← Chapters

အခန်း (၄၁)

Vol. 4 Ch. 41

အခန်း (၄၁)

Vol. 4 Ch. 41

ရုတ်​တရက်​ သူမ ဗိုက်​ထဲ စူးရှနာကျင်​​နေသလို ခံစားလိုက်​ရပြီး​ နာကျင်စွာအော်လိုက်သည်။

ကျိုးရှို့လင်း စိုးရိမ်လာခဲ့သည်။ နောက်ဆုံး သူတို့နှစ်ယောက်လုံးက လူသစ်လေးတွေ ဖြစ်နေကြတုန်းပင်။ သူက အများအားဖြင့် စိတ်ထိန်းထားနိုင်သော်လည်း ဆုံးရှုံးသွားသလို ခံစားခဲ့ရသည့် အခိုက်အတန့်များ ရှိခဲ့သည်။

"ဗိုက်နာတယ်......" ကျန်းရှောင် သဲသဲကွဲကွဲမကြားရတဲ့အသံနဲ့ပြောလိုက်သည်။ "ပဲပင်ပေါက်လေးလှုပ်နေတယ်"

ကျိုးရှို့လင်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။ “ကိုယ်ကြည့်ချင်တယ် ...…” သူ့လက်က သူ့ဗိုက်ကို အုပ်ထားသည်။

ခဏကြာသည်အထိ တုံ့ပြန်မှု မရှိခဲ့ပေ။

“အဲ့တာက တခါတလေမှ ဖြစ်တတ်တယ်လို့ ဆရာဝန်ပြောထားတယ်လေ။ ပြီးတော့ လှုပ်ရှားတဲ့ အကြိမ်ရေလည်း မမြင့်ဘူး" ကျန်းရှောင် သူ့ကိုသတိပေးလိုက်သည်။

"နောက်တစ်ခါ ပဲပင်ပေါက်လေး လှုပ်လာရင် ရှင့်ကိုခေါ်မယ်" သူမ ဆိုလိုတာက သူ့လက်ကို သူမရဲ့ဗိုက်ပေါ်က ဖယ်ပေးဖို့။

ကျိုးရှို့လင်း ရဲ့ လက်ချောင်းတွေက သူမရဲ့ အရေပြားပေါ် ပွတ်ဆွဲလာကာ အပေါ်သို့ တရွေ့ရွေ့ တက်လာသည်။

ကျန်းရှောင် သတိထားမိပြီး သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။ ကြည်လင်နေတဲ့ မျက်လုံးများဖြင့် သူမ သူ့ကို ကြည့်နေမိသည်။ သူမရဲ့ နှလုံးက ခုန်ပေါက်နေခဲ့သည်။

လိမ္မော်ရောင်အလင်းရောင်အောက်တွင် သိမ်မွေ့တဲ့ ဆွဲဆောင်မှုတစ်ခုက နားမလည်နိုင်စွာ တိုးဝင်လာခဲ့သည်။

သူတို့ မျက်လုံးချင်းဆုံလိုက်သည်နှင့် လေထုက ရုတ်တရက် ပြောင်းလဲသွားသည်။

သူ့မျက်လုံးတွေက ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး သူမ နားမလည်နိုင်တဲ့ အရာတစ်ခုကို ဆုပ်ကိုင်ထားကာ သူမမှာစဉ်းစားဖို့ အချိန်မရှိလိုက်ပေ။

ကျိုးရှို့လင်း ရှေ့သို့ ငုံ့လာကာ သူမရဲ့ နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး သူ့လက်တွေက လှည့်ပတ်နေခဲ့သည်။

ကျန်းရှောင် သူ့ရဲ့သွေးဆောင်မှုကို မခံနိုင်ခဲ့ပေ။

သူ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "မကြောက်ပါနဲ့၊ ကိုယ် ညင်သာပေးမှာပါ"

.....

