← Chapters

မိုးမခသစ်ပင်၏ စွမ်းပကား

Vol. 149 Ch. 2231

မိုးမခသစ်ပင်၏ စွမ်းပကား

Vol. 149 Ch. 2231

အဆင့်-၄ မှာ ပို့ဆောင်ရေးဝင်္ကပါကနေ မလှမ်းမကမ်းမှာရှိသော ဧရာမမိုးမခသစ်ပင်သည် တုန်လှုပ်စရာကောင်းသော အသွင်ပြောင်းလဲမှုတစ်ရပ်ကိုဖြတ်ကျော်နေ၏။

ဘာ့ကြောင့်ရယ်မသိ မိုးမခသစ်ရွက်များက မြင်နိုင်သောနှုန်ထားဖြင့် ညှိုးခြောက်လာခဲ့၏။

ကိုင်းကျနေသော မိုးမခသစ်ကိုင်းများကလည်း လျင်မြန်စွာကျုံ့ဝင်လာခဲ့၏။

ရှေးကျ၍ ကြမ်းတမ်းသောသစ်ခေါက်များက တဖြည်းဖြည်းကွာကျလာခဲ့၏။

သို့သော်လည်း မိုးမခသစ်ပင်၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက သိပ်သည်းကျစ်လစ်လာခဲ့၏။

“တက္ကသိုလ်က အဲ့ဒီတပည့်က အဆိုးထဲကနေအကောင်းကို လက်ခံရရှိနေတာပဲ... အဲ့ဒါက ကောင်းချီးပေးခံရတာပဲ”

ပကတိအင်မော်တယ်ရှဲ့လင်က ရေရွတ်ပြောဆိုလိုက်၏။

သူ၏ ကျင့်ကြံမှုနယ်ပယ်က ဤနေရာမှာအမြင့်မားဆုံးဖြစ်ပြီး သူ၏ အကဲဖြတ်မှုနှင့် အသိပညာက အခြားသူများထက်သာလွန်လေသည်။

ဤတက္ကသိုလ်တပည့်ဂိုဏ်းသား၏ အမြုတေစိတ်ဝိညာဥ်သည် ဧရာမမိုးမခအမြုတေစိတ်ဝိညာဥ်နှင့် ပေါင်းစည်းပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်နယ်ပယ်က ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားလောက်ပြီကို သူပြောနိုင်၏။

ယခု... သူ၏ ခန္ဓာကိုယ်က ပြန်လည်မွေးဖွားလာပြီး သူက ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ကို ဖြတ်ကျော်ကာ သူ၏ အနာဂတ်က အကန့်အသတ်မဲ့လာခဲ့၏။

အစကတော့... ဤတက္ကသိုလ်တပည့်ဂိုဏ်းသား၏ ပါရမီအလားအလာက သာမန်သာဖြစ်၏။

သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ခဲ့သော်လည်း သူသည် အနာဂတ်မှာ အလွန်ဆုံး ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။

သို့သော်ယခု... သူသည် ဤသို့သော အခွင့်အလမ်းတစ်ရပ်ကို ရရှိခဲ့ပြီး ဤကောင်လေး၏ ပါရမီအလားအလာက စဥ်းစားကြည့်၍မရနိုင်အောင်ဖြစ်လာခဲ့၏။

ဤတစ်ခေါက်မိုးကောင်းကင်ကိုးလွှာမှာ ရတနာအများဆုံးကိုရရှိခဲ့သူက ဆူဇီမိုဖြစ်၏။

သူကလွဲလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ဤတပည့်ဂိုဏ်းသားက အကျိုးအမြတ်ရရှိမှုအများဆုံးဖြစ်ပေလိမ့်မည်။

“ဘယ်လောက်တောင်မြင့်မားတဲ့နည်းလမ်းတွေလဲ”

ဤတက္ကသိုလ်ဂိုဏ်းသား၏ အခွင့်အလမ်းများသည် ဆူဇီမိုနှင့် မည်သို့မည်ပုံဆက်စပ်နေသည်ကို တွေးမိသောအခါ ပကတိအင်မော်တယ်ရှဲ့လင်က သက်ပြင်းချလိုက်၏။

