အခန်း (၁၁၂)
Vol. 9 Ch. 112
ဒါပေမယ့် ယခုအချိန်၌ ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသလိုက်ရာ သတင်းဌာနသည် ကျောခိုင်းရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။
လုဖျင်နဲ့ ရှန်းမီနာတို့ကို သူတို့ရဲ့ သတင်း အပိုင်းအစတွေကို ပေးဖို့အတွက် ခေါ်လိုက်ကြသည်။ Pa Pa Weekly က တရားဝင်ကြေညာခဲ့သည်။ "ကျွန်ုပ်တို့ကို ဘယ်တော့မှ ထပ်မဆက်သွယ်ပါနဲ့!"
လုဖျင် ဒေါသထွက်သွားသည်။ ဒီကိစ္စကို ဖော်ထုတ်ရင် သူ့လုပ်ငန်းရဲ့ အနာဂတ်က ပျက်စီးသွားလိမ့်မည်။
တစ်ချိန်တည်းမှာပဲ ကျိုးရှို့လင်းရဲ့ သီးသန့်သူငယ်ချင်းအသိုင်းအဝိုင်းက သူ့ကို သတင်းပေးပို့ပြီး သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဒီစုံတွဲဟာ ဖျော်ဖြေရေးနယ်ပယ်မှာ တကယ့်ကို အကောင်းဆုံး သရုပ်ဆောင်တွေဖြစ်ခဲ့သည်။
ဇနီးသည်က အေးဂျင့်တစ်ဦးဖြစ်သည်။
ခင်ပွန်းက သူဌေးတစ်ဦးဖြစ်သည်။
သူတို့ရဲ့ ဖျော်ဖြေမှုတွေက အော်စကာဆုနဲ့ ထိုက်တန်သည်။
အခိုက်အတန့်က တိတ်ဆိတ်သွားပြီး ဝိုင်းထဲက လူတစ်ယောက်က အရွှန်းဖောက်ခဲ့သည်။ "ကျိုးရှို့လင်း၊ မင်းရဲ့သားရဲ့ ဓာတ်ပုံကို ကြည့်ချင်တယ်"
သူ့အထောက်အထားတွေနဲ့ ဖော်ထုတ်ခဲ့သည်။ ကျိုးရှို့လင်းက စိတ်အားထက်သန်နေပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရိုက်ထားသော မူမူ၏ မကြာသေးခင်က ဓာတ်ပုံတစ်ပုံကို ရွေးခဲ့သည်။
ကလေးက ကျောပိုးအိတ်လေးကို လွယ်ထားပြီး ကျောင်းဝင်းထဲကို လျှောက်သွားနေတာ။
ဓာတ်ပုံတင်လိုက်သည်နှင့် တပြိုင်နက် အသိုင်းအဝိုင်းက စိတ်လှုပ်ရှားခြင်းနဲ့ တုန်လှုပ်သွားသည်။
"ကျိုးရှို့လင်း၊ မင်းက လူလိမ်လူညာပဲ။ မင်းရဲ့သားက အရမ်းကြည့်ကောင်းတာပဲ!"
