← Chapters

ဆေဘာ ၃၆ လက်

Vol. 149 Ch. 2233

ဆေဘာ ၃၆ လက်

Vol. 149 Ch. 2233

မိုးကောင်းကင်ကိုးလွှာတွင်...။

အင်မော်တယ်ထိုက်ဟွာက တစ်လမ်းလုံးပြေးလွှားနေပြီး ဆူဇီမိုကနောက်ကနေ လိုက်ပါလာ၏။ သူတို့ကြားအကွာအဝေးက လုံးဝတိုတောင်းမလာခဲ့ပေ။

သို့သော်လည်း ဆူဇီမိုသည် သူ၏ ကိုယ်ကာယရုန်းကန်ပေါက်ကွဲအားပေါ်မှီခိုပြီး ခြေတစ်လှမ်းချင်းစီမှာ သူဖြတ်ကျော်လာသောအကွာအဝေးက ကြီးမားလေသည်။ အင်မော်တယ်ထိုက်ဟွာပင်လျှင် သူ့ကိုလှုပ်ခါမချနိုင်ပေ။

ဤတိုင်းသာဆက်သွားလျှင်လည်း ဆူဇီမိုသည် ဤကဲ့သို့ပင် အဆက်မပြတ် ပြေးလိုက်နေနိုင်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ကိုယ်ကာယနှင့် စွမ်းအားကြီးမားသော အသက်ဓာတ်အားနှင့်အတူ သူသည် အင်မော်တယ်ထိုက်ဟွာကို ခြေကုန်လက်ပန်းကျလာအောင်ပြုလုပ်နိုင်၏။ သို့သော်လည်း ဤနေရာက မိုးကောင်းကင်ကိုးလွှာဖြစ်၏။

၁၀၀ မြောက် ကမ္ဘာမြေအင်မော်တယ်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ပေါ်မှာ သူ၏ နာမည်များကို ချန်ထားခဲ့နိုင်သည်နှင့် ဤနေရာမှာရှိသော ကမ္ဘာမြေအင်မော်တယ်များအားလုံးသည် အပြင်လောကသို့ အတင်းအကျပ် ပြန်လည်ခေါ်ထုတ်ခံရပေလိမ့်မည်။

သူက အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ချင်သည်ဆိုလျှင် အဲ့ဒါကိုရှုံးထွက်အဆင့်မပြီးဆုံးခင် ရအောင်ပြုလုပ်ရပေမည်။

ဆူဇီမိုက အင်မော်တယ်ထိုက်ဟွာ၏ နောက်ကျောကို အေးစက်နေသောအမူအရာဖြင့် စိုက်ကြည့်နေ၏။ ရုတ်တရက် သူက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး သူ၏ လက်နှစ်ဖက်ကြားမှာ မီးခိုးရောင်မြူခိုးများကို လွှမ်းခြုံကာ မီးခိုးရောင်ဆေဘာတစ်လက်ကို စုဖွဲ့လိုက်၏။

ရွှစ်...

မီးခိုးရောင်ဆေဘာက လေထုကိုဆုတ်ဖြဲ၍ အင်မော်တယ်ထိုက်ဟွာရှိရာဘက်သို့ ခုတ်ပိုင်းကျဆင်းလာ၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအား.... ဆေဘာတစ်လက်ကဲ့သို့အချိန်...။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီသည် ထာဝရအသက်ဓာတ်အားကိုထုတ်ဖော်ပြီးနောက် သူတို့၏ အထွတ်အထိပ်နားထိ ပြန်လည်ရောက်ရှိနေပြီဖြစ်၏။ သို့သော်လည်း သူသည် သူ၏နည်းလမ်းများစွာကို ယခုတင်ထုတ်ဖော်ထားခဲ့ပြီး လောလောဆယ်မှာ သူတို့ကို ပြန်လည်အသုံးမပြုနိုင်ပေ။

ဆူဇီမိုမှာ ဝှက်ဖဲများစွာမကျန်ရှိတော့ဘဲ အင်မော်တယ်ထိုက်ဟွာကို ခြိမ်းခြောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အချိန်စွမ်းအားဖြစ်၏။

“ဟဲဟဲ”

သူ၏ နောက်ဘက်မှ စွမ်းအင်အတက်အကျကို အာရုံခံမိသွားပြီး အင်မော်တယ်ထိုက်ဟွာက သရော်တော်တော်အမူအရာတစ်ခုဖြင့် ရယ်မောလိုက်၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုက သူ့ကို မခြိမ်းခြောက်နိုင်ပေ။