ရင်းနှီးတဲ့အခိုက်အတန့်တစ်ခုပြီးတဲ့နောက် သူမက သူ့ရင်ခွင်ထဲမှာ ပျော့ညံ့စွာ ကွေးကွေးလေး နေနေခဲ့သည်။

ကျိုးရှို့လင်းက သူမကို ဆုပ်ကိုင်ထားပြီး နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။

ကျန်းရှောင် မျက်လုံးတွေကို မှိတ်ထားပြီး သူ့ကိုကြည့်ဖို့ ရှက်လွန်းလှသည်။

ကျိုးရှို့လင်း ရဲ့ အသံက သူမကိုချော့မြူနေသလို နူးညံ့ နက်ရှိုင်းနေခဲ့သည်။ " ရေချိုးဖို့ ကိုယ် မင်းကို ချီခေါ်သွားပေးရမလား။ အဲ့လိုဆို ဘယ်လိုလဲ"

ကျန်းရှောင် လှုပ်ရှားဖို့ ငြင်းလိုက်သည်။

"ကိုယ်ပြောတာ နား​ထောင်​။ မျက်​လုံးဖွင့်​လိုက် "

ကျန်းရှောင် သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ ဘယ်လိုအရာတွေက ဒီလို ဖြစ်လာစေတာလဲဆိုတာကိုတော့ သူမ နားမလည်နိုင်ပေ။ ပြီးခဲ့တုန်းကနဲ့ မတူဘူးလို့ ခံစားရသည်။ ပြီးခဲ့တုန်းက သူမသည် စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နာကျင်ခြင်းတို့ကို ခံစားခဲ့ရသည်။

ဒီတစ်ခါမှာတော့ သူ သူ့ကိုယ်သူ ထိန်းထားပြီး သူ့လှုပ်ရှားမှုတွေကို ဂရုတစိုက် ထိန်းနေမှန်း သူမ သိခဲ့ရသည်။ ချစ်နေတဲ့အချိန်က သူမကို ရှောင်ရှောင်လို့ နူးနူးညံ့ညံ့လေး ခေါ်နေခဲ့သည်။ သူ့အသံက နူးညံ့သိမ်မွေ့ပြီး ချက်ခြင်း ကျန်းရှောင်ရဲ့နှလုံးတွေ အရည်ပျော်ကျသွားသည်။

ကျိုးရှို့လင်း ရုတ်​တရက်​ သူမကို မလိုက်​တော့ ကျန်းရှောင် ​အော်​ပြီး နောက်ဆုံးမှာတော့ မျက်​လုံးဖွင့်​လိုက်​သည်​။ သူမ မျက်လုံးတွေက စိုစွတ်နေပြီး ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည်။

"မင်းက လှနေသေးတယ် မဝဘူး " ကျိုးရှို့လင်း အသံထဲ ဖော်မပြနိုင်တဲ့ အရိပ်အမြွက် ပါရှိနေသည်။

အရာအားလုံးပြီးသွားပြီးနောက် ကျန်းရှောင် ပင်ပန်းလွန်းလို့ မျက်လုံးဆက်မဖွင့်နိုင်ဖြစ်သွားသည်။

ကျိုးရှို့လင်းက သူမကို သန့်ရှင်းသပ်ရပ်တဲ့ ည၀တ်ဝတ်စုံ လဲပေးခဲ့သည်။ ကျန်းရှောင်က မှိန်းနေပြီး စကားပြောလိုက်သည်။ "ကျိုးရှို့လင်း၊ နောင်မှာ ဒါကို နောင်တမရနဲ့ "

ကျိုးရှို့လင်း ခေတ္တရပ်တန့်လိုက်သည်။ " ငတုံးမလေး။ ကိုယ် ဒါကို နောင်တရမှာမဟုတ်ဘူး"

နောက်တစ်နေ့မနက် ကျိုးရှို့လင်း နိုးလာတော့ ကျန်းရှောင်က အိပ်ပျော်နေသေးသည်။

သူ ဒီနေ့ လျန့်နန်ကို သွားရမှာ ဖြစ်ပြီး ညနေပိုင်းမှသာ ပြန်လာနိုင်မှာ။ မသွားခင်မှာ သူ သူမကို သတိပေးခဲ့သည်။ “အိပ်ရာကထရင် အောက်ထပ်မှာ မနက်စာစားပြီး လမ်းလည်းလျှောက် ”

