← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

ကျန်းရှောင် ရုတ်တရက် သူမပါးစပ်ကို အုပ်လိုက်ကာ သူမမျက်နှာမှာ ထိတ်လန့်မှုအပြည့်နဲ့။ "ဥက္ကဌ ကျိုး၊ ကျွန်မ ​တောင်းပန်​ပါတယ်​။ ကျွန်​​မ နေလို့မကောင်းသလိုဖြစ်လာလို့ သန့်​စင်​ခန်းသွားဖို့ လိုနေလို့"

"ကျန်းရှောင်"

ကျိုးရှို့လင်း နေရာမှာ ရပ်နေပြီး သူ့မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေခဲ့သည်။

ကျန်းရှောင် သန့်စင်ခန်းထဲက မထွက်လာတာကြာပြီမို့ ကျိုးရှို့လင်း လှည့်ပြီး ဟိုတယ် ဧည့်ခန်းထဲက ထွက်သွားလိုက်သည်။

ကားသမားက သူ့ကို အပြင်ဘက်မှာ စောင့်နေတာ ကြာပြီ။ "ဆရာ-"

"ဟွားရှ ဟိုတယ်ကို သွား " သူက နောက်ခုံမှာထိုင်လိုက်ပြီး မျက်လုံးမှိတ်ထားကာ အခုလေးတင် ဟိုတယ်ကမြင်ကွင်းတွေက သူ့စိတ်ထဲမှာ ပေါ်လာသည်။

ကျန်းရှောင်ရဲ့ အရပ်အမောင်းနဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်။သူမက တကယ်တော့ ပိန်တဲ့ဘက်မှာရှိသည်။ သူမရဲ့အဝတ်အစားတွေက အမြဲတမ်း ချောင်ကျနေပုံရပြီး အဲဒါတွေက သူမ ဆိုဒ်အကြီးကြီးဝယ်ထားလို့လား ဒါမှမဟုတ် အဲ့လိုစတိုင်လားဆိုတာ သူ မသိဘူး။

ကျိုးရှို့လင်းသည် ချန်းရင်ရဲ့ ရိုက်ကူးရေးကို စုံစမ်းရန် လွန်ခဲ့သည့်တစ်နှစ်ခန့်က သူသွားခဲ့သည့်အကြောင်းကို တွေးတောခဲ့သည်။ ထိုအချိန်က သူမက ရိုက်ကွင်းမှာ ရှိနေသည်။

နွေရာသီအလယ်တွင်၊ ရာသီဥတုက ပူလောင်လှသည် အပူချိန်က လေးဆယ့်ငါးဆယ်ဒီဂရီ စင်တီဂရိတ်နဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ ရိုက်ကူးရေးကာလတွေမှာ သရုပ်ဆောင်တွေက အဝတ်အစားတွေ အများကြီးဝတ်ရပြီး ရှုပ်ထွေးတဲ့ဆံပင်ပုံစံတွေ နဲ့ကြီးစွာသောဒုက္ခကို ခံစားကြရသည်။

လက်ထောက်လေးတွေက သဘာဝအားဖြင့် အလွန်အလုပ်ကြိုးစားကြပြီး ထီးတွေကိုကိုင်ကာ ယပ်ခတ်ပေးပြီး လက်ဖက်ရည်နဲ့ ရေတွေကို တိုက်ပေးကြသည်။

ကျန်းရှောင်က ထီးကို တိတ်တိတ်ဆိတ်ဆိတ် ကိုင်ဆောင်ထားပြီး ကျိုးရှိူ့လင်း ထွက်သွားသည့်အချိန်အထိ သူမသည် ထိုနေရာ၌ ရှိနေကာ သူမ နောက်ကနေလိုက်နေတဲ့ သရုပ်ဆောင်အတွက် ထီးတစ်လက်ကို ကိုင်ပေးထားပြီး အခြားလက်တစ်ဖက်ဖြင့် သူတို့ကို ယပ်ခတ်ပေးနေခဲ့သည်။

သူမရဲ့ ခြေသလုံးတွေကို ဖုံးအုပ်ထားသည့် အဖြူရောင် ချည်သားနှင့် ရှေးစတိုင် ပိတ်ချောကို ၀တ်ဆင်ထားသည်။ ထိုအချိန်တွင် သူမမှာ ဆံမြိတ်လေးနဲ့ အလွန်ပျော့ပျောင်းပြီး သပ်ရပ်စွာ ပြန့်ကျဲနေသော သူမ၏ခါးလောက်ထိရှည်တဲ့ ဆံပင်ရှည်တွေရှိသည်။

