← Chapters

အခန်း (၅၂)

Vol. 4 Ch. 52

အခန်း (၅၂)

Vol. 4 Ch. 52

ကျန်းရှောင်က သူ့ကိုမြင်တော့ ပြုံးပြလိုက်သည်။ "ဒါရိုက်တာ ကျင်းရဲ့ မွေးနေ့ပွဲက ပျော်စရာကောင်းလား"

"ပျော်စရာကောင်းပါတယ်"

"အဲဒီမှာ လူတွေအများကြီးရှိလား"

"သူတို့ရဲ့မိသားစုနဲ့ ဆက်ဆံရေးကောင်းကောင်းရှိတဲ့သူအနည်းငယ်ကိုပဲ ဖိတ်ထားတာ"

"ဒါရိုက်တာ ကျင်းနဲ့ ဆရာမ လျန့်က အရမ်းချစ်ကြတယ် "လျန့်ယွဲ့၏ ယခင်မွေးနေ့တွင် ဒါရိုက်တာ ကျင်း က သူမနားမှာရှိနေပေးခဲ့သည်။ ဒီတစ်ခါ ဒါရိုက်တာ ကျင်းရဲ့ မွေးနေ့အတွက် လျန့်ယွဲ့ က သူ့အတွက် ပါတီလေးတစ်ခု ကျင်းပခဲ့သည်။

ကျင်းရှု့ရန် ရဲ့ မွေးနေ့မှာ ကျင်းကျုံးပိုင်က Sailor Moon ပုံစံကိတ်မုန့်ကို လုပ်ထားပြီး သူတို့ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဓာတ်ပုံတစ်ပုံကို တင်ထားခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် ကျန်းရှောင်က မိန်းမပီသတဲ့ ဇနီးမဟုတ်ပေ။ ယခုနှစ် ကျိုးရှို့လင်း၏ မွေးနေ့တွင် ရိုးရိုးရှင်းရှင်း စားသောက်ခဲ့သည်။

မွေးနေ့လက်ဆောင်အဖြစ် နက်ကတိုင်တစ်ထည်သာ ဝယ်ပေးခဲ့သည်။ အဲ့တာက သူ့ရဲ့ နက်ကတိုင်တွေအားလုံးထဲမှာ ဈေးအသက်သာဆုံး တစ်ခုပဲ။

ကျန်းရှောင် မှင်သက်သွားသော်လည်း ပြုံးပြလိုက်ပြန်သည်။ "အခုကစပြီး ကျွန်မ ပဲပင်ပေါက်လေးရဲ့ မွေးနေ့ကို နှစ်တိုင်း ကျင်းပပေးမယ်" သူမ၏စကားတွေက ရှားရှားပါးပါး ညှာတာမှုအရိပ်အမြွက်ကို သယ်ဆောင်လာသည်။

ကျိုးရှို့လင်းက သူမမျက်လုံးတွေ အနည်းငယ်နီမြန်းနေပြီး သူမမျက်နှာပေါ်က လေးလံတဲ့အမူအရာကို ရုတ်တရက် သတိပြုမိခဲ့သည်။ အဲ့တာက သူ့မိသားစုမှာ နွေးထွေးမှု မရှိလို့ ဖြစ်နိုင်သည်။ ငယ်စဉ်ကတည်းကပင် သူမက ထိုအရာကို ပို၍ပင် တောင့်တခဲ့သည်။

"ကောင်းပြီ၊ ပဲပင်ပေါက်လေး ရဲ့ ပထမဆုံး တလပြည့်လေးကို အရင်ကျင်းပကြမယ်။ ပဲပင်ပေါက်လေးရဲ့ မွေးနေ့ကိတ်ကိုစားဖို့ ကိုယ်တို့ အလျင်လိုဖို့မလိုဘူး။ မစ္စစ် ကျိုး၊ ဒီည ကိုယ် မင်းကို ကန်စွန်းဥကင်နဲ့ပြုစုပေးမယ် "