ကျန်းရှောင်က ပင်ပန်းနွမ်းနယ်နေတဲ့ အနေအထားနဲ့ ပြန်ပြောခဲ့သည်။ "သိပါတယ်၊ ရှင်ဘာလို့ ဒီလောက်တောင် ပွစိပွစိပြောနေတာလဲ"

ကျိုးရှို့လင်း စိတ်အနှောင့်အယှက်ဖြစ်ခြင်း နှင့် သဘောတွေ့ခြင်း နှစ်မျိုးလုံး ခံစားခဲ့ရသည်။ သူမရဲ့ နဖူးကို နမ်းပြီးမှ သူ ထွက်သွားခဲ့သည်။

ကျန်းရှောင် မှိန်းနေကာ အပြင်ဘက်မှ အသံတွေကို ကြားလိုက်ရသည်။ ဒါပေမယ့် သူမ အရမ်းပင်ပန်းနေတော့ ခဏအကြာ အိပ်ပျော်သွားပြန်သည်။

ကျိုးရှို့လင်းက အန်တီ ချောင်ကို ညွှန်ကြားခဲ့သည်။ " သူနိုးလာရင် အစားပိုစားဖို့ အားပေးပါ။ သူမ ကိစ္စအများကြီး ဖြတ်သန်းထားခဲ့ရတယ်"

အန်တီ ချောင် ပြန်ပြောခဲ့သည်။ "စိတ်ချပါ ဆရာ" ကျိုး မိသားစုက လစာမြင့်မြင့် ပေးထားတာကြောင့် သူမက သဘာဝအတိုင်း တတ်နိုင်သလောက် အကောင်းဆုံး လုပ်မည်။

သူမ ပြုစုပေးရမယ့်လူက ဇီဇာကြောင်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် မထင်မှတ်ဘဲ ကျန်းရှောင်က ပေါ့ပေါ့ပါးပါးဖြစ်နေသည်။ အန်တီ ချောင်လည်း ပျော်ပြီး အေးအေးဆေးဆေးပဲ။

ဆယ်နာရီတိတိတွင် သူတို့ လျန့်နန်သို့ ရောက်ရှိသွားခဲ့သည်။

လျနွနန်မြို့က မြို့တော်ကြီး၏ စည်ကားသိုက်မြိုက်သည့်နေရာနှင့် ဝေးကွာသော ပုံမှန်ရေမြို့လေး တစ်မြို့ဖြစ်သည်။ တံတားလေးတွေနဲ့ စီးဆင်းနေတဲ့ရေတွေကြောင့် ပတ်ဝန်းကျင်က သာယာသည်။

ထို့အပြင် ၎င်းသည်သွားလာရေးအဆင်ပြေသောကြောင့် ဟွားရှသည် ဤနေရာတွင်ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့ကို တည်ထောင်ရန် ရွေးချယ်ခဲ့သည်။

အခမ်းအနားသို့ ကုမ္ပဏီအမှုဆောင်များ အများအပြား တက်ရောက်ခဲ့ကြပြီး သတင်းထောက် အနည်းငယ်လည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် သတင်းထောက် အများအပြား လာရောက်၍ ကျိုးရှို့လင်းကို တွေ့ဆုံမေးမြန်းခဲ့ကြသည်။

"မစ္စတာ ကျိုး၊ ဟွားရှက လျန့်နန်မှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို တည်ထောင်ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ"

"ဒီကိုခင်များလည်း ရောက်လာပြီးပြီးပဲ နားမလည်သေးဘူးလား။ ရှုခင်းတွေက လှတယ်။ ကုမ္ပဏီက သေချာစဉ်းစားပြီး အစိုးရနဲ့ အကြိမ်ကြိမ် ဆက်သွယ်မှုတွေလုပ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာ"

"မစ္စတာ ကျိုး၊ လျန့်နန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်မှာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံဖို့ မျှော်လင့်ထားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။ ဒါကအမှန်ပဲလား"

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "ခင်များရဲ့ သတင်း အချက်အလက်တွေ မှန်ပါတယ်"

"မစ္စတာ ကျိုး၊ အနာဂတ်မှာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့က ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေချိန် ခရီးသွားတွေကို လက်ခံမှာလား"

"လက်ခံမှာပါ"

