အခန်း (၁၀၉)
Vol. 9 Ch. 109
နောက်တစ်နေ့မနက် ကောင်းကင်က လင်းစပြုလာတဲ့အချိန် ကျိုးရှို့လင်းက ယွင်နီ မြို့ကို ကားနဲ့မောင်းသွားခဲ့သည်။ ထို့ကြောင့် ကျိုးစစ်မူ မနက်အိပ်ရာနိုးလာတော့ သူ့အဖေကို မတွေ့ရတဲ့အခါ အလွန်စိတ်ပျက်သွားသည်။ သူ့အဖွားရဲ့ တိရိစ္ဆာန်ပုံ ပေါင်မုန့်တောင်မှ သူ့ကိုပျော်အောင် မဖန်တီးနိုင်ခဲ့ပေ။
ကျိုးစစ်မူ သူငယ်တန်းဆီ ရောက်သွားတော့ အလွန်မပျော်မရွှင်ဖြစ်နေပြီး ဘဝ၏အခက်အခဲများကို အခြားကလေးများနှင့် ထပ်မံဆွေးနွေးခဲ့သည်။
ကျိုးစစ်မူ - "ငါ့မေမေက တခြားတစ်နေရာမှာ အလုပ်သွားလုပ်တာ၊ ဒီနေ့ ဖေဖေက တစ်ယောက်တည်း တိတ်တိတ်လေး မေမေ့ကိုသွားတွေ့တယ်။ ငါလည်း မေမေ့ဆီ သွားတွေ့ချင်တာပေါ့၊ သူ့ကိုမတွေ့ရတာ တစ်ပတ်တောင်ရှိပြီ"
ရန်ရန် - "မင်းအဖေက အရမ်းဆိုးတာပဲ! ဘာလို့ မင်းကို မခေါ်သွားရတာလဲ။ ဒါဆို မင်းဒီနေ့သူငယ်တန်းလာမတက်ရမှာ"
ကျိုးစစ်မူ - "ဒါပေမယ့် ငါက သူငယ်တန်းတက်ရတာ အရမ်းကြိုက်တယ်လေ"
ရန်ရန် - "မင်းအမေကိုလွမ်းရင် မင်းဘာသာသွားရှာလို့ရတယ်။ မင်းမှာပိုက်ဆံရှိလား။ မင်းမှာပိုက်ဆံရှိရင် မင်းဘတ်စ်ကားစီးလို့ရတယ်လေ"
ကျိုးစစ်မူ - "ငါ့မှာ ပိုက်ဆံရှိတယ်"
ရန်ရန် - "မင်းအမေ ဘယ်ရောက်နေလဲဆိုတာ သိလား"
ကျိုးစစ်မူ - "မသိဘူး"
ရန်ရန် - "အင်း ဒါဆို နည်းလမ်းမရှိတော့ဘူး"
ကျိုးစစ်မူ - "ငါ ပြန်ပြီး အဖွားကို မေးလို့ရတယ်"
ရန်ရန် - "ဒါက အကြံကောင်းပဲ၊ ဒါပေမယ့် တခြားနည်းလမ်းတစ်ခုတော့ ရှိပါသေးတယ်။ မင်းရဲအရာရှိကို အကူအညီတောင်းပြီး မင်းအမေကို ရှာတွေ့အောင် ကူညီပေးခိုင်းလို့ရတယ်"
ကျိုးစစ်မူ ခေါင်းညိတ်လိုက်သည်။ "ရန်ရန် မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ "
ရန်ရန် တခစ်ခစ်ရယ်နေတော့သည်။ "ဒါဆို နောက်တစ်ခါ အိမ်မှာကစားရင် ငါက အဖေလုပ်မယ် သော်သော်က အမေလုပ်ပြီး မင်းက ငါတို့ရဲ့ ကလေးလုပ်။ အဲဒါ ဘယ်လိုလဲ"
ကျိုးစစ်မူ စက္ကန့်အနည်းငယ်ကြာအောင် တွေးလိုက်သည်။ "မကောင်းဘူး"
ရန်ရန် ဒေါသပုန်ထသွားသည်။
ကျိုးရှို့လင်း ယွင်နီလာ မြို့သို့ရောက်ပြီး ကားပါကင်ထိုးပြီးနောက် ကျန်းရှောင် တည်းခိုသည့်ခြံဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
