အခန်း (၈၁)
Vol. 7 Ch. 81
ကျန်းရှောင် သူမ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ "ဒါပေမယ့် သူတို့က အသိအကျွမ်းတွေ မဟုတ်ဘူး။ မိုရီဟန် လမ်းမှားနေပြီ။ သူ့မှာ စေ့စပ်ထားတဲ့သူ ရှိနေပြီလေ။ ဒါပေမယ့် သူက ရှင်းရန်နဲ့ လာပတ်သက်နေသေးတယ်။ သူတို့ရဲ့ ဆက်ဆံရေး ပေါ်လာရင် ရှင်းရန်ရဲ့ အသက်မွေးဝမ်းကြောင်း ပျက်စီးသွားလိမ့်မယ်"
ကျိုးရှို့လင်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ "ကောင်းပြီ အရင်ဆုံး မနက်စာစားရအောင်။ သြော် ရီဟန်လည်း ဒီနေ့ အစည်းအဝေးကို တက်လိမ့်မယ်"
အဲ့တာကိုတွေးကြည့်လိုက်တော့ သူ ဘာတွေပဲ ကြုံတွေ့နေပါစေ သူကြုံတွေ့လာသမျှ အရာတွေကို အေးအေးဆေးဆေးနဲ့ အမြဲချဥ်းကပ်တယ်ဆိုတာကို ကျန်းရှောင် သဘောပေါက်သွားခဲ့သည်။ သူနဲ့ ယှဉ်လိုက်ရင် သူမဟာ ဒီကိစ္စမှာ လွဲချော်နေမှာ သေချာသည်။
မနက်ခင်းအစည်းအဝေးတွင် ကျိုးရှို့လင်းက သူတို့နှစ်ယောက်နဲ့ ပေါ်လာသည်။ ကျန်းရှောင်က သပ်ရပ်တဲ့ ၀တ်စုံပြည့်လေးကိုဝတ်ဆင်ထားပြီး အလုပ်သမား အမျိုးသမီးနဲ့ လိုက်ဖက်တဲ့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ စိတ်ခံစားမှုကို ပေါ်လွင်စေသည်။
အစည်းအဝေးသည် စားပွဲဝိုင်းပုံစံဖြစ်ပြီး လက်ထောက်တွေနဲ့ အတွင်းရေးမှူးတွေက ၎င်းတို့၏ သက်ဆိုင်ရာသူဌေးတွေရဲ့ နောက်ဘက်မှာတွင် ထိုင်ကြရသည်။
ကျန်းရှောင် အတွက်တော့ ဒီလိုအစည်းအဝေး မျိုးက ပျင်းစရာကောင်းလှသည်။ သူမ မှတ်စုယူနေသလို သူမရဲ့မှတ်စုစာအုပ်ကိုဖွင့်ပြီး ဘောဘင်တစ်ချောင်းကိုင်ထားသည်။ ဒါပေမယ့် နာရီဝက်အကြာတွင် သူမကိုယ်တိုင် လွင့်မျောသွားတာကိုတွေ့လိုက်ရသည်။ ကိန်းဂဏန်းတွေက သူမနဲ့ သိပ်မရင်းနှီးဘူး။
ကျန်းရှောင်သည် အခန်းတွင်းရှိလူများကို သတိမထားမိလိုက်ဘဲ စောင့်ကြည့်နေခဲ့သည်။ သူမ ပထမဆုံး သတိထားမိတာက သူမရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဒါရိုက်တာပင်။
သူမ ဒီနယ်ပယ်မှာ ဆက်ရှိနေသရွေ့တော့ သူတို့မိသားစုတစ်ခုလုံးနဲ့ ဆက်ဆံရတာကို သူမ မရှောင်နိုင်ဘူးလို့ ထင်ရသည်။ ကျန်းရှောင်က သူမရဲ့ဖခင်က သူမကိုဘာကြောင့် ဖျော်ဖြေရေးလောကထဲကနေ ထွက်ဖို့တောင်းဆိုခဲ့တာလဲဆိုတာကို သူမ ပို၍ နားလည်လာခဲ့သည်။
သူမ အမှန်တရားနဲ့ နီးကပ်လေလေ နာကျင်ရလေလေပဲ။
ရုတ်တရက် ကျန်းရှောင်က သူမကို မျက်နှာချင်းဆိုင် စားပွဲပေါ်ကနေ အကဲခတ်ကြည့်နေတာကို သတိထားလိုက်မိသည်။ သူမပြန်ကြည့်တော့ မနက်က ရေကူးကန်မှာ သူမ တွေ့ခဲ့တဲ့ တစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရသည်။
ထိုလူက သူ့နှုတ်ခမ်းထောင့်ကို ပင့်ပြီး သူမကို အနည်းငယ် ခေါင်းညိတ်ပြခဲ့သည်။
