← Chapters

အခန်း (၇၃)

Vol. 6 Ch. 73

အခန်း (၇၃)

Vol. 6 Ch. 73

ပဲပင်ပေါက်လေးက ကျိုးရှို့လင်းရဲ့ ရင်ဘတ်ပေါ်က ခြစ်ရာများစွာကို သတိပြုမိပြီး စပ်စုကာမေးလိုက်သည်။

"ဖေဖေ၊ ဘယ်လိုလုပ်ပြီး ဒဏ်ရာတွေ ရလာတာလဲ"

ကျိုးရှို့လင်း ငုံ့ကြည့်လိုက်သည်။ မနေ့ညက သူ သတိမထားမိခဲ့ပေမယ့် အခုတော့ သိသာထင်ရှားတဲ့ ခြစ်ရာသုံးခုကို တွေ့လိုက်ရသည်။ "ကြောင်ကုတ်သွားတာ "

ပဲပင်ပေါက်လေးက စဥ်းစားတွေးတောလိုက်သည်။ "ဖေဖေ၊ ဖေဖေ့မှာ ကြောင်ရှိလို့လား"

ကျိုးရှို့လင်း ဇဝေဇဝါ ပြန်ဖြေလိုက်သည်။

ပဲပင်ပေါက်လေးက သူ့ရဲ့ခြေထောက်ကို ဖက်ခဲ့သည်။ "ဖေဖေ၊ဖေဖေ့ရဲ့ကြောင်ကိုကြည့်ဖို့ သားကို ဘယ်အချိန်မှခေါ်သွားမှာလဲ"

ကျိုးရှို့လင်း ရယ်လိုက်သည်။ "ဒါက မင်းရဲ့ စွမ်းဆောင်မှုပေါ်မှာ မူတည်တယ်။ မင်း မင်းအမေနဲ့ အတူအိပ်တာကိုရပ်လိုက်မယ်ဆိုရင် ဖေဖေ စဉ်းစားပေးမယ်"

ပဲပင်ပေါက်လေးက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "သားက အခု ကလေးကြီးဖြစ်နေပြီ မေမေနဲ့နောက်ထပ် မအိပ်တော့ဘူး"

ထိုနေ့တွင် ကျိုးစစ်မူ ကျောင်းနောက်ကျသွားပြီး ကျိုးရှို့လင်းကို အတွန့်တက်နေစဉ် ကျန်းရှောင်သည်လည်း ကုမ္ပဏီသို့ အမြန်အပြေးအလွှား သွားခဲ့ရသည်။ ကျိုးရှို့လင်းသာလျှင် ရွှင်ရွှင်ပျပျ ရှိနေတဲ့သူဖြစ်သည်။

ကျန်းချင် မတွေးဘဲ မနေနိုင်ခဲ့ပေ။ "မဒမ် ပြန်လာတာပဲဖြစ်ရမယ်"

နောက်ဆုံး သူတို့ ရုံးခန်းထဲက ညှို့မှိုင်းတဲ့ လေထုကို နှုတ်ဆက်နိုင်ခဲ့ကြပြီ။

ပဲပင်ပေါက်လေး သူငယ်တန်းကို မလာတက်တာ သုံးရက်ရှိပြီပင်။ သူ သူ့အတန်းဖော်တွေနဲ့ တွေ့ရတာကို အရမ်းပျော်သည်။

အတန်းပြီးသွားသောအခါတွင် သူသည် ခရီးစဉ်အကြောင်း သူ့ရဲ့ထိုင်ဖော်ထိုင်ဖက်နှင့် စကားပြောခဲ့သည်။ အားလပ်ရက်အကြောင်း ဆွေးနွေးပြီးတဲ့ နောက်မှာ သူ့အခက်အခဲတွေအကြောင်း ပြောပြခဲ့သည်။

"ငါ တစ်ယောက်တည်း အိပ်ပြီး နိုးလာတော့ ဖေဖေနဲ့မေမေ တခြားအခန်းမှာ အိပ်နေတာ တွေ့လိုက်ရတယ်။နင်တို့ နှစ်ယောက်ကော တူတူအိပ်ကြလား"

