← Chapters

အရှက်ခွဲခံရခြင်း

Vol. 149 Ch. 2232

အရှက်ခွဲခံရခြင်း

Vol. 149 Ch. 2232

“အား..”

ထျဲဟန်က ညည်းတွားအော်ဟစ်ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။

ထိုသည်ကို တွေ့မြင်သောအခါ လျှိုဖျင်ကလည်း တုန်လှုပ်သွား၏။

သူ၏ ဦးခေါင်းပေါ်မှ သာမန်ကာလျှံကာ ကျစ်ဆံမြီးများသည် ဤမျှအထိ စွမ်းအားကြီးမားပြီး ထျဲဟန်၏ အသွေးအသားခံစစ်ကိုပင် ချိုးဖျက်နိုင်မည်ဟု သူက ထင်မှတ်မထားပေ။

လျှိုဖျင်ကလည်း ဖြစ်ပျက်နေသည့်အရာကို မသိရှိပေ။ သို့သော်လည်း မှတ်ဉာဏ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး သူက မိုးမခသစ်ကိုင်းများကို အလိုလို ထိန်းချုပ်ခဲ့မိ၏။

သူသည် ဧရာမ မိုးမခ အမြုတေစိတ်ဝိညာဉ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်ကိုသာမက ၎င်း၏ နည်းလမ်းများစွာနှင့် မျိုးဆက်မှတ်ဉာဏ်များစွာကိုပါ သူက အမွေဆက်ခံရရှိခဲ့၏။

တကယ်ဆို သူသည် ဧရာမ မိုးမခ၏ နည်းလမ်းများစွာကို ကျင့်ကြံခြင်းပင် မရှိဘဲ အလွယ်တကူ ထုတ်ဖော်နိုင်၏။

သို့​သော်လည်း သူသည် လူသားတစ်ယောက်အဖြစ် အသွင်ပြောင်းလဲထားခါစဖြစ်ပြီး ဤကဲ့သို့သော နည်းလမ်းများစွာနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။

ဥပမာအားဖြင့် သူသည် ဤမိုးမခသစ်ကိုင်းအချို့ကို ဖြန့်ထုတ်နိုင်၏။ သူတို့ထဲမှ တစ်ခုက ထျဲဟန်၏ လက်ကို ချုပ်နှောင်ပြီး အခြားသော မိုးမခသစ်ကိုင်းများက ထိုသူကို အဆက်မပြတ် တိုက်ခိုက်နိုင်လေသည်။

ထျဲဟန်၏ အခြေအနေက အလွန်တရာ ဆိုးဝါးနေ၏။

သူ၏ အခြားလက်တစ်ဖက်၏ ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကြောင့် ပျက်စီးထိခိုက်ထားပြီး အရိုးများက ကျိုးကြေနေ၏။ ယခုအချိန်မှာ သူ၏ ကျန်လက်တစ်ဖက်က လျှိုဖျင်၏ ရစ်ပတ်ခြင်းခံထားရပြီး သူက လုံးဝ မလှုပ်ရှားနိုင်ဘဲ သူ၏ လက်က ကျိုးလုမတတ်ဖြစ်လာခဲ့၏။

သူ၏ အမြုတေစိတ်ဝိညာဉ်က ထိခိုက်ဒဏ်ရာရရှိထားပြီး သူသည် ကျိုးနေသော လက်ကို ပြန်ပေါက်ဖို့အတွက် နတ်ဘုရားစွမ်းအားကို အသုံးမပြုနိုင်ပေ။ သူသည် ဆေးလုံးများစွာကို စားသုံးပြီး သူ၏ သွေးချီအပေါ်မှာသာ မှီခိုကာ ဖြည်းဖြည်းချင်း ပြန်လည်ကုသနေရ၏။

ယခု သူသည် ဘယ်သူဘယ်ဝါ မသိရသော ဤကလေးငယ်၏ နောက်တစ်ဖန် ချုပ်နှောင်ခြင်းကို ခံရပြီး သူ၏ ဒဏ်ရာများက ပို၍ ဆိုးဝါးလာခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်က အလွန်တရာ ယိုယွင်းပျက်စီးနေသည်ဆိုလျှင်တောင် ထျဲဟန်၏ မျက်လုံးထဲမှာ အညံ့ခံမည့် မည်သည့် အရိပ်အယောင်မှ မရှိပေ။ သူ၏ မျက်လုံးများသည် ကြမ်းကြုတ်ခက်ထန်သော အလင်းရောင်ဖြင့် တောက်ပနေဆဲဖြစ်ပြီး သူက တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်ထား၏။