ကျန်းရှောင် ကန်စွန်းဥကို ကိုင်ကာ ကျေနပ်စွာ ကိုက်လိုက်သည်။ ချိုမြိန်မှုတို့က ပါးစပ်မှ နှလုံးသားထိ ပျံ့နှံ့သွားခဲ့သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က တီဗီဒရာမာတစ်ခုကြည့်နေစဉ် အမျိုးသမီးဇာတ်ဆောင်က ကန်စွန်းဥကင်စားနေတော့ သူမ ရည်ညွှန်းပြောခဲ့မိသည်။

"ဆောင်းရာသီမှာ ကန်စွန်းဥ စားပြီး နို့လက်ဖက်ရည်သောက်လိုက်ရရင် အဲ့ခံစားချက်ကြီးက အရမ်းပျော်စရာကောင်းတယ်"

ကျိုးရှို့လင်းက အနီးနားမှာထိုင်ကာ အလုပ်လုပ်ရင်း သူမ တံတွေး မျိုချလိုက်တဲ့အသံကို သတိပြုမိခဲ့သည်။

ကိုယ်ဝန်ဆောင်စဉ် သူမ စားသုံးခဲ့တဲ့ အစားအစာတွေကို အာဟာရပညာရှင်၏ အစီအစဉ်အတိုင်း ပြင်ဆင်ခဲ့သည်။

ရံဖန်ရံခါတွင် သူမက နို့လက်ဖက်ရည်နှင့် အဆာပြေများကို တောင့်တသော်လည်း နောက်ဆုံးမှာ သူမက ၎င်းတို့ကို ကြည့်ကာ ကလေးအတွက် တွန်းလှန်နေလိမ့်မည်။

ဒီအသေးစိတ် အချက်လေးတွေကနေကြည့်ရင် ကျန်းရှောင်က စိတ်အားထက်သန်တဲ့ သူတစ်ယောက်ဆိုတာ မြင်နိုင်သည်။ သူမကို ပြုစုစောင့်ရှောက်ရတာ တကယ်ကို လွယ်ကူခဲ့သည်။

အတူတူ ဖြတ်သန်းခဲ့ရတဲ့ ဒီကာလအတွင်းမှာ သူတို့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုတိုးလာခဲ့သည်။ ကျန်းရှောင်က မျက်နှာပြင်ပေါ်တွင် သူမ ပုံဖော်ထားခဲ့သည့်ပုံနှင့် ဝေးကွာနေခဲ့သည်။

သူမက ကြင်နာတတ်သူ၊ ခံနိုင်ရည်ရှိပြီး သူမ၏ကိုယ်ရည်ကိုယ်သွေးနှင့် အပျော်သဘောပါရှိသော်လည်း အရင်းနှီးဆုံးလူကသာ ၎င်းကို နှစ်သက်နိုင်သည်။

သူမသည် အခြားသူများ၏ အားသာချက်များကို အမြဲသတိပြုမိပြီး သူမအားပြသခဲ့သည့် ကြင်နာမှုကို သတိရနေတတ်သည်။

ဧည့်ခန်းသည် ကန်စွန်းဥ မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။ ရွှေရောင်တောက်နေတဲ့ ကန်စွန်းဥတွေမှာ လှပတဲ့အရောင်ရှိသည်။

ကျန်းရှောင် မျက်စိစွေကြည့်ပြီး "ဘယ်မှာ ဝယ်ခဲ့တာလဲ" လို့မေးလိုက်သည်။

"မင်းရဲ့ အထက်တန်းကျောင်းအနီးက လမ်းဆုံမှာ။ အရသာ ဘယ်လိုနေလဲ"

ထုံးစံအတိုင်း ကောင်းတယ်။ ကျန်းရှောင် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် တစ်ကိုက် ကိုက်လိုက်သည်။ အဲ့တာက နူးညံ့ချိုမြိန်လှသည်။