အစကတော့... အဆင့်လေး၏ အခြေခံအုတ်မြစ်ရတနာကို ဆူဇီမိုလုယူခဲ့သည့်အတွက် ရှဲ့လင်က မကျေမနပ်ဖြစ်နေခဲ့၏။

သို့သော်ယခု... စောစောက တိုက်ပွဲကိုမြင်တွေ့ပြီးနောက် သူက အဲ့ဒါနှင့်ပတ်သက်၍ပြန်စဥ်းစားပြီး ဆူဇီမိုက ရတနာများကို လုယူသွားခဲ့သည်မှာ ဘာမှပြောပလောက်စရာမဟုတ်ဟု သူကနားလည်သဘောပေါက်လာခဲ့၏။

သူသည် အဲ့ဒါတွေကို ထိုသူ့အတွက် မျက်နှာသာပေးခြင်းဟုသတ်မှတ်ပေးနိုင်၏။

အနည်းဆုံးတော့ ယန်ယန်းအင်မော်တယ်နိုင်ငံသည် ဤကောင်လေးနှင့် ဆက်ဆံရေးကောင်းရှိထားသည်မှာ ဆိုးသည့်အရာတစ်ခုမဟုတ်ပေ။

သိပ်မကြာခင်...။

မိုးမခသစ်ပင်က သူ၏ အသွင်​ပြောင်းလဲမှုကို ပြီးမြောက်သွားခဲ့ပြီဖြစ်ပြီး အစကရှိခဲ့သော ဧရာမမိုးမခသစ်ပင်က ပျောက်ကွယ်သွား၏။ ၎င်း၏ နေရာမှာ သေးသေးသွယ်သွယ် မိုးမခပင်ပျိုလေးတစ်ပင်က ပေါ်ထွက်လာ၏။

ပင်စည်က လက်မောင်းလုံးလောက်သာရှိပြီး ကိုင်းကျနေသော မိုးမခသစ်ကိုင်းများကလည်း အနည်းအကျဥ်းသာ ရှိလေသည်။ သူတို့က လေပြင်းပြင်းတိုက်လျှင် ကျိုးသွားနိုင်သည့်အလား သေးသွယ်၍အားနည်းသည့်ပုံပေါ်နေ၏။

မိုးမခပင်ပျိုသည် စတင်၍ယိမ်းနွဲ့လာပြီး သိပ်သည်းအားကောင်းလာခဲ့၏။

“ဟိုက်ယား...”

သိပ်မကြာခင် မိုးမခပင်က အနည်းငယ်နုနယ်သော လူသားအသံတစ်သံကိုထုတ်ဖော်ပြီး သူ့ကိုယ်သူမြေကြီးထဲကနေဆွဲထုတ်ကာ အမြစ်များကို ပေါ်ထွက်လာစေ၏။

ဤအပြုအမူအပြီး၌ မိုးမခပင်က စွမ်းအင်မြောက်မြားစွာကိုသုံးစွဲလိုက်ပုံရပြီး နေရာမှာတင်မတ်တတ်ရပ်ကာ အနားယူနေ၏။

ခဏမျှရပ်တန့်ပြီးနောက် မိုးမခပင်၏ ခန္ဓာကိုယ်က တဖြည်းဖြည်းပြောင်းလဲသွား၏။ အမြစ်များစွာက စုစည်းလာပြီး ပင်စည်က ဆင့်ကဲပြောင်းလဲလာခဲ့၏။

ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာ မိုးမခပင်က ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာမှာ ၉နှစ်အရွယ် ကလေးငယ်တစ်ယောက် ပေါ်ထွက်လာ၏။ လျှိုဖျင်၏ ပုံပန်းသဏ္ဌာန်ကို သူ၏ မျက်လုံးထဲကနေတစ်ဆင့် ခပ်ရေးရေးတွေ့မြင်နိုင်၏။

ကလေးငယ်က အစိမ်းရောင်ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားပြီး မျက်နှာချေအနည်းငယ်ကို လိမ်းခြယ်ထား၏။

သူ၏ ဆံပင်ကို သေးငယ်သောကျစ်ဆံမြီးများအဖြစ် စည်းနှောင်ထားပြီး မိုးမခသစ်ကိုင်းများကဲ့သို့ အနည်းငယ်ယိမ်းနွဲ့နေ၏။

