အခန်း (၆၂)
Vol. 5 Ch. 62
ကျိုးရှို့လင်းက စားပွဲပေါ်မှ အနီရောင် ဖိတ်စာကဒ်ကို ထုတ်ယူလိုက်သည်။
ကျန်းရှောင် ကြည့်ပြီး ပဟေဠိဖြစ်သွားခဲ့သည်။ "ဘယ်သူလက်ထပ်မှာလဲ"
ကျိုးရှို့လင်းက သူမကို ဖွင့်ကြည့်ဖို့ အရိပ်အယောင် ပြလိုက်သည်။
ကျန်းရှောင် ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူမ၏ အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ "မိုရီဟန် ရဲ့စေ့စပ်ပွဲလား။ ကောင်မလေးရဲ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး။ ဒါပေမယ့် သူက ရှင်းရန်နဲ့ မဟုတ်ဘူးလား"
ကျိုးရှို့လင်းက ဆက်ပြောခဲ့သည်။ "မင်္ဂလာဆောင်က သဘက်ခါ Crystal Hotel မှာလုပ်မှာ "
ကျန်းရှောင် သက်ပြင်းတိုးတိုးလေး ချလိုက်သည်။ "ရှင်းရန်မှာတော့ မိုရီဟန်နဲ့ သုံးနှစ်လုံး အရှုပ်တွေထဲ ပတ်သတ်နေခဲ့ရပြီး နောက်ဆုံးတော့လည်း သူမက သတို့သမီး မဟုတ်ခဲ့ဘူး "
ဒီသတင်းတွေ ထွက်လာရင် စုန့်ယိဝမ်နဲ့ ကျိုးယန်ယန် တို့ရဲ့ကိစ္စ အာရုံလွဲလို့ရနိုင်သည်။
ကျိုးရှို့လင်း သူမလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "သဘက်ခါ တူတူသွားကြရအောင်"
"ဒါပေမယ့် ကျွန်မ......."
"မင်းက ကိုယ့်ကို ကျန်းချင်နဲ့ သွားစေချင်တာလား"
"ကျွန်မ အဲဒီကို သွားဖို့ ဘယ်လို အထောက်အထား ရှိလို့လဲ။ မိုရီဟန် ကျွန်မကို ဖိတ်စာ မပို့ထားဘူးလေ"
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ဘာတွေတွေးနေတာလဲ။ထုံးစံအတိုင်း ကိုယ့်အဖော်အနေနဲ့ တက်ရမှာ"
ကျန်းရှောင်၏ မျက်ခုံးတွေက တွန့်ကွေးသွားသည်။ "မစ္စတာ ကျိုး၊ ကျွန်မ ရှင်နဲ့ ကောလဟာလတွေ မပါချင်ဘူး"
အလုပ်ဆင်းချိန် မကုန်ဆုံးခင်လေးမှာပဲ မန့်ကျီ ဝင်လာတော့ ကျန်းရှောင်က ဟွားရှက ရိုက်ကူးဖို့စီစဉ်ထားတဲ့ ဇာတ်ညွှန်းပေါင်းများစွာကို ကြည့်ရင်း ဆိုဖာပေါ်မှာ ထိုင်နေတုန်းပဲ။
မန့်ကျီက စာရွက်စာတမ်းတွေကို ကျိုးရှို့လင်းဆီ ပေးလိုက်သည်။
ကျိုးရှို့လင်း ညွှန်ကြားလိုက်သည်။ "သဘက်ခါကျရင် ငါမင်္ဂလာပွဲတက်ရမယ်။ မနက်ဖြန် ငါ့အတွက် လက်ဆောင်တစ်ခု ပြင်ထားပေး ပြီးတော့ ကျန်းရှောင် အတွက် ခမ်းနားတဲ့ဝတ်စုံ စီစဉ်ပေးထား။ သူမ ငါနဲ့တက်ရမယ်"
ကုမ္ပဏီတွင် ဗီရိုကုန်ကျစရိတ်များအတွက် ထိုကဲ့သို့ ပံ့ပိုးပေးထားပြီး ကျိုးရှို့လင်းက ၎င်းကို ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အခြားသူတွေ သူတို့၏ ဆက်ဆံရေးကို မရှာနိုင်အောင်လုပ်ခဲ့သည်။
ကျန်းရှောင် ဇာတ်ညွှန်းတွေ စီစဉ်ပြီးသွားပြီ။ "မန့်ကျီ၊ ကျွန်မ ရှင့်နဲ့ လိုက်ခဲ့မယ်"