ကျန်းရှောင် အံ့သြစွာ မျက်တောင်ခတ်လိုက်ပြီး ယဉ်ကျေးစွာ ခေါင်းပြန်ညိတ်လိုက်သည်။ သူမ၏ အကြည့်တွေက စတားလိုက် ဖျော်ဖြေရေးကုမ္ပဏီ ဆိုတဲ့ သူ့ရှေ့က နာမည်ကတ်ပြားပေါ် ရောက်သွားခဲ့သည်။
ကျိုးရှို့လင်း စကား ပြောရမယ့်အလှည့်ရောက်တော့ သူမ နောက်ဆုံး အာရုံပြန်ဝင်လာခဲ့သည်။ ကျိုးရှို့လင်း စကားပြောတဲ့ အမူအရာက ပုံမှန်အတိုင်း တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့သည်။
မကြာသေးမီနှစ်များအတွင်း ဟွားရှ ဖျော်ဖြေရေးကုမ္ပဏီသည် တီဗီဒရာမာများနှင့် ရုပ်ရှင်များကို အာရုံစိုက်ခဲ့သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က လျန့်နန် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ကို အောင်မြင်စွာ လွှင့်တင်ပြီးနောက်တွင် ရုပ်ရှင်ရိုက်ကူးရေးသမားများကို ဆွဲဆောင်ရုံသာမက ခရီးသွားအရေအတွက်လည်း သိသိသာသာ တိုးလာခဲ့သည်။
အနာဂတ်တွင် ဟွားရှ သည် လာမည့်သုံးနှစ်အတွင်း ပရောဂျက်ဆယ်ခုကို လက်မှတ်ရေးထိုးရန် ရည်ရွယ်၍ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ကို ဆက်လက်တည်ဆောက်သွားရန် စီစဉ်ထားသည်။
ကျန်းရှောင်သည် သူ့ရုပ်သွင်ကို ကြည့်ပြီး ထိန်းမနိုင်သိမ်းမရတဲ့ မာနတစ်ခုက သူမနှလုံးသားကို ပြည့်နှက်သွားခဲ့သည်။ ဒါက နောက်ဆုံးတော့ ငါ့ရဲ့ယောက်ျားပဲ။
နံနက်ပိုင်းအစည်းအဝေးအပြီးတွင် လူအများအပြားက ကျိုးရှို့လင်းကို ဆွဲထားခဲ့သည်။ စီးပွားရေးကုမ္ပဏီကြီးနှစ်ခုက ဟွားရှ တွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်တစားရှိကြပြီး အခွင့်အလမ်း ရလာချိန်တွင် သူနှင့် သေချာစွာ ဆွေးနွေးလိုကြသည်။
ထိုသုံးရက်အတွင်း နောက်ဆုံးတွင် ကျန်းရှောင်သည် ကျိုးရှို့လင်း၏ အလုပ်ထိရောက်မှုကို ခံစားခဲ့ရသည်။ ၎င်းသည် ယခုနှစ်၏ ဒုတိယနှစ်ဝက် သြဂုတ်လတွင် ဝိုင် မြို့တော်ရှိ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်ကို တည်ဆောက်ရန် စတားလိုက် ဖျော်ဖြေရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုထားသည်။
ထိုအချိန်တွင် ကျန်းရှောင်သည် ၎င်းတို့၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သည့် ပရောဂျက်တစ်ခုတွင် ချင်ယီလုနှင့် ယီဟန်အတွက် "အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ"ရဲ့ အရေးပါသောအခန်းကဏ္ဍကို သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဒရမ်မာကို ပြည်တွင်းမှာ နာမည်ကြီးနေတဲ့ ဒါရိုက်တာအသစ် စွင်းမုန့်က ရိုက်ကူးမှာဖြစ်သည်။
