အခန်း (၁၀၄)
Vol. 8 Ch. 104
စုန့်ယိဝမ် အမြန်ရောက်ချလာပြီး ကျန်းရှောင်ကိုမြင်တော့ သူ့ရဲ့အံ့သြမှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ဘာဖြစ်ခဲ့တာလဲလို့ သူ မမေးဘူး။ "ယန်ယန် ဘယ်လိုနေလဲ"
ကျန်းရှောင်က သူမရဲ့အခြေအနေကို ရှင်းပြခဲ့သည်။
စုန့်ယိဝမ်ရဲ့ မျက်နှာက အနည်းငယ်ဖျော့တော့သွားခဲ့သည်။ "သူမ အဆင်ပြေသလောက်ပေါ့"
"မေ့ဆေးပြေပြီးရင် ညည့်နက်တဲ့အထိ သူမ မနိုးလာနိုင်ဘူးလို့ ဒေါက်တာက ပြောတယ်။"
"ကျွန်တော် သူမနဲ့ဒီမှာရှိနေပေးမယ်" စုန့်ယိဝမ် စိုးရိမ်တကြီး ကြည့်လိုက်သည်။
မေမေနဲ့ ဖေဖေ ကျိုးက စုန့်ယိဝမ်ကို တွေ့တော့ တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြခဲ့ကြသည်။
ထိုရက်မှာ စုန့်ယိဝမ်က ယန်ယန်နဲ့ ဆေးရုံတွင် နေခဲ့သည်။
ယန်ယန် နိုးလာတော့ သူမ၏ စိတ်ခံစားမှုတွေက ကမောက်ကမဖြစ်ကာ ကြေကွဲဖွယ်ရာများစွာ ခံစားခဲ့ရသည်။ မေမေကျိုးက ၎င်းကို မထိန်းထားနိုင်ဘဲ ဖေဖေကျိုး၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။
ကံကောင်းစွာနဲ့ပဲ စုန့်ယိဝမ်က သူမကို စိတ်တည်ငြိမ်အောင် ထိန်းပေးနိုင်ခဲ့သည်။
ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ သူမဆီ ထပ်လာရောက်တဲ့အခါ ယန်ယန်ရဲ့ စိတ်ခံစားမှုတွေက တည်ငြိမ်နေပြီဖြစ်သည်။ စကားသိပ်မပြောပေမယ့် အရင်ကလို ဒေါသမထွက်တော့ဘူး။
"အစ်ကို၊ ညီမ နေကောင်းနေပါပြီ" လို့ တိုးတိုးလေးပြောပြီး ကျန်းရှောင်ကို ကြည့်လိုက်သည်။ "ယိဝမ်၊ ကျွန်မ ရှင့်ကို မမိတ်ဆက်ပေးရသေးဘူး။ ကျန်းရှောင်က ကျွန်မရဲ့ယောက်မ"
ဒါ ယန်ယန်က သူမကို ယောက်မလို့ ပထမဆုံးအကြိမ် ခေါ်လိုက်တာ။
ကျန်းရှောင် အနည်းငယ် မှင်သက်သွားရသည်။
စုန့်ယိဝမ်က ကျန်းရှောင်ကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ "အဲဒါကို မမျှော်လင့်ထားဘူး။ အစ်မက သူဌေးရဲ့ဇနီးပဲ!"