အဆင့်မြင့်နတ်ဘုရားစွမ်းအားက သူ့ကို ခုတ်ပိုင်းလာတော့မည့်ဆဲဆဲမှာပင် အင်မော်တယ်ထိုက်ဟွာက ရုတ်တရက် ဘေးတိုက်ရွေ့လျားပြီး အချိန်ဆေဘာကို ပွတ်ကာသီကာရှောင်တိမ်းလိုက်၏။

သို့သော်လည်း အချိန်ဆေဘာက မျှော့တစ်ကောင်ကဲ့သို့ အင်မော်တယ်ထိုက်ဟွာနောက်သို့ ဆက်လက်၍ ပြေးလိုက်လာ၏။

အချိန်စွမ်းအားကို ဘယ်သူက ရှောင်လွှဲနိုင်မှာလဲ။

လူတစ်ယောက်သည် အင်မော်တယ်ဘုရင်နယ်ပယ်ထိကျင့်ကြံပြီး လောကကို အထက်စီးကနေကြည့်နိုင်မည့် အင်မော်တယ်ဧကရာဇ်တစ်ပါးဖြစ်လာမည်ဆိုလျှင်တောင် သူတို့သည် အချိန်၏ တိုက်စားမှုကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။

အင်မော်တယ်ထိုက်ဟွာက ထပ်တလဲလဲရှောင်တိမ်းနေသော်လည်း အချိန်ဆေဘာက သူ့နောက်ကနေအရိပ်တစ်ခုပမာ လိုက်ပါလာ၏။

“ဟမ့်...”

အင်မော်တယ်ထိုက်ဟွာက လှောင်ရယ်လိုက်၏။

“အဲ့ဒါက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုပဲ... ဘာမှမဟုတ်ဘူး”

ထိုသို့ပြောလိုက်သော်လည်း သူကပေါ့ပေါ့ဆဆမပြုလုပ်ရဲပေ။

သူသည် မီးခိုးရောင်ဆေဘာကနေ အန္တရာယ်အငွေ့အသက်တစ်ခုကို တကယ်ပင်ခံစားမိနေ၏။

အင်မော်တယ်ထိုက်ဟွာက ရှေ့သို့ပြေးတက်ရင်း သူက သူ၏ လက်ချောင်းထိပ်ပေါ်ရှိ အမြုတေချီနှင့်အတူ ရှေးဟောင်းစာလုံးတစ်ခုကို ရေးဆွဲပြီး သူ့နောက်ဘက်ကနေ ဝင်ရောက်လာသောအချိန်ဆေဘာပေါ်သို့ ခတ်နှိပ်လိုက်၏။

ဘန်း...

အချိန်ဆေဘာက ရှေးဟောင်းစာလုံးနှင့် ထိတွေ့သောအခါ ၎င်းကပျက်ပြယ်သွားပြီး မီးခိုးရောင်မြူခိုးများက အဘက်ဘက်ကိုပြန့်ကျဲကာ လေထဲမှာပျံ့နှံ့သွား၏။

အင်မော်တယ်ထိုက်ဟွာ၏ ဆံစရှည်တစ်မျှင်က မီးခိုးရောင်မြူခိုးနှင့်အမှတ်တမဲ့ထိတွေ့သွားပြီး အစကနက်မှောင်နေသော သူ၏ ဆံစက ချက်ချင်းပင် မီးခိုးရောင်ပြောင်းသွား၏။

“ဟမ်...”

အင်မော်တယ်ထိုက်ဟွာသည် အဲ့ဒါကို သူ၏ မျက်ဝန်းထောင့်ကနေ တွေ့မြင်သွားပြီး တုန်လှုပ်သွားကာ သူ၏အမူအရာက ပြောင်းလဲသွား၏။

“အချိန်စွမ်းအားလား....”

အချိန်စွမ်းအားသည် ထိတွေ့ဖို့၊ ကျင့်ကြံဖို့နှင့် နားလည်ဆင်ခြင်ဖို့ အဆန်းကြယ်ဆုံးနှင့် အခက်ခဲဆုံးဖြစ်၏။

သူပြန်လည်မဝင်စားခင်ကပင်လျှင် သူသည် အချိန်စွမ်းအားကို မတတ်မြောက်ခဲ့ပေ။

ရင်ပြင်ပေါ်မှာ...။

ပညာရှင်များကလည်း တိတ်တဆိတ်ထိတ်လန့်သွားပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်သို့ အလိုလိုကြည့်လိုက်ကြ၏။

“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဒီလိုမျိုးအချိန်စွမ်းအားတစ်ခုကို ဘယ်တုန်းက ပိုင်ဆိုင်သွားတာလဲ”

တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ချောက်နက်က မျက်မှောင်ကြုတ်လိုက်၏။

ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်၏ အင်မော်တယ်ကလန်ကြီးတစ်ခု.... ဖန်းကလန်မှ ကျင့်ကြံသူများစွာ၏ အမူအရာများကလည်း ပြောင်းလဲသွားပြီး မကြာသေးခင်ကဖြစ်ပျက်ခဲ့သည့်တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားကြ၏။

နှစ်တစ်သောင်းတွေ့ဆုံပွဲမတိုင်ခင်ကလေးမှာပင် သူတို့မျိုးနွယ်၏ ပြိုင်စံရှား ဖန်းယွီသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ သတ်ဖြတ်ခံခဲ့ရသည့်သတင်းကို သူတို့က ရရှိထားခဲ့၏။

ဖန်းယွီသည် ဖန်းကလန်က ပြုစုပျိုးထောင်ပေးခဲ့သည့် ပြိုင်စံရှားတစ်ဦးဖြစ်ပြီး သူ့ကိုမြင့်မားစွာသတ်မှတ်ထားခဲ့ကြ၏။ သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဝင်ရောက်ပြီး အတွင်းဂိုဏ်းမှာ နေရာတစ်ခုရရှိလာသည့်အချက်က သူ၏ ပါရမီအလားအလာကို သက်သေပြပေးနေ၏။ သို့သော် သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာပင် သတ်ဖြတ်ခံလိုက်ရပြီဖြစ်၏။

ဤကိစ္စက ဖန်းကလန်မှာ ကြီးမားစွာလှုပ်ခတ်သွားစေခဲ့၏။

ဖန်းယွီသည် ထူးဆန်းသောပုံစံဖြင့် သေဆုံးခဲ့ရ၏။ သူသည် အချိန်စွမ်းအားဖြင့်ထိခတ်ခံရပြီး သူ၏ ဘဝသက်တမ်းက ယိုယွင်းပျက်စီးသွားခဲ့၏။

သို့သော်လည်း သူတို့ရရှိထားသည့် သတင်းအချက်အလက်များအရ ဖန်းယွီကိုသတ်ဖြတ်သောသူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကောင်းကင်အင်မော်တယ်တစ်ဦးဖြစ်၏။

ထိုစဥ်တုန်းက ထုတ်ဖော်ခဲ့သောအချိန်စွမ်းအားသည် ဆူဇီမိုထုတ်ဖော်ပြသထားသည့်အရာထက်လည်း များစွာပိုမိုသန်မာခဲ့သည်။

အင်မော်တယ်ထိုက်ဟွာက အဆင်ပြေသည်ကို တွေ့မြင်သောအခါ ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က စိတ်သက်သာစွာ သက်ပြင်းချပြီး လှောင်ရယ်လိုက်၏။

“မင်းက အင်မော်တယ်ပျံဂိုဏ်းက ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ကို အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုနဲ့ သတ်ဖြတ်ချင်တာလား... တကယ့်ဟာသပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမိုက နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။

ဆူဇီမို၏ လက်ထဲရှိ မီးခိုးရောင်မြူခိုးများက တလိပ်လိပ်ထိုးတက်လာပြီး အဆက်မပြတ်ပြောင်းလဲကာ ဒုတိယမြောက်မီးခိုးရောင်ဆေဘာကို ဖြစ်ပေါ်လာစေ၏။ အဲ့ဒါက လေထုကို ရိပ်ခနဲဆုတ်ဖြဲပြီး အင်မော်တယ်ထိုက်ဟွာရှိရာသို့ ခုတ်ပိုင်းကျဆင်းလာ၏။

“ဒါက....”

“ဘာတွေဖြစ်ကုန်တာလဲ”

“ဒီကောင်လေးက တူညီတဲ့နတ်ဘုရားစွမ်းအားကို ဆက်တိုက်ထုတ်ဖော်လိုက်တာလား”

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

လက်ရှိကောင်းကင်အင်မော်တယ်ပညာရှင်များစွာပင်လျှင် တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွား၏။

ရွှစ်...

ထို့နောက်ချက်ချင်းပင် နောက်ထပ်အချိန်ဆေဘာတစ်လက်ကစုဖွဲ့လာပြီး အင်မော်တယ်ထိုက်ဟွာထံသို့ ခုတ်ပိုင်းကျဆင်းသွား၏။

“ကြည့်စမ်း... အဲ့ဒါက တတိယမြောက် မီးခိုးရောင်ဆေဘာပဲ”

စတုတ္ထမြောက်.....။

ပဉ္စမမြောက်...။

“.....”