သူ၏ လူသားသွင်ပြင်သို့ အသွင်ပြောင်းလဲပြီးနောက် ကလေးငယ်က သူ၏ ခေါင်းကိုငုံ့ကာ အံ့အားသင့်မှင်တက်နေ၏။

“ဒီလောက်တောင်ပုတာလား”

ကလေးငယ်က သူ၏ နုနယ်သေးသွယ်သောလက်ကိုကြည့်ပြီး တုန်လှုပ်သွား၏။

“ဒီလောက်တောင်သေးတာလား”

ကောင်လေးက ကြေးမုံတစ်ချပ်ကို အလောတကြီးဆင့်ခေါ်ပြီး အဲ့ဒါကိုကြည့်လိုက်၏။ ချက်ချင်းပင် သူက အရမ်းကိုထိတ်လန့်တုန်လှုပ်သွားပြီး ကြေးမုံကိုလက်သီးဖြင့် ပစ်ထိုးလိုက်၏။

“ချီးပဲ”

ကလေးငယ်က ကျိန်ဆဲလိုက်၏။

သို့သော်လည်း သူ၏ အသံက နုနယ်နေပြီ ကြမ်းတမ်းသောစကားနှင့် ကွဲလွဲဆန့်ကျင်နေ၏။

“ဂျူနီယာညီဆူ... မင်းငါ့ကိုဘာလုပ်ပေးလိုက်တာလဲ”

ကလေးငယ်က ဧရာမမိုးမခအမြုတေစိတ်ဝိညာဥ်ကို ဝါးမျိုခဲ့သည့် လျှိုဖျင်ဖြစ်ပြီး သူက ယခုအချိန်မှာ အော်ငိုချင်နေ၏။

သူသည် ဧရာမမိုးမခပင်၏ ခန္ဓာကို တကယ်ပင်ဆက်ခံရရှိခဲ့ပြီး ပြန်လည်မွေးဖွားလာကာ ဤခန္ဓာနှင့် ပြီးပြည့်စုံစွာပေါင်းစည်းနိုင်ခဲ့၏။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူသည် သူ၏ ကလေးဘဝသို့ ပြန်လည်ရောက်ရှိသွား၏။

လျှိုဖျင်က သူ၏ အားနည်းပုံရသောခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။

“အမ်”

လျှိုဖျင်က အနည်းငယ်မှင်တက်သွား၏။

သူ၏ ကျင့်ကြံမှုနယ်ပယ်က ပြောင်းလဲသွားပုံမရှိသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ကောင်းကင်အမြုတေနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

ဒါ့အပြင် သူ့ခန္ဓာကိုယ်က ပိန်ပါးသော်လည်း အထဲမှာပါဝင်သည့် အသက်ဓာတ်အားနှင့် စွမ်းအားက အလွန်တရာကြောက်စရာကောင်းပြီး ဧရာမမိုးမခပင်၏ စွမ်းအားကို ပြီးပြည့်စုံစွာဆက်ခံရရှိထား၏။

“ဒါက...”

လျှိုဖျင်က မယုံကြည်နိုင်စွာဖြင့် သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။

“ငါ့ရဲ့ခန္ဓာကိုယ်က ကျုံ့ဝင်သွားပေမယ့် ငါက အရင်ကထက်ပိုပြီးသန်မာလာတဲ့ပုံပဲ”

“နေပါဦး... ဂျူနီယာညီဆူက အန္တရာယ်ရှိနေတာပဲ”

ရုတ်တရက် လျှိုဖျင်သည် ဆူဇီမိုအကြောင်းတွေးမိသွားပြီး သူ၏ ပုတိုသော​​ခြေထောက်များနှင့်အတူ ပို့ဆောင်ရေးဝင်္ကပါရှိရာဘက်သို့ အလောတကြီးလျှောက်လှမ်းသွား၏။ သူ၏ ဦးခေါင်းပေါ်ရှိ ကျစ်ဆံမြီးများက လွင့်ပျံတော့မတတ် ဖြစ်နေ၏။

ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာပြီးနောက် လျှိုဖျင်က တွေဝေတုံ့ဆိုင်းခြင်းမရှိလဲ အဆင့်-၅ သို့ တက်လှမ်းလိုက်၏။