ကျန်းချင် အချိန်မီပေါ်လာသည်။ "အားလုံးပဲ၊ မစ္စတာ ကျိုးမှာ တက်ရောက်ရမယ့် တခြားအစီအစဉ်တွေ ရှိသေးလို့ပါ၊ နောက်တစ်ကြိမ်မှ ထပ်ဆွေးနွေးပေးကြပါ"

"မစ္စတာကျိုး၊ ကျွန်မမှာ မေးခွန်းတစ်ခုရှိပါသေးတယ်။ မိန်းကလေး သူငယ်ချင်းတွေ အများကြီးကိုယ်စား ကျွန်မ မေးပါရစေ"

ကျိုးရှို့လင်း သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ "ကျေးဇူးပြုပြီးမေးပါ"

"ဒီနှစ်နှစ်အတွင်း အိမ်ထောင်ပြုပြီး မိသားစုထူထောင်ဖို့ စဉ်းစားပြီးပြီလား"

ကျိုးရှို့လင်း နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွားခဲ့သည်။ "ဟုတ်ကဲ့"

"မစ္စတာ ကျိုးမှာ ချစ်သူရှိလား"

......

ကျိုးရှို့လင်း ကားထဲဝင်လာပြီး ကားက မြို့ထဲကို ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။

ကျန်းချင် စပ်စုကာ မေးလိုက်သည်။ "မစ္စတာ ကျိုး၊ မစ္စတာကျိုးရဲ့ ဇနီးကို ဒီနေ့ ဘာလို့ မခေါ်ခဲ့တာလဲ"

ကျိုးရှို့လင်း အကြည့်က အနည်းငယ်ပြောင်းသွားပြီး သူ့နှုတ်ခမ်းပေါ် အပြုံးအရိပ်အမြွက် ပေါ်လာခဲ့သည်။ "ဒီနေ့ သူ နည်းနည်းပင်ပန်းနေလို့"

ကျန်းချင် ပြောလိုက်သည်။ "ရှေ့က ဒုတိယတန်းက အိမ်မှာ မစ္စတာရဲ့မိန်းမ နေခဲ့ဖူးတယ်"

ကျိုးရှို့လင်း အဲ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ အိမ်သည် မီးခိုးရောင်အုတ်ပြားပုံစံနဲ့ သပ်ရပ်စွာစီစဉ်ထားတဲ့ အနီးနားရ နှစ်ထပ်တိုက်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသေးသည်။ သူ ကားထဲက ထွက်လာသည်။ "သွားကြည့်​လိုက်​ဦးမယ်​။ မင်း ကား​ထဲမှာစောင့်​​နေ​"

အိမ်က အချိန်အတော်ကြာ လူသူမနေတော့ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တပြိုင်နက် အနံ့အသက်ဆိုးများ ဝင်လာခဲ့သည်။

ကျိုးရှို့လင်းက အထဲမဝင်ဘဲ တံခါးဝတွင် ရပ်နေခဲ့သည်။ သူသည် ဤနေရာရှိ ကျန်းရှောင်၏ ဘဝမြင်ကွင်းများကို ယောင်ဝါးဝါး မြင်ယောင်နေနိုင်သည်။

"ဘယ်သူ့ကို ရှာနေတာလဲ" ဘေးအိမ်က အဘိုးကြီးတစ်ယောက်က မေးလာခဲ့သည်။ “ဒီမိသားစုက ပြောင်းသွားတာ ကြာပြီ"

ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "မကြာသေးခင်က နှစ်တွေအတွင်းမှာ ဒီမိသားစုထဲက တစ်ယောက်ယောက်များ ပြန်ရောက်မလာကြဘူးလား"

“မပြန်လာကြဘူး။ သူတို့ မပြန်လာဘူး။ သူတို့ နိုင်ငံခြားကို ထွက်သွားကြတာ” ဟု အဖိုးအိုက ပြောလိုက်သည်။

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။

"လူလေးက သူတို့မိသားစုထဲက တစ်ယောက်ယောက်ကို ရှာနေတာလား"

"ကျွန်တော်က သူတို့မိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတော့ လာလည်တာပါ "

