← Chapters

အခန်း (၁၁၅)

Vol. 9 Ch. 115

အခန်း (၁၁၅)

Vol. 9 Ch. 115

သူမ အလုပ်ဆက်လုပ်ခဲ့ပြီး လက်ဆင့်ကမ်းတာတွေနဲ့ အလုပ်ရှုပ်နေခဲ့သည်။ သူမက စုန့်ယိဝမ်၊ ချင်ယီလု၊ ယီဟန်တို့နှင့် သီးသန့် စကားပြောခဲ့ပြီးပြီ။ ဘာဖြစ်နေတာလဲဆိုတာ လူတိုင်းသိသည်။ သူတို့အားလုံး မန်နေဂျာအသစ် ရှာဖွေရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ကြသည်။ ဒါပေမယ့်လည်း ကျန်းရှောင်က ရှုကျားရမ် နှင့် ကိုယ်တိုင်ကိုယ်ကျ စကားပြောဖို့ လိုအပ်ပြီး ကျန်းရှောင် က သူမနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးချင်ခဲ့သည်။

သူမက ရှုကျားရမ်ကို ကြိုတင်ဆက်သွယ်ခဲ့ပြီး စနေနေ့တွင် သူမဆီလာလည်ဖို့ ပဲပင်ပေါက်လေးကိုပါ အဆင်ပြေပြေ ခေါ်လာရန် စီစဉ်ထားသည်။

စက်တင်ဘာလ ဒုတိယပတ်တွင် "Our Journey" က XXTV နှင့် Youha Video တွင် တစ်ပြိုင်နက်ထုတ်လွှင့်ခဲ့သည်။ အံ့အားသင့်စရာမှာ၊ ရှိုးက ၎င်း၏အချိန်အထိုင်တွင် အမြင့်ဆုံးအဆင့် သတ်မှတ်မှုရရှိခဲ့ပြီး 2.8 ဖြင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် အဆိုပါရှိုး၏ ဆက်စပ်အနုပညာရှင်များအကြောင်း ဆွေးနွေးမှုများသည် Weibo နှင့် အဓိကသတင်းဝဘ်ဆိုဒ်များတွင် ပါဝင်ပတ်သက်မှု မြင့်မားခဲ့သည်။

အခြေအနေက အရမ်း အလားအလာကောင်းသည်။

ကျန်းရှောင် ဤအချက်အလက်ကို မြင်သောအခါ သူမ မကူညီနိုင်ဘဲ နောင်တရနေမိသည်။ ဒါပေမယ့်လည်း ယခုအချိန်တွင် ရပ်တည်ရန် အကြောင်းမရှိတော့ပေ။

တစ်ခါတရံမှာ ရွေးချယ်မှုတစ်ခုတည်းက တစ်သက်လုံး ပြောင်းလဲသွားနိုင်သည်။

ရှုကျားရမ်လည်း "Our Journey " နှင့်ပတ်သက်သည့်သတင်းကိုတွေ့မြင်ခဲ့ရသည်။ ပြည်တွင်းvariety show များ၏ ရှုခင်းသည် အမျိုးမျိုးရှိပြီး၊ "Our Journey" က ဤကဲ့သို့ကောင်းမွန်စွာ ဖျော်ဖြေနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရင်း သူ့အမူအရာက အနည်းငယ် ညှိုးငယ်သွားသည်။

ဘဝသည် ဟန်ချက်ညီသော လုပ်ရပ်တစ်ခုဖြစ်ပြီး variety show တွေက သူမ၏ကျော်ကြားမှုကို မြှင့်တင်နိုင်သော်လည်း ယခုအခါတွင် ကြီးမားသောပရောဂျက်များအတွက် ရည်ရွယ်ထားသည်။

လက်ထောက်က နွားနို့တစ်ခွက်လာယူလာပေးပြီး စကားပြောခဲ့သည်။ "သူတို့က အစ်မကျန်း ကိစ္စကို ဆွေးနွေးနေတုန်းပဲ။ ကျားရမ်၊ နင် စိတ်ပူစရာ မလိုတော့ဘူး။ အစ်မကျန်းက ဟွားရှ ရဲ့ သူဌေးဖြစ်လို့ နင်အနာဂတ်မှာ အရင်းအမြစ်တွေ ချို့တဲ့မှာမဟုတ်ဘူး "

