အခန်း (၇၄)
Vol. 6 Ch. 74
သူမ လက်ဖက်ရည် ပူပူလေးသောက်ဖို့ ခေါင်းငုံ့ထားရင်း ရင်ဘတ်ထဲက အအေးဓာတ်က နွေးနွေးလေးဖြစ်လာသည်။
ဒီနှစ်တွေအတွင်းမှာ သူမ အရမ်းပြောင်းလဲသွားပြီ။
သူမသည် တစ်ချိန်ကလို မခံချိမခံသာ ဖြစ်စရာကောင်းတဲ့ မိန်းကလေး မဟုတ်တော့ပေ။
လျန့်ယွဲ့၏ စိတ်ခံစားချက်တွေက ခံစားချက်အမျိုးမျိုး ရောနှောနေသည်။ "မင်းအကြောင်း ငါမသိဘူး......"
ကျန်းရှောင် မိမိကိုယ်ကို လှောင်ပြောင် သရော်မိတာကို ခံစားလိုက်ရသည်။ ဟုတ်ပါတယ်လေ ရှင် ကျွန်မကို မေ့နေပြီးသားပဲ။ ရှင့်ရဲ့နှလုံးသားက ရှင့်ရဲ့တခြားသမီး၊ ရှင့်ခင်ပွန်း၊ ရှင့်မိသားစုနဲ့ အတူ ရှိနေတာပဲ။ ရှင့်ဆီမှာ အတိတ်ကို လွမ်းဆွတ်တဲ့ အရိပ်အယောင်တွေ ရှိခဲ့မယ်ဆိုရင်တောင် ကျွန်မကို မြင်တွေ့နေရတဲ့ အချိန်တိုင်းမှာ သံသယမဝင်ခဲ့တာ ဘာကြောင့်လဲ။
လျန့်ယွဲ့ အကြောင်းအရာများစွာကို စဉ်းစားနေခဲ့သည်။ ကျန်းရှောင် ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ရောက်လာမှုနှင့် သူမကိုယ်တိုင်ကြားမှာ ဆက်စပ်မှုရှိရမည်။ ငါ့ကိုရှာဖို့ သူမ ဒီမှာရှိနေတာလား။ " ရှောင်ရှောင် တကယ်တောင်းပန်ပါတယ်"
ကျန်းရှောင်က စိတ်ခံစားချက် ကင်းမဲ့သူ မဟုတ်ပေမယ့် လျန့်ယွဲ့ ရဲ့တောင်းပန်မှုကြောင့် သူမကို အကျိုးသက်ရောက်မှုမရှိခဲ့ချေ။ ရိုးရှင်းတဲ့ တောင်းပန်မှုလေးက ဘာမှမပြောင်းလဲနိုင်ဘူး သူမက ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။
“ကျွန်မ နားလည်နိုင်လောက်တဲ့ အရွယ်ကတည်းက စပြီး ကျွန်မက တခြားကလေးတွေနဲ့ မတူဘူးဆိုတာ သိလိုက်ရတယ်။ ကျွန်မှာ အမေ မရှိဘူး။ အဖေ့ကို အမေ ဘယ်မှာလဲလို့ မေးခဲ့ဖူးတယ်။ သူက အမေက ဆုံးသွားပြီလို့ပြောတယ်။ အဲဒီတုန်းက ကျွန်မ ငယ်ငယ်လေးဆိုတော့ အမေက အဝေးတစ်နေရာကို ထွက်သွားတာလို့ပဲ ထင်ခဲ့တာ အမေပြန်လာလိမ့်မယ်လို့ ကျွန်မ အမြဲယုံကြည်ထားခဲ့တယ်။ စာတွေမလုပ်ချင်ပေမယ့် ကျောင်းမှာ ကောင်းကောင်းတော့လုပ်ရမယ်လေ။ အမေပြန်လာရင် အမေ့ကို ပျော်သွားအောင်လုပ်ဖို့အတွက် ဆုတွေ လိုချင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အတန်းဖော်က ဆုရတိုင်း သူ့အမေက သူ့ကို ဆုချတယ်။ နောက်တော့ 'ဆုံးသွားပြီ ' ဆိုတာရဲ့ အဓိပ္ပါယ်ကို နားလည်လာတယ်။ အဲ့နောက်မှာတော့ လွမ်းဆွတ်တမ်းတတာနဲ့ ဆုတွေ လိုချင်တဲ့စိတ်ကို ရပ်တန့်ပစ်လိုက်တယ် "
ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ "တကယ်တော့ အဖေပေးတဲ့ ရှင်းပြချက်ကို ကျွန်မ အမြဲယုံကြည်ခဲ့မိတယ်"
လျန့်ယွဲ့ မျက်လုံးတွေက နီရဲနေပြီး သူမ ဝမ်းနည်းမှုကြောင့် သူမအလှက တောက်ပနေသည်။ အချိန်က သူမကို ကောင်းမွန်စွာ ကုသခဲ့သည်။ သူမရဲ့အသက်အမှန်ကို သူမ လုံးဝမကြည့်ခဲ့ဘူး။
ကျန်းရှောင် သူမအဖေဖြစ်သူ၏ တကယ့်အသက်အရွယ်ထက် ဆယ်နှစ်ကျော်နေတဲ့အကြောင်း တွေးနေမိသည်။
လျန့်ယွဲ့ ခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ သူမ အသံကို ရှာတွေ့သွားခဲ့သည်။ " ရှောင်ရှောင်၊ အခုငါ့ရဲ့ရှင်းပြချက်တွေ အားလုံးက အချည်းနှီးဖြစ်မယ်ဆိုတာ ငါသိပါတယ်။ ငါလည်း ချုပ်ခြယ်ခံခဲ့ရတယ်လို့ပဲ ပြောနိုင်တယ်"
အခြေအနေအရ မလုပ်ချင်တာကို လုပ်နေရတာ ....
ထိုစကားလေးလုံးက မည်သည့်အရာအတွက်မဆို တရားမျှတမှု ဖြစ်လာနိုင်သည်။
ပကာသနပဲဖြစ်ဖြစ်၊ ကျော်ကြားမှုအတွက် ပဲဖြစ်ဖြစ်၊ပိုက်ဆံအတွက်ပဲဖြစ်ဖြစ်။
လူတိုင်းမှာ သူတို့ကိုယ်ပိုင် ရုန်းကန်မှုတွေ ရှိကြသည်။
ကျန်းရှောင် သဘောပေါက်သည်။ သူမအဖေမှာ အဲဒါတွေရှိတယ် ပြီးတော့ သူမမှာလည်း ရှိတယ်၊ ဒါပေမယ့် လျန့်ယွဲ့ ရဲ့ရုန်းကန်မှုတွေကို သူမ မစာနာနိုင်ခဲ့ဘူး..
ကျန်းရှောင် သူမရဲ့ နှုတ်ခမ်းတွေကို ဖိပြီး အသံကို ထိန်းထားခဲ့သည်။ "ဆရာမ လျန့်" သူမအသံက အောနေပြီး မမြင်နိုင်တဲ့ မြှားကျည်တောက်တွေနဲ့ ရောစပ်နေသည်။ သူမရဲ့ အားနည်းချက်ကို သူမကို မပြချင်ဘူး။
"ဒီ ၂၆ နှစ်လောက်အထိ ကျွန်မတို့ ဆရာမကို အနှောင့်အယှက် မပေးခဲ့ဘူး၊ အနာဂတ်မှာလည်း ဆရာမကို အနှောင့်အယှက် ပေးမှာမဟုတ်ဘူး။ ဆရာမက ကျင်းရှု့ရန်ရဲ့အမေပဲ၊
ကျွန်မ အမေရဲ့နာမည်က ဖန်းဝမ်။ ကျွန်မအနေနဲ့ကတော့ ကျွန်မက မန်နေဂျာတစ်ယောက်။ ကျွန်မ ဆရာမနဲ့ နောက်ထပ် ဘာပတ်သက်မှု မရှိတော့ဘူးလို့ ကတိပြုပါတယ်"
ဤအရာအားလုံးကို ပြောပြီးနောက် သူမရဲ့ စိတ်တည်ငြိမ်မှုကို ကိုယ်တိုင်အံ့သြသွားမိသည်။ သူမ နှလုံးသားက မထင်မှတ် ငြိမ်သက်နေခဲ့သည်။
" ရှောင်ရှောင် "လျန့်ယွဲ့ စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