မြို့လေးဟာ စွဲမက်ဖွယ်ကောင်းတဲ့ နာမည်တစ်ခုနဲ့ ရှုခင်းတွေက ကျန်းရှောင် ပို့ပေး ထားတဲ့ ဓာတ်ပုံတွေ ထက်တောင် ပိုလှသည်။ ကျေးလက်က ဘိလပ်မြေလမ်းတွေအားလုံးရဲ့မြင်ကွင်းက ငြိမ်သက်ပြီး အေးချမ်းသည်။
ထောင့်ချိုးကျနေတဲ့ဝတ်စုံနှင့် တိုက်ချွတ်ထားတဲ့ဖိနပ်ကို ၀တ်ဆင်ထားတဲ့ ကျိုးရှို့လင်းသည် လမ်းတစ်လျှောက်တွင် ရွာသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ဒါပေမယ့် နီးနားရှိ ရုပ်မြင်သံကြားအဖွဲ့သားတစ်ဦးက ပရိုဂရမ်တစ်ခုကို လောလောဆယ်ရိုက်ကူးနေကြောင်း ၎င်းတို့သိရှိထားသောကြောင့် လူအများက စူးစမ်းချင်စိတ်ကို မပြခဲ့ကြပေ။
ကျိုးရှို့လင်းသည် ဖွင့်ထားခဲ့သော ခြံရှေ့တံခါးဆီ ရောက်သွားခဲ့သည်။ သူ ခေတ္တရပ်လိုက်ပြီး ခဏနေတဲ့အထိ အတွင်းထဲမှာ အသံက အရမ်းတိတ်ဆိတ်နေသည်။
သူ့လည်ချောင်းကို ရှင်းလိုက်ပြီး ပါးစပ်ထောင့်မှာ အနည်းငယ်ကွေးကွေးလေး ပေါ်လာသည်။
ဟုတ်တယ်၊ ဒီနေ့ သူ စောစောစီးစီးရောက်လာတာပဲ။
ကျိုးရှို့လင်း တံခါးကို တွန်းဖွင့်ပြီး ခြံဝင်းထဲသို့ ခြေတစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်သည်။ ဘန်ဂလိုများကို ထောင့်သုံးဘက်တွင် သေသေသပ်သပ်စီထားပြီး အရှေ့မြောက်ထောင့်တွင် အိမ်တွေထက်ပင် မြင့်သော သစ်တော်ပင်တစ်ပင်ရှိသည်။
"ဘယ်သူ့ကို ရှာနေတာလဲ" ချင်ယီလုသည် ဖိနပ်အပါးတစ်ရံကို စီးထားပြီး ဆံပင်ကို ရိုးရိုးပုံစံဖြင့် ချည်နှောင်ထားကာ သူမ၏ ပုံမှန်အတိုင်းနှင့် မတူနေပေ။ ရုပ်ရှင်အဖွဲ့သားတွေက လယ်ကွင်းများတွင် ရိုက်ကူးရန် သွားခဲ့ကြသော်လည်း နေမကောင်းဖြစ်နေတဲ့ ကျန်းရှောင်ကို ပြုစုစောင့်ရှောက်ရန် သူမကနောက်မှာ ကျန်ရစ်ခဲ့သည်။
ကျိုးရှို့လင်း၏ နောက်ကျောကိုမြင်နေရတော့ သူ့ပုံစံက ဖြောင့်တန်းနေသည်။
ချင်ယီလု မျက်လုံးတွေကို မှေးလိုက်သည်။ သူမက 400 ဒီဂရီကျော် အနီးမှုန်တစ်ယောက်ပင်။ လောလောဆယ်တွင် သူမသည် မျက်မှန်မတပ်ထားသော်လည်း ဤချောမောသောလူကို အနည်းငယ်ရင်းနှီးပုံရသည်ကို သူမ ယောင်ဝါးဝါးခံစားလိုက်ရသည်။
ကျိုးရှို့လင်း လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "ကျန်းရှောင်ကော"
ချင်ယီလု၏ ပါးစပ် ကျယ်ကျယ်ပွင့်ဟသွားခဲ့သည်။ "အိုး သူဌေး မင်္ဂလာပါ" ကျိုးရှို့လင်းကို "သူဌေး " လို့ သီးသန့် ရည်ညွှန်းပြီး သူမ မတွေးဘဲ မှုန်ဝါးဝါး ပြောလိုက်သည်။ အဲ့တာက မသင့်တော်ဘူးဆိုတာ သူမ အမြန်သိလိုက်ရသည်။ "မစ္စတာ ကျိုး ၊ အစ်မကျန်းက သူမအခန်းထဲမှာ အနားယူနေပါတယ်။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ"
ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး လျှောက်သွားခဲ့သည်။
ချင်ယီလု အလွန်စိတ်လှုပ်ရှားနေသော်လည်း သူမကိုယ်တိုင် မပြင်ဆင်ရသေးကြောင်း အမြန်သိလိုက်ရသည်။ သူမသည် မိမိကိုယ်တိုင်သာ တောင့်ခံပြီး သူဌေးနှင့်အတူ လိုက်သွားခဲ့သည်။
ကျန်းရှောင်က နိုးနေပြီ။ မနေ့ညက ဆေးသောက်ထားတော့ အဖျားကျသွားပေမယ့် နည်းနည်းတော့ နုံးနေတုန်းပင်။
"အစ်မကျန်း မစ္စတာကျိုး လာတယ်" ချင်ယီလုက သူမကို ကြင်နာစွာ သတိပေးလိုက်သည်။
ကျန်းရှောင် အံ့ဩသွားကာ သူ့ကို စိုက်ကြည့်နေသည်။ "ရှင်ဘာလို့ ဒီကိုရောက်လာတာလဲ"
ချင်ယီလု ပြောလိုက်သည်။ "မစ္စတာကျိုး ကျေးဇူးပြုပြီး ထိုင်ပါဦး။ လက်ဖက်ရည် ဖျော်လာပေးပါ့မယ် " အစ်မကျန်းက သူမရဲ့စိတ်ထဲက ထွက်လာတာလား။ သူမက ဘာလို့ သူဌေးကို ဒီလိုပြောရတာလဲ။
"မလိုပါဘူး၊ ငါ ကျန်းရှောင်နဲ့ ဆွေးနွေးစရာရှိလို့။ မစ္စ ချင်၊ ကျေးဇူးပြုပြီး လောလောဆယ် ဘယ်သူမှ မဝင်လာဘူးဆိုတာ သေချာအောင် စစ်ဆေးပေးလို့ရနိုင်မလား"
"ရပါတယ် " ချင်ယီလုသည် ကျန်းရှောင်ကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် တုန့်ပြန်ပြီးနောက် သူမ အမြန်ထွက်သွားခဲ့သည်။ ဒါပေမယ့် သူမအတွက် တစ်ခုခုတော့ လွဲနေပုံရသည်။
ကျိုးရှို့လင်း ကျန်းရှောင် နဖူးကိုထိလိုက်သည်။ "အဖျားသက်သာသွားပြီလား"
"ဆေးသောက်လိုက်တော့ ပိုကောင်းသွားတယ်။ ဘာလို့ ဒီကိုလာရတာလဲ" ကျန်းရှောင် ရေရွတ်လိုက်သည်ယး "ကျွန်မ အလုပ် လုပ်နေတာလေနော် မစ္စတာကျိုး ကျေးဇူးပြုပြီး ကျွန်မကို မနှောင့်ယှက်ပါနဲ့"
ကျိုးရှို့လင်းက ရွှတ်နောက်နောက်ဖြင့် သူမ နှာခေါင်းကို ဖျစ်လိုက်သည်။ "အဖျားကျသွားပြီ။ ဒီနေ့အတွက် အစီအစဉ်ရှိလား"
"သူတို့ လယ်ကွင်းတွေထဲ သွားကြတယ်။ အဲ့တာကြောင့်မို့ ဒီနေ့ အားလပ်ရက်မှာ ကျွန်မ ထူးထူးခြားခြား အကျိုးကျေးဇူးတွေ ရတယ် "
သူမဟာ ဆိုးရွားနေတဲ့ စိတ်မရှိတာကိုတွေ့လိုက်ရတော့ ကျိုးရှို့လင်း မေးလိုက်သည်။ "မနက်စာ စားပြီးပြီလား"
"မစားရသေးဘူး"
"မင်း လန်းဆန်းသွားအောင် လုပ်လိုက် ကိုယ် မီးဖိုခန်းကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်"