သူတို့ ထွက်သွားစဉ် မန့်ကျီ မေးလိုက်သည်။ "ကျိုးယန်ယန်ရဲ့ အခြေအနေကို ဖြေရှင်းပြီး သွားပြီလား"
ကျန်းရှောင် ပခုံးတွန့်လိုက်သည်။ "ရှင် မြင်လား၊ ကျွန်မ နောက်ဖက်တံခါးကနေ မစ္စတာကျိုး ဆီကို ရောက်နေတာကို "
"ဒါဆို မစ္စတာကျိုးက မင်းကို မင်္ဂလာဆောင်လိုက်တက်ခိုင်းတာလား။ တော်တော်ကောင်းတဲ့ အခွင့်အရေးပဲ။ စကားမစပ်၊ ဘယ်သူ့မင်္ဂလာဆောင်လဲ"
"မိုရီဟန် "
"မိုရီဟန်လား။ သတို့သမီးက ကျောက်ရှင်းရန် လား"
ကျန်းရှောင် ခေါင်းခါလိုက်သည်။
မန့်ကျီရဲ့ နှုတ်ခမ်းတွေ လှောင်ပြောင်ကာ ကွေးညွတ်သွားခဲ့သည်။ "မိုရီဟန်၊ အဲ့ပလေးဘွိုင်းကတော့ ထင်ထားတဲ့အတိုင်းပဲ။ ကျောက်ရှင်းရန်က အဆုံးသတ်မှာ ဘာမှ မကျန်တော့ဘူး။ ဒါပေမယ့် သူမ လုံးဝ မရှုံးဘူး၊ ဒီသုံးနှစ်အတွင်းမှာ မိုရီဟန်က သူမကို အရင်းအမြစ်များစွာနဲ့ ထောက်ပံ့ပေးထားခဲ့တယ်။ အဲ့လိုမှ မဟုတ်ရင် သူမရဲ့ လက်ရှိ A-list အခြေအနေကို လွယ်လွယ်ကူကူနဲ့ ရောက်နိုင်မှာမဟုတ်ဘူး"
ကျန်းရှောင် နှုတ်ဆိတ်နေသည်။ သူမ ကျောက်ရှင်းရန်ကို မဆက်သွယ်ဖြစ်တာကြာပြီ။ ကျောက်ရှင်းရန်ရဲ့ သရုပ်ဆောင်အလုပ်က ဒီနှစ်တွေအတွင်းမှာ ထွန်းကားလာခဲ့ပေမယ့် သူမရဲ့ အချစ်ရေးကတော့ နောက်ဆုံးမှာ သူမ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။
ညနေပိုင်းတွင် ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့ မိဘတွေဆီ အတူ သွားလည်ပတ်ခဲ့သည်။
ပဲပင်ပေါက်လေးက သူငယ်တန်းကနေ အခုမှ ပြန်ရောက်လာခဲ့သည်။ ဒါသူ့ရဲ့ပထမဆုံးနေ့ဖြစ်ပေမဲ့ သူ့ရဲ့ စိတ်ခံစားမှုတွေကို မပြခဲ့ပေ။ အဆာပြေစာ နည်းနည်းစားပြီးတဲ့အခါ သူ ကြိမ်ဖန်များစွာမေးခဲ့သည်။ “အဖွား၊ဖေဖေနဲ့မေမေက သားကို ဘယ်တော့လာခေါ်မှာလဲ"
မေမေကျိုးက ကျိုးရှို့လင်းကို ဖုန်းဆက်ပြီး သူတို့ကို စောစောပြန်လာဖို့ ပြောခဲ့သည်။
ကျိုးစစ်မူက ဆိုဖာပေါ်မှာ ထိုင်နေပြီး TV ရီမုကို သူကိုယ်တိုင်နှိပ်နိုင်နေပြီ။ သူသည် ချန်နယ်တစ်ခုကို တွေ့ရှိပြီး တိုက်ဆိုင်စွာပင် ၎င်းသည် ခေါင်းဆောင်မင်းသမီးအဖြစ် ကျိုးယန်ယန်နဲ့ ကျောင်းဝင်းဒရာမာတစ်ခုကို ထုတ်လွှင့်နေသည်။
ကျိုးစစ်မူ TV ကို လက်ညှိုးထိုးပြလိုက်သည်။ "တီတီ"
မေမေကျိုး ပြုံးလိုက်သည်။ "တီတီက လှရဲ့လား"
ကျိုးစစ်မူ ခေါင်းညိတ်လိုက်သည်။ "လှတယ်"
မေမေကျိုးက သူ့နဖူးကို နမ်းလိုက်သည်။ "တီတီက မင်းကို ဘာအတွက်နဲ့မှ အလိုမလိုက်ဘူးနော်"
ကျိုးယန်ယန် အပြင်ထွက်သွားတိုင်း ကျိုးစစ်မူ အတွက် လက်ဆောင်များစွာ ပြန်ယူလာပေးတတ်သည်။ဒါပေမယ့် သူမက ကျန်းရှောင်ကို မကြိုက်ဘူး။ သူမရဲ့တူလေးကို ချစ်တာ။