ရှုကျားရမ် သက်ပြင်းချလိုက်သည်။ "ဟုတ်လား"

လက်ထောက်က သူမရဲ့ဖုန်းကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။ "အဲ့တာကို မကြည့်နဲ့တော့။ variety show တွေမှာ ရေပန်းစားနေတာက ခဏပဲ"

ရှုကျားရမ် စိတ်ပျက်အားငယ်စွာကြည့်ပြီး မေးလိုက်သည်။ "ချန်တင်း" က hit ဖြစ်မယ်လို့ နင်ထင်လား"

လက်ထောက်က တုံ့ဆိုင်းသွားကာ သူမအမူအရာက မသေချာခဲ့ပေ။ အဲ့တာက ပြောရခက်သည်။

ရှုကျားရမ် ဆက်ပြီးဖိအားမပေးတော့ပေ။ "နင် အနားယူသင့်ပြီ"

"စကားမစပ်၊ အစ်မကျန်းက မန်နေဂျာတစ်ယောက်အနေနဲ့ အလုပ်ထပ်မလုပ်တော့ဘူးလို့ ကောလဟာလတွေ ကြားခဲ့ရတယ်"

" တကယ်လား။ ဘယ်သူပြောတာလဲ"

"ငါ တခြားသူဆီက ကြားလာတာ ဟုတ်လား မဟုတ်လားတော့ သေချာမသိဘူး" လက်ထောက်က ရှုကျားရမ်နှင့် နှစ်နှစ်ကြာ အတူရှိနေခဲ့ပြီး အကောင်းဆုံးကို မျှော်လင့်ကာ သူမကို သဘာဝအတိုင်း ပံ့ပိုးပေးခဲ့သည်။

ရှုကျားရမ် ခေါင်းညိတ်လိုက်သည်။ "အစ်မကျန်းနဲ့ တွေ့မှ အဲ့တာကိုဆွေးနွေးကြတာပေါ့"

......

စက်တင်ဘာလတွင် ရာသီဥတုက ပူပြင်းခဲ့သည်။ ကျန်းရှောင်သည် ကျိုးစစ်မူကို လျန့်နန်ဆီ ခေါ်ဆောင်သွားပြီး ကျိုးစစ်မူသည် သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်ဖြင့် ကျေနပ်နေပုံရသည်။

"မေမေ၊ ဒီနေရာမှာ မေမေ ကြီးပြင်းလာတာလား။ အိမ်က အရမ်းလှတာပဲ။ ဟိုမှာ နွားတွေလည်းရှိတယ်"

ကားကိုရပ်ပြီးနောက် ကျန်းရှောင်က သူ့လက်ကို ကိုင်ကာ အဖွဲ့သားတွေကို ရှာခဲ့သည်။

သားအမိနှစ်ယောက်က ဒီနေ့မှာလည်း အဝါရောင် တီရှပ်နဲ့ လိုက်ဖက်တဲ့ ၀တ်စုံတွေ ဝတ်ဆင်ထားကြသည်။ ကျန်းရှောင် ဂျင်းဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ကျိုးစစ်မူက အဖြူရောင်ဖိနပ်နှင့် တွဲဖက်ပြီး capri ဘောင်းဘီကို ၀တ်ဆင်ထားကာ ၎င်းတို့နှစ်ဦးစလုံး လိုက်ဖက်တဲ့ နေကာမျက်မှန်များကို ၀တ်ဆင်ထားသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် အနည်းငယ်သော အကြည့်တွေကို ဆွဲဆောင်ခဲ့ကြသည်။

"ဒါ ကျန်းရှောင်ရဲ့သား! ဒီကောင်လေးက တကယ်ချောတာပဲ"

"သူနဲ့ သူ့အ​ဖေရဲ့ ရုပ်​ရည်​က​တော့ ​တော်​​တော်​​မိုက်တယ်!"

"သူအိမ်က ထွက်ပြေးသွားတာ မကြာသေးဘူးလို့ ကြားတယ် ဟုတ်လား။ ဟားဟား..."

