ကျန်းရှောင်သည် ကောလိပ်မှ ဘွဲ့ရတော့မည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ ကျိုးရှို့လင်း၏ ကလေးကို ကိုယ်ဝန်လွယ်လိုက်ရ၏။ ဒါက အသက် ၁၈ နှစ်တုန်းက သူမ ဆန္ဒဖြစ်သည်။ ဆန္ဒတွေ တကယ်ဖြစ်လာတဲ့အခါ သူမ လုပ်ချင်တာမှန်သမျှက သေချင်ယောင်ဆောင်နေတာပဲ... ကျိုးရှို့လင်းက စားပွဲပေါ်ရှိ ဆေးမှတ်တမ်းကို ကြည့်ကာ အတန်ကြာပြီးနောက် ခေါင်းမော့လိုက်သည်။ "ကျန်းရှောင် မင်း ဘယ်လို တွေးထားလဲ" ကျန်းရှောင်က သူ့ကို စိုက်ကြည့်ရင်း မျက်လုံးတွေက မှိုင်တွေနေခဲ့သည်။ ကျိုးရှို့လင်းက သူ့ မျက်လုံးတွေကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ ပြောခဲ့သည်။ "ဒါဆို ငါတို့လက်ထပ်ပြီးရင်ရော" ကျန်းရှောင်က မျက်မှောင်ကြုတ်ခဲ့သည်။ "ဒါပေမယ့် နင် ငါ့ကို မကြိုက်ဘူးလေ၊ ငါတို့က ဘာလို့ လက်ထပ်ရမှာလဲ" ကျန်းရှို့လင်းက သူမကိုကြည့်ကာ ပြောခဲ့သည်။ "မင်း ကလေး မလိုချင်ဘူးလား?" ကျန်းရှောင်က ခေါင်းငုံ့ကာ မေးခွန်းကို မဖြေခဲ့ချေ။ တစ်နေ့မှာတော့ ကျိုးရှို့လင်းက မူးနေတဲ့ အနေအထားနဲ့ ဝေဝေဝါးဝါး ပြောခဲ့သည်။ "မင်းကို ခံစားချက်မရှိရင် ငါ မင်းနဲ့ အတူအိပ်မှာတဲ့လား"