သူသည် ဆူဇီမိုကြောင့် ဤအခြေအနေထိ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံခဲ့ရသည်ကို လက်ခံနိုင်၏။ ဘာပဲပြောပြော အဲဒါက သူ၏ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုကြောင့်ဖြစ်၏။

သို့သော်လည်း ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူးအနေဖြင့် သူသည် ၉နှစ်အရွယ် ကလေးတစ်ယောက်၏ ချုပ်နှောင်ခြင်းကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ။

ပို၍ အရေးကြီးသည်မှာ မိုးကောင်းကင်ကိုးလွှာ၏ ထိပ်သီးပညာရှင်များကြားမှာ ဤကဲ့သို့သော ကလေးငယ်တစ်ယောက် မရှိသည်ကို သူသိထား၏။

ထျဲဟန်၏ ဘယ်ဘက်လက်က ပျက်စီးထိခိုက်ထားပြီး သူ၏ ညာဘက်လက်က မိုးမခသစ်ကိုင်းများဖြင့် ချုပ်နှောင်ခံထားရ၏။ သူ လှုပ်ရှားနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ ခြေထောက်များဖြစ်၏။

လျှိုဖျင်က ဧရာမ မိုးမခနှင့် ပေါင်းစည်းသွားပြီးနောက် သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ဆပွားတိုးလာပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူ၏ အသိစိတ်အာရုံများက အလွန်တရာ ထက်ရှလေသည်။

ထျဲဟန်က လှုပ်ရှားဖို့ ရည်ရွယ်လိုက်သည့် ခဏမှာပင် လျှိုဖျင်က အဲဒါကို အာရုံခံမိသွားခဲ့ပြီဖြစ်၏။

“ယား..”

လျှိုဖျင်က ထျဲဟန်ကို အလွန်တရာ စိုးရိမ်ထိတ်လန့်နေဆဲဖြစ်၏။

နှစ်ဖက်စလုံးက အရမ်းကို နီးကပ်နေပြီး သူသည် အခြားသော မည်သည့်နည်းလမ်းကိုမှ အချိန်မီ မထုတ်ဖော်နိုင်ပေ။ သူက ထိုးချက်တစ်ချက်ကိုသာ အလိုလိုထုတ်ဖော်ပြီး ညင်သာစွာ အော်ဟစ်လိုက်၏။

ထျဲဟန်က သူ၏ ခြေထောက်ကို မြှောက်လိုက်စဉ်မှာပင် လျှိုဖျင်၏ လက်သီးက သူ၏ ရင်ဘတ်ပေါ်သို့ ဆင်းသက်သွားခဲ့ပြီဖြစ်၏။

ထိုထိုးချက်က အရမ်းကို ​မြန်ဆန်၏။

ဖောင်း..

ထိုးချက်တစ်ချက်နှင့်အတူ ထျဲဟန်၏ ရင်ဘတ်က ထိုးဖောက်ခံလိုက်ရပြီး သူ၏ နှလုံးသားက ပေါက်ကွဲထွက်သွား၏။ ဝဝဖိုင့်ဖိုင့် လက်သီးတစ်ဖက်က ထျဲဟန်၏ နောက်ကျောကနေ ပြူထွက်လာပြီး သွေးများဖြင့် ပေစွန်းနေ၏။

လျှိုဖျင်နှင့် ထျဲဟန်သည် တစ်ချိန်တည်းမှာ မှင်တက်သွားပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေ၏။

ထိုထိုးချက်က ထျဲဟန်အပေါ် ဤမျှအထိ ပြင်းထန်စွာ ပျက်စီးထိခိုက်စေမည်ဟု မည်သူကမှ ထင်မှတ်မထားပေ။

သူ၏ နှလုံး စုတ်ပြဲသွားခြင်းနှင့်အတူ ထျဲဟန်၏ သွေးချီက လျင်မြန်စွာ ယုတ်လျော့လာပြီး သူက စိတ်အားညှိုးငယ်သည့်ပုံပေါက်လာ၏။ သူ့အမြုတေစိတ်ဝိညာဉ်၏ ထိခိုက်ဒဏ်ရာနှင့်အတူ သူက သူ၏ တိုက်ခိုက်ရေးခွန်အားကို ဆုံးရှုံးရလုနီးပါး ဖြစ်သွား၏။