အဆင့်-၅ သို့ ရောက်ရှိလာပြီးနောက် လျှိုဖျင်က သူ၏ ဦးတည်ဘက်ကိုဆုံးဖြတ်ကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှိရာဘက်သို့ သွားရောက်တော့မည့်ဆဲဆဲမှာပင် သူက မျက်မှောင်ကြုတ်လိုက်၏။

မလှမ်းမကမ်းမှာ လူတစ်ယောက်က သူ၏ ရင်ဘတ်ကိုအုပ်ကိုင်ပြီး ဒယီးဒယိုင်လျှောက်လှမ်းလာနေ၏။

သူ၏ မျက်နှာက ဖြူဖျော့၍ သူက သွေးများအလိမ်းလိမ်းဖြစ်နေ၏။

သူ၏ မျက်လုံးတစ်ဖက်က ကန်းနေပြီး ခပ်ဖျော့ဖျော့သွေးရနံ့ကထွက်ပေါ်နေကာ အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။

“ထျဲဟန်လား”

လျှိုဖျင်၏ မျက်လုံးက ပြူးကျယ်သွားပြီး ဤလူ့ကို မမှတ်မိနိုင်လုနီးပါးပင်။

ယခင်က... ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားများ၏ သွေးအေးရက်စက်သော မဟာခေါင်းဆောင်တပ်မှူးနှင့်ယှဥ်လျှင် ယခုထျဲဟန်က ဆိုးဆိုးဝါးဝါးပုံပေါက်နေပြီး ခွေလေခွေးလွင့်တစ်ကောင်နှင့်တူနေ၏။

ထျဲဟန်သည် ဤကဲ့သို့သောအ​ခြေအနေမှာ မည်သို့မည်ပုံအဆုံးသတ်သွားရသည်ကို လျှိုဖျင်မသိပေ။

သို့သော်လည်း ယခင်ကထျဲဟန်သည် သူ့နောက်သို့ အသည်းအသန်လိုက်၍ သူ့ကိုတိုက်ခိုက်ခဲ့သည်ကို အမှတ်ရသွားသောအခါ သူကလှောင်ရယ်လိုက်၏။ သူကရှေ့သို့​ခြေတစ်လှမ်းတိုးပြီး ထျဲဟန်၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။

ထျဲဟန်က သူ၏ ခြေလှမ်းကိုရပ်ပြီး သူ့ရှေ့မှာရှိသော ကလေးငယ်ကို သူ၏ တစ်ဖက်တည်းသောမျက်လုံးဖြင့် ကြည့်လိုက်၏။

ကလေးငယ်ကို သူက မြင်ဖူးပုံရလေသည်။ သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရရှိထားပြီး သူ၏ စိတ်က ရှုပ်ထွေးနေ၏။

သူသည် ဆူဇီမိုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ကြီးမားသည့် ရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားရသောကြောင့် သူက အဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေနိုင်ပေ။

သူ၏ အမူအရာက သုန်မှုန်သွားပြီး အေးစက်စွာ​ပြောလိုက်၏။

“ဒီကလေးက ဘယ်ကရောက်လာတာလဲ.... သွားစမ်း ငါ့ရှေ့မှာပိတ်ရပ်မနေနဲ့”

သူက ဆူဇီမိုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ထိခိုက်ထားသည်ဆိုလျှင်တောင် သာမန်ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က သူ့ကို မယှဥ်နိုင်ပေ။

အစာငတ်နေသောကုလားအုတ်တစ်ကောင်ကပင်လျှင် မြင်းတစ်ကောင်ထက်ပိုမိုကြီးမားနေသေး၏။

သူသည် ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှုးဖြစ်ပြီး မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းနည်းလမ်းများကို ပိုင်ဆိုင်ထား၏။

“ကလေးလား...”