ကျန်းရှောင် ညွှန်ကြားချက် တစ်ချို့ပေးလိုက်သည်။ "ဦးလေးနဲ့ အဒေါ်တို့ အားလုံးကတော့ ရုပ်ရှင်ရိုက်ဖို့ အလုပ်ရှုပ်နေတော့ ပြေးလို့မရဘူး မဟုတ်လား"

"မေမေ၊ သားက ကလေး မဟုတ်တော့ဘူး"

ကျန်းရှောင် ရေရွတ်လိုက်သည်။ "အိမ်ကနေ ထွက်ပြေးသွားတဲ့သူက ဘယ်သူလဲမသိပါဘူး"

ကျိုးစစ်မူက လေးနက်သောပုံစံဖြင့် ကျန်းရှောင်ရဲ့နောက်ကနေ အဖွဲ့သားတွေဆီ လိုက်သွားခဲ့သည်။ သူက ငြိမ်သက်နေပြီး ဘေးကိုကြည့်ကာ ကျိုးရှို့လင်း ကဲ့သို့ မည်သည့်ခံစားချက်မှ မပြပေ။

ရှုကျားရမ်က သူ့ကိုမြင်တော့ သူမ ကြိုသိနေသော်လည်း သူမရဲ့ အံ့သြမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

"စစ်မူ၊ အန်တီ့ကို နှုတ်ဆက်လိုက်"

ကျိုးစစ်မူ - "မင်္ဂလာပါ အန်တီ ကျားရမ်"

ရှုကျားရမ် ပြုံးလိုက်သည်။ "ရှောင်ရန်၊ ငါ့ရဲ့မုန့်အိတ် သွားယူလာပေး"

ကျန်းရှောင် ပြောလိုက်သည်။ "မလိုဘူး၊ ငါ သူ့ရဲ့မုန့်တွေကို ထိန်းနေတာ မကြာသေးဘူး"

ရှုကျားရမ်က သူ့မျက်နှာလေးကို ညင်သာစွာ ကိုင်လိုက်သည်။ "အစ်မကျန်း၊ ကျွန်မ မယုံနိုင်ဘူး"

ကျန်းရှောင် ပြုံးလိုက်သည်။ "အခုနောက်ပိုင်း ဘယ်လိုတွေဖြစ်နေပြီလဲ"

"အရာအားလုံး ချောချောမွေ့မွေ့ပါပဲ။ ပရော်ဖက်ဆာ လျန့်နဲ့ တခြားသူတွေက ကျွန်မအတွက် အများကြီး အထောက်အကူဖြစ်တယ် ဒီတစ်ခါတော့ အများကြီး သင်ယူခဲ့ရတယ်"

"ကောင်းတယ်" ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "မင်းက အမြဲတမ်း အရည်အချင်းရှိတဲ့ သရုပ်ဆောင် တစ်ယောက်ပါ"

"အစ်မကျန်း အစ်မ အရည်အချင်းရှိတဲ့ အေးဂျင့်ဖြစ်ဖို့ မစီစဉ်တော့ဘူးလို့ ကြားတယ်"

ကျန်းရှောင် သူမရဲ့ မျက်လုံးတွေထဲ ကြည့်လိုက်သည်။ "ဟုတ်တယ်၊ ငါ ဒီနေ့ မင်းနဲ့ လူချင်းတွေ့ပြီး ဆွေးနွေးဖို့ ဒီကို လာခဲ့တာ"

"ဘာလို့လဲ"

"ဘဝရဲ့ အဆင့်တိုင်းမှာ သူ့ကိုယ်ပိုင် ရွေးချယ်ခွင့်တွေ ရှိတယ်"

"အဲဒါက နည်းနည်းတော့ ရှက်စရာကောင်းတယ်"

"ကျားရမ်၊ မင်းရဲ့လုပ်ရမယ့်အလုပ်ကို စတူဒီယိုက စီစဉ်ပြီးသွားပြီ။ ငါတို့လည်း ချန်တင်း ပရိုမိုးရှင်းအတွက် အချိန်ကိုဖယ်ထားတယ်။ အစောကြီးကတော့ မင်းအတွက် တီဗီဇာတ်ညွှန်းကို ငါကြည့်ခဲ့ဖူးတယ်၊ ဒါ​ပေမယ့်​ အခု မင်းရဲ့အစီအစဥ်အ​ကြောင်း​တော့ ငါသေချာမသိဘူး"