သူမသည် ထိုနေရာတွင် ရပ်နေပြီး စိတ်မရှည်သည့် အရိပ်အယောင်ကို မပြခဲ့ပေ။ သူမ၏ အမူအရာမှာ တည်ငြိမ်အေးဆေးပြီး နေရောင်အောက်တွင် အသားအရေက ကြည်လင်ဖြူစင်ကာ တည်ငြိမ်ပြီး တင်းမာသော မျက်ခုံးမွှေးများကြားမှ သူမ၏ အသားအရေဟာ လူတွေကို သူမကို ပိုကြည့်ချင်လာစေသည်။

သူမကို အချိန်အကြာကြီး ကြည့်နေသောကြောင့် ချန်းရင်က သူ့အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ "ကလေးမလေး ဒီကိုရောက်နေတာ တစ်ပတ်ရှိပြီ၊ သူမက အရမ်းစိတ်ရှည်တယ်"

"မင်း လူတွေကို ချီးကျူးတာရှားတယ်။ မင်း သူမကိုခေါ်ချင်လား"

"တကယ်တော့ မခေါ်ချင်ပါဘူး။ သူမက ကျောင်းသူပဲရှိသေးတယ် ဒါပေမယ့် သူမက ဒီလိုဖြစ်မှာ မဟုတ်ဘူး"

ကျိုးရှို့လင်း တခစ်ခစ်ရယ်ကာ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ကားထဲသို့ဝင်ကာ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်မှ ထွက်လာခဲ့သည်။

တစ်နှစ်ကြာပြီးနောက်တွင် သူမနှင့် ထပ်တွေ့ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူမသည် ကျောက်ရှင်းရန်၏ လက်ထောက် ဖြစ်လာခဲ့ပြီး သူမဟာ ကုမ္ပဏီ၏ ရာထူးတိုးမည့် ကြယ်ပွင့်အသစ်ဖြစ်သည်။ ကျိုးရှို့လင်းသည် ကျန်းရှောင် တွေးနေတဲ့ပုံကို မခန့်မှန်းနိုင်ခဲ့ကြောင်း သူ ဝန်ခံခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူ ဖုန်းထုတ်လိုက်ပြီး "ကျန်းရှောင်ရဲ့ လတ်တလော အခြေအနေကို စစ်ကြည့်ပေး " လို့ အသံတိုးတိုးနဲ့ ပြောလိုက်သည်။

ကျန်းရှောင် လျှပ်စီးကြောင်းလို သန့်စင်ခန်းထဲသို့ ပြေးသွားခဲ့သည်။ အန်ပြီးနောက် သူမ လက်ဆေးကန်ပေါ်မှာ အားနည်းစွာ မှီနေခဲ့သည်။ Baidu တွင် သူမ၏ ဖုန်းဖြင့်အမြန်ရှာဖွေခဲ့သည် - ကိုယ်ဝန်လက္ခဏာရဖို့ အချိန်ဘယ်လောက် ကြာလဲ။

အွန်လိုင်းမှာ ရေးထားတာတွေက ရှင်းရှင်းလင်းလင်းနဲ့မို့ သူမကို ပိုပိုပြီး စိတ်ပူလာစေသည်။

ဒါက သူမရဲ့ ပထမဆုံး ကိုယ်ဝန် လက္ခဏာလား။ ကျိုးရှို့လင်းကြောင့် သူမကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေခဲ့တာလား။

ဒီမျိုးစေ့လေးနဲ့ သူ့အဖေမှာ စိတ်ချင်းဆက်သွယ်နေတဲ့လက္ခဏာမျိုးရှိနေတာလား။ သူတို့ အပြန်အလှန် ဆက်ဆံလိုစိတ် ပြင်းပြနေကြပြီလား။

ကျန်းရှောင်က သူမ မျက်နှာကို ရေအေးဖြင့်ပက်ကာ မှန်ထဲကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ မိဘတွေအနေဖြင့် ကလေးယူရန် ဆုံးဖြတ်ပါက ကလေးအတွက် တာဝန်ယူရမည်ဟု သူမအမြဲတမ်း ခံစားခဲ့ရသည်။