သော်သော် - "ငါက ဖေဖေနဲ့ မေမေတို့နဲ့ အိပ်တာ"

ယန်ယန် - "ငါက ဖေဖေနဲ့မေမေတို့ရဲ့ကုတင်ခြေရင်းမှာ အိပ်တာ"

ကျိုးစစ်မူက မှားနေသလို ခံစားနေရသည်။ "ငါတစ်ယောက်တည်းကပဲ ဖေဖေနဲ့ မေမေတို့နဲ့တူတူ မအိပ်ရတာလား"

သော်သော် - "တခြားကလေးတွေ မေးကြည့်ရအောင်လေ၊ အဆင်ပြေလား"

ဒါကြောင့် Apple class က ကလေးတွေဟာ မိဘတွေနဲ့ အိပ်လားဆိုတာကို စစ်တမ်းကောက်ယူခဲ့သည်။ ကံမကောင်းစွာပဲ၊ သီးခြားအိပ်တဲ့ နိုင်ငံခြားကလေး လေးယောက်ကလွဲလို့ ဒီအတန်းမှာ ကျိုးစစ်မူကပဲ တစ်ယောက်တည်းအိပ်ရတဲ့ တရုတ်ကလေးဖြစ်နေခဲ့သည်။

ကျိုးစစ်မူ စိတ်မကောင်းဖြစ်သွားသည်။

ယန်ယန် - "စစ်မူ၊ နင့်အဖေနဲ့အမေက နင့်ကို အမှိုက်ပုံကနေ ကောက်လာတာလား "

ကျိုးစစ်မူ - "......."

သော်သော်က ခေါင်းခါလိုက်သည်။ "စစ်မူ ရဲ့ ဖေဖေနဲ့ မေမေက စစ်မူ အတွက် ညီမလေး မွေးပေးတော့မယ်လို့ ငါထင်တယ်။ ငါ ညီမလေး လိုချင်တယ်ဆိုရင်ရင် တစ်ယောက်တည်း အိပ်ရမယ်လို့ အဖွားကပြောတယ်"

ကျိုးစစ်မူက သော်သော်ကို မျက်တောင်ခတ်ပြလိုက်ပြီး သူမက တကယ်ကို လှနေပုံရသည်။ "အွန်း၊ မေမေက ငါ့ကို သေချာပေါက် ညီမလေးမွေးပေးမှာ ။ သော်သော်၊ ငါ့ညီမလေးက နင့်လို လှတယ်ဆိုရင် ငါ သူ့ကို အရမ်းချစ်မိမှာ "

ထိုအချိန်တွင် အတန်းပိုင်ဆရာက လမ်းလျှောက်လာပြီး ဒီစကားတွေ ပြောနေတာကို ကြားဖို့ဖြစ်လာသည်။ ဒီခေတ်ကလေးတွေက သူငယ်တန်းမှာ စောစောစီးစီး ချစ်တတ်နေကြပြီ။ သူမလို single dog က ဘယ်လိုရှင်သန်ရမှာလဲလို့။

နံနက်ခင်းတွင် ကျန်းရှောင်က စုန့်ယိဝမ်နဲ့ ရှုကျားရမ် အတွက် လတ်တလော အလုပ်အစီအစဉ်များကို ဖြတ်သန်းခဲ့သည်။ အရာအားလုံးပြီးသွားတော့ လျန့်ယွဲ့ ဆီ ပိုက်ဆံလွှဲပေးရမှာကို သတိရသွားခဲ့သည်။

အွန်လိုင်းမှာ စစ်ဆေးပြီးနောက်မှာတော့ ဖိနပ်က ယွမ် ၆၀,၀၀၀ ကျော် တန်ကြေးရှိတဲ့အတွက် တကယ်ကို နာကျင်ခဲ့ရသည်။ နောက်ဆုံးတော့ ပဲပင်ပေါက်လေးရဲ့ မရည်ရွယ်ဘဲ အမှားဖြစ်လာတာကြောင့် သူမမှာ ငွေလျော်ပေးရန် တာဝန်ရှိသည်။

