တကယ်တော့ ထိုလက်ဖဝါးရိုက်ချက်က ထျဲဟန်၏ အသက်တစ်ဝက်ကို နုတ်ယူလုနီးပါးဖြစ်ခဲ့၏။
ဘုန်း...
ထျဲဟန်က မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းသွားပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူက အံကိုတင်းတင်းကြိတ်ပြီး မြေပြင်ကို ဆောင့်နင်းကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်နှင့် ကပ်လုမတတ်ဖြစ်သွားပြီး သူကနောက်သို့ဆုတ်ခွာသွား၏။
“ဟမ့်...”
ထိုစဥ်မှာပင် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်ကလှုပ်ရှားသွားပြီး သူကလည်းပဲ ထွက်ပြေးသွားသောအင်မော်တယ်ထိုက်ဟွာကို သတိထားမိသွား၏။
“ထွက်ပြေးဖို့ကြိုးစားတာလား”
ဆူဇီမို၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ တခြားလူတိုင်းက မသေလျှင်လည်း ကိစ္စမရှိပေ။ သို့သော်... အင်မော်ထိုက်ဟွာကတော့ မရပေ။
သူကယဲ့ဖေးကို သတ်ဖြတ်ခဲ့သည်ဆိုမှတော့... ဆူဇီမိုက သူ့ကို သူ့အသက်နှင့်ပြန်ပေးဆပ်ပြီး ယဲ့ဖေးနှင့်အတူ သေစေချင်လေသည်။
အဲ့ဒါသည် စောစောကသာဆိုလျှင် ဆူဖီမိုသည် ထျဲဟန်ကို အရင်ဆုံးသတ်ဖြတ်ပြီးမှ သူ၏ လှုပ်ရှားမှုနည်းစနစ်နှင့် လျှို့ဝှက်အတတ်များနှင့်အတူ အင်မော်တယ်ထိုက်ဟွာနောက်သို့ ပြေးလိုက်ဖို့ ယုံကြည်မှုရှိလေသည်။ သို့သော်ယခု... သူက သူ၏ လှုပ်ရှားမှုနည်းစနစ်နှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်ပြီး အချိန်တိုအတွင်းမှာ သူတို့ကို နောက်တစ်ဖန် ပြန်အသုံးမပြုနိုင်ပေ။
ယခုအချိန်မှာ အင်မော်တယ်ထိုက်ဟွာက အရင်ဆုံး လှုပ်ရှားမှုပြုလုပ်သွားခဲ့၏။
သူက ထျဲဟန်နောက်သို့ ပြေးလိုက်မည်ဆိုလျှင် သူပြန်လာသည့်အချိန်မှာ အင်မော်တယ်ထိုက်ဟွာက မရှိလောက်တော့ပေ။
မိုးကောင်းကင်ကိုးလွှာက အရမ်းကိုကြီးမားပြီး ဤနေရာမှာ ပုန်းရှောင်လိုသည့်လူတစ်ယောက်ကို ရှာဖွေဖို့က မဖြစ်နိုင်ပေ။ အဲ့ဒါက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာနေရခြင်းနှင့် တူနေပေလိမ့်မည်။
သူသည် မိုးကောင်းကင်ကိုးလွှာကနေ ထွက်ခွာပြီး ကောင်းကင်အင်မော်တယ်ပညာရှင်များစွာ၏ ရှေ့မှာ အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်မည်ဆိုလျှင် ဘယ်လိုအပြောင်းအလဲများပေါ်ထွက်လာမလဲ မသိနိုင်ပေ။
'ငါသူ့ကို ဒီနေရာမှာရအောင်သတ်ရမယ်'
ထိုသို့အတွေးဖြင့် ဆူဇီမိုက ထျဲဟန်ကို လက်လွှတ်ပြီး တစ်ဘက်သို့လှည့်ကာ အဝေးသို့ပြေးထွက်သွားသော အင်မော်တယ်ထိုက်ဟွာနောက်သို့ ပြေးလိုက်သွား၏။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဘေးမှာ ကျင့်ကြံသူများစွာက ကြက်သေသေနေကြ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ပူးပေါင်းမှုက ဤကဲ့သို့သောရလဒ်ဖြင့် အဆုံးသတ်သွားခဲ့၏။