ရှုကျားရမ် ခဏလောက် စဉ်းစားလိုက်သည်။ "ပရော်ဖက်ဆာ လျန့် က ကျွန်မကို ကိစ္စတွေကို အလျင်စလိုမလုပ်သင့်ဘူးလို့ အကြံပေးတယ်။ 'ချန်တင်း' ထွက်လာပြီးတဲ့နောက်၊ ကျွန်မတို့ နောက်ထပ် အစီအစဉ်တွေလုပ်လို့ရတယ် "

ကျန်းရှောင်က သူတို့၏ ရည်ရွယ်ချက်ကို နားလည်သည်။ ကျားရမ်သည် ဤဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်မည်ဟု မျှော်လင့်ထားသော်လည်း "ချန်တင်း" အတွက် မျှော်လင့်ချက် ကြီးကြီးမားမားရှိပေမယ့် မသေချာသေးပေ။ အကောင်းဆုံး မင်းသမီးဇာတ်ပို့ဆုရရှိခြင်းမှာ အရည်အချင်းနဲ့ ကံတရားပေါ်မှာ မူတည်သည်။

"အဲ့တာဆို ကောင်းပြီ။ မင်းရဲ့လက်ရှိစာချုပ်က ဟွားရှ နဲ့ရှိနေသေးတော့ ကုမ္ပဏီက မင်းအတွက် အရည်အချင်းရှိတဲ့ အေးဂျင့်အသစ်တစ်ယောက်ကို စီစဉ်ပေးလိမ့်မယ်။ မင်းဆန္ဒရှိရင် မင်းကိုယ်တိုင် ရှာလို့လည်းရတယ်။ မင်းရဲ့ရွေးချယ်မှုက ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ဆုံးဖြတ်ချက်တွေကို ငါလေးစားတယ်။ မင်း ဟွားရှနဲ့ စာချုပ်ကို ရပ်စဲပစ်ချင်လည်းရတယ်၊ မင်းရဲ့ကိုယ်စား ကုမ္ပဏီနဲ့လည်း ငါစကားပြောပေးမယ်"

ကျိုးစစ်မူက ကျန်းရှောင်ရဲ့အဝတ်အစားတွေကို ဆွဲကိုင်လိုက်သည်။ "မေမေ၊ ဟိုမှာ ခွေးကလေးတစ်ကော။ သား သွားကြည့်ချင်တယ်"

ကျန်းရှောင် ခေါင်းညိတ်ပြလိုက်သည်။ "သတိထားဦး"

ရှုကျားရမ်က ဟွားရှ မှထွက်ခွာပြီး သူမ၏ကိုယ်ပိုင်စတူဒီယိုကို စတင်ရန် စဉ်းစားခဲ့သော်လည်း သူမတွင်လိုအပ်သော အဆက်အသွယ်များ မရှိခဲ့ပေ။ အနာဂတ်တွင် ကောင်းမွန်သော အရင်းအမြစ်တွေကို သူမက ဘယ်လို လုံခြုံစေနိုင်မှာလဲ။

ကျန်းရှောင်၏ အထောက်အထားကို မဖော်ထုတ်မီတွင် သူမသည် အရည်အချင်းရှိသော အေးဂျင့်များကို ပြောင်းလဲရန် စဉ်းစားခဲ့သည်။ အခုတော့ သူမရဲ့ နောက်ခြေလှမ်းတွေက နည်းနည်း ဆန်းကြယ်သည်။

"အစ်မကျန်း ကျွန်မ နည်းနည်းလေးထပ်ပြီး စဉ်းစားလိုက်ဦးမယ်"

"ရပါတယ်၊ မင်းဆုံးဖြတ်ချက် ချပြီးတဲ့အခါ ငါ့ကိုဆက်သွယ်လိုက်"

ကျိုးစစ်မူက Husky တစ်ကောင်ကို တွေ့လိုက်သဖြင့် ချဉ်းကပ်ခြင်းအား မခံနိုင်ခဲ့ပေ။

ကျိုးစစ်မူ - "ဝုတ် ဝုတ်"