"အိုး၊ လူလေးက ကံဆိုးတဲ့အချိန်မှာ ရောက်လာတာပဲ။ လူလတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက် ဒီနှစ်ရက်လောက်က ရောက်လာသေးတယ် ဒါပေမယ့် သူပြန်ထွက်သွားခဲ့တယ်” ဟု အဘိုးအိုက ပြန်ပြောပြခဲ့သည်။

"အဲဒီလူကို မြင်လိုက်သေးလား"

"အဖိုး သူ့ကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး၊ ပြီးတော့ အဖိုးတို့ စကားမပြောခဲ့ကြဘူးလေ "

"သူ့အသက်က ဘယ်လောက်ရှိပြီလဲ"

"အသက်က လေးဆယ်ကနေ ငါးဆယ်လောက်တော့ ရှိမယ်ထင်တယ်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

ကျိုးရှို့လင်း ကားပေါ် ပြန်တက်လာခဲ့သည်။ "ဟိုတယ်ကို မောင်း"

ဒီလူလတ်ပိုင်းအရွယ်ယောကျ်ားက ဘယ်သူလဲ။ ကျန်းယိ ပြန်ရောက်လာတာလား။

ကျိုးရှို့လင်း ခဏစဉ်းစားပြီးနောက် သူ့ဖုန်းကိုထုတ်ကာ ကျန်းယိ နေရာကိုစုံစမ်းရန် အကူအညီတောင်းဖို့ သူ့သူငယ်ချင်းဆီ မက်ဆေ့ချ်ပို့လိုက်သည်။

ညနေပိုင်းတွင် ကျိုးရှို့လင်းသည် စားပွဲကျင်းပရာပွဲသို့ တက်ရောက်ခဲ့ပြီး အနည်းငယ် သောက်လာခဲ့သည်။ လျန့်နန်မှ ကျင်းချန်သို့ ပြန်ရောက်သောအခါ သန်းခေါင် ကျော်နေပြီဖြစ်၍ ကျန်းချင်က သူ့အိမ်သို့ လိုက်ပို့ပေးခဲ့သည်။

ရုတ်ရုတ်သဲသဲ အသံကိုကြားတော့ အန်တီ ချောင်က အခန်းထဲမှ ထွက်လာခဲ့သည်။ "ပြန်လာပြီလား။ ဘယ်လောက် သောက်လာတာလဲ"

ကျန်းချင် အတွင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းရှောင် အိပ်ပျော်နေပြီဟု ခန့်မှန်းမိသည်။ "သူ တော်တော်သောက်လာတယ်"

အန်တီ ချောင်က မီးဖိုချောင်ကို အမြန်သွားပြီး ရေတစ်ခွက်လောင်းထည့်ပေးလာသည်။

ကျိုးရှို့လင်း ဆိုဖာပေါ်မှာထိုင်ပြီး ရေတစ်ဝက်ကို သောက်လိုက်ရာ အနည်းငယ် နိုးကြားလာသလို ခံစားလာရသည်။ "ကျန်းချင်၊ မင်း စောစောပြန်သင့်တယ်။ ဒီနေ့ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်တယ်"

ကျန်းချင် ပြန်ပြောလိုက်သည်။ "မစ္စတာကျိုး၊ ကျေးဇူးပြုပြီး စောစောအနားယူပါ"

တစ်အိမ်လုံးက တိတ်ဆိတ်နေပြီး နာရီသံတွေသာ ကြားနေရသည်။

ကျိုးရှို့လင်းရဲ့မျက်နှာက ပင်ပန်းနွမ်းနယ်မှုအရိပ်အမြွက်ပြနေပြီး သူ မေးလိုက်သည်။ "ဒီနေ့ သူမ အပြင်ထွက်လား"

အန်တီ ချောင် ခေါင်းညိတ်ပြလိုက်သည်။ "ထွက်တယ်၊ မနက်နဲ့ ညနေ နှစ်ကြိမ် အပြင်ထွက်တယ်။ ဒီနေ့ စိတ်အခြေအနေ ကောင်းနေတယ် ပြီးတော့ ပန်းချီလည်း ဆွဲတယ်"

ကျိုးရှို့လင်း၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ " အခု နားလိုက်တော့"

အန်တီချောင်က သူမအခန်းထဲ ပြန်သွားခဲ့သည်။

All Chapters