စာချုပ်များ ချုပ်ဆိုပြီးနောက် နေ့ခင်းပိုင်းတွင် တရားဝင် ပရိုမိုးရှင်းကို Weibo တွင် ထုတ်ပြန်ခဲ့သည်။
ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမှထုတ်လုပ်သည့်ဟာတွင် ချင်ယီလုသည် ခေါင်းဆောင် မင်းသမီး ကျောက်မင် အဖြစ်သရုပ်ဆောင်ပြီး ယီဟန်က ခေါင်းဆောင်မင်းသား ကျန်းဝူကျိ အဖြစ်သရုပ်ဆောင်ထားသည်။
ပရိုမိုးရှင်းရုပ်ပုံများကို ပြီးခဲ့တဲ့နှစ်ကုန်တွင် ရိုက်ကူးခဲ့ပြီး ထွန်းသစ်စ ပါရမီရှင်နှစ်ဦးကို အများပြည်သူဆီသို့ တရားဝင်ကြေငြာခဲ့သည်။
ကျန်းရှောင်၏ ဘီ မြို့တော် ခရီးစဉ်က ဤတစ်ကြိမ်တွင် ပြီးပြည့်စုံခဲ့သည်။
ထွန်းသစ်စ အရည်အချင်းရှိတဲ့ လူသစ်နှစ်ယောက်က လှုပ်လှုပ်ရွရွနဲ့ ကြီးကြီးမားမားတွေ မဖြစ်စေခဲ့ပေ။
ဒါရိုက်တာနဲ့ ပရိုဂျူဆာ အားလုံးက အဲ့တာကိစ္စမရှိဘူးလို့ ပြောကြသည်။ စွမ်းဆောင်ရည်ကောင်းနေသရွေ့ polish တင်လိုက်ရင် ရွှေတောင်မှ တောက်ပြောင်နေပေလိမ့်မည်။
နောက်ဆုံးနေ့မှာတော့ အားလုံးပြီးဆုံးသွားတဲ့အခါ အားလုံးက စိတ်အေးလက်အေးပဲ။
ကျန်းရှောင် ပဲပင်ပေါက်လေးကို မတွေ့ရတာ သုံးရက်ရှိနေပြီဆိုတော့ သူမရဲ့သားလေးကို အရမ်းလွမ်းနေပြီ။
သူငယ်တန်းတက်နေတဲ့ ပဲပင်ပေါက်လေးက သူ့အဖေနဲ့အမေက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားကြောင်း သူ့သူငယ်ချင်းလေးတွေကို ပြောပြထားသည်။
ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့ သော်သော်က သူ့ကို နှစ်သိမ့်ပေးခဲ့သည်။ "အဆင်ပြေပါတယ်၊ ရက်အနည်းငယ်ကြာရင် သူတို့ပြန်လာမှာပါ"
ပဲပင်ပေါက်လေးက ထူးထူးခြားခြားပြောလိုက်သည်။ "သော်သော်၊ ငါ သိပ်ပျော်စရာကောင်းတဲ့ ဂိမ်းတစ်ခုကို မကြာသေးခင်ကမှ ကစားခဲ့တာ။ အဲ့တာက အိမ်ကနေ ထွက်ပြေးတဲ့ ချစ်စရာဖားတစ်ကောင်အကြောင်းတဲ့"
သော်သော်က သူမရဲ့ လှပတဲ့ မျက်လုံးတွေနဲ့ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ "အဲ့တာကို ဘယ်မှာကစားတာလဲ"
"ငါ့တီတီရဲ့ ဖုန်းထဲမှာ၊ ငါ့အန်တီ ဂရုစိုက်တဲ့ ဖုန်းတစ်လုံးထဲမှာလေ။ ငါ့အန်တီ ကစားတုန်းက ငါသင်ထားတာ"
"စစ်မူ နင်က တကယ်ကို အံ့သြစရာကောင်းတာပဲ "
ကျိုးစစ်မူက ထွက်ပြေးသွားသော ဖားတစ်ကောင်၏ ဇာတ်လမ်းကို ဖော်ပြရန်အတွက် သူ၏ကြွယ်ဝသော ဝေါဟာရကို အသုံးပြုခဲ့သည်။
"ဖားငယ်လေးက လမ်းမှာ လိပ်ပြာမင်းသမီးနဲ့တွေ့ပြီး နောက်ပိုင်းမှာ လက်ထပ်လိုက်ကြတယ်။ အဲဒီ့နောက်မှာတော့ ဖားလေးတွေ၊ လိပ်ပြာလေးတွေ အများကြီးရှိလာတယ်"
ဆရာမက တိတ်တိတ်လေး လျှောက်လာပြီး စဥ်းစားခဲ့သည်။ "အခုခေတ်က ဒီကလေးတွေဆီမှာ ဘာလို့ ဒီလို ကွက်ကွက်ကွင်းကွင်းမြင်သာတဲ့ စိတ်ကူးတွေ ရှိနေရတာလဲ။ ဂိမ်းထဲမှာ အဲဒါတွေ မရှိပါဘူး!"