"အဖိုးကြီးကျိုး ၊ ငါတို့ဆယ်စုနှစ်တစ်ခုကျော် ဆက်ဆံရေးရှိခဲ့တယ်၊ ခမည်းခမက်ဆက်ဆံရေး လုပ်ကြရအောင်"
ကျိုးရှို့လင်းသည် သားဖြစ်သူ၏ ငိုက်မျဥ်းနေသော မျက်လုံးများကို ချစ်ခင်စွာ နမ်းလိုက်သည်။ ဒီလူယုတ်မာလေး ကျောင်းတက်နေရချိန်မှာ မနက်ဖြန် သူ့မိန်းမနဲ့ ရိုက်ကူးရေးလုပ်ဖို့အတွက် ယွင်နီမြို့ကို ဘယ်လိုသွားရမယ်ဆိုတာကို စဉ်းစားမိတဲ့အခါ သူ မကူညီနိုင်ဘဲ အပြစ်ကြီးစွာခံစားနေရသည်။
ဒါပေမယ့်လည်း သူ့အား ပရိုဂရမ်သို့ မခေါ်ခဲ့သေးပေ။
နောက်တစ်နေ့တွင် ကျိုးရှို့လင်းသည် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ယွင်နီ မြို့သို့ရောက်ရှိလာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ဧည့်သည်တော်များ၏ နောက်ဆုံးအသုတ်အနေဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို ခံယူခဲ့ကြသည်။
ပရိုဂရမ်အဖွဲ့နှင့် အခြားဧည့်သည်တွေက ရွာဝင်ပေါက်တွင် အတူတူ စောင့်ဆိုင်းနေကြသည်။
ကျန်းရှောင်သည် လူအုပ်ထဲက ကျိုးရှို့လင်းကို တစ်ချက်တည်းနှင့် မှတ်မိခဲ့သည်။
သူက တီရှပ်အဖြူနှင့် အနက်ရောင် ဘောင်းဘီကို ၀တ်ဆင်ထားပြီး ကုတ်အင်္ကျီနှင့် နက်ကတိုင်ကိုလည်း ၀တ်ထားသည်။ သူက အရပ်ရှည်ရှည်နဲ့ မတ်တပ်ရပ်နေပြီး နေရောင်ထိုးနေတော့ လူတိုင်းရဲ့ အာရုံကို ဖမ်းစားသွားခဲ့သည် ။
ကျန်းရှောင် သူ့ဆီကနေအကြည့်ကို မခွာနိုင်ခဲ့ပေ။
သူမရဲ့အကြည့်တွေကို ခံစားလိုက်ရသလိုပဲ ကျိုးရှို့လင်းရဲ့ မျက်လုံးတွေက သူမရဲ့အကြည့်နဲ့ ဆုံမိသွားသည်။ သူမကို မြင်လိုက်ရသောအခါတွင် ယခင်အကြည့်တွေက ပျောက်ကွယ်သွားပြီး သူ့ရဲ့အကြည့်တွေက နူးညံ့လာသည်။ အဲဒီအခိုင်အတန့်မှော သူတို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အတွေးတွေကို နားလည်နေကြပုံပင်။
သူက သူမဆီသို့ တစ်လှမ်းချင်း လှမ်းလာခဲ့ကာ သူမက ပြုံးစိစိဖြင့် သူ့ကိုမော့ကြည့်ခဲ့သည်။
ကျိုးရှို့လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လက်ချောင်းရှည်ရှည်တွေနဲ့ သူမလက်ကို တွဲလျက်၊ သူ့လက်ချောင်းထိပ်တွေက သူမ၏ လက်ဖဝါးကို ညင်သာစွာ ပွတ်သပ်နေသည်။ သူ သူမ၏မျက်လုံးများကို လေးလေးနက်နက် စိုက်ကြည့်ကာပြောလိုက်သည်။ "အခုကစပြီး ကိုယ် ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးနိုင်တော့မယ်... ဒါက ကိုယ့်မိန်းမဆိုပြီးတော့ "
အသက်ပြင်းပြင်းရှူလိုက်ရင်း ကျန်းရှောင်ရဲ့ လည်ချောင်းတွေ လှုပ်သွားကာ တခြားသူတွေကို ရင်ဆိုင်လိုက်သည်။ "ရှင်တို့ကို မိတ်ဆက်ပေးပါရစေ။ ဒါကတော့ ကျွန်မရဲ့အမျိုးသား ကျိုးရှို့လင်း ပါ "
ရှက်ရွံ့မှု အရိပ်အမြွက်ရှိသော်လည်း ပို၍အရေးကြီးသည်မှာ သူမ မျက်လုံးထဲက စစ်မှန်သော ပျော်ရွှင်မှုပင်။
........