ဖေဖေကျိုးက ကဗျာစာအုပ်တစ်အုပ် ယူလာခဲ့သည်။ "စစ်မူ၊ တီဗီဒရာမာတွေ မကြည့်နဲ့တော့။ ဖိုးဖိုးက မင်းကို ကဗျာသင်ပေးမယ် ဟုတ်ပြီလား"
ကျိုးစစ်မူ ဆိုဖာပေါ်မှ လျှောချလိုက်ပြီး သင်ယူလိုစိတ်ပြင်းပြတဲ့ အမူအရာဖြင့် အမြန်ပြေးသွားခဲ့သည်။ "အိုခေ"
မေမေ ကျိုး ခေါင်းခါလိုက်သည်။ "ဒီကလေးက ခုမှ ကျောင်းက ပြန်ရောက်တာကို၊ သူ့ကို အရမ်းကြီး မတွန်းပါနဲ့"
ကျိုးရှို့လင်းနဲ့ ကျန်းရှောင် ပြန်ရောက်လာတော့ ကျိုးစစ်မူ၏ နူးညံ့တဲ့ ကဗျာရွတ်ဆိုသံကို ကြားလိုက်ရသည်။
"ငါ့အိပ်ရာရှေ့မှာ တောက်ပနေတဲ့ လမင်းကို မြေပြင်ပေါ်က နှင်းခဲလို့ ငါထင်ခဲ့တယ်"
"ငါ ခေါင်းကိုမော့ပြီး တောက်ပတဲ့လကို ငေးကြည့်နေမိတယ် ခေါင်းငုံ့လိုက်တော့ ငါ့ရဲ့ဇာတိကို တွေးမိသွားတယ်"
ပြီးပြည့်စုံတဲ့ ရွတ်ဆိုခြင်းပဲ။
ကျန်းရှောင်ရဲ့ မျက်နှာက အပြုံးတွေနဲ့ တောက်ပလာခဲ့သည်။ "ပင်ပေါက်လေးက ကဗျာတွေ ရွတ်နိုင်တယ်တဲ့!"
သူတို့က ကျိုးစစ်မူ ပညာရေးအတွက် အေးအေးဆေးဆေး ချဉ်းကပ်နည်းကို ယုံကြည်ကြပြီး သူစိတ်ဝင်စားတဲ့အရာကို ပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ကျိုးစစ်မူက သူ့မိဘတွေ ပြန်လာတာကို မြင်လိုက်ရတော့ ရုတ်တရက် သူ့မျက်လုံးထဲ မျက်ရည်များ စီးကျလာသည်။ "မေမေ...ဖေဖေ..."
နောက်ဆုံးတော့ သူက သုံးနှစ်အရွယ် ကလေးပဲ ရှိသေးသည်။ ကျောင်းစတက်တဲ့နေ့မှာ သူ့မိသားစုနဲ့ မတွေ့တာ ရှစ်နာရီနီးပါးရှိပြီ။ သူ မှားယွင်းနေတယ်လို့ ခံစားနေရသည်။
ဤငိုကြွေးသံကြောင့် ကျန်းရှောင် နှလုံးသားက နာကျင်လာသည်။ သူမ ပဲပင်ပေါက်လေးကို တင်းတင်း ပွေ့ဖက်ထားရင်း သူမကိုယ်တိုင် မျက်ရည်တွေကျလုနီးနီးပင်။
သားအမိနှစ်ယောက်လုံး နစ်နာမှုများစွာကို ခံနေရသလိုပဲ။
အနီးတွင်ထိုင်နေတဲ့ ဖေဖေကျိုးက စာအုပ်ကို ဖယ်လိုက်ကာ တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချပြီး ကျိုးရှို့လင်းကို တစ်ချက်ကြည့်လိုက်သည်။
ကျိုးရှို့လင်း ရယ်ပြီး သူတို့ဆီ လျှောက်သွားလိုက်သည်။ "ဖေဖေ့ရဲ့ ရတနာလေး ဘာဖြစ်လာလို့လဲ"
ပဲပင်ပေါက်လေး နှာရှုပ်လိုက်သည်။ “မေမေ့ကို လွမ်းလို့…” အင်တင်တင်နဲ့ ထပ်ပေါင်းပြောလိုက်သည်။ “ဖေဖေ့ကိုလည်း လွမ်းလို့"
ကျန်းရှောင်၏ မျက်လုံးတွေက နီရဲသွားသည်။
ကျိုးရှို့လင်းက သားဖြစ်သူရဲ့ ခေါင်းကို ပုတ်လိုက်သည်။ "ဒီည ဖေဖေတို့ အပြင်ထွက်စားကြမလား"
ပဲပင်ပေါက်လေးရဲ့ မျက်ရည်တွေ ရပ်သွားသည်။ "မေမေ ပြီးခဲ့တဲ့တုန်းက သားကို ခေါ်သွားတဲ့ စားသောက်ဆိုင်ကို သွားလို့ရမလား"