ကျင့်ကြံသူများစွာက တုန်လှုပ်သွားပြီး မိုးကောင်းကင်ကိုးလွှာမှ အရာရာတိုင်းကို မယုံကြည်နိုင်စွာကြည့်နေကြ၏။

အဆင့်မြင့်နတ်ဘုရားစွမ်းအား ဆေဘာတစ်လက်ကဲ့သို့အချိန်သည် ကျတ်တီးမြေကနေ အသွင်ပြောင်းလဲလာခဲ့ခြင်းဖြစ်၏။

အချိန်ဆေဘာ၏ စွမ်းအားသည် ဆူဇီမို၏ လက်ဖဝါးကြားရှိ မီးခိုရောင်မြူခိုးများကနေ လာခြင်းဖြစ်၏။

မီးခိုးရောင်မြူခိုးများနှင့် သူ၏ အမြုတေစိတ်ဝိညာဥ်က လုံလောက်နေသည်နှင့်မမျှ သူသည် အချိန်ဆေဘာကို အဆက်မပြတ်ထုတ်ဖော်နိုင်၏။

ဤကဲ့သို့သောနည်းလမ်းများက ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း သူတို့သည် ကောင်းကင်အင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် တကယ့်ကိုသုံးစားရမည်မဟုတ်ပေ။

အကြောင်းမှာ သူသည် အချိန်ဆေဘာဘယ်လောက်များများကို ထုတ်ဖော်ထားသည်ဖြစ်စေ.... သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို မယှဥ်နိုင်သောကြောင့်ပင်။

သို့သော်လည်း ကမ္ဘာမြေအင်မော်တယ်များကြား တိုက်ပွဲတစ်ခုမှာ ဤအဆက်မပြတ်ထွက်ပေါ်လာသော အချိန်ဆေဘာသည် မည်သည့်ကမ္ဘာမြေအင်မော်တယ်ကိုမဆို ကြီးမားစွာ ခြိမ်း​ခြောက်နိုင်၏။

အချိန်က ဆေဘာတစ်လက်ကဲ့သို့ဖြစ်ပြီး ခုတ်ချက်တိုင်းက အိုမင်းရင့်ရော်စေ၏။

အင်မော်တယ်ထိုက်ဟွာသည် ခုတ်ချက်တစ်ချက်ချင်းစီကို အထင်သေးရဲခြင်းမရှိပေ။

သူက ခုခံလိုသည်ဆိုလျှင် သူသည် အချိန်ဆေဘာကိုခုခံဖို့အတွက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အဆက်မပြတ် ထုတ်ဖော်နေရမည်ဖြစ်၏။

ထိုသို့ဖြင့် သူတို့နှစ်ယောက်ကြားတိုက်ပွဲမှာ အပြောင်းအလဲတစ်ရပ်က တိတ်တဆိတ်ဖြစ်ပွားလာခဲ့၏။

သူတို့နှစ်ယောက်သည် ကမ္ဘာမြေအင်မော်တယ်များကြားမှာ အနှိုင်းမဲ့ပြန်ဝင်စားမွန်းစတားများဖြစ်ကြ၏။ သူသော်လည်း ဤတိုက်ခိုက်ဖလှယ်မှုမှာ နည်းစနစ်အကြောင်းကို ပြောစရာမရှိဘဲ အဲ့ဒါသည် အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီ၏ အားပြိုင်မှုတိုက်ပွဲတစ်ပွဲအဖြစ် ပြောင်းလဲသွား၏။

မည်သူ၏ အမြုတေစိတ်ဝိညာဥ်မဆို အဲ့ဒါကို တောင့်မခံနိုင်သည့်သူက အရင်သေရပေလိမ့်မည်။

သူတို့၏ အမြုတေချီများအရင်ဆုံး အားအင်ကုန်ခန်းသွားသည့်မည်သူမဆို သေရပေလိမ့်မည်။

“ဟင်း....”