သူမ မော့ကြည့်လိုက်တော့ သူ သူမကိုကြည့်နေတာ တွေ့လိုက်ရပြီး သူမ ခဏလောက်စဉ်းစားပြီး ကျန်တစ်ဝက်ကို သူ့ကိုကမ်းလိုက်သည်။ "စားကြည့်ချင်လား"

ကျိုးရှို့လင်း တခစ်ခစ်ရယ်ပြီး သူမကို စက္ကန့်အနည်းငယ်လောက် ကြည့်ပြီး ခေါင်းငုံ့ကာ သူမလက်ထဲမှာတင် တစ်ကိုက်ကိုက်လိုက်သည်။ "အရသာက မဆိုးဘူးပဲ"

ရင်းနှီးတဲ့ ကျွေးမွေးခြင်း။

ကျန်းရှောင် ဂရုမစိုက်သလို ဟန်ဆောင်ကာ ခေါင်းငုံ့ပြီး ကန်စွန်းဥကို တိတ်တဆိတ် စားခဲ့သည်။

ကျိုးရှို့လင်း ပြုံးပြီးပြောလိုက်သည်။ "နှစ်သစ်အကြိုညမှာ ကိုယ်တို့ မိတ်ဆုံစားပွဲ လုပ်မယ်။ အဖိုးနဲ့ အဖွားတို့ ဒီနှစ် ပြန်လာကြမှာ၊ ဦးလေးနဲ့ တခြားသူတွေလည်း ပါလိမ့်မယ်"

ကျန်းရှောင် ခဏလောက် ငြိမ်ကျသွားပြီး ပြောလိုက်သည်။ "ဟုတ်"

ကျိုးရှို့လင်း သူမကို တစ်ရှူးတစ်ရွက် ပေးလိုက်သည်။ "စိတ်မပူပါနဲ့"

ကျန်းရှောင်က သူမ အဲ့တာကို ရှောင်လွှဲလို့မရနိုင်တော့သည်ကို သိလိုက်သည်။ သူမ အဖိုးနဲ့ အဖွားနဲ့တွေ့ပြီးပြီ။ အဖိုးနဲ့အဖွားတို့က ပညာတတ်တွေဖြစ်ကြသည်။ သူတို့တွေ ငယ်ငယ်တုန်းက သူတို့က ဂျာမနီမှာ ပညာသင်ဖူးပြီး တက္ကသိုလ် ပါမောက္ခတွေလည်းဖြစ်ကြသည်။

သူတို့က ဂျာမန်နဲ့ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်သည်။ အဖွားမှာလည်း လှပတဲ့ လက်ရေးလှရေးစွမ်းရည်လည်း ရှိတာမို့ ကျိုးရှို့လင်းနဲ့ ကျိုးယန်ယန်တို့ရဲ့ လှပတဲ့လက်ရေးတွေအတွက် ဂုဏ်ယူစရာမှာ အဖွားဖြစ်သူ၏ သင်ကြားပေးမှုကြောင့်ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သစ်ကူးအကြိုနေ့ရောက်လာပြီး နေရာတိုင်းမှာ အနီရောင်ဖြင့် အလှဆင်ထားကြပြီး မြင်ကွင်းတိုင်းက အားအင်များဖြင့် ပြည့်နှက်နေသည်။

ကျိုး မိသားစုတစ်စုလုံး စုဝေးခဲ့ကြသည်။ ကျိုးရှို့လင်း၏ ဒုတိယဦးလေး၊ သူ့ဇနီးနဲ့ အမြွှာသမီးလေးတွေလည်း ရောက်နေကြပြီး အသက်ဝင်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

ကျန်းရှောင်က အမြွှာညီအစ်မတွေကို အလွန်နှစ်သက်သည်။ သူတို့နှစ်ယောက်လုံးက လှပပြီး ယဉ်ကျေးကြကာ နှစ်ယောက်လုံးရဲ့ အသက်က ဆယ်နှစ်ပဲရှိသေးသည်။ ဘယ်သူက အစ်မ ဘယ်သူက ညီမ ဆိုတာတောင် ကျန်းရှောင် မပြောနိုင်ဘူး။