ကျန်းရှောင်သည် သူမ၏ မျက်လုံးထောင့်မှ လိမ္မာပါးနပ်သော အကြည့်က ဖျတ်ခနဲ လင်းလက်သွားသည်။ "မစ္စတာကျိုးက အချစ် မနက်စာကျွေးဖို့ ဒီကိုလာတာလား ဟင်။ မီးဖိုချောင်က အရှေ့ဘက်ခြမ်းက ပထမခန်းမှာ"
ကျိုးရှို့လင်းက သူ့အင်္ကျီ ကြယ်သီးဖြုတ်လိုက်ပြီး ကျန်းရှောင်က သူ့အင်္ကျီလက်တွေကို လိပ်တင်ပေးလိုက်သည်။ သူတို့နှစ်ဦးစလုံးက လက်သူကြွယ်တွင် မင်္ဂလာလက်စွပ်ကို ၀တ်ဆင်ထားပြီး စောင့်ကြည့်သူတိုင်းအတွက် ထင်ရှားသော လက္ခဏာဖြစ်သည်။
ကျိုးရှို့လင်း မီးဖိုချောင်ထဲဝင်သွားတော့ ချင်ယီလု ချက်ခြင်း ပြန်ရောက်လာသည်။ "အစ်မကျန်း၊ အစ်မကျန်း"
ကျန်းရှောင် ပြန်ထူးလိုက်သည်။
"အစ်မကျန်း ကျွန်မ မေးစရာရှိလို့"
"မေးလေ"
"မစ္စတာ ကျိုးက ဘာလို့ ဒီကို ရုတ်တရက်ကြီး ရောက်လာတာလဲ" ချင်ယီလု၏ အမူအရာမှာ ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ "ကျွန်မမှာ အတွေးတစ်ခုရှိတယ်"
ကျန်းရှောင် မျက်ခုံးပင့်ကာ သူမစကားများကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။
"အစ်မကျန်း၊ မစ္စတာ ကျိုးနဲ့ အစ်မရဲ့ ဆက်ဆံရေးက ဘယ်လိုနေလဲ"
ကျန်းရှောင် လေးလေးနက်နက် သက်ပြင်းချလိုက်သည်။ ချင်ယီလုသည် တခါတရံတွင် အလွန် လိမ္မာပါးနပ်သော်လည်း ယခု သူမက ဘာကြောင့်တုံးအသွားရတာလဲ။ "အစ်မ မင်းကို စောစောစီးစီး မိတ်ဆက်ပေးမယ်။ အစ်မရဲ့အမျိုးသားက ကျိူးရှို့လင်း"
"၁၈၆ က မစ္စတာ ကျိုး လား။ အိုးမိုင်ဂေါ့။ အစ်မကျန်း အစ်မက အံ့ဩစရာကောင်းလိုက်တာ၊ အစ်မပဲ။ အစ်မက မစ္စတာ ကျိုးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းမပဲ၊ အစ်မလို့ ဘယ်သူ ထင်မိမှာလဲ။ အစ်မတို့နှစ်ယောက်က တကယ့်ကို မယုံနိုင်စရာပဲ"
ချင်ယီလု အာမေဋိတ်သံပြုလိုက်ပြီး လုံးဝ ထိတ်လန့်သွားသည်။ သူမ အခန်းကို လှည့်ပတ်ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်ရင်း ရှင်းရှင်းလင်းလင်း လွှမ်းသွားသည်။
ကျန်းရှောင် သူမကို လှမ်းဆွဲလိုက်သည်။ "တော်လောက်ပြီ၊ သူက သာမန်လူပဲ"
"အစ်မကျန်း ၊ ဒီစကားကြောင့် အစ်မကို တကယ်ရိုက်ပစ်ချင်လာပြီနော် " ချင်ယီ မကျေမနပ် အရိပ်အမြွက်ပြောလိုက်သည်။
"လူတိုင်းရဲ့ တုံ့ပြန်မှုကို ကြည့်ဖို့ ကျွန်မ မစောင့်နိုင်တော့ဘူး။ အစ်မရဲ့ယောက်ျားက ထိပ်ပြောင်တယ်လို့ ဘယ်သူကများ ပြောလိုက်တာလဲ ဟားဟား..."