ရလဒ်အနေနဲ့ သူ မနက်ခင်းမှာ သော်သော်နဲ့ စကားပြောရတာ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် ကျိုးစစ်မူက နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်နေချိန်မှာအိပ်ယာကိုစိုအောင် လုပ်မိသွားတာဖြစ်နိုင်သည်။
ဆရာမက သူ့ဘောင်းဘီကို လဲပေး ပြီးတဲ့ နောက်မှာ ကလေးက ဘာစကားမှ မပြောခဲ့ဘူး။ သူ့ရဲ့ထိုင်ခုံဆီ ပြန်ရောက်လာတော့ ရန်ရန်က မေးခဲ့သည်။ "စစ်မူ ၊ မင်းဘာလို့ အိပ်ယာကို စိုအောင်လုပ်နေသေးတာလဲ"
ကျိုးစစ်မူ မျက်နှာနီသွားသည်။ "ငါ အိပ်ပျော်နေလို့ မသိလိုက်ဘူး"
ရန်ရန်က သူ့ပခုံးကို ပုတ်ခဲ့သည်။ "ရပါတယ်၊ နောက်တစ်ခါကျရင် အဲ့လို မလုပ်နဲ့ပေါ့"
ကျိုးစစ်မူ အနည်းငယ်ရှက်သွားကာ သော်သော်ကို တစ်ချက်ကြည့်ပြီး တီးတိုးပြောလိုက်သည်။ "အင်း၊ နောက်တစ်ခါကျရင် အိပ်ယာကို ထပ်မစိုစေရဘူး"
ဒါပေမယ့် ကောင်လေးက ရှက်သွားသလို ခံစားလိုက်ရသည်။
ညနေ ကျောင်းဆင်းလို့ အိမ်အပြန်လမ်းမှာ သူ စကားသိပ်မပြောခဲ့ပေ။ ဖေဖေ ကျိုးက သူ့အမေနဲ့သူ့အဖေကို လွမ်းနေတယ်လို့ ထင်ခဲ့သည်။ "သားရဲ့အဖေနဲ့အမေက မနက်ဖြန်ကျရင် ပြန်လာတော့မှာ"
ကျိုးစစ်မူ အကြည့်ကိုလွှဲကာ နှုတ်ခမ်းစူလိုက်သည်။ ကလေး လေးတွေကပဲ အိပ်ယာကို စိုအောင်လုပ်တာ ဟမ့်၊ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။
ဖေဖေ ကျိုး တုန်လှုပ်သွားသည်။ သုံးနှစ်သား မြေးလေးကိုတောင် သူ နှစ်သိမ့်မပေးနိုင်ဘူး။
ထိုညတွင် ကျိုးယန်ယန်က သူမရဲ့တူလေး ညိုးငယ်နေတာကို တွေ့လိုက်ရသည်။ သူမက သူ့ကို ဂိမ်းဆော့ဖို့ ခဏလောက် ခွင့်ပြုထားပေမယ့် ကောင်လေးကတော့ မတုန်မလှုပ်ဘဲရှိနေသေးသည်။
ဒါက တကယ့်ကို ထူးဆန်းတယ်။
ကျိုးယန်ယန်က သူ့မိဘတွေကို တိတ်တဆိတ် မေးလိုက်သည်။ " မူမူ ကျောင်းမှာ အနိုင်ကျင့်ခံလာရလို့လား "
မေမေ ကျိုးက ပြောလိုက်သည်။ "သူတို့အတန်းထဲက ကလေးတွေအားလုံးက လိမ္မာကြပါတယ်။ နင့်အဖေဆီက ဆရာမ တစ်ခုခုပြောခဲ့တယ်လို့ ငါမကြားမိပါဘူး"
ဖေဖေကျိုး ခေါင်းခါပြလိုက်သည်။ "ဒီကလေးက နင့်အစ်ကို့ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ အရာရာအားလုံးကို သူ့ဘာသာသူစိတ်ထဲမှာမြိုသိပ်ထားတာ"
ကျိုးယန်ယန် က စုန့်ယိဝမ်ကိုရှာပြီး သူ့မှာ ကလေးကို နှစ်သိမ့်ဖို့ လှည့်ကွက်တွေရှိလားလို့ မေးလိုက်သည်။
စုန့်ယိဝမ်က သူမက သူမရဲ့တူလေးကို ဘယ်လောက်ချစ်ခင်မြတ်နိုးသည်ကို သိသဖြင့် သူက အကြံပြုချက် အနည်းငယ်ကို ကမ်းလှမ်းခဲ့သည်။ "မုန့်တွေ၊ ကစားစရာတွေ "