ကျန်းရှောင် ရှင်းပြလိုက်သည်။ "အဲ့တာက မြို့လယ်က ကလေးစားစရာ စားသောက်ဆိုင်တစ်ဆိုင်ပဲ " လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ကျန်းရှောင်က ပဲပင်ပေါက်လေးကို ထိုနေရာသို့ တစ်ကြိမ်ခေါ်သွားခဲ့ပြီး သူ မှတ်မိနေလိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပေ။
ကျိုးရှို့လင်းက သူ့မျက်လုံးတွေကို တစ်ရှုးနဲ့ သုတ်ပေးလိုက်သည်။ "သွားရအောင်"
ပဲပင်ပေါက်လေး မျက်နှာပေါ် အပြုံးတစ်ခု ချက်ချင်းပေါ်လာပြီး ကျန်းရှောင်နဲ့ ကျိုးရှို့လင်း လက်တွေကို ဆုပ်ကိုင်ထားလိုက်သည်။
မေမေကျိုး နဲ့ ဖေဖေ ကျိုးတို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အဖိုးအဖွားတွေက ကောင်းပေမယ့် မိဘတွေနေရာမှာ အစားထိုးလို့မရပေ။
ဖေဖေကျိုး နူးနူးညံ့ညံ့ပြောလိုက်သည်။ "ဒါဆို ငါတို့လည်း ဒီည စားသောက်ဆိုင်ကို ဘာလို့ မသွားရမှာလဲ"
မေမေကျိုးက မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုင်သည်။ "... မရင့်ကျက်သေးဘူး"
သူတို့မိသားစု ၃ ယောက်က အပြင်ထွက်စားတာ ရှားသည်။ လမ်းမှာ ကျန်းရှောင်က ကြိုတင်စာရင်းပေးထားခဲ့သည်။
အလုပ်ချိန်ပြီးပြီးချင်း သူတို့ရောက်သွားတော့ ညနေ ၆ နာရီလောက်ရှိပြီ။ ကံကောင်းထောက်မစွာနဲ့ပဲ ပိတ်ရက်တွေလို လူမများဘူး။
ကျန်းရှောင်က ပဲပင်ပေါက်လေးအတွက် အစာအနည်းငယ်ကို ဦးစွာမှာခဲ့ပြီး ကစားခွင့်မပေးခင် သူ့ကိုဗိုက်ပြည့်တဲ့အထိ ကျွေးခဲ့သည်။
စားသောက်ဆိုင်မှာ ကလေးတွေ ကြိုက်နှစ်သက်တဲ့ အစားအစာတွေအပြင် အရုပ်မျိုးစုံနဲ့ သရုပ်ဖော်ထားသော မြင်းကွင်းများပါရှိသည်။
ပဲပင်ပေါက်လေး သွားဆော့ခါကျမှ နှစ်ယောက်သား စစားခဲ့ကြသည်။
ကျိုးရှို့လင်း ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။ "သူက အရမ်းလိမ္မာတဲ့ ကလေးပဲ"
ကျန်းရှောင် ခေါင်း လှည့်လိုက်တော့ ပဲပင်ပေါက်လေးလည်း သူတို့ကို မြင်လိုက်သည်။ သူ သူတို့ကို ပြုံးပြလိုက်သည်။ သူ့အပြုံးက အပြစ်ကင်းတယ်။
ကျန်းရှောင် သူ့ကို ကြောင်အစွာ ကြည့်နေမိသည်။ သူမရဲ့ငယ်စဉ်ကလေးဘဝက လွဲချော်ခဲ့တဲ့အရာတွေကို သူမရဲ့ သားလေးကို ဖြည့်ဆည်းပေးနေသလို ခံစားခဲ့ရသည်။ သူနဲ့အတူ သူမရဲ့ ငယ်စဉ်ကလေးဘ၀ကို ပြန်ခံစားလိုက်ရသလိုပဲ။
ကျိုးရှို့လင်း နူးနူးညံ့ညံ့ ပြောလိုက်သည်။ "ထပ်စားလိုက်ဦး၊ မင်းစောစောက ဘာမှမစားထားဘူး"
ရုတ်တရက်ဆိုသလို ကျန်းရှောင် ပြောလိုက်သည်။ "ဒီအလုပ်များတဲ့ကာလပြီးရင် ပဲပင်ပေါက်လေးကိုခေါ်ပြီး ခရီးထွက်ချင်တယ်"
ကျိုးရှို့လင်း ရွဲ့လိုက်သည်။ "မင်းရဲ့သားကိုပဲခေါ်ပြီး ယောကျ်ားကိုကျတော့ မခေါ်ဘူးလား"
ကျန်းရှောင် - "......"