"ငါက မင်းအမေ ဖြစ်နေတုန်းပါပဲ အခု ငါတို့တွေ့ဆုံပြီးပြီ၊ ငါမင်းကို လျစ်လျူမရှုနိုင်ဘူး"
ကျန်းရှောင် ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ ကျွန်မက ကလေး မဟုတ်တော့ဘူး။ ကျွန်မ အခု ကောင်းကောင်းမွန်မွန် နေနေတယ်"
လျန့်ယွဲ့ လည်ချောင်း ရှင်းလိုက်သည်။ "မင်းအဖေကော အဆင်ပြေရဲ့လား"
ကျန်းရှောင် မျက်လုံးတွေကိုမှေးရင်း လက်ချောင်းတွေကို တင်းတင်းဆုပ်ထားသည်။ "ဆရာမရဲ့စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ သူ အဆင်ပြေနေပါတယ်"
ကျန်းရှောင်က သူမအဖေ၏ ပြင်းပြသောဆန္ဒကို အမွေဆက်ခံခဲ့သည်ကို လျန့်ယွဲ့ ခံစားနိုင်သည်။ သူမရဲ့ ဒီပုံစံက ကျန်းယိနဲ့ တကယ်တူတယ်။ သူမ ထပ်မေးလိုက်သည်။ “အဲဒီကလေးက မင်းနဲ့ ဘယ်လိုတော်လဲ”
ကျန်းရှောင် စိတ်ကိုဆက်ထိန်းထားသည်။ "သူငယ်ချင်းတစ်ယောက်ရဲ့ ကလေးပါ"
"ကလေးက ချစ်စရာကောင်းတယ်"
ကျန်းရှောင်က လျန့်ယွဲ့ ၏ ပဲပင်ပေါက်လေးအတွက် ချီးကျူးတဲ့စကားကို ကြားလိုက်ရသောအခါ သူမခံစားချက်တွေကို ထုတ်ဖော်မပြနိုင်တော့ပေ။ သူမလည်း ဘာပြောရမှန်းမသိခဲ့ပေ။
"မင်း အခု ဟွားရှ မှာ အလုပ်လုပ်နေတာ နှစ်အတော်ကြာနေပြီပဲ၊ ကျိုးရှို့လင်းက လူမှုရေး သိတတ်တဲ့သူတစ်ယောက်ပါ။ ရှောင်ရှောင်၊ တစ်ခုခုလိုအပ်ရင် ငါ့ဆီလာလို့ရတယ်နော် " သူမ အိတ်ထဲမှ ကိုယ်ပိုင်စီးပွားရေးကတ်ပြားကို ထုတ်ယူလိုက်သည်။
ကျန်းရှောင် ရုတ်တရက် ပြုံးလိုက်သည်။ "ပြီးခဲ့တုန်းကလည်း ကျွန်မကို စီးပွားရေးကတ် ပေးခဲ့တယ်၊ ဒါပေမယ့် အဲ့ဒါက ဒီတစ်ခုနဲ့တော့ မတူဘူး"
လျန့်ယွဲ့ ၏ ကိုယ်ရေးကိုယ်တာ အဆက်အသွယ် အချက်အလက်ကို ရရှိရန် မည်မျှ အားစိုက်ထုတ်ခဲ့သည်ကို သူမ သတိရမိသည်။ သူမ အသက်ဆယ့်ရှစ်နှစ်တွင် ကျင်းကျုံးပိုင်၏ ကိုယ်ရေးကိုယ်တာ လက်ထောက်အဖြစ် အလုပ်တစ်ခုအတွက်ပင် အင်တာဗျူးဝင်ခဲ့သည်။
လျန့်ယွဲ့ ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "မင်းကို ပထမဆုံးတွေ့တုန်းက မင်းကို တခြားသူတွေနဲ့ မတူဘူးလို့ ခံစားရတယ်" ဒါပေမယ့် သူမ ထိုအကြောင်းကို တစ်ခါမျှ မတွေးဝံ့ခဲ့ပေ။
ကျန်းရှောင် သူမရဲ့အိတ်ထဲက ဖုန်းတုန်ခါမှုကို ခံစားလိုက်ရသော်လည်း ထုတ်ဖို့ စွမ်းအင်မရှိပေ။ သူမ လျန့်ယွဲ့ကို မျက်စိမှေးပြီးကြည့်လိုက်သည်။