ပြီးပြည့်စုံတဲ့ မိသားစုကို မပေးနိုင်ရင် ကလေးယူဖို့ မရွေးချယ်သင့်ပေ။

သူမထပ်ပြီး နှောင့်နှေးနေလို့မဖြစ်တော့ဘူးလို့ တွေးလိုက်သည်။

သဘက်ခါက နောက်ဆုံးပဲ။

ညဘက်တွင်၊ နေ့ခင်းဘက်ကလို လှုပ်ရှားမှုများက တဖြည်းဖြည်း လျော့ပါးလာသည်။

ကျိုးရှို့လင်းသည် ပြတင်းပေါက်နားတွင် ရုပ်ရည်ချောမောသော ပုံစံဖြင့်ရပ်နေကာ သူ့ဖုန်းကိုကိုင်ထားပြီး တည်ငြိမ်နေတဲ့မျက်နှာဖြင့် တစ်ဖက်လူ၏ အစီရင်ခံစာကို နားထောင်နေခဲ့သည်။

"မစ္စကျန်း ဟိုတယ်ကနေ ထွက်ပြီး ကျောင်းကိုကားနဲ့ပြန်သွားတယ်။ ကျောင်းနားက ခေါက်ဆွဲဆိုင်ကို သွားပြီး ခေါက်ဆွဲတစ်ပန်းကန် စားခဲ့တယ်"

အခြားတစ်ဖက်က အလေးပေးပြောလိုက်သည်။ "ခေါက်ဆွဲကို သန့်သန့်ရှင်းရှင်းစားသွားတာပါ"

ကျိုးရှို့လင်း ရုတ်​တရက်​ပြုံးလိုက်​သည်။ "သူမ နောက်​ဆက်လိုက်​။ သူမ မမြင်သွားစေနဲ့ "

အဲဒီညရဲ့ မြင်ကွင်းက သူ့ကို အရမ်းစိတ်လှုပ်ရှားသွားစေနိုင်ပြီး ကျန်းရှောင် ကလေးရခဲ့ရင်တောင်ဆိုပြီး သူ စိတ်ကူးထားခဲ့တာ...

မထင်မှတ်ပဲ သက်ပြင်းတစ်ချက်ချရင်း သူ့ရင်ထဲမှာ မျှော်လင့်ခြင်း အနည်းငယ် ခံစားလိုက်ရသည်။

ယခု သူ့အပေါ် ကျန်းရှောင်၏ သဘောထားက သူနှင့် မည်သည့်ဆက်ဆံရေးကိုမျှ စိတ်မဝင်စားကြောင်း ပြသနေခြင်းဖြစ်သည်။ သူဘယ်တုန်းက လူတွေ အရမ်းမုန်းတီးတဲ့သူဖြစ်လာတာလဲ။

ကျိုးရှို့လင်း ပြတင်းပေါက် အပြင်ဘက်တွင် မှိတ်တုတ်မှိတ်တုတ် အရောင်စုံလင်တဲ့ နီယွန်မီးများကို ကြည့်လိုက်သည်။

သူမျက်လွှာချပြီး အဲဒီညကအကြောင်းကို တွေးတောလိုက်သည်။ သူတစ်ယောက်တည်း နေလာရတာ အရမ်းကြာလာလို့ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုညတွင် ကုမ္ပဏီငယ်တစ်ခုက အစုရှယ်ယာရှင်များစွာနှင့် နာမည်ကြီး တရုတ်ရုပ်ရှင်သရုပ်ဆောင်များစွာတို့နှင့်အတူ ဆုံစည်းခဲ့သည်။ ပွဲပြီးတော့ အားလုံး အိမ်ပြန်ကြသည်။

ကျန်းရှောင် အပေါ်ဆုံးထပ်ကို ဘယ်လိုရောက်လာမှန်း သူ မသိဘူး၊ သူမက ကြမ်းပြင်ပေါ်မှာ တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ ခေါင်းငုံ့ကာ စူးစိုက်စိုက်စိုက်နှင့် စိုးရိမ်သောကရောက်နေသည်။ သူမကို သူ အကြာကြီး စောင့်ကြည့်နေမှန်းတောင် သူမ သတိမထားမိလိုက်ဘူး။

သူက သူ့လက်ထဲမှာ ကတ်တစ်ကတ်ကို ကိုင်ထားပြီး "ကတ်ကျိုးသွားပြီ" ဟု ရုတ်တရက် ပြောလိုက်သည်။