ငွေကို အောင်မြင်စွာ လွှဲပေးခဲ့ပြီး ကျန်းရှောင် စိတ်သက်သာရာ ရသွားသည်။

သူမသည် ဝဘ်သတင်းများကို အေးအေးဆေးဆေး ရှာဖွေခဲ့သည်။ "ချန်တင်း" ဇာတ်ကားအတွက် ကာရိုက်တာက အပြည့်အ၀ ရှိနေပြီး အသစ်ထွက်သူ အများအပြားလည်း ပါဝင်ခဲ့သည်။ ပထမအကျော့ audition တွေ ကျင်းပနေပြီ။

ထို့ကြောင့် လျန့်ယွဲ့က မကြာသေးမီက ဖျော်ဖြေရေးသတင်းခေါင်းကြီးများတွင် မကြာခဏ ဖော်ပြခြင်းခံခဲ့ရသည်။

ရှောင်ယွိ ဝင်လာတော့ သူမအတွက် ကော်ဖီတစ်ခွက်ဖျော်လာပေးသည်။ "ကျန်းကျဲ၊ ကျားရမ် "ချန်တင်း" မှာ ပါဝင်သရုပ်ဆောင်နိုင်မယ်လို့ ထင်လား"

"သေချာတော့ မပြောနိုင်ဘူး " ကျန်းရှောင် တကယ်ကို အာမမခံနိုင်ပေ။ ရုပ်ရှင်နဲ့ တီဗီဒရာမာတွေမှာ အနုပညာရှင်တွေအတွက် စာချုပ်ချုပ်တဲ့အခါ သူတို့နဲ့ လိုက်ဖက်တဲ့ ဇာတ်ရုပ်တွေကို အမြဲရှာရသည်။

"ချန်တင်စ" သည် လွန်ခဲ့သော ရက်အနည်းငယ်က သူမဖတ်ဖူးသော ပုံပြင်တစ်ပုဒ်ဖြစ်သည်။ အနုပညာလက်ရာမြောက်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပေမဲ့ Box Office မှာ အောင်မြင်မှုတော့ မရှိပါဘူး။

"ကျားရမ် ရဲ့လက်ထောက်ဆီကနေ သူမ ဒီဇာတ်ကောင်ကို တကယ် လိုချင်တယ်ဆိုတာ ကြားလာတယ်။ ကျန်းကျဲ၊ သူ့ကိုယ်စား မစ္စစ် လျန့် နဲ့ စကားပြောပေးလို့ မရဘူးလား

ကျန်းရှောင် ခေါင်းခါလိုက်သည်။ "မစ္စစ် လျန့်က သူ့လိုအပ်ချက်တွေကို အမြဲတင်းကြပ်ထားတယ်။ လူအများကို ရွေးချယ်တဲ့နေရာမှာ သူ့ကိုယ်ပိုင်စံနှုန်းတွေ ရှိတယ်"

"ကျားရမ် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ကျန်းရှောင် အနည်းငယ် ပြုံးလိုက်ပြီး ညင်သာစွာပြောလိုက်သည်။ "မျှော်လင့်ထားကြတာပေါ့"

သူမ စကားပြောပြီးတာနဲ့ သူမရဲ့ဖုန်းက မြည်လာခဲ့သည်။ သူမ အမည်မသိ နံပါတ်တစ်ခုကို မြင်လိုက်ရပြီး သူမ လက်က အနည်းငယ် တုန်ယင်သွားသည်။

ရှောင်ယွိက လှည့်ထွက်သွားလိုက်သည်။ "ကျန်းကျဲ၊ အစ်မ ဖုန်းပြောလိုက်ပါ"

ကျန်းရှောင် အသက်ပြင်းပြင်းရှူပြီး ဖုန်းကို ဖြေလိုက်သည်။

အခြားတစ်ဖက်မှ အသံက သူမနားထဲ ရောက်ရှိလာသည်။ "ကျန်းရှောင်၊ အခုအချိန်ရလား၊ တွေ့ပြီး စကားပြောကြရအောင်"

"ဟုတ် ရပါတယ် ဆရာမ လျန့် "

.......