သူဌေးရဲ့ဇနီး-
ကျန်းရှောင် ရှက်သွားသည်။
ယန်ယန်၏ နှုတ်ခမ်းတွေ ဖျတ်ခနဲ ပြုံးသွားသည်။ "ဒီအသုံးအနှုန်းက စိတ်ဝင်စားဖို့ကောင်းသားပဲ"
ကျိုးရှို့လင်းက သူမကို ဒီလိုမြင်လိုက်ရတော့ သူ့တင်းကြပ်နေတဲ့ နှလုံးသားက နောက်ဆုံးတွင် ပြေလျော့သွားခဲ့ရသည်။ "မင်း ကောင်းကောင်း အနားယူလိုက်ဦး"
"အစ်ကို၊ မူမူ ကော"
ကျန်းရှောင် လည်ချောင်း ရှင်းလိုက်သည်။ "သူဒီနေ့ကျောင်းတက်နေတာ၊ ရက်အနည်းငယ်ကြာရင် သူ့ကိုခေါ်လာဖို့စီစဉ်ထားတယ်"
ယန်ယန် တခဏမျှ တုံ့ဆိုင်းသွားသည်။ "ထားလိုက်ပါတော့။ သူ့ကို ဒီကို မခေါ်လာနဲ့၊ သူ ညီမကို ကြောက်သွားမှာ ကြောက်တယ်"
"သူကြောက်မှာ မဟုတ်ဘူး" ကျန်းရှောင် အခိုင်အမာပြောလိုက်သည်။
ယန်ယန် ကုတင်ပေါ် မှီလိုက်သည်။ "ကျွန်မ အိပ်မက်မက်နေသလို ခံစားရတယ်၊ နိုးလာတဲ့အခါ အရာအားလုံးက မတူတော့ဘူး"
စုန့်ယိဝမ် သူမရဲ့ခေါင်းကို ပုတ်လိုက်သည်။ "ဘာကိုမတူတာလဲ။ မင်းက မင်းပဲ၊ ကိုယ်က ကိုယ်ပဲလေ"
ယန်ယန်က ဘာမှပြန်မပြောခဲ့ပေ။
ထိုအချိန်တွင် လူနာခန်းထဲ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ကျင်းရှု့ရန်က တံခါးကို တွန်းဖွင့်လိုက်သည်။
ယန်ယန် မေးလိုက်သည်။ "ရှု့ရန် နင် ဘာလို့ဒီကိုလာတာလဲ"
ကျင်းရှု့ရန် ပြောလိုက်သည်။ "နင် ဒဏ်ရာရသွားတယ် ကြားလို့။ အခု နင်သက်သာလာပြီလား"
ယန်ယန် ပြန်ဖြေလိုက်သည်။ "ငါ ကံကောင်းပြီး ငါ့အသက်ကို ဆက်ထိန်းထားနိုင်ခဲ့တာ"
ကျင်းရှု့ရန် စိုးရိမ်နေပုံရသော်လည်း ဘာပြောရမှန်းမသိခဲ့ပေ။ အထူးသဖြင့် ကျိုးရှို့လင်းကို ဒီမှာတွေ့နေရတော့ ဘီ မြို့တော်က အဲဒီညကို တွေးတောင် မတွေးဘဲမနေနိုင်တော့ပေ။
ကျိုးရှို့လင်းကို ဘယ်လိုတောင်းပန်ရမှန်းတောင် မသိဘဲ သူမ အဆင်မပြေဖြစ်နေသည်။ သူမက သူ့ကိုတောင် ဖက်ထားပြီး သူမက အစ်ကိုကြီး ကျိုး အပေါ်မှာ ပေါ့ပြတ်ပြတ်နိုင်ခဲ့ပုံရသည်။
လူနာခန်းအတွင်းရှိ လေထုက အနည်းငယ် လေးလံသည်။ ထိုအချိန်တွင် ဆရာဝန်နှင့် သူနာပြုတွေ ဝင်လာပြီး ကျန်တဲ့လူတွေ ဘေးဖယ်ပေးလိုက်ကြသည်။
ကျင်းရှု့ရန် တိတ်တဆိတ် ထွက်သွားလိုက်သည်။ "မမ၊ ကျွန်မ..."