“ဒီခန္ဓာကိုယ်က တော်တော်သန်မာတာပဲ”

လျှိုဖျင်က စိတ်လှုပ်ရှားတက်ကြွစွာဖြင့် သူ၏ နှလုံးက ခုန်ပေါက်လာခဲ့၏။

တကယ်တော့ မိုးမခသစ်ပင်၏ ခန္ဓာကိုယ်ကို အမွေဆက်ခံရရှိပြီးနောက် သူ၏ ကိုယ်ကာယက သန်မာလာသော်လည်း အဲဒါက ဤအဆင့်ထိတော့ မရောက်ရှိသေးပေ။

အကြောင်းမှာ ထျဲဟန်၏ ရင်ဘတ်သည် ဆူဇီမို၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကြောင့် အရင်ဆုံး ကျိုးကြေထားပြီး အထဲမှာ ရှိသော သူ၏ အသားနှင့်အရိုးများက ဆွေးရိလုနီးပါး ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့်သာလျှင် လျှိုဖျင်၏ လက်သီးချက်က သူ၏ ရင်ဘတ်ကို ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်၏။

ထျဲဟန်၏ ပါးစပ်ကနေ သွေးများက အဆက်မပြတ် စီးထွက်လာ၏။

သူ၏ ခန္ဓာကိုယ်က ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ယိမ်းထိုးကာ သူက လျှိုဖျင်၏ မျက်နှာကို ငုံ့ကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။

“အီး.. အီး..”

ထျဲဟန်သည် တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သူ၏ ပါးစပ်ကို ဖွင့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။ သို့သော်လည်း သွေးများက ပန်းထွက်လာပြီး သူ၏ စကားလုံးများက ပြတ်တောင်း ပြတ်တောင်းနှင့် ဗလုံးဗထွေးဖြစ်နေ၏။

“မင်း.. မင်းပဲ”

ထျဲဟန်က နောက်ဆုံးမှာ လျှိုဖျင်၏ မျက်နှာကို မှတ်မိသွား၏။

သို့သော်လည်း အရင်က သူ လိုက်လံတိုက်ခိုက်ပြီးနောက် သေဆုံးသွားခဲ့သင့်သော တက္ကသိုလ်မှ ဤတပည့်ဂိုဏ်းသားသည် ဤကဲ့သို့သောပုံစံ ဘယ်လိုဖြစ်လာပြီး ဤကဲ့သို့ သိပ်သည်းပြင်းထန်သော ခွန်အားကို ရုတ်တရက် ဘာကြောင့်ပိုင်ဆိုင်လာသလဲ သူက စဉ်းစားကြည့်လို့ မရပေ။

“မင်း ငါ့ကို မှတ်မိသွားပြီမလား.. ကောင်းတာပေါ့”

လျှိုဖျင်က သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး သူ၏ လက်သီးကို ရုတ်သိမ်းလိုက်၏။

ထျဲဟန်က ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လျှိုဖျင်၏ ရှေ့မှာ ဒူးထောက်ကျကာ သူ၏ မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေ၏။

“ငါ့ကို ပြောစမ်း”

လျှိုဖျင်က ထျဲဟန်၏ အင်္ကျီရင်ဘတ်စကို သူ၏ ချစ်စရာကောင်းသော လက်ဖြင့် ချုပ်ကိုင်ပြီး ခက်ထန်စွာ မေးလိုက်၏။

“မင်းတို့တွေက ဂျူနီယာညီဆူကို ဘာလုပ်လိုက်ပြီလဲ.. သူ အသက်ရှင်နေသေးလား”

ထျဲဟန်က ဆက်လက်၍ စကားမပြောနိုင်တော့ပေ။ သူ၏ ရင်ဘတ်နှင့် ပါးစပ်ပေါက်မှ သွေးများက အဆက်မပြတ် စီးကျနေ၏။

လျှိုဖျင်က မျက်မှောင်ကြုတ်၍ အတန်ကြာ တွေဝေတုံ့ဆိုင်းနေသော်လည်း သူက ထျဲဟန်ကို မသတ်ဖြတ်ရဲပေ။