ထျဲဟန်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အင်မော်တယ်ထိုက်ဟွာက ထွက်ပြေးသွားခဲ့၏။
ဆူဇီမိုကတော့ သူသည် သတ်လိုဖြတ်လိုသော အော်ရာတစ်ခုနှင့်အတူ ရှေ့သို့လျှောက်လှမ်းသွားပြီး ခပ်ဝေးဝေးမှာရှိသောပုံရိပ်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။
သူက အင်မော်တယ်ထိုက်ဟွာကို အလွတ်မပေးလိုသည်မှာ သိသာလေသည်။
ထျဲဟန်က သူ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ပြီး ဆိုးဆိုးဝါးဝါးအမူအရာဖြင့် သွေးများစွာကို အန်ထုတ်လိုက်ရ၏။
သူသည် အစတုန်းက သေလူတစ်ယောက်ဖြစ်သွားခဲ့ပြီးလေပြီ။ ဆူဇီမိုက သူ့နောက်သို့ လိုက်လာမည်ဆိုလျှင် သူသည် သုံးချီထက် ပိုခံမည်မဟုတ်ပေ။
တကယ်တော့ အင်မော်တယ်ထိုက်ဟွာ၏ ထွက်ပြေးမှုက သူ၏ အသက်ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်၏။
ထျဲဟန်က အင်မော်တယ်ထိုက်ဟွာ၏ နောက်ကျောကိုကြည့်ပြီး သရော်တော်တော်ပြုံးလိုက်၏။
ထို့နောက် သူက မလှမ်းမကမ်းမှာရှိသော ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ကို ကြည့်လိုက်၏။ ကျောက်စာတိုင်ပေါ်မှာ သူရေးထိုးထားသည့် နာမည်ကိုကြည့်ပြီး သူက သူ့ကိုယ်သူလှောင်ပြောင်သရော်လိုဟန်ဖြင့် ရယ်မောလိုက်၏။
သူ၏ လက်ရှိအခြေအနေအရ သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ဖို့ ဆက်လက်၍အခွင့်အရေးမရှိတော့ပေ။
သူ၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိသွားပြီး သူ၏ ခန္ဓာကိုယ်က အပြင်းအထန် ပျက်စီးထိခိုက်ကာ သူ၏ မျက်စိတစ်ဖက်ကလည်း ကန်းသွားခဲ့၏။ သူသည် အနာဂတ်မှာ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ပင် ချိုးဖျက်တက်လှမ်းနိုင်ဖို့ မသေချာကြတော့ပေ။
စိတ်ပျက်အားငယ်သောအမူအရာနှင့်အတူ ထျဲဟန်က တစ်ဘက်သို့လှည့်ပြီး အဆင့်-၄ သို့သွားရာ ပို့ဆောင်ရေးဝင်္ကပါရှိရာဘက်သို့ ဦးတည်လိုက်၏။
သူက ရှင်သန်လိုသည်ဆိုလျှင် သူက ဤနေရာမှာ ဆက်နေလို့မရတော့ပေ။
ဆူဇီမိုက အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်နိုင်သည်ဖြစ်စေ၊ မသတ်ဖြတ်နိုင်သည်ဖြစ်စေ... ဆူဇီမိုပြန်ရောက်လာသည့်အခါ သူကသေချာပေါက်သေရပေလိမ့်မည်။
သူရှင်သန်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ပထမဆုံးအဆင့်လေးဆင့်မှာ ပုန်းရှောင်နိုင်မည့်နေရာတစ်ခုကို သူကရှာဖွေဖို့ဖြစ်၏။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ဘေးတွင်...။
အစက တိုက်ပွဲကို စောင့်ကြည့်နေသောဖုန်းယင်က ရုတ်တရက်လှုပ်ရှားမှုပြုလုပ်ပြီး ဆူဇီမိုနှင့် အင်မော်တယ်ထိုင်ဟွာထွက်သွားရာဘက်သို့ ပြေးလိုက်သွား၏။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သူပင်လျှင် စူးစမ်းလိုစိတ်ဖြစ်လာခဲ့၏။