ကျန်းရှောင် နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒီနေ့ မမတို့အားလုံး ဒီကိုရောက်နေမှန်း ကျွန်မ မသိဘူး" ကျင်းရှု့ရန် နှုတ်ခမ်းစူကာ မှုန်ကုပ်ကုပ်နဲ့ပြောလိုက်သည်။ "ညီမက ယန်ယန်ကိုပဲ တွေ့ဖို့လာခဲ့တာ"
"ငါသိတယ်" လို့ ကျန်းရှောင် ပြောလိုက်သည်။
ကျင်းရှု့ရန်က ကျိုးရှို့လင်းကို မြင်တော့ ရှင်းရှင်းလင်းလင်း ရှက်ရွံ့စွာ ရေရွတ်လိုက်သည်။ ရှက်ကိုးရှက်ကန်း ဖြစ်ရုံအပြင် သူမလည်း ဝမ်းနည်းသလို ခံစားရသည်။ တစ်ချိန်က သူမ ကျိုးရှို့လင်းကို အရမ်းချစ်ခဲ့သည်။
"အစ်ကိုကျိုးလည်း ဒီရောက်နေတာပဲ" သူမ စကားပြောပြီးတာနဲ့ နံရံကို ထုရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ တစ်လကျော်လောက်ရှိပြီ။ အေးအေးဆေးဆေးနေဖို့ အချိန်အတော်ကြာအောင် အချိန်ပေးခဲ့ပေမယ့် သူ့ကို မြင်လိုက်တာနဲ့၊ သူမ ရှုံးနေတုန်းပဲ။
ကျိုးရှို့လင်းက စိတ်ကိုဆက်ထိန်းထားခဲ့သည်။ "ရှု့ရန်၊ ယန်ယန်ကို လာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းတို့နှစ်ယောက်က ဆက်ဆံရေးကောင်းကြတယ်။ မင်းအချိန်ရရင် သူမကိုစကားပြောပြီး နှစ်သိမ့်ပေးလိုက်ဦး"
ကျင်းရှု့ရန် သိသိသာသာ စိတ်အေးလက်အေးဖြစ်သွားသည်။ "အစ်ကို ကျိုး စိတ်ချပါ!"
ကျိုးရှို့လင်း ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရှောင်ကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ကိုယ်နေ့လည်ကျရင် အစည်းအဝေးရှိတယ်။ ညနေကျရင် ဒင်နာပွဲရှိတယ်"
"ရှင် မြန်မြန်သွားတော့လေ နောက်မကျစေနဲ့" ဒီရက်ပိုင်း သူတော်တော် အလုပ်ရှုပ်နေပြီး ကုမ္ပဏီမှာ အလုပ်တွေ အများကြီး ပုံနေကာ သူ ကောင်းကောင်း အနားယူ မနေရပေ။ ယန်ယန်အတွက် ဖြစ်ပျက်ခဲ့တာတွေအတွက် သူ့မှာ အပြစ်ရှိသလို ခံစားနေရသည်။
ကျန်းရှောင်က သူ့ရဲ့ဆိုလိုရင်းကို နားလည်ပြီး ယန်ယန်ကို ဖျော်ဖြေရေးနယ်ပယ်ထဲကို ၀င်ခွင့်မပြုဖို့ သူ အတင်းအကြပ် ပြောခဲ့မယ်ဆိုရင် ဒါက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
"ဒီည အရက်တွေ အရမ်းကြီး မသောက်လာနဲ့နော်"လို့ သူမ စိတ်ပူပြီး ထပ်ပြောလိုက်သည်။
ကျိုးရှို့လင်းက သူမစိုးရိမ်ပေးနေတာကို မထိန်းနိုင်ဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့ကြားထဲမှာ ရင်းနှီးတဲ့ အမူအရာတွေ မရှိပေမယ့် သူတို့ကြားထဲ ဘယ်သူမှ ဝင်လာလို့မရနိုင်ဘူးလို့ ခံစားရစေသည်။
စကားပြော ပြီးတာနဲ့ သူထွက်သွားခဲ့သည်။ ကျင်းရှု့ရန် ပို၍ သက်တောင့်သက်သာ ဖြစ်လာတာကို ခံစားရပြီး သူမ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"မမ၊ မမက The Most Beautiful Talent Manager မှာ ပါမယ်လို့ ကြားတယ်"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။
"နောက်ဆုံး လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်က ကျိုးရှို့လင်းလား"
ကျန်းရှောင် - "....."