ကျန်းရှောင် ပြန်ဖြေလိုက်သည်။ "မနာလိုမှုက လူတွေကို ရုပ်ဆိုးစေတယ်"
ချင်ယီလု ရယ်မောသွားသည်။
ဒီအချိန်မှာ ကျိုးရှို့လင်းတစ်ယောက် မီးဖိုချောင်ထဲမှာ ရုန်းကန်နေခဲ့သည်။ ကျေးလက်မီးဖိုကြီးက သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ အဆုံးမှာတော့ သူ ပြန်လှည့်ပြီး ကျန်းရှောင်ကို အကူအညီတောင်းလိုက်ရသည်။
ကျန်းရှောင်ရဲ့ မျက်နှာပေါ်မှာ ရက်စက်သော အပြုံးတစ်ခု ရှိနေသည်။ "ရှင် မသိတဲ့အရာတွေရှိသားပဲ"
ကျိုးရှို့လင်းက သူမ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာကို သိပြီး သူမရဲ့ ခါးကို သူ့ဆီဆွဲကပ်လိုက်သည်။ "မင်း ကိုယ့်ကို စနေတာလား"
ကျန်းရှောင် တခစ်ခစ်ရယ်လိုက်သည်။
နေရောင်ခြည်က ပြီးပြည့်စုံတယ်၊ လေပြည်က သူတို့မျက်နှာတွေကို ဖျတ်ခနဲ တိုက်ခတ်ပြီး လေထုကလည်း ချိုမြိန်နေသည်။
လယ်သမားအိမ်မှ အဝါရောင်ခွေးလေးတစ်ကောင်က ၎င်း၏အမြီးကို ယမ်းပြီး လှည့်ပတ်သွားနေခဲ့သည်။
ချင်ယီလု တောင့်တစွာ ကြည့်နေသည်။ "ရှက်ဖို့ကောင်းလိုက်တာ။ ကင်မရာအဖွဲ့သားတွေ ဒီမှာ မရှိကြဘူး။ ဒါက ပြပွဲရဲ့ high light ဖြစ်မှာသေချာပေါက်ပဲ "
ကျိုးရှို့လင်းက မထွက်သွားခင် နှစ်နာရီသာ နေခဲ့သည်။
ကျန်းရှောင်က သူနဲ့အတူတူ နှစ်ယောက်သား ကျေးလက်လမ်းအတိုင်း လျှောက်သွားခဲ့ကြသည်။ ကျေးလက်ရှုခင်းက လေထုထဲတွင် မြက်နံ့သင်းသင်းလေးနှင့်အတူ အံ့သြဖွယ်ကောင်းလှသည်။
သူမရဲ့ အသံက ခံစားချက်များဖြင့် တုန်လှုပ်သွားခဲ့သည်။ “အမေက ကိုယ်ဝန်ရမှန်း သိတဲ့အချိန်မှာ ဇာတ်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အရွေးခံခဲ့ရတယ်လို့ ဖေဖေက စာထဲမှာ ရေးထားတယ်။ အမေက ကျွန်မကို ဖျက်ချလိုက်ဖို့ မရမက တောင်းဆိုခဲ့ပေမယ့်… သူမ ကိုယ်ဝန်ဖျက်လိုက်ရင် သူမရဲ့ဘဝမှာဘယ်တော့မှ ကလေး ရနိုင်တော့မှာ မဟုတ်တာကြောင့်မို့ ဒူးထောက်ပြီး ကလေးမွေးပေးဖို့ တောင်းပန်ခဲ့တဲ့သူက အဖေပဲ"