သူတို့ တစ်ချိန်ကတော့ မျက်လုံးတွေ တူကြပေမယ့် လျန့်ယွဲ့က အနည်းငယ် ပြောင်းထားသည်။ သူမ မျက်လုံးထောင့်နားကို ခွဲစိတ်ထားတာကြောင့် ဖြစ်နိုင်သည်။
ကျန်းရှောင်က သူမ၏ မိဘနှစ်ပါးလုံးနှင့် ရုပ်ချင်းဆင်သော်လည်း သူမ မျက်ခုံးနှင့် မျက်လုံးတွေက လျန့်ယွဲ့နဲ့ အလွန်တူသည်။
"ဒါက ကျွန်မတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုမဟုတ်ဘူး" သူမဘာကြောင့် ဒါကိုပြောတာလဲဆိုတာကို သူမ မသိဘူး၊ သူမ နှလုံးသားထဲတွင် နာကြည်းမှုအချို့ ရှိသေးသည်။
လျန့်ယွဲ့ က သူမရဲ့စကားလုံးတွေနောက် ဂရုတစိုက်လိုက်ပြောခဲ့သည်။ "မင်း ငါ့ကို ဘယ်တုန်းက ပထမဆုံးတွေ့ဖူးတာလဲ"
ကျန်းရှောင် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမရဲ့အသံက ဝေးကွာနေသည်။ "ဟိုးအရင်တုန်းကဆိုတော့ ကျွန်မမေ့သွားပြီ "
သူမရဲ့ဖုန်းက မြည်နေတော့ သူမ ဖုန်းကိုထုတ်လိုက်ပြီး ကျိုးရှို့လင်း ခေါ်နေတာ တွေ့လိုက်ရသည်။
"ဆရာမ လျန့် ကျွန်မမှာ လုပ်စရာလေးရှိနေသေးလို့။ ကျွန်မ အရင်ပြန်နှင့်လိုက်ပါဦးမယ် " သူ ယဥ်ကျေးစွာ မတ်တပ်ရပ်လိုက်သည်။
" ရှောင်ရှောင်" လျန့်ယွဲ့ သူမကို နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။
ကျန်းရှောင် မဆိုင်းမတွနဲ့ တံခါးဆီ လျှောက်သွားခဲ့သော်လည်း ရုတ်တရက် သူမ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။
"ဆရာမ လျန့်၊ ကျွန်မတို့ ဒီတံခါးကနေ ထွက်လိုက်ပြီဆိုတာနဲ့ ဒီနေ့ရဲ့တွေ့ဆုံမှုက ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဟန်ဆောင်လို့ရတယ်။ ဆရာမက ဆရာမပဲ ဖြစ်နေမှာ၊ ကျွန်မလည်း ကျွန်မပဲ ဖြစ်နေမှာ"
ဒီလိုပြောပြီးတာနဲ့ သူမ အမြန်ထွက်သွားခဲ့သည်။
အခုတော့ သူမ ဘာမှားယွင်းနေတာကိုမှ မခံစားရတော့ဘဲ မျက်ရည်တစ်စက်တောင် မကျနိုင်တော့ပေ။
သိသာထင်ရှားစွာပဲ သူမနှလုံးသားက မသိလိုက်ရဘဲ အလွန်သန်မာလာခဲ့သည်။ အချိန်က အရာအားလုံးကို ချောချောမွေ့မွေ့ ဖြစ်သွားစေခဲ့တာ၊ ဒါမှမဟုတ် ကျိုးရှို့လင်းနဲ့ ပဲပင်ပေါက်လေးတို့က သူမဘဝကို ဖြည့်ပေးခဲ့တာဖြစ်နိုင်သည်။