Husky - "ဝုတ်ဝုတ်-"

ကျိုးစစ်မူက Husky ကို ကြည့်ပြီး Husky က သူ့ကို ပြန်ကြည့်နေသည်။ မျက်လုံးချင်းဆုံရင်း တင်းမာသောလေထုကို ဖန်တီးခဲ့ကြသည်။

"မူမူရောက်နေတယ်ပေါ့ " လျန့်ယွဲ့က ကျန်းရှောင် ဒီနေရာသို့ ရောက်ရှိနေကြောင်းကိုကြားတော့ ကြည့်ရှုရန် ရောက်ရှိလာသော်လည်း ကျန်းရှောင်က ကျိုးစစ်မူကို သူမနှင့်အတူ ခေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ကျိုးစစ်မူက သူမကိုတွေ့သွားသည်။ "အိုး အဖွား၊ ဒီမှာ ဘာလုပ်နေတာလဲ"

"ဒီမှာ ရုပ်ရှင်ရိုက်ဖို့ ရောက်နေတာ။ Husky ကို သဘောကျလို့လား" လျန့်ယွဲ့ က ခွေးကို ကိုင်ပြီးပြောလိုက်သည်။ " Husky က အရမ်းလိမ္မာတယ်၊ မင်း ဒါကိုမွေးလို့ရတယ်"

ကျိုးစစ်မူ သွေးဆောင်မှုကို မခံနိုင်ဘဲ ခွေးကို အနည်းငယ် ပုတ်ပေးလိုက်သည်။ "အိမ်မှာ ကြောင်တစ်ကောင်ရှိတယ်၊ သူလည်း အရမ်းလိမ္မာတာ"

"ဒါဆို ခွေးကိုလည်းလိုချင်လား"

ကျိုးစစ်မူ ခေါင်းယမ်းလိုက်သည်။ "အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မွေးတာက သူ့ကို ပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်တဲ့ အဖေကပြောတယ် သားက အိမ်မွေးတိရိစ္ဆာန် တစ်ကောင်ကို ထိန်းဖို့ အရမ်းငယ်သေးတယ်တဲ့။ သား ကြီးလာမှ တစ်ကောင်မွေးမယ်"

လျန့်ယွဲ့က က သူ့ကို သဘောကျစွာ ကြည့်လိုက်သည်။ "ကောင်းပြီ၊ နောင်မှာ Husky ဆီ လာလည်လို့ရတယ်နော်"

"ဒါပေမယ့် သားအိမ်က ဒီမှာမဟုတ်ဘူး"

"အဖွားရဲ့အိမ်လည်း ကျင်းချန်မှာပဲ။ မင်းမှာအချိန်ရရင်အဖွားဆီ ဖုန်းဆက်လိုက်"

"ဟုတ်ကဲ့"

"မူမူ-" ကျန်းရှောင် လျှောက်လာပြီးနောက် လျန့်ယွဲ့ ကို တွေ့လိုက်ရသည်။ သူမရဲ့အမူအရာက အများကြီး ပြောင်းလဲမသွားခဲ့ပေ။

လျန့်ယွဲ့ သည် လှပပြီးကျက်သရေရှိတဲ့ အမူအရာဖြင့် တရုတ်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး မတ်တပ်ရပ်နေသည်။ "ကိစ္စပြီးသွားပြီလား"

ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "အမေတို့ သွားသင့်ပြီ"

"မင်းဒီကိုရောက်နေပြီဟာကို ငါတို့တွေ ဘာလို့အတူတူထမင်းမစားရမှာလဲ"

ကျန်းရှောင် ခေါင်းခါလိုက်သည်။ "ရပါတယ်။ မူမူ ရဲ့အဖေက ဒီကို ခဏနေရောက်လာတော့မှာ ကျွန်မတို့ဆုံဖို့ စီစဉ်​​​ထားလို့"

လျန့်ယွဲ့ သက်ပြင်းလေးတစ်ချက်ထုတ်လိုက်သည်။ " ရှောင်ရှောင်၊ ငါနဲ့ ဒီလိုမျိုး လုပ်နေစရာမလိုပါဘူး"