သိပ်မကြာခင်မှာပဲ ပဲပင်ပေါက်လေး ပြေးလာခဲ့သည်။ "ဖေဖေ၊ သား ရှူးပေါက်ချင်လို့"
ကျန်းရှောင် သူ့ကိုပြောလိုက်သည်။ "သန့်စင်ခန်းက အပြင်မှာ။ ဝင်လာခဲ့တဲ့လမ်းရဲ့ ညာဘက်ကို လှည့်လိုက်"
ကျိုးရှို့လင်း မတ်တပ်ထရပ်ပြီး ပင်ပေါက်လေး လက်ကို ဆွဲကာ ထွက်သွားခဲ့သည်။
ထိုညတွင် ပဲပင်ပေါက်လေးက အိမ်ပြန်ရန် သဘောတူပြီး ည ၈ နာရီအထိ ကစားခဲ့သည်။ သူတို့ ထွက်လာတော့ ကျိုးရှို့လင်းက ပဲပင်ပေါက်လေးကို ကားပါကင်ဆီ အရင်ခေါ်သွားခဲ့သည်။ ကျန်းရှောင်က အဲ့တာကို ရည်ရွယ်ချက်ရှိရှိ ရှောင်လိုက်ပြီး သူတို့ကို လမ်းဘေးမှာ စောင့်နေသည်။
ရလဒ်အနေဖြင့် နောက်တစ်နေ့တွင် အပတ်စဉ် ဖျော်ဖြေရေးဖြစ်သည့် "Papaya Entertainment" က ထိတ်လန့်ဖွယ်ရာ သတင်းခေါင်းစဉ်တစ်ခု ထွက်ပေါ်စေခဲ့သည်။
[ဟွားရှ၏ စီအီးအို ကျိုးရှို့လင်းသည် ၎င်း၏တရားမဝင်ကလေးဟု ယူဆရသည့် သုံးနှစ်အရွယ် ကလေးတစ်ဦးအား ထွေးပွေ့ထားခြင်း ]
ကျိုးရှို့လင်း ကျိုးစစ်မူကို သန့်စင်ခန်းသို့ ခေါ်ဆောင်သွားတဲ့အချိန် သတင်းထောက်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာဖြစ်သည်။
ကံကောင်းထောက်မစွာ ကျိုးရှို့လင်းက ပုံမှန်နေ့များတွင် အလွန်သတိဝီရိယရှိပြီး စစ်မူကို ချီထားသောအခါတွင် သူ့သားမျက်နှာကို သူ့ခန္ဓာကိုယ်နဲ့ ကာထားသည်။
"Peekaboo Entertainment Weekly" မှ သတင်းထောက်က ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကျင့်ဝတ် အနည်းငယ်ရှိပြီး ထုတ်ဝေထားသော ဓာတ်ပုံများတွင် ၎င်းတို့သည် ကျိုးစစ်မူ၏ မျက်နှာပုံကို မဖော်ပြထားပေ။
သတင်းတွေထွက်ပြီးတာနဲ့ အနုပညာ အသိုင်းအဝန်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ တချို့က ဤသည်မှာ အခြေအမြစ်မရှိတဲ့ ကောလဟာလဟု ယုံကြည်ကြသည်။ ကလေးချီထားတာက ဘာကြီးကြီးကျယ်ကျယ်ကိစ္စမလို့လဲ။ ဆွေမျိုးသားချင်းရဲ့ ကလေးလည်းဖြစ်နိုင်တာပဲ။
သတင်းပြန့်နှံ့လာသည်နှင့်အမျှ ကြည့်ရှုသူများ၏ အတင်းအဖျင်း ပြောသံများ ထွက်ပေါ်လာခဲ့သည်။