ကျိုးယန်ယန် သက်ပြင်းချလိုက်သည်။ "ကျွန်မ တူလေး ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ဉာဏ်သွေးက မြင့်တယ်။ သာမန်နည်းလမ်းတွေက အလုပ်မဖြစ်ဘူး"
စုန့်ယိဝမ် ရယ်လိုက်သည်။ "ဒါဆို ဒီartifical နည်းနဲ့ ဖန်တီးထားတဲ့ ကလေးက ဒီလောက် လိမ္မာပါးနပ်တယ်တဲ့လား"
ကျိုးယန်ယန်ရဲ့ မျက်လုံးတွေတွန့်သွားခဲ့သည်။ "... နင့်မိသားစုကပဲ artifical နည်းနဲ့ ဖန်တီးထားတာ " သူပြောလိုက်တာက မမှန်ဘူးဆိုတာ သူနားလည်သည်။
စုန့်ယိဝမ်က ရယ်ချင်နေတာကို အောင့်ထားလိုက်သည်။ "ဒါဆို မင်းနဲ့ကိုယ် artifical နည်းနဲ့ ဖန်တီးလိုက်မယ်လေ"
ကျိုးယန်ယန် ဒေါသတကြီးနဲ့ ဆူပစ်လိုက်သည်။ "ထွက်သွား။ ငါကဘာလို့ artifical နည်းတွေ လိုရမှာလဲ။ ငါ့တူက artifical နည်းနဲ့လုပ်ထားတာ မဟုတ်ဘူး။ ငါ့အစ်ကိုနဲ့ သူ့မိန်းမက သူ့ကို မွေးပေးထားတာ "
စုန့်ယိဝမ်က ကျိုး မိသားစုကိစ္စတွေကို ဘယ်တုန်းကမှ မစွပ်စွဲခဲ့ဖူးဘူး။ "မင်းက ကလေးတွေကို အရမ်းချစ်တာပဲ။ ကိုယ်တို့ စောစောစီးစီး လက်ထပ်ပြီး ကိုယ်ပိုင်ကလေး မွေးလိုက်ရင်ကော "
ကျန်းရှောင်၏ ကိုယ်ဝန်အကြောင်းကိုတွေးရင်း ကျိုးယန်ယန် အနည်းငယ်စိုးရိမ်သွားသည်။ "အချိန်နည်းနည်းကြာကြာလေး စောင့်လိုက်ဦး။ ရှင်က အသက်မွေးဝမ်းကြောင်းအကူးအပြောင်းရဲ့အလယ်မှာပဲ ရှိနေသေးတယ်။ အခု အိမ်ထောင်ပြုပြီး ကလေးယူတာက ရှင့်ရဲ့အသက်မွေးဝမ်းကြောင်း အလုပ်အတွက် မကောင်းနိုင်ဘူး"
"မစ္စ ကျိုး၊ ကိုယ်က အချိန်မရွေး အဆင်သင့်ပဲနော် "
ကျိုးယန်ယန် ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်သ "ရှင့်ဘာသာရှင် အလုပ်ရှုပ်နေလိုက်တော့။ ကျွန်မ ကလေးကို သွားနှစ်သိမ့်ပေးလိုက်အုံးမယ်"
ရုတ်တရတ် စုန့်ယိဝမ်က ပြောလိုက်သည်။ "ယန်ယန်၊ ကိုယ့်မိဘတွေနဲ့တွေ့ဖို့ အချိန်နည်းနည်းလောက်ရှာလိုက်အုံးနော်"
တစ်ဖက်က တိတ်ဆိတ်သွားခဲ့သည်။
ကျိုးယန်ယန်ရဲ့ အသက်ရှုသံတွေ မမှန်တော့ပေ။ သူမ ဒ်ီအတွက် အမှန်တကယ် မပြင်ဆင်ထားရသေးပေ။
စုန့်ယိဝမ် တိုးတိုးလေး ရယ်လိုက်သည်။ "ဘာဖြစ်နေတာလဲ၊ ကြောက်လို့လား"
ကျိုးယန်ယန် မထိန်းထားနိုင်တော့ပေ။ "ယိဝမ်၊ ကျွန်မတို့ အချိန်ခဏလောက် စောင့်လို့ရမလား"
"ရပါတယ်" စုန့်ယိဝမ်ဟာ သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်း တွက်ချက်နေတတ်တဲ့ အခြားအမျိုးသမီးများနှင့်မတူတဲ့ သူမ၏ ရိုးသားမှုကို နှစ်သက်သည်။
ဖုန်းချလိုက်ပြီး ကျိုးယန်ယန် သက်ပြင်းတစ်ချက် ချလိုက်ကာ သူမရဲ့စိတ်ကိုပြောင်းရန် ပဲပင်ပေါက်လေးကို ရှာဖို့လုပ်လိုက်သည်။