လျှိုဖျင်က အံကိုကြိတ်ကာ ခပ်စိမ်းစိမ်းကြည့်လိုက်၏။

“မင်းရဲ့ခွေးမျက်လုံးတွေကိုဖွင့်ပြီး မင်းဖေဖေက ဘယ်သူလဲဆိုတာ သေချာကြည့်ဦး”

လျှိုဖျင်၏ စကားလုံးများက အတော်လေးတင်စီးလေသည်။ သို့သော်လည်း သူ၏ အသံက ကလေးတစ်ယောက်၏ အသံဖြစ်နေသောအခါ ဟိတ်ဟန်ကပျောက်ဆုံးသွား၏။

“သားပေါက်လေး... မင်း ကောင်းမှန်းဆိုးမှန်း နားမလည်ဘူးလား”

ထျဲဟန်က လျှိုဖျင်ကို လုံးဝအလေးအနက်မထားပေ။ သူက သူ၏လက်ကိုဆန့်ထုတ်ပြီး လျှိုဖျင်၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

လျှိုဖျင်၏ ဦးခေါင်းက သူ့လက်ဖဝါးလောက်ပင် မကြီးပေ။

သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်၊ နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များကို အသုံးမပြုနိုင်သော်လည်း သူ၏ ကိုယ်ကာယနှင့် သွေးချီသက်သက်ကပင် ကမ္ဘာမြေအင်မော်တယ်အများစုကို သတ်ဖြတ်နိုင်ဖို့လုံလောက်၏။

သူ၏ ရင်ဘတ်ပေါ်ရှိ ထိခိုက်ဒဏ်ရာကြောင့် ထျဲဟန်က နာကျင်မှုကိုတောင့်ခံပြီး အသံတိတ်နေ၏။

သူ၏ လက်ဝါးရိုက်ချက်က ကလေးငယ်၏ ဦးခေါင်းကို ခြေမွှဖျက်ဆီးပစ်ဖို့လုံလောက်လေသည်။

လျှိုဖျင်က ထိတ်လန့်သွား၏။

သူသည် ထျဲဟန်၏ နည်းလမ်းများကို တွေ့မြင်ထားခဲ့ပြီး ထိုသူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲခြင်း မရှိပေ။ လျှိုဖျင်က ထျဲဟန်၏ လက်ဖဝါးကို ခုခံရန်အတွက် တက္ကသိုလ်၏ အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို လှည့်ပတ်မည်ပြုစဥ်မှာပင် ဘာကြောင့်ရယ်မသိ မရင်းနှီးသောမှတ်ဉာဏ်တစ်ခုက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

သူက သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

အသိစိတ်ရှိသည့်အလား သူ၏ ခေါင်းပေါ်မှ ကျစ်ဆံမြီးတချို့က ရုတ်တရက် သေးသွယ်နုနယ်သောမိုးမခသစ်ကိုင်းများအဖြစ် အသွင်ပြောင်းလဲသွားပြီး ထျဲဟန်၏ လက်ဖဝါးကိုရိုက်ချလိုက်၏။

ဖြောက်... ဖြောက်... ဖြောက်...

အဲ့ဒီမှာ ကြွပ်ဆတ်ဆတ်အသံတချို့ထွက်ပေါ်လာ၏။ ထျဲဟန်၏ လက်ပေါ်တွင် သွေးသံရဲရဲဒဏ်ရာတချို့ပေါ်ထွက်လာခဲ့၏။

မိုးမခသစ်ကိုင်းများက ထျဲဟန်၏ လက်ကို တင်းကျပ်ပြီး ရစ်ပတ်လိုက်၏။

မိုးမခသစ်ကိုင်းများက ထျဲဟန်၏ အသားထဲသို့ နစ်ဝင်သွားပြီး သူ၏ အရိုးများပင် ပေါ်ထွက်လာသည်ကို လျှိုဖျင်က တုန်လှုပ်ဖွယ်ရာတွေ့ရှိလိုက်ရ၏။

စေးကပ်နေသောသွေးများက အေးစက်နေသောစိတ်ဆန္ဒတစ်ခုနှင့်အတူ စီးထွက်လာခဲ့၏။ သို့သော်လည်း မိုးမခသစ်ကိုင်းများက အကြောက်အလန့်ကင်းမဲ့ပြီး မည်သည့်သွေးနှင့်မှစွန်းထင်းခြင်းမခံရပေ။ သူတို့က မြစိမ်းရောင်အတိုင်းရှိနေဆဲပင်။

သူက သူ၏ ခွန်အားကို ဆက်လက်၍ ထုတ်လွှတ်မည်ဆိုလျှင် ထျဲဟန်၏ လက်ဖဝါးက မိုးမခသစ်ကိုင်းတချို့ကြောင့် ကျိုးပြတ်သွားနိုင်လေသည်။

All Chapters