စီနီယာအစ်ကိုယဲ့ဖေးကို သတ်ဖြတ်ခဲ့သူက အင်မော်တယ်ထိုက်ဟွာဖြစ်ပြီး အဲဒါအတွက် ထျဲဟန်တစ်ယောက်တည်းကို အပြစ်တင်ပုံချလို့ မရပေ။

ပို၍ အရေးကြီးသည်မှာ သူသည် တက္ကသိုလ်မှ သာမန်တပည့်ဂိုဏ်းသားတစ်ဦးသာ ဖြစ်ပြီး သူ့မှာ ထည့်သွင်းစဉ်းစားစရာ များစွာရှိနေ၏။ သူ့မှာ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူးကို သတ်ဖြတ်ရဲသည့် သတ္တိမရှိပေ။

တကယ်တော့ ဆူဇီမိုသည် ဝန်းရံပိတ်ဆို့ခံရပြီး ထျဲဟန်နှင့် အခြားသူများ၏ လက်ချက်ဖြင့် သေဆုံးသွားမည်ဆိုလျှင် သူသည် အရာရာတိုင်းကို​ စွန့်စားရမည်ဆိုလျှင်တောင် ဂျူနီယာညီဆူအတွက် လက်စားချေရန် ထျဲဟန်ကို သတ်ဖြတ်ရပေလိမ့်မည်။

အဲဒီမှာ နောက်ထပ်ရှုထောင့်တစ်ခု ရှိနေ၏။

သူက ထျဲဟန်ကို မသတ်ဖြတ်ဘူးဆိုလျှင် သူသည် ထိုသူ့ကို ဓားစာခံအဖြစ် အသုံးချကာ မဟာကျင်းအင်မော်တယ်နိုင်ငံမှ အခြားသော ကမ္ဘာမြေအင်မော်တယ်များကိုပင် ခြိမ်းခြောက်နိုင်မည်ဖြစ်၏။ အဲဒါက ဂျူနီယာညီဆူအတွက် အကူအညီဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ထိုသို့အတွေးဖြင့် လျှိုဖျင်က ထျဲဟန်ကို အင်္ကျီရင်ဘတ်စကနေ ကိုင်ဆွဲပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင် ရှိရာသို့ ထိုသူကို​ တရွတ်တိုက် ဆွဲခေါ်သွား၏။

ရင်ပြင်ပေါ်မှာ..

မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၏ အမူအရာတို့က အလွန်တရာ ပျက်ယွင်းနေ၏။

အဖွဲ့အစည်းနှစ်ခု၏ ဆုံးရှုံးမှုများက အရမ်းကို ကြီးမားလေသည်။

သူတို့သည် ဤကဲ့သို့ ကြီးမားသော အင်အားတစ်ရပ်ကို စုဖွဲ့ပြီး ပြန်ဝင်စား အင်မော်တယ်တစ်ယောက်ကို ဖိတ်ခေါ်ခဲ့တာတောင် ဆူဇီမိုကို မသတ်ဖြတ်နိုင်ရုံသာမက သူတို့သည် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရ၏။

ဤနေ့မှစ၍ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ရယ်စရာဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။

သူတို့နှစ်ယောက်၏ အကြည့်များက သုန်မှုန်နေပြီး ကောင်းကင်နှင့်မြေကြီး တက္ကသိုလ် ရှိရာဘက်သို့ မကြာ မကြာ လှမ်းကြည့်နေ၏။ သူတို့က အမျက်ဒေါသဖြင့် ပြည့်နှက်နေသော်လည်း အဲဒါကို ဖွင့်ထုတ်လို့ မရနိုင်ပေ။

“မင်းတို့နှစ်ယောက် တစ်ခုခုပြောစရာ ရှိလို့လား”

အကြီးအကဲကျုံးက သူ၏ မုတ်ဆိတ်ကို သပ်ပြီး မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ကို ကြည့်ကာ အေးအေးလူလူ ပြောလိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်တွေက မိုးကောင်းကင်ကိုးလွှာမှာ သတ်ခံရမယ်ဆိုရင် သူတို့က ဘာမှပြောမှာ မဟုတ်ဘူးလို့ တစ်ယောက်ယောက်က စောစောတုန်းက ပြောခဲ့တာ ငါမှတ်မိပါသေးတယ်.. သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုအတွက် သူတို့ကိုယ်သူတို့ပဲ အပြစ်တင်ရမယ်မလား”