ဤမျိုးဆက်တွင် အသက်အကြီးဆုံးဖြစ်သည့် ကျိုးရှို့လင်းမှာ လေးစားဖွယ်ကောင်းတဲ့ အဆင့်အတန်းတစ်ခုရှိသော်လည်း ညီငယ်တွေက သူ့ကို အလွန်သဘောကျကြသည်။

ဒါက ဆွေမျိုးသားချင်းတွေကို ချစ်ခြင်းမေတ္တာ ဖြန့်ကျက်တဲ့ကိစ္စဖြစ်နိုင်သည်။ ကျိုးရှို့လင်း၏ ဝမ်းကွဲအငယ် ကျိုးရှို့ဇဲက ကျန်းရှောင်ထက် သုံးနှစ်ကြီးသည်။ သူက Ph.D လေ့လာနေသည်။ ဘီ တက္ကသိုလ်မှာ သင်္ချာဘာသာရပ်နဲ့ ထိပ်တန်းကျောင်းသားတွေကြားထဲမှာ သူက ထိပ်တန်းကျောင်းသားဖြစ်ခဲ့သည်။

သူသည် အလယ်တန်းကျောင်း တစ်ကျောင်းထဲက ကျန်းရှောင်၏ စီနီယာလည်း ဖြစ်သည်။ သူတို့ သိလာပြီးနောက် ကျိုးရှို့ဇဲက ကူကယ်ရာမဲ့စွာပြောခဲ့သည်။

"ငါက မင်းရဲ့စီနီယာ ဖြစ်ရမယ်၊ ဒါပေမယ့် အခု မင်းကို မရီးလို့ ခေါ်ရတော့မယ်။ မင်းက ငါ့အစ်ကိုအကြီးဆုံးထက် ခြောက်နှစ်လောက် ငယ်တယ်နော်။ ငါ့အစ်ကိုကို ပိုရင့်ကျက်တဲ့သူကို ကြိုက်မယ်လို့ ထင်ထားခဲ့တာ"

ကျန်းရှောင် ရှက်သွားသည်။

ယနေ့ည၏ နှစ်သစ်ကူးညစာစားပွဲက ကျန်းရှောင်၏ ကျိုး မိသားစုထဲ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်သည်။

ကျိုး မိသားစုက အကျင့်စာရိတ္တကောင်းမွန်ပြီး ဘယ်သူကမှ အရမ်းကြီး အံ့အားသင့်သွားတာမျိုး မပြခဲ့ကြပေ။ အမြွှာညီအစ်မတွေရဲ့ နာမည်တွေကလည်း စိတ်ဝင်စားစရာကောင်းသည်။

အကြီးကို ကျိုးရင်အန်း၊ အငယ်ကို ကျိုးရင်ပိုင်လို့ မှည့်ထားသည်။ ညီအစ်မနှစ်ယောက်က ကျန်းရှောင်ရဲ့ ဗိုက်ကို စိတ်ဝင်စားနေပြီး သူမကို ဝိုင်းရံထားကြသည်။

"မမ၊ ကလေးလေးက ဘယ်တော့ မွေးမှာလဲ"

"ရာသီဥတု ပိုပြီးနွေးလာတဲ့ အချိန်ကျရင်မွေးလာမှာ "

ကျိုးရင်အန်း ရဲ့ မျက်လုံးတွေ တောက်ပလာသည်။ "မမ၊ နောက်နှစ်ကျရင် မီးရှူးမီးပန်းကြည့်ဖို့ ကလေးလေးကို လာခေါ်မယ်နော်"

"အိုခေ။ ညီမလေးတို့နှစ်ယောက်က အန်တီလေးတွေဖြစ်လာကြမှာဆိုတော့ ကလေးနဲ့ ညီမလေး တို့ကစားရမှာပေါ့ "