ကျန်းရှောင် ခေတ္တရပ်တန့်လိုက်သည်။ "ဆရာမ လျန့်၊ ဟိုအရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို ကျွန်မသိခဲ့ပြီးပြီ ကျွန်မမွေးဖွားခဲ့တဲ့ အကြောင်းကိုလည်း သိခဲ့ရပြီ"

လျန့်ယွဲ့ အံ့ဩသွားသည်။ "မင်းအဖေက မင်းကို အကုန်ပြောပြလိုက်တာလား"

ကျန်းရှောင် ညင်ညင်သာသာ ပြုံးပြီး အခိုင်အမာပြောလိုက်သည်။ "ကျွန်မ ဆရာမကို စိတ်ဆိုးခဲ့ဖူးတယ် ဒါပေမယ့် အခုတော့ ကျွန်မသဘောပေါက်သွားပြီ။ အနည်းဆုံး ဆရာမက ကျွန်မကို ဘဝတစ်ခုပေးခဲ့တာပဲ"

" ရှောင်ရှောင်" လျန့်လျန့် တုန်တုန်ယင်ယင်အသံနဲ့ ခေါ်လိုက်သည်။

"ဝါးးးး"ကျိုးစစ်မူ ရုတ်​တရက်​ ​ထငိုခဲ့သည်​​။ " ​ခွေးက သားကိုကိုက်​တယ်​!"

ကျန်းရှောင် ချက်ချင်း ငုတ်တုတ်ထိုင်ချလိုက်ပြီး ခေါင်းမှ ခြေဖျားထိ စစ်ဆေးလိုက်သည်။ "ဘယ်နားကို ကိုက်သွားတာလဲ"

" လက်ကို ၊ ဝါးးးး "ကျိုးစစ်မူ ရဲ့ မျက်ရည်တွေက တစ်ပေါက်ပြီး တစ်ပေါက် စီးကျလာခဲ့သည်။

ကျန်းရှောင် တခြားဘာကိုမှ ဂရုမစိုက်တော့ဘဲ သူ့ကိုချီပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။

လျန့်ယွဲ့ နောက်ကလိုက်သွားခဲ့သည်။ "ငါ ဆေးရုံလိုက်ပို့ပေးမယ်"

ကျန်းရှောင် မျက်မှောင်ကြုတ်ကာ ကားသော့ကို သူမဆီ အမြန်ပေးလိုက်သည်။

ကျိုးစစ်မူကတော့ အလွန်စိတ်မကောင်းဖြစ်နေပြီး တင်းတင်းကျပ်ကျပ် မျက်နှာထားဖြင့် ရှိနေသည်။ ကျန်းရှောင်က သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးခဲ့သည်။ "အဆင်ပြေသွားမှာပါ။ ဆေးထိုးလိုက်ရင် အဆင်ပြေသွားမှာ"

"ဒါပေမယ့် သား ဆေးမထိုးချင်ဘူး"

ကျန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ "ဆေးထိုးတာက မနာပါဘူး " ခဏနေတော့ သူမရဲ့ဖုန်းမြည်လာသည်။ "အဖေ ခေါ်နေတာ"

"မေမေ၊ ကျေးဇူးပြုပြီး သား ခွေးကိုက်ခံရတယ်ဆိုတာ ဖေဖေ့ကို မပြောပါနဲ့၊ သူ သားကို ဝေဖန်လိမ့်မယ်"

ကျန်းရှောင်ရဲ့ နှလုံးသားထဲ နာကျင်သွားသလို ခံစားလိုက်ရသည်။ "စစ်မူ၊ ဒါက မတော်တဆဖြစ်တာ ဖေဖေက သားကို ဝေဖန်မှာ မဟုတ်ဘူး"

သားဖြစ်သူကို ခွေးကိုက်ခံရကြောင်းကြားသောအခါ ကျိုးရှို့လင်း ပြောလိုက်သည်။ "ကိုယ် လျန့်နန် ကိုသွားနေတယ်၊ ​​ခဏနေရင် ဆေးရုံမှာတွေ့မယ်"

"ကောင်းပြီ၊ ကျွန်မတို့ ရှင့်ကို ဆေးရုံမှာ စောင့်နေမယ်။ ကားကို ဂရုစိုက်မောင်းလာခဲ့ဦး"

All Chapters