ကျင်းရှု့ရန် ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "မမရဲ့ယောက်ျား ပေါ်လာဖို့ လူတိုင်းက မှန်းဆနေကြတယ်လို့ Weibo မှာ တွေ့လိုက်ရတယ်"
ကျန်းရှောင် အမှန်အတိုင်းပြောလိုက်သည်။ "တကယ်တော့ ငါ ကိုယ်စားလှယ်လောင်းအတွက် မဆုံးဖြတ်ရသေးဘူး"
"ဒါပေမယ့် မမယောကျ်ားရဲ့ အထောက်အထားကို တခြားသူတွေကို မပြချင်ဘူးလား"
"သူများတွေသိသွားရင် ဘယ်လိုကွာခြားသွားမှာမလို့လဲ။ ငါတို့က ငါတို့ရဲ့ဘဝတွေကို အတူယှဥ်တွဲနေထိုင်နေကြတဲ့ အတွဲတွေပဲလေ "
ကျင်းရှု့ရန် တိတ်ဆိတ်သွားသည်။ “အစ်ကိုကပြောတယ် ညီမက ဖန်လုံအိမ်ထဲမှာ နှင်းဆီတစ်ပွင့်တဲ့၊ မမကကျတော့ တိဘက် ကုန်းပြင်မြင့်က ပန်းတစ်ပွင့်တဲ့။ နောက်ဆုံးတော့ သူဘာကိုဆိုလိုတယ်ဆိုတာ ညီမ နားလည်သွားပြီ။ မမ၊ ညီမ မူမူနဲ့ တွေ့ဖူးတယ်။ သူက တကယ် ချစ်စရာလေး " ကျိုးရှို့လင်းရဲ့သားက မွေးစားထားတာဖြစ်နိုင်တယ်လို့ သူမဘာလို့များ တုံးအပြီး ယုံခဲ့တာလဲမသိဘူး။
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "မင်း သူ့ကိုကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်" ကျင်းရှု့ရန် သူမရဲ့သားကိုတွေ့တဲ့အခါ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူမ စိတ်ပူနေခဲ့တာ။
ကျန်းရှောင် နှုတ်ခမ်းကို ဖိကာ သက်ပြင်းချလိုက်သည်။ ဒါရိုက်တာ ကျင်းနဲ့ လျန့်ယွဲ့က ကျင်းရှု့ရန်လို သမီးလေးမျိုးကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ကြတာလဲ။
"မမ-" ကျင်းရှု့ရန်က သူမ အတွေးထဲပျောက်နေတာကိုမြင်တော့ တိုးတိုးလေး ခေါ်လိုက်သည်။
ကျန်းရှောင်လည်း သူမကို ဘာပြန်ပြောရမှန်းမသိပေ။သူမ စိတ်တည်ငြိမ်အောင်လုပ်ပြီး ပြောလိုက်သည်။
“အခုချိန်ထိ ငါ့ရဲ့ယောက္ခမနဲ့ ယောက္ခထီးက ငါ့အမေအရင်းက ဘယ်သူလဲဆိုတာ မသိကြသေးလို့ ငါအဲ့တာကို သူတို့ကို ရှင်းပြဖို့ ရည်ရွယ်ချက်မရှိဘူး”
"သိပါတယ်။ ဒါပေမယ့် မမရဲ့အမေကို ရှာချင်တာကြောင့် ဒီလုပ်ငန်းကို ဝင်ခဲ့တာလား။ အခုဘာလို့ ပြောင်းလိုက်တာလဲ" လို့ ကျင်းရှု့ရန် မေးလိုက်သည်။