အန်တီလေးတွေ ဖြစ်လာကြမယ်ဆိုတာကို အမြွှာညီအစ်မတွေ ကြားတဲ့အခါမှာ သူတို့ကိုယ်သူတို့ အရွယ်ရောက်ပြီဟု ယူဆပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "မမ၊ စိတ်သာချ "

ကျိုးရင်ပိုင် ပြောလိုက်သည်။ "မမ၊ ညီမလေးတို့ မမရဲ့ကလေးနာမည်ကို ကူမှည့်ပေးမယ်"

ကျန်းရှောင် ပြုံးလိုက်သည်။ "ညီမလေးမှာ နာမည် ကောင်းကောင်းလေး ရှိလို့လား"

ကျိုးရင်ပိုင် လေးလေးနက်နက် တွေးလိုက်သည်။ "ညီမလေးတို့ အဲဒါကို သေသေချာချာ စဉ်းစားမှရမယ်"

ဒီအချိန်မှာ ကျိုးရှို့လင်းက ဖြတ်လျှောက်လာခဲ့သည် ။ "ရင်အန်းနဲ့ ရင်ပိုင်၊ ရှို့ဇဲ အောက်ထပ်မှာရှိတယ်။ မီးရှူးမီးပန်းတွေသယ်လာသလိုပဲ"

ကလေးနှစ်ယောက်က စိတ်လှုပ်ရှားစွာ ပြေးထွက်သွားကြသည်။

ကျိုးရှို့လင်း ကျန်းရှောင်ကို ကြည့်လာခဲ့သည်။ "ပင်ပန်းနေပြီလား"

ကျန်းရှောင် ပခုံးတွန့်လိုက်သည်။ "ညစာပြင်ဆင်ရတာ က အလုပ်မရှုပ်ပါဘူး"

ကျိုးရှို့လင်း သူမ ခါးကို ဖက်လိုက်သည်။ "လသာဆောင်ဘက် သွားပြီး သူတို့ မီးရှူးမီးပန်းဖောက်တာ ကြည့်ရအောင်။ အပြင်မှာ နည်းနည်းတော့ အေးတယ်"

ကျန်းရှောင် ခေါင်းစောင်းလိုက်သည်။ "ပဲပင်ပေါက်လေးရဲ့ နာမည်ကို စဉ်းစားပြီးပြီလား"

ကျိုးရှို့လင်း မေးလိုက်သည်။ "သိချင်လား"

ကျန်းရှောင် စိတ်အားထက်သန်စွာ ခေါင်းညိတ်ခဲ့သည်။

ကျိုးရှို့လင်းက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး လသာဆောင်ဆီ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ "ခဏလေး စောင့်လိုက်ဦး။ မွေးဖို့

ရက် ၅၀ ကျန်ပါသေးတယ်။ သူမွေးလာတဲ့နေ့မှာ မင်းသိရလိမ့်မယ် "

ကျန်းရှောင် မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးကာ သူ့ပခုံးကို ပုတ်လိုက်သည်။ "ကျွန်မ သဘောမကျတဲ့နာမည် ပေးလိုက်ရင်ကော။ ကျွန်မကတော့ အဲ့တာကို သဘောမတူဘူးနော်"

ကျိုးရှို့လင်း၏ ကျေနပ်မှုကြီးက နက်ရှိုင်းလာပြီး သူ့မျက်လုံးများတွင် ချစ်ခင်မှုများ ပြည့်နှက်နေသည်။ "ရတာပေါ့"

ပြတင်းပေါက် အပြင်ဘက်တွင် စူးရှတဲ့ မီးရှူးမီးပန်းတွေက ညကောင်းကင်ကို လင်းထိန်စေပြီး ရောင်စုံမီးများဖြင့် လင်းထိန်သွားစေသည်။

ခြံထဲက သူတို့ စကားပြောသံတွေကို ကြားနေရသည်။

အမြွှာလေးတွေက အရမ်းစိတ်လှုပ်ရှားနေခဲ့ကြပြီး သူတို့က ကလေးတွေပဲ ရှိသေးသည်။

"ရင်အန်း၊ နောက်ထပ် နတ်သမီးတုတ်တံတစ်ခု ပေး"

"ရှို့ဇဲ၊ ဒါကိုလင်းအောင်လုပ်ပေးဦး "

.....