ကျိုးရှို့လင်း ရောက်ရှိလာခြင်းက ဒါရိုက်တာအဖွဲ့ကို အလွန်ပျော်ရွှင်စေခဲ့သည်။ လက်တွေ့ဘဝက စုံတွဲတွေက အရမ်းမိုက်တယ်၊ ဆန်းကြယ်ပြီး နွေးထွေးချိုမြိန်တဲ့ အပြန်အလှန် ဆက်ဆံရေးကို ယူဆောင်လာပေးသည်။ ဒီအတွဲက တခြားရှိုးမှာ ရှိသင့်တယ်လို့ အမြဲခံစားရသည်။
သူတို့နှစ်ယောက် အနားယူဖို့ အခန်းတွေဆီ ပြန်လာတဲ့အခါ ကျန်းရှောင်က မေးခဲ့သည်။ "ရှင် ပဲပင်ပေါက်လေးကို ဘယ်လိုပြောခဲ့လဲ"
ကျိုးရှို့လင်း ပခုံးတွန့်ပြလိုက်သည်။ " အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်လို့ သူ့ကို ပြောခဲ့တာ"
"သူ ရှင်ပြောတာကို ယုံလား"
ကျိုးရှို့လင်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်းရဲ့သားက ကိုယ်တို့စကားတွေကို အမြဲနားစွင့်နေတာ။ ကိုယ် ဒီမနက် ထွက်လာတော့ မင်းကို နောက်တစ်ခါ ထပ်ပြီးသွားခိုးကြည့်မို့လားလို့ မေးတယ်"
ကျန်းရှောင် ရယ်လိုက်သည်။
ကျိုးရှို့လင်းက သူ့ရဲ့ခရီးဆောင်အိတ်ထဲက ပလတ်စတစ်အိတ်ကို ယူလိုက်သည်။ "ဒါကို မင်းအတွက် ယူသွားပေးဖို့ပြောလို့ "
"အဲဒါဘာလဲ"ကျန်းရှောင် ဖွင့်ကြည့်လိုက်တော့ အဆာပြေမုန့်တွေ ထည့်ထားတာကို တွေ့လိုက်ရသည်။
"ကိုယ့်ကိုဒါတွေကို ခိုးကြောင်ခိုးဝှက်မစားဖို့ ပြောခဲ့တာ!" ကျိုးရှို့လင်း နှာမှုတ်လိုက်သည်။
ကျန်းရှောင် မပြုံးဘဲမနေနိုင်တော့ပေ။ "သူ လောဘကြီးပေမယ့် မျှဝေနည်းကို သူသိတုန်းပဲ"
ကျိုးရှို့လင်း မျက်ခုံးပင့်ကာ သူမရဲ့အနောက်ကနေ တစ်ပတ်ပတ်လိုက်သည်။ "သဘာဝအတိုင်းပဲ၊ ကိုယ်တို့ရဲ့ သားတွေသမီးတွေကို နောက်နောင် ဘယ်လို ဂရုစိုက်ရမလဲ"
ကျန်းရှောင် သူ့ကိုအမြန်သတိပေးလိုက်သည်။ "ကင်မရာဖွင့်ထားတယ်"
ကျိုးရှို့လင်း နှုတ်ခမ်းကို ကွေးလိုက်သည်။ "ကိုယ်တို့ ဘယ်လောက်ချစ်ကြလဲဆိုတာ တစ်ယောက်ယောက်ကတော့ သိနေသင့်လောက်ပါပြီ။ ကင်မရာကို ကျောခိုင်းထားတာပဲ ကိုယ်တို့ရဲ့အမူအရာတွေကို သူတို့ မမြင်ရပါဘူး"
သူ့အသက်က နက်ရှိုင်းလာသည်။ "နောင်ဆုံးတော့ ကိုယ်မင်းကိုနိုင်သွားပြီ။ အခုလေးတင် လူတိုင်းရှေ့မှာ မင်းကိုယ်ကို မိတ်ဆက်ပေးတုန်းက ကိုယ် အရမ်းပျော်နေခဲ့တာကို မင်းသိလား"
"ကျွန်မအမျိုးသား" - ဆိုတာက တခြားခေါင်းစဉ်တွေထက် ပိုကောင်းသည်။
သူမ ခေါင်းကို စောင်းကာ သူ့ မေးစေ့ကို နမ်းလိုက်သည်။ ဒီလူကို သူမ ဘယ်လိုလုပ် မချစ်ဘဲနေနိုင်မှာလဲ။
တကယ်တော့ ကျန်းရှောင်က အစောပိုင်းကတည်းက ထုတ်လုပ်ရေးအဖွဲ့နဲ့ စကားပြောခဲ့ပြီးပြီဖြစ်ပြီး တခြားအနုပညာရှင်တွေကို အတတ်နိုင်ဆုံး ရိုက်ကူးဖို့ ကြိုးစားနေသည်။ ကျန်းရှောင်နဲ့ မစ္စတာကျိုးတို့က နေရာ မလိုအပ်ပါဘူး။
ဒါရိုက်တာက စိတ်ရှုပ်နေပေမယ့် အစီအစဉ်ကို ဟွားရှ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားက ထောက