ကျန်းရှောင် သူ့ကို မော့ကြည့်လိုက်တော့ သူမရဲ့ မျက်လုံးထဲမှာ အံ့သြစရာ အခိုက်အတန့်တွေ ရှိနေပြီး သူမရဲ့ အကြည့်တွေက ပိုနက်ရှိုင်းလာသည်။

သူမ တုံ့ဆိုင်းသွားကာ သူ့လက်ထဲက အခန်းကတ်ကို ယူလိုက်ပြီး စမ်းကြည့်လိုက်သည်။ တံခါးကပွင့်လာခဲ့သည်။ သူမ ခေါင်းကို လှည့်လိုက်သည်။ "မစ္စတာ ကျိုး၊ ကတ်ကမကျိုးဘူး"

သူမ တိုးတိုးလေး ညည်းညူခဲ့သည်။ "ရှင်မူးနေပုံပဲ"

ကျိုးရှို့လင် က ပြုံးစိစိနဲ့ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

ကျန်းရှောင် မျက်တောင်ခတ်ပြီး သူ့အတွက် တံခါးဖွင့်ပေးခဲ့သည်။

ကျိုးရှို့လင်းက တံခါးကို ကိုင်ထားတဲ့ သူမရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို ကြည့်ပြီး အရက်မူးနေဟန်ဆောင်ခဲ့သည်။ သူမက သူ့ကို ကြင်နာစွာ ကူညီပေးပြီး ကုတင်ပေါ် လှဲချပေးခဲ့သည်။

သူမက ကုတင်ဘေးမှာ တစ်ဝက်ထိုင်ချလိုက်သည်။ "မစ္စတာကျိုး၊ မစ္စတာကျိုး"

အခန်းက တိတ်ဆိတ်နေခဲ့သည်။

သူမက မီးတွေကို အကြိမ်အနည်းငယ်ပိတ်လိုက်ကာ နံရံကပ်မီးအိမ်တစ်ခုပဲ ကျန်တော့ပြီး အိပ်ခန်းက ချက်ချင်း မှိန်ကျသွားခဲ့သည်။

သူမသည် စမ်းရေဘူးတစ်ဘူးကို ယူလာပြီးနောက် အဖုံးကိုဖွင့်ကာ ကုတင်ဘေးက စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

သူက မျက်လုံးမှိတ်ပြီး အခန်းတွင်းရှိ အသံများကို ဂရုတစိုက် နားထောင်ခဲ့သည်။ သူ သူမရဲ့အသက်ရှူသံတိုးတိုးလေးကို ကြားနေရသည်။

သူစကားပြောခါနီးမှာ သူ့နှုတ်ခမ်းတွေပေါ်က နူးညံ့တဲ့ အထိအတွေ့ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူမက သူ့ထံမှ အနမ်းတစ်ခုကို ခိုးယူလိုက်သော်လည်း ခဏတာမျှသာဖြစ်သည်။

"အေးစက်ပြီး အရသာလည်းမရှိဘူး" ဟု သူမ၏ ညည်းညူသံကို သူကြားလိုက်ရသည်။

သူအသံအကျယ်ကြီးထွက်ပြီး ရယ်လုနီပါး ဖြစ်ခဲ့ပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခဲ့သည်။ သူမကို ဆွဲချဖို့ လက်ကို ဆန့်လိုက်တဲ့အချိန် သူမ အံ့သြစွာ အော်ခဲ့သည်။

သူ သူမကို နက်နက်ရှိုင်းရှိုင်း နမ်းခဲ့ပြီး အရာအားလုံးက သဘာဝအတိုင်း ဖြစ်ပျက်သွားခဲ့သည်။

သူ အရက်မူးပြီး သူ့နာမည်ကို လှမ်းအော်မိတယ်လို့ သူမ ထင်ကောင်းထင်နိုင်သည်။

"ကျိုးရှို့လင်း" သူမ သူ့ကို သိတယ်။

သူမ နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။ "ကျွန်မနာမည်က ကျန်းရှောင်၊ ကျန်းက ကျန်းကျစ်ယာက ကျန်း၊ ရှောင်က အာရုဏ်ဦးက ရှောင် "

သူ မကြားရတော့တာလားဆိုတာ သူ မသိပေမယ့် “မတွေ့ရတာကြာပြီနော်"ဆိုတဲ့ သူမ ယောင်ဝါးဝါးပြောလိုက်တာကို သူ ကြားလိုက်ရသည်။