ကျန်းရှောင်က စားပွဲပေါ်ရှိ ခင်မမေ့ပန်းရဲ့ ပုလင်းကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမသည် လွန်ခဲ့သည့် တစ်လခွဲကျော်က ပန်းတွေ ယူဆောင်လာခဲ့ပြီး ၎င်းတို့သည် ညှိုးနွမ်းနေသည့် အရိပ်အယောင် မပြဘဲ အပြည့်ပွင့်နေဆဲပင်။

ဒါပေမယ့် ဤအခိုက်အတန့်တွင် တစ်စုံတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ သူမ နှလုံးသားထဲ ဝမ်းနည်းကြေကွဲမှုတစ်ခု ရှိနေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမသည် ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ရန် မူလရည်ရွယ်ချက်ကို မေ့သွားကာ ပျော်ရွှင်စရာကောင်းသော ဘဝကို ဖြတ်သန်းခဲ့သည်။

လျန့်ယွဲ့က သူမနှင့်တွေ့ဆုံရန် အစပြုခဲ့ပြီး သူမကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။ သူမနဲ့ ဘာများ ဆွေးနွေးချင်လို့လဲ။ ဇာတ်ကားထဲက ဇာတ်ကောင်နေရာအတွက်လား။ ဖိနပ်ကိစ္စလား။ ဒါမှမဟုတ် သူမ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားလို့များလား။

ကျန်းရှောင် ကျက်သရေရှိရှိ မတ်တတ်ထရပ်ပြီး သူ့လက်ထောက် ရှောင်ယွိကို နှုတ်ဆက်ပြီး သူမကို အသိပေးကာ ခဏလောက် အပြင်ထွက်ခဲ့သည်။

လျန့်ယွဲ့ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့မှ ကျင်းချန်သို့ ပြန်ရောက်သည့်နေ့တွင် သူမ၏ စိတ်ခံစားမှုများ ငြိမ်သက်သွားသည်။ နောက်ပိုင်းတွင် သူမ ကျန်းရှောင်၏ အချက်အလက်ကို တစ်စုံတစ်ဦးအား ကြည့်ရှုခိုင်းခဲ့ရာ နံနက်တွင် ကျန်းရှောင်၏ ဖိုင်ကို လက်ခံရရှိသောအခါတွင် သူမ လုံးဝ ထိတ်လန့်ပြီး အံ့သြသွားခဲ့သည်။

ငြိမ်သက်နေသော ရေကန်မျက်နှာပြင်က နောက်ဆုံးတွင် လှုပ်ခါသွားကာ သူမကို ထိတ်လန့်သွားစေခဲ့သည်။

သူတို့နှစ်ယောက် ပထမဆုံးစတွေ့တုန်းက ရင်းနှီးနေသလို ဘာကြောင့်ခံစားရတာလဲ။

ကျန်းရှောင်ရဲ့အကြည့်တွေက ဘာကြောင့် အကူအညီမဲ့တဲ့အရိပ်အယောင်တွေ သယ်ဆောင်လာတာလဲ။

ကျန်းရှောင် သူမကို ပထမဆုံးမြင်တုန်းက သူမရဲ့ အင်္ဂလိပ်နာမည်ကိုပဲ ဘာကြောင့်ပြောခဲ့တာလဲ။

တုန်တုန်ယင်ယင်နဲ့ လျန့်ယွဲ့ စာရွက်နှစ်ရွက်ကို ပိတ်လိုက်ပြီး သူမမျက်နှာက ဖြူဖျော့သွားခဲ့သည်။ စကားလုံးတိုင်းကို သူမစိတ်ထဲတွင် လေးလေးနက်နက် ရေးထွင်းထားသည်။

ဖခင် ကျန်းယိ၊ ပန်းချီဆရာ။ မိခင်၊ ကွယ်လွန်။

သူမ တစ်ရက်လောက် စဥ်းစားတွေးတောခဲ့ပြီး နောက်ဆုံးတွင် ကျန်းရှောင်နှင့် တွေ့ဆုံရန် စိတ်ပိုင်းဖြတ်လိုက်သည်။