တစ်ချိန်က သူမရဲ့ပျောက်ဆုံးသွားခဲ့တဲ့ အရာတွေကို ယခုအခါ မတူညီသောနည်းဖြင့် လျော်ကြေးပေးခဲ့သည်။
ကျန်းရှောင် လက်ဖက်ရည်ဆိုင်က ထွက်လာပြီးမှ ငွေရှင်းဖို့ သတိရသွားသည်။ အာ၊ သူမက တကယ်ကို နှလုံးသားကြီးတာပဲ။
အပြင်ဘက်မှာ နေရောင်ခြည်က တောက်ပနေသည်။ အံ့သြစရာကောင်းလိုက်တာ။
သူမ ကျိုးရှို့လင်းကို ပိတ်ရက်မှာ တိရစ္ဆာန်ရုံဆီ ပဲပင်ပေါက်လေးကို ခေါ်သွားဖို့ အကြံပြုချင်သည်။
စူးရှတဲ့ နေရောင်ခြည်ကနေ မျက်လုံးတွေကို ကာဖို့ လက်မြှောက်လိုက်ပြီး သူမရဲ့ စိတ်ထဲမှာ မှတ်ဉာဏ်တွေက ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။
သူမ လျန့်ယွဲ့ ကို ပထမဆုံး အကြိမ်တွေ့ဖူးတဲ့အချိန်က သူမ၏ နှစ်သစ်ဆောင်းရာသီ အားလပ်ချိန်မှာဖြစ်သည်။ သူမ အဖျားကြီးနေပြီး ကျောက်ရှင်းရန်က သူမကို ဆေးရုံဆီ ခေါ်ဆောင်သွားသောအခါ လျန့်ယွဲ့၏ ဇိမ်ခံကားက သူမတို့ဘေးမှ ဖြတ်သွားခဲ့သည်။
ရှင်းရန်က မနာလိုအားကျစွာကြည့်ခဲ့သည်။ "ဒါ လျန့်ယွဲ့ ရဲ့ကား၊ ဝိုး ဇိမ်ခံကားပဲ!" ထို့နောက် သူမ ရည်မှန်းချက်ကြီးစွာဖြင့် ပြောခဲ့သည်။
"ကျန်းရှောင်၊ ငါလည်းအနာဂတ်မှာ ဒီလိုမျိုး ဇိမ်ခံကားစီးနိုင်ရမယ် "
သူမရဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေက အနည်းငယ်ဟသွားသည်။ "နင် လုပ်နိုင်မှာပါ။ ဆက်ကြိုးစားထား"
သူမ လှည့်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ လျန့်ယွဲ့က လက်ရှိမှာ ကလေးမလေးတစ်ဦး၏ အဝတ်အစားများကို ညှိပေးနေကာ ချစ်ခင်ကြင်နာမှု အပြည့်ဖြင့် ကူညီနေသည်။ နောက်ဘက်က ထိုမိန်းကလေးက ကျင်းရှု့ရန် ဖြစ်နိုင်သည်။
နောက်ပိုင်းနှစ်တွေကြာလာတဲ့အခါ ဘယ်သူက ကြိုမြင်နိုင်မှာလဲ၊ ကျောက်ရှင်းရန်က ကျန်းရှောင်လိုပဲ သူမ လိုချင်ခဲ့တဲ့အရာတိုင်းကို အမှန်တကယ် အောင်မြင်နိုင်ခဲ့သည်။
အလုပ်ကြိုးစားတဲ့သူတွေက နောက်ဆုံးမှာ ကံကောင်းခြင်းတွေ ရရှိလာလိမ့်မယ်။
ကျန်းရှောင် လမ်းလျှောက်လာရင်း ကျိုးရှို့လင်းရဲ့နံပါတ်ကို နှိပ်လိုက်ပြီး ဖုန်းက အမြန်ဆက်သွယ်သွားခဲ့သည်။ "မစ္စတာ ကျိုး၊ ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးရမလဲ" သူမရဲ့ လေသံက ပေါ့ပေါ့ပါးပါးပင်။