ရုတ်တရက် ပကတိအင်မော်တယ်ရှဲ့လင်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ သက်ပြင်းချလိုက်၏။ သူက မိုးကောင်းကင်ကိုးလွှာမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

“ဒီကောင်လေးရဲ့ နည်းလမ်းတွေက အရမ်းကိုကြောက်ဖို့ကောင်းတယ်”

ကြောက်စရာကောင်းခြင်းဆိုသည်မှာ ရှဲ့လင်သည် ဆူဇီမို ဝှက်ဖဲများကိုသာ ရည်ညွှန်းပြောဆိုနေခြင်း မဟုတ်ပေ။

ဆူဇီမို၏ အခြေအနေအပေါ်ထိန်းချုပ်နိုင်စွမ်းနှင့် အကဲဖြတ်နိုင်စွမ်းကြောင့်လည်းဖြစ်၏။

အင်မော်တယ်ထိုက်ဟွာက တိုက်ပွဲကိုရှောင်လွှဲပြီး ကိုယ်လွတ်ရုန်းထွက်ချင်သည်ဆိုလျှင် ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ဖို့နေနေသာ ထိုသူကို တားဆီးနိုင်မည်မဟုတ်ဟု လူတိုင်းက တွေးထင်ထားခဲ့ကြ၏။ သို့သော်ယခု... အင်မော်တယ်ထိုက်ဟွာက တိုက်ခိုက်နေရလေပြီ။

ထိုမျှသာမက တိုက်ပွဲသည် အားပြိုင်မှုစစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

အဲ့ဒီမှာ မည်သည့်နည်းစနစ် သို့မဟုတ် မည်သည့်အနီးအဝေးတိုက်ခိုက်မှုများကြောင်းကိုမှ ပြောစရာမရှိပေ။ အဲ့ဒါသည် စွမ်းအင်ကို အဆက်မပြတ် သုံးစွဲရသော ​အကြမ်းတမ်းဆုံးနှင့် အရိုးရှင်းဆုံး ထိတွေ့ရိုက်ခတ်မှုသာဖြစ်၏။

အင်မော်တယ်ထိုက်ဟွာသည် အရင်ဆုံး တောင့်မခံနိုင်ဘဲ သူ၏ အမြုတေချီက သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားနှင့်အတူ ကုန်ခန်းသွားပြီဆိုပါက သူ့မှာ တကယ်ပင် ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးမရှိတော့ပေ။

အဲ့ဒါကသာလျှင် အင်မော်တယ်ထိုက်ဟွာကို တားဆီးနိုင်မည့် တစ်ခုတည်းသောအခွင့်အရေးဖြစ်နိုင်၏။

အစကတော့.... ဤကဲ့သို့သော အခွင့်အရေးမျိုးက မရှိခဲ့ပေ။

ဆူဇီမိုသည် အဲ့ဒါကိုအတင်းအကျပ်ဖန်တီးယူပြီး အင်မော်တယ်ထိုက်ဟွာကို ချောင်ပိတ်ကာ ဖိအားပေးလိုက်ခြင်းဖြစ်၏။

သူသည် ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးဖြစ်လျှင်တောင် သူသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခါစမှာပင် ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသောလူတစ်ယောက်နှင့် ကြုံတွေ့နေရလေပြီ။

ကောင်းကင်အင်မော်တယ်ပညာရှင်များစွာက ထိုသည်ကိုတွေ့မြင်သောအခါ ညည်းတွားရေရွတ်လိုက်ကြ၏။

အင်မော်တယ်ထိုက်ဟွာသည် သူ၏ နောက်မှ ပျံသန်းဝင်ရောက်လာသည့် မီးခိုးရောင်ဆေဘာများကို အာရုံခံမိသွားပြီး သူ၏ အမူအရာကလည်း ​ပြောင်းလဲသွား၏။

သူက ရပ်တန့်ရဲခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာ လှည့်ပတ်ကာ အချိန်ဆေဘာများ၏ စွမ်းအားကို ခုခံဖို့အတွက် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်လိုက်ရ၏။

“မဟာဆုတ်ဖြဲခြင်းနည်းစနစ်”

“ရစ်ခွေခြင်းခုတ်ချက်”

“ချပ်ဝတ်တန်ဆာပေါက်ကွဲခြင်းချိပ်စည်း”

“မဟာနေမင်းဆေဘာ”

အလွန်တရာတိုတောင်းသောကာလတစ်ခုမှာ ဆူဇီမိုသည် အချိန်ဆေဘာ ၃၆လက်ကို ထုတ်ဖော်ခဲ့၏။

အင်မော်တယ်ထိုက်ဟွာ၏ ဆံပင်က ကခုန်နေပြီး သူ၏ မျက်လုံးများက တောက်ပနေ၏။ သူသည်လည်းပဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို အကန့်အသတ်ထိ လှည့်ပတ်ပြီး မတူညီသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ် ၃၆ခုကို ထုတ်ဖော်လိုက်ရ၏။

ချက်ချင်းပင် နတ်ဘုရားစွမ်းအားများက ထိတွေ့ရိုက်ခတ်ပြီး လောကက လှုပ်ခါကာ ရာသီဥတုကိုပြောင်းလဲသွားစေ၏။

All Chapters