လျတ့်ယွဲ့ ချိန်းထားသော လက်ဖက်ရည်ဆိုင်သို့ အစောကြီးရောက်လာခဲ့သည်။ ကျန်းရှောင် ရောက်လာသည်အထိ သူမ နာရီဝက်ကျော် စောင့်ခဲ့သည်။

ခုက မတ်လဖြစ်ပြီး သူမသည် ကာကီရောင် လေကာအင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် ဒေါက်မြင့်ဖိနပ်များကို ၀တ်ဆင်ထားသည်။ သူမရဲ့ ၀တ်စားဆင်ယင်မှုက ရိုးရိုးရှင်းရှင်းလေးနဲ့ သပ်သပ်ရပ်ရပ်ပဲ။

ကျန်းရှောင် ထိုင်လိုက်ပြီး သူမရဲ့ အမူအရာက ပုံမှန်အတိုင်း ယဉ်ကျေးပြီး တည်တည်ငြိမ်ငြိမ်ပင်။ "ဆရာမ လျန့်၊ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်"

နှစ်စက္ကန့်ကြာပြီးနောက် လျန့်ယွဲ့က သူမ၏ လည်ချောင်းကို ရှင်းလိုက်သည်။ "ပြဿနာမရှိပါဘူး"

သူမ ကျန်းရှောင်ကိုကြည့်လိုက်ပြီး ဘယ်ကနေ စကား စရမှန်း မသိပေ။ "ဘာသောက်ချင်တာလဲ။ ရန်ရန်ဆီက ကြားဖူးတာတော့ .... ဒီက လက်ဖက်ရည်က ကောင်းတယ်တဲ့"

မီနူးကို လှန်ကြည့်ရင်း ကျန်းရှောင်၏ နှုတ်ခမ်းတွေ အနည်းငယ် ကွေးသွားသည်။ "ကျွန်မက ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဆရာမ လျန့်ကကော ဘာကြိုက်လဲ"

"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်းတို့ လူငယ်တွေ ကြိုက်တာမှာပါ"

ကျန်းရှောင် မငြင်းတော့ပေ။ "ဒါဆို ကျွန်မ မြောင်ကျင်း လက်ဖက်ရည်သောက်မယ်"

ဆာဗာက လက်ဖက်ရည်ကို စတင်ဖျော်နေပြီ။ ကိရိယာအစုံက လက်ရာမြောက်ပြီး ဆာဗာရဲ့ လုပ်ဆောင်ချက်တွေက ပရော်ဖက်ရှင်နယ်ကျပြီး ကျွမ်းကျင်သည်။

လက်ဖက်ရည်ပြင်ဆင်ပြီး ဆာဗာမှ ထွက်ခွာသွားသောအခါတွင် ၎င်းတို့နှစ်ဦးသာ အခန်းထဲ၌ ကျန်ရှိတော့သည်။

တွေ့ရခဲသော အခိုးအငွေ့များကဲ့သို့ လက်ဖက်ရည်ဆီမှ အငွေ့များ ထွက်လာသည်။

လျန့်ယွဲ့က ခရမ်းရောင် ရွှံ့စေးလက်ဖက်ရည်အိုးကို ကောက်ယူကာ လက်ဖက်ရည်တစ်ခွက်ကို လောင်းထည့်ရန် ကြံရွယ်လိုက်သော်လည်း သူမရဲ့လက်က တုန်နေသည်။

သူမ၏ တည်ငြိမ်မှု ပျက်ပြားလာသည်ကို ဒါ ပထမဆုံးအကြိမ် ကျန်းရှောင် မြင်ဖူးတာ။ စွမ်းဆောင်ရည်ဆုအမျိုးမျိုးကို လက်ခံရယူလေ့ရှိတဲ့သူက နောက်ဆုံးတွင် သူမ မျက်နှာစာကို ပြိုကျစေခဲ့သည်။ သူမ ကြောက်နေတာလား။ "ကျွန်မ လုပ်ပေးပါရစေ"