တွေးတောဖို့ အချိန်မရှိဘဲ သူ့အတွက် တွန်းအားတစ်ခုသာ ဖြစ်ခဲ့သည်။

သူမရဲ့ဆံပင်ကို သပ်တင်လိုက်ရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။ ကျန်းရှောင် ဆံပင်တိုတိုညှပ်ထားသည်။ သူမရဲ့ဆံပင်တွေက သူ့နှာခေါင်းကို ပွတ်တိုက်မိပြီး တကယ်ကို မွှေးကြိုင်တဲ့ ရနံ့သင်းသင်းလေးရလို့ သူ့ကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားနိုင်စေသည်။

နောက်တစ်နေ့မနက် သူ မျက်လုံးဖွင့်လာချိန်မှာတော့ သူမက ထွက်သွားလိုက်ပြီ။ သူ ကုတင်ပေါ်က ထဖို့ စောင်ကိုမလိုက်တော့ ညာလက်က နာကျင်ကိုက်ခဲနေခဲ့သည်။

သူမ သူ့ကို ကိုက်ထားတာ ပြီးတော့ သူမရဲ့ သွားတွေက အသားကို ဖောက်ဝင်သွားပေမယ့် သူမရဲ့ သေးငယ်တဲ့ ကျားသွားများကို သူ မှတ်မိနေသည်။

အလုပ်ကိုပြန်လာပြီး သူမကို ပြန်ရှာဖို့ ကြိုးစားတဲ့အချိန်မှာ သူမ မြို့ကနေ တစ်လလောက်ထွက်သွားတယ်ဆိုတာ သူ သိလိုက်ရသည်။

သူမ တစ်လလောက် ထွက်သွားတာလို့ ကျန်းချင်ကပြောခဲ့သည်။

ရက်သတ္တပတ်ပေါင်းများစွာကြာပြီးနောက်တွင် ကျိုးရှို့လင်း ကျန်းရှောင်ကို ပြန်တွေ့လိုက်ရတဲ့အချ်ိန်မှာ သူမကတော့ ဘာမှမဖြစ်ခဲ့သလိုပဲ။ သူမက အေးဆေးတည်ငြိမ်စွာစကားပြောပြီး အပြစ်ရှိကြောင်း အရိပ်အယောင်မပြခဲ့ပေ။

ဒါပေမယ့်လည်း ကျိုးရှို့လင်းသည် သူမ၏တည်ငြိမ်နေတဲ့အမူအရာက မျက်နှာစာတစ်ခုသာဖြစ်ကြောင်း မကြာမီ သဘောပေါက်သွားခဲ့သည်။

တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါတိုင်း သူမ နေမထိထိုင်မသာ ဖြစ်တတ်သည်။ သူမ စိတ်လှုပ်ရှားလာတိုင်း သူမရဲ့မျက်လုံးတွေက မသိစိတ်က ပြူးကျယ်သွားသည်။

သူ့ရဲ့ဖုန်းက ထပ်မြည်လာခဲ့သည်။

"အစ်ကို၊ ငါဘယ်မှာ ရောက်နေတယ်လို့ထင်လဲ" ကျိုးယန်ယန်၏ ပြတ်သားသော အသံထွက်လာသည်။

"ဟောင်ကောင်မှာ လေယာဉ်ချိန်းပြီးသွားတာလား" လို့ ကျိုးရှို့လင်း ပြောလိုက်သည်။

"အား အစ်ကို့ကို ဘာမှလည်းဖုံးကွယ်ထားလို့မရဘူး" ကျိုးယန်ယန် သက်ပြင်းချလိုက်သည်။

"အဖေ၊ အမေနဲ့ ငါ လက်ဆောင်တွေ ဝယ်ထားတယ် သဘက်ခါကျရင် လေယာဉ်နဲ့လာမယ်။ အစ်ကိုမှာ ငါတို့ကို လာခေါ်ဖို့ အချိန်ရှိလား"

"သဘက်ခါကျရင် အစည်းအဝေးရှိတယ်၊ ဒါပေမယ့် မင်းတို့ကို လာခေါ်ဖို့ ငါ့ဒရိုက်ဘာကို လွှတ်လိုက်မယ်"

ကျိုးယန်ယန် ညည်းလိုက်သည်။ "အစ်ကိုကလည်း"

ကျိုးရှို့လင်း ရယ်လိုက်သည်။ "လာခေါ်မယ်"

All Chapters