“အဲဒါကို မှတ်မိတာ မင်းတစ်ယောက်တည်း ဘယ်ဟုတ်ပါ့မလဲ.. ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံး အဲဒါကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရတာပေါ့”

အကြီးအကဲဟဲကလည်း ဘေးကနေ ဝင်ရောက်ပြောဆိုလိုက်၏။

မင်းသားယွမ်ကျောက ဒေါသထွက်လွန်းသောကြောင့် သွေးအန်လုမတတ်ဖြစ်နေ၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က အံကို တင်းတင်းကြိတ်လိုက်၏။

“ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က ဆူဇီမိုက အရမ်းကို ရက်စက်ကြမ်းတမ်းလွန်းတယ်.. အင်မော်တယ်ထိုက်ဟွာက မင်းတို့ တက္ကသိုလ်က တပည့်ဂိုဏ်းသား တစ်ယောက်တည်းကိုပဲ သတ်ဖြတ်ခဲ့တာ.. မင်းတို့ရဲ့ ဆူဇီမိုကတော့ စုစုပေါင်း ကမ္ဘာမြေအင်မော်တယ် ၁၆ယောက်ကို သတ်ဖြတ်ခဲ့ပြီးပြီ”

“ကောင်းလိုက်တဲ့ သတ်ဖြတ်ကွက်တွေပေါ့ကွာ”

အကြီးအကဲကျုံးက ယဲ့ဖေး၏ ဆိုးဆိုးဝါးဝါး သေဆုံးမှုကို ပြန်လည်အမှတ်ရသွားပြီး အော်ပြောလိုက်၏။

“ဟားဟားဟားဟား”

ဘေးကနေ ယွင်ထင်ကလည်း ရယ်မောလိုက်၏။

“မင်းတို့တွေက တကယ့်ဟာသပဲ.. မင်းတို့ အဖွဲ့အစည်းနှစ်ခုက လူတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ပူးပေါင်းခဲ့ကြတယ်.. ဒါပေမဲ့ မင်းတို့တွေက ပြန်လှန်သတ်ဖြတ်ခံခဲ့ရတယ်.. ဒါကို တစ်ဖက်လူက ရက်စက်ကြမ်းတမ်းတယ်လို့ မင်းတို့က ဘယ်လိုပါးစပ်နဲ့ စွပ်စွဲပြောဆိုရဲသေးတာလဲ”

“ယွမ်ကျော.. အဖြူရောင်ပင်လယ်.. မင်းတို့တွေက မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းကို တကယ်ပဲ ကျက်သရေမဲ့စေခဲ့ပြီ”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ယွင်ထင်၏ ဆူပူငေါက်ငမ်းခြင်း ခံနေရသော်လည်း သူက လုံးဝ ပြန်မပြောနိုင်ပေ။ သူက အံကိုသာ တင်းတင်းကြိတ်ပြီး သူ့ရင်ထဲမှ မုန်းတီးမှုများကို ကြိတ်မှိတ်ခံစားနေရ၏။

အဲဒီမှာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း ရှိရာဘက်ကို အထင်အမြင်သေးစွာ ကြည့်၍ တတွတ်တွတ် ပြောဆိုနေသော ကျင့်ကြံသူများစွာကလည်း ရှိနေ၏။

“အဖြူရောင်ပင်လယ်.. မင်းက မင်းတို့ရဲ့ ဂိုဏ်းက သောက်သုံးမကျတဲ့ ဟိုပြန်ဝင်စားအင်မော်တယ်ဆိုတဲ့လူကို စိုးရိမ်ပူပန်ပေးနေတာ ပိုကောင်းလိမ့်မယ်”

ယွင်ထင်က သူ၏ ဝိုင်ကို ဖြည်းဖြည်းချင်း သောက်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ဟမ့်”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က လှောင်ရယ်လိုက်၏။

“ဘာလို့လဲ.. အင်မော်တယ်ထိုက်ဟွာက တိုက်ပွဲကို ရှောင်လွှဲချင်တယ်ဆိုရင် ဆူဇီမိုက မိုးကောင်းကင်ကိုးလွှာမှာ သူ့ကို ထိန်းထားနိုင်မှာမို့လို့လား”

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ် ထိုသို့ ပြောလိုက်သည့် ခဏမှာပင် ဆူဇီမိုက မိုးကောင်းကင်ကိုးလွှာမှာ နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီဖြစ်၏။

All Chapters