လျန့်ယွဲ့ လက်ဖက်ရည်ခွက်ကို ကိုင်ပြီး မြည်းကြည့်လိုက်တော့ လက်ဖက်ရည်က အနည်းငယ်တော့ ခါးသက်သည်။ သူမက ကော်ဖီသောက်လေ့ရှိတော့ ခဏလောက် လက်ဖက်ရည် သောက်လိုက်တာက အဆင်မပြေသလို ခံစားလိုက်ရသည်။

" မင်း လွှဲပေးလာတာကို ရတယ် ကျန်းရှောင်။ ဒါပေမယ့် တကယ်ကို မလိုပါဘူး"

ကျန်းရှောင်က သူမ လက်ချောင်းထိပ်နဲ့ လက်ဖက်ရည်ခွက် အနားက သပ်လိုက်ကာ သူမရဲ့ လေသံဖျော့ဖျော့ အလင်းတန်းကို ခြေရာခံလိုက်သည်။ "ပစ္စည်းတွေ ပျက်စီးသွားတဲ့အခါ လျော်ကြေးပေးရမယ်လေ "

လျန့်ယွဲ့က သူမလက်ကို ဖြည်းညှင်းစွာ ဆုတ်ခွာလိုက်ပြီး ခွက်ကို စားပွဲပေါ်တင်လိုက်ကာ လက်ချောင်းတွေကို တင်းတင်း ဆုပ်ထားလိုက်သည်။ "ငါ ဘယ်သူလဲ ဆိုတာ မင်းသိနေပြီ မဟုတ်လား"

သူတို့ကြားထဲက စားပွဲတစ်ခုရဲ့ တိုတောင်းတဲ့ အကွာအဝေးရှိပေမဲ့ သူတို့က ကျယ်ပြန့်တဲ့ ပစိဖိတ်သမုဒ္ဒရာခြားနေသလိုမျိုး ခံစားနေရသည်။

ကျန်းရှောင် နူးညံ့စွာ ပြုံးလိုက်သည်။ သူမသည် မရေမတွက်နိုင်သော ပြန်လည်ဆုံစည်းမှု၏ ဤအခိုက်အတန့်ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။

"ကျွန်မက ရှင့်ရဲ့သမီးပဲ" ဆိုပြီးတော့ အသံကျယ်ကျယ်နဲ့အော်ပြီး သူမဆီ ပြေးသွားတာကို စိတ်ကူးကြည့်မိဖူးခဲ့သည်။

ကျန်းရှောင် သူမကို "ရှင့်ရဲ့နှလုံးသားက ကျောက်တုံးနဲ့လုပ်ထားတာလား" လို့မေးလိုက်ချင်သည်။

အမေ မရှိရင်တောင် သူမ ကောင်းကောင်းနေနိုင်တယ်ဆိုတာကို ကျန်းရှောင် သူမကို ပြောပြချင်သည်။

သူမကို နောင်တရစေချင်သည်။ အရင်​က သူမကို စွန့်​လွှတ်​ခဲ့မိ​တာကို ​နောင်​တရသွားစေချင်သည်။

သူမ အခု ဘယ်လောက် ကောင်းကောင်း လုပ်နေလဲ၊ ဘယ်လောက် ပြီးမြောက်အောင်မြင်လာလဲ ဆိုတာ သူမကို သိစေချင်သည်။ အမေ မရှိရင်တောင် သူမ ရှင်သန်နိုင်သေးသည်။

ဒါပေမယ့် အခုအချိန်မှာတော့ သူမအမေက သူမကို သူမက ဘယ်သူလဲဆိုတာ သိလားလို့ မေးနေပြီ။

ကြာရှည်စွာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ကျန်းရှောင် က နောက်ဆုံး ခါးသီးသော အရိပ်အမြွက်ဖြင့် စကားပြောခဲ့သည်။

"ဆရာမ လျန့်၊ ဆရာမ လာနောက်နေတာလား။ ဆရာမက ဘယ်သူလဲဆိုတာ ကျွန်မဘယ်လိုလုပ် မ သိနိုင်မှာလဲ ဆရာမက နာမည်ကြီးမင်းသမီးပဲလေ "

All Chapters