ကျိုးရှို့လင်း ပြုံးပြီး ပြောလိုက်သည်။ "နှစ်နှစ်ကြာရင် မီးရှူးမီးပန်းကြည့်ဖို့ ပဲပင်ပေါက်လေးကို ခေါ်လာလို့ ရပြီ"

ကျန်းရှောင် စကားစမပြောခင် တခဏတိတ်ဆိတ်သွားခဲ့သည်။ "ကျွန်မငယ်ငယ်လေးတုန်းက အမေ၊ အဖေနဲ့ ကျွန်မတို့ မိသားစုတစ်စုလုံး မီးရှူးမီးပန်းဖောက်တာကို စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကျွန်မအဲဒါကို အကြာကြီး အကြာကြီး မျှော်လင့်ထားခဲ့တာ။ မူလတန်းကျောင်းတက်တဲ့အချိန်မှာ ဒါက အိပ်မက်တစ်ခုသာဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်"

အဲဒီနောက်မှာတော့ သူမ အဲဒီအကြောင်းကို ဘယ်တော့မှ ထပ်မတွေးတော့ပေ။

ကျန်းရှောင် မြင်ကွင်းကြောင့် ထိမိသွားပြီး ကျိုးရှို့လင်းမှာတော့ အကူအညီမဲ့စွာ သက်ပြင်းသာချနိုင်ခဲ့သည်။ သူ နူးနူးညံ့ညံ့လေးပြောလိုက်သည်။ "ဒါပေမယ့် အခု မင်းမှာကိုယ်ရှိနေပြီ"

ကျန်းရှောင် ရုတ်တရက် ထရယ်လိုက်သည်။

ဆုံးရှုံးပြီး ပြန်ရလာတဲ့အခါ အထက်မှာ အစီအစဉ်တွေ အမြဲရှိသည်။

နှစ်သစ်ကူးအကြို ညစာစားပွဲတွင် ကျိုး မိသားစုမှ အမျိုးသားအများအပြားက အရက် အနည်းငယ်သောက်ကြသည်။

ကျိုး မိသားစုအတွက် ဒီနှစ်က ပျော်ရွှင်စရာကောင်းတဲ့ နှစ်ဖြစ်ခဲ့သည်။ ကျိုးရှို့လင်းက အိမ်ထောင်ကျပြီး ဖခင်တစ်ဦးဖြစ်လာတော့မည်။

ကျန်းရှောင်က နူးညံ့သိမ်မွေ့တဲ့ ပင်ကိုယ်စရိုက်ရှိပြီး ပွင့်လင်းတဲ့စိတ်ရှိ၍ အဖွား ကျိုးက သူမနဲ့ အချိန်ပိုကြာကြာကုန်ဆုံးလေလေ သူမကို ပိုနှစ်သက်လာလေလေပဲ။ အသက်ကြီးတဲ့လူတွေက လူတစ်ဦး၏ သဘောသဘာဝကို တစ်ချက်ကြည့်ခြင်းအားဖြင့် အမြဲမြင်နိုင်သည်။

ကျိုးယန်ယန် ကတော့ အဲ့တာကို သိပ်ဂရုမစိုက်ဘူး။ သူမက ရုပ်ရှင်ရိုက်ဖို့ အရမ်းအလုပ်များနေပြီး ကျန်းရှောင်ကို ဂရုမစိုက်ပေ။ တစ်ချက်ကြည့်လိုက်တာနဲ့ လုံလောက်ပြီ၊ စကားချင်းဖလှယ်ဖို့တောင် စိတ်မ၀င်စားပေ။

All Chapters