"ရှောင်ရှောင်၊ အဖေ လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်။ အဖေ အစတုန်းက သမီးကို ဒီအကြောင်းတွေ မပြောပြချင်ခဲ့ဘူး။ သမီးအမေက ကိုယ်ဝန်ဖျက်ချင်ခဲ့တယ်၊ အဲဒီအချိန်မှာ သူမက တော်တော်ငယ်သေးတယ်။ အကယ်လို့ သူမ ကလေး ဖျက်ချလိုက်ရင် သူမဘယ်တော့မှ ကလေးရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောခဲ့တယ်။ အဖေ ဒူးထောက်ပြီး သမီးကိုမွေးပေးဖို့ သူမကို တောင်းပန်ခဲ့တယ်။ ပြီးတော့ သမီးရဲ့အမေက ဘယ်သူလဲဆိုတာ ဘယ်တော့မှ သမီးကို မပြောပြဘူး၊ အနှောင့်အယှက်လည်း မပေးဘူးလို့ သူမကို ကတိပေးခဲ့တယ်....... သမီးက ကြီးပြင်းလာတာနဲ့အမျှ သမီးရဲ့အမေနဲ့ ပိုပိုပြီးတူလာတယ် အဖေ ရုတ်တရက်ကြီး သမီးကို မရင်ဆိုင်နိုင်တော့ဘူး။ သမီးအမေနဲ့ အဖေတို့က အဖေတို့လုပ်ခဲ့တာတွေအတွက် ဘယ်တော့မှပြန်ပေးဆပ်နိုင်မှာ မဟုတ်တော့ပါဘူး...."
ကျိူးရှို့လင်းက သူမရဲ့လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ဖိအားပေးလိုက်သည်။ ကျန်းယိက သူမနဲ့ရင်ဆိုင်ဖို့ မခံနိုင်တော့ဘဲ ဒီနှစ်ပေါင်းများစွာမှာ ကိုယ့်ကိုယ်ကို ပြည်နှင်ဒဏ်ပေးပြီး အဝေးထွက်သွားခဲ့ပုံရသည်။ လူတွေက တစ်ခါတစ်ရံမှာ ကြင်နာတတ်သော်လည်း ကြင်နာမှုက ကြမ်းတမ်းသောအားဖြင့် အတူရှိနေနိုင်သည်။
လျန့်ယွဲ့ကို ချစ်မြတ်နိုးတဲ့ ကျန်းယိသည် သူ့ကိုယ်ကျိုးအတွက် ကလေးကို မွေးခိုင်းခဲ့သည်။
လျန့်ယွဲ့သည်လည်း သူမ၏ သရုပ်ဆောင်အိမ်မက်အတွက် သမီးဖြစ်သူအား လျစ်လျူရှုကာ ၎င်းကိုလုပ်ခဲ့သည်။ သူမရဲ့ ကိုယ်ရေးရာဇဝင်မှာ ရေးထားသလိုပဲ၊ ဒီအပိုင်းကို လုံးဝ ရှင်းပစ်ခဲ့သည်။
ကျန်းရှောင် ပေါ်မလာခဲ့ရင် လျန့်ယွဲ့သည် ဤအခန်းကို အမှန်တကယ် မေ့သွားပေလိမ့်မည်။
ဘယ်သူကမှ မသိသလို၊ ဘယ်တော့မှလည်း ပေါ်လာမှာ မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ လှည့်ဖြားဖို့ ခွင့်ပြုထားတာမှမဟုတ်ရင် ဘာမှ ဖြစ်လာမှာတောင် မဟုတ်ဘူး။
လူ့နှလုံးသားတွင် အနူးညံ့ဆုံးတစ်ဖက်နှင့် လျစ်လျူရှုမှုအရှိဆုံးတစ်ဖက်ဆိုတာရှိသည်။