"အဲ့တာက ငါအရင်က မသိခဲ့လို့။ ငါ သိခဲ့မယ်ဆိုရင် ဒီလမ်းကို ငါရွေးချယ်မှာ မဟုတ်ဘူး" ဟု ကျန်းရှောင် က ဝမ်းနည်းပူဆွေးနေတဲ့ အရိပ်အမြွက်ဖြင့် ပြောလိုက်သည်။
"အရင်က ငါ ခံစားခဲ့ရတဲ့ စိတ်ခံစားချက်တွေကို နင် နားလည်မှာမဟုတ်ဘူး" လျန့်ယွဲ့ သည် သူမ၏ မိခင်မေတ္တာအားလုံးကို ကျင်းရှု့ရန်အား ပေးခဲ့ပြီး ကျန်းရှောင်မှာတော့ တစ်ခါလေးမှ မရရှိခဲ့ပေ။
ဒီမကျေနပ်ချက်က သူမ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေပြီး လျန့်ယွဲ့ကို ခွင့်လွှတ်ပေးမယ်လို့ မဆိုလိုချေ။
ဒဏ္ဍာရီပုံပြင်များဖတ်ရင်း ကြီးပြင်းလာခဲ့သည့် ကျင်းရှု့ရန် သည် ကျန်းရှောင်၏ ကွဲလွဲနေသောခံစားချက်များကို အမှန်တကယ် နားမလည်နိုင်ခဲ့ပေ။
သူမသည် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပြန်လည်ဆုံစည်းလိုသည့် ဆန္ဒရှိနိုင်သော်လည်း အနှစ်နှစ်ဆယ်ကျော် ကွဲကွာနေသော ခံစားချက်များကို ရိုးရှင်းသောသားအမိ၏ အသိအမှတ်ပြုမှုဖြင့် ဖြေရှင်းနိုင်ပါ့မလား။
လက်တွေ့လောကမှာ လွယ်ကူတဲ့ အဖြေတစ်ခုမှ မရှိချေ။
ကျန်းရှောင်က သစ်သားနဲ့လုပ်ထားတာ မဟုတ်ပေ။
ကျင်းရှု့ရန်သည် ထိုနေ့တွင် မှေးမှိန်သွားကာ လျန့်နန်ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့သို့ သူမကိုယ်တိုင် ကားမောင်းသွားခဲ့သည်။
ထိုအချိန်တွင် လျန့်ယွဲ့က လေ့ကျင့်ရေးစခန်းက အတန်းကိုသွားရန် အချိန်ရသော်လည်း အချိန်အကန့်အသတ်ကြောင့် ကျင်းရှု့ရန်နှင့် တွေ့ဆုံဖို့ အခွင့်အရေးက ရှားသည်။
"ဘာလို့ ဒီနေ့ အမေ့ကို လာတွေ့တာလဲ " လျန့်ယွဲ့ ၏ လေသံက နူးညံ့သည်။
ယခင်က တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော ကျင်းရှု့ရန်မှာ ယခုတစ်ကြိမ်နှင့် အနည်းငယ် ကွဲပြားသည်။ အသက်ပြင်းပြင်းရှူပြီးနောက် သူမ ပြောလိုက်သည်။ "ယန်ယန်ကို တွေ့ဖို့ လာတာ"
"သူမဒဏ်ရာက တော်တော်ပြင်းထန်တယ်လို့ကြားတယ်။ အခုဘယ်လိုနေသေးလဲ" အရေပြားဒဏ်ရာတွေက လူတစ်ဦး၏ အသက်ကို ထိခိုက်စေနိုင်သောကြောင့် အရေးပါသော ပြဿနာတစ်ခုဖြစ်နိုင်သည်။
"သူမက စိတ်အခြေအနေ ပိုကောင်းလာတယ်" ကျင်းရှု့ရန် ခဏရပ်တန့်လိုက်သည်။ "မေမေ၊ ဆေးရုံမှာ မမနဲ့တွေ့ခဲ့တယ်"