ယွဲ့ဖုန်၊ ယွင်လေနှင့် အခြားသူများကလည်း သူ့နောက်သို့ပြေးလိုက်လာခဲ့၏။
ရှဲ့ယွင်က မင်းသမီးသက်တံနီကို ကာကွယ်ပေးထားပြီး သူတို့နောက်သို့ပြေးလိုက်မသွားပေ။ သူကသက်ပြင်းချလိုက်၏။
“သက်တံနီ.... နင်တို့တက္ကသိုလ်က ဒီတစ်ခေါက် တကယ့်ကို ရက်စက်ကြမ်းတမ်းတဲ့လူတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ”
“မပူပါနဲ့”
မင်းသမီးသက်တံနီက မလှုပ်ရှားနိုင်သော်လည်း သူမက စကားပြောဆိုနိုင်နေပြီဖြစ်၏။ သူမက မုန်းတီးစွာဖြင့်ပြောလိုက်၏။
“ဂျူနီယာမောင်ဆူက ထိုက်ဟွာကို သေချာပေါက်လွှတ်ပေးမှာမဟုတ်ဘူး... သူက စီနီယာအစ်ကိုယဲ့အတွက် သေချာပေါက်လက်စားချေပေးလိမ့်မယ်”
“အဲ့ဒါကတော့ မလွယ်ဘူးဟ”
ရှဲ့ယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ဆူဇီမိုရဲ့တိုက်ခိုက်ရည်ခွန်အားက ထိုက်ဟွာထက် သာလွန်ကောင်းသာလွန်လိမ့်မယ်... ဒါပေမဲ့ အင်မော်တယ်ထိုက်ဟွာက တိုက်ပွဲကိုရှောင်လွှဲပြီး ထွက်ပြေးချင်တယ်ဆိုရင် သူကလည်း တားဆီးနိုင်မှာ မဟုတ်ဘူး”
မင်းသမီးသက်တံနီက အသံတိတ်သွား၏။
ရှဲ့ယွင်ပြောသည်က မမှားသည်ကို သူမသိလေသည်။
ဆူဇီမိုက ဘာပဲပြောပြော တစ်ယောက်တည်းဖြစ်၏။ အင်မော်တယ်ထိုက်ဟွာက တိုက်ပွဲကိုရှောင်လွှဲချင်သည်ဆိုလျှင် ဆူဇီမိုကလည်း သူ့ကိုတားဆီးနိုင်မည်မဟုတ်ပေ။
ရင်ပြင်ပေါ်မှာ...။
ကျင့်ကြံသူများစွာက ထိုမြင်ကွင်းကိုကြည့်ပြီး အံအားသင့်တုန်လှုပ်နေကြ၏။
ဤတိုက်ပွဲသည် လူတိုင်းတွေးထင်ထားသည်ထက် များစွာကျော်လွန်သွားခဲ့ပြီဖြစ်၏။
အင်မော်တယ်ပျံဂိုဏ်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံသည် သေကြေပျက်စီးထိခိုက်မှုများစွာကို ကြုံတွေ့ခဲ့ရ၏။ ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၆ ယောက်က ဆူဇီမို၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး သူတို့သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်ကနေ လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခံရလုနီးပါးပင်။
ထိုအဖွဲ့အစည်းနှစ်ခုက တကယ့်ကို မျက်နှာပျက်ရပြီဖြစ်၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ တိုက်ပွဲသည် ယခုအချိန်ထိ မပြီးဆုံးသေးသည့်ပုံပင်။
ဆူဇီမိုက လက်မလျှော့သေးဘဲ မရမကသတ်ဖြတ်လိုသောစိတ်ဖြင့် အင်မော်တယ်ထိုက်ဟွာနောက်သို့ ထပ်ကြပ်မကွာပြေးလိုက်သွား၏။
“ကြည့်စမ်း... ဟိုနေရာမှာ ဘာတွေ့ဖြစ်နေတာလဲ”
ထိုစဉ်မှာပင် လူတစ်ယောက်၏ အကြည့်က ရွေ့လျားသွားပြီး အဆင့်-၄ ၏ ပို့ဆောင်ရေးဝင်္ကပါနှင့် မလှမ်းမကမ်းမှာ ဖြစ်ပျက်နေသည့်အရာကိုကြည့်ကာ သူက အံ့အားသင့်တုန်လှုပ်နေ၏။