ကျိုးရှို့လင် က သူ့ပုံစံအတိုင်း ကုလားထိုင်မှာ ငြိမ်ငြိမ် ထိုင်နေသည်။ "မင်းရဲ့ ရုံးနံပါတ်ကို ငါဖုန်းဆက်တော့ မင်းရဲ့လက်ထောက်က မင်းအပြင် ထွက်သွားတယ်လို့ ပြောတယ်"
"ဟုတ်တယ် ဆရာမ လျန့် က ကျွန်မကို စကားပြောဖို့အတွက် ဖိတ်လို့။ အခု စကားပြောလို့ ပြီးသွားပြီ၊ ကျွန်မ ပြန်လာတော့မယ်"
ကျိုးရှို့လင်း သူ့ရှေ့က စာရွက်စာတမ်းတွေကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
ကျန်းရှောင် - "ရှင် တစ်ခုခုများ ရှိလို့လား"
"ဘာမှတော့မဟုတ်ပါဘူး။ ကိုယ် သူငယ်တန်းက စစ်မူ ရဲ့ ဗီဒီယိုကို ကြည့်နေတာ။ သူ ကလေးမလေးနဲ့ အဆင်ပြေနေတဲ့ပုံပဲ"
"အဲ့ဒါက သူ့ရဲ့ သူငယ်ချင်းကောင်းလေ သော်သော် တဲ့။ သူမက အရမ်းလှတဲ့ ကလေးမလေး "
ကျိုးရှို့လင်း အနည်းငယ် ပြုံးကာ သူ့အသံက ရွှင်မြူးတဲ့ အရိပ်အမြွက်ပြနေသည်။ "တကယ်တော့၊ အရမ်းကိုလှတာ"
"ပဲပင်ပေါက်လေးက သူမကို အရမ်းကြိုက်နေတာပဲဖြစ်မယ်။ ရှင့်သားက အရသာခံတာကောင်းတယ်"
ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ "ကိုယ့်လိုမျိုးပေါ့"
ဖုန်း၏ အခြားတစ်ဖက်တွင် ကျန်းရှောင်က ကြည်လင် ငြိမ့်ညောင်းသောအသံဖြင့် ရယ်မောလိုက်သည်။ "ကျွန်မ ရှင့်ကို လိုင်းပေါ်မှာ ဆက်မထားဘူး။ ကျွန်မ ကားပြန်မောင်းလာတော့မယ်"
"ကောင်းပြီ"
ကျိုးရှို့လင်း သူ့အမူအရာကို ထိန်းထားပြီး ဖုန်းကိုချလိုက်ကာ စာရွက်တွေကိုထပ်ပြီး ကောက်ကိုင်လိုက်သည်။ တချို့အရာတွေကို အလွန်သတိမထားမိသော်လည်း တစ်ယောက်ယောက်ကသာ ခက်ခက်ခဲခဲကြည့်လိုက်ရင် ခြေရာလက်ရာ သဲလွန်စရှာနိုင်သေးသည်။
အခုတော့ အရာအားလုံးက အဓိပ္ပါယ်ရှိလာပြီ။
ကျန်းရှောင်၏ ကနဦးတုံ့ပြန်မှုအားလုံးမှာ ၎င်းတို့၏ အကြောင်းပြချက်များရှိသည်။
သူမရဲ့အမေအတွက် သူမက မန်နေဂျာဖြစ်ချင်ခဲ့တာ။
သူမရဲ့ အသက်မွေးဝမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမှာကို စိုးရိမ်တာကြောင့် သူမ ကလေးမလိုချင်ခဲ့တာ။
ကျိုးရှို့လင်း စာရွက်တွေကို ကိုင်ကာ မတ်တပ်ထရပ်ပြီး စက္ကူဖြတ်စက်ဆီ လျှောက်သွားလိုက်သည်။ စာရွက်တွေကို အပိုင်းအစတွေ အဖြစ်ရောက်အောင် လုပ်ပစ်လိုက်ပြီး ၎င်းတို့ကို မည်သည့်အခါမှ မရှိခဲ့သလို ထိရောက်အောင် စက်နဲ့ဖြတ်ပစ်လိုက်သည်။
သူ့ကောင်မလေးက ဒီနှစ်တွေအတွင်းမှာ အလွန်နစ်နာခဲ့ရသည်။