လျန့်ယွဲ့ သူမ၏ စိတ်တည်ငြိမ်မှုကို ထိန်းထားသည်။ "ယန်ယန်က သူမရဲ့ယောက်မလေ သူမ အဲ့နေရာမှာ ရှိနေတာက ပုံမှန်ပါပဲ"
ကျင်းရှု့ ၏ လေသံက ပို၍ အရေးတကြီး ဖြစ်လာသည်။ "မေမေ၊ မေမေ ဘာလို့ အေးအေးဆေးဆေး နေနေတာလဲ၊ မေမေနဲ့ သမီးရဲ့မမ ကြားက ဘယ်လိုအရာတွေရှိနေတာလဲ"
လျန့်ယွဲ့ ကကျင်းရှု့ရန် ရဲ့ ခေါင်းကို ပုတ်ဖို့ သူမရဲ့လက်ကို မြှောက်လိုက်သည်။ "သူမကို တွေ့တဲ့အခါကျရင် သူမရဲ့သဘောထားကို သမီးသိသင့်တယ်။ အမေက မလိုချင်လို့ မဟုတ်ဘူး၊ ဒါပေမယ့် အမေ့ အပေါ် ကျန်းရှောင် ရဲ့သဘောထားကို သမီး ခန့်မှန်းလို့ရတယ်"
"ဒါက မေမေ ဘယ်တုန်းကမှ မကြိုးစားခဲ့လို့လား"
"အမေက ရလဒ်ကိုသိတယ်။ ရှု့ရန်၊ သူမအတွက် အကောင်းဆုံးဖြစ်အောင် အမေကြိုးစားပါ့မယ်"ကျိုး မိသားစု၏ နောက်ခံကြောင့် ကျန်းရှောင် များစွာမလိုအပ်ကြောင်းကို လျန့်ယွဲ့ လည်း နားလည်သည်။
ကျင်းရှူ့ရန် သူမ၏ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူမရဲ့အမေက သူမရဲ့မမကို သူမရဲ့သမီးလို့ တကယ်ပဲ သတ်မှတ်ထားရဲ့လား။
"သမီး အမြဲတမ်း လျန့်နန်ကို လာလည်ပြီး ဓာတ်ပုံရိုက်ချင်ခဲ့တာ မဟုတ်လား။ သမီးရဲ့ကင်မရာကို ယူလာခဲ့တာလား။ မနက်ဖြန် လည်ပတ်ဖို့အတွက် သမီးကို တစ်ယောက်ယောက်ကို စီစဉ်ပေးခိုင်းလိုက်မယ်"
"မလိုပါဘူး"ကျင်းရှု့ရန် မဝံ့မရဲပြန်ဖြေလိုက်သည်။ "သမီးကိုယ်တိုင်ပဲ လမ်းလျှောက်သွားချင်တယ်"
"ရှု့ရန်၊ သမီး ဘာတွေတွေးနေလဲဆိုတာ အမေ သိတယ်။ အဲ့ဒီအချိန်က အခြေအနေတွေကြောင့် ကျန်းရှောင်အပေါ်မှာ အမေ အကြင်နာမဲ့တယ်လို့ သမီး ထင်နေလိမ့်မယ်။ အမေ လျစ်လျူရှုနေတာ မဟုတ်ဘူး၊ အမေ့ရဲ့နောက်ခံကိုက ဒီလိုပဲ။ ပြီးတော့ အောင်မြင်ဖို့ အမေ့ရဲ့ အတိတ်ကို လျှို့ဝှက်ထားရမယ်။ အမေ့မှာ တခြားရွေးချယ်စရာမရှိဘူး"
"မေမေ၊ ထပ် မပြောပါနဲ့တော့..." ကျန်းရှောင် ဘာကြောင့် ဒီလောက် ဇွဲမလျှော့နိုင်သည်ကို သူမ သိလိုက်သည်။ သူမရဲ့အမေက အသည်းမာနေတာ မဟုတ်ဘူး၊ သူမရဲ့အမေက တကယ့်ကို ရက်စက်လွန်းတာကြောင့်ပါ။
ပြီးတော့ သူမ ဘာလုပ်နိုင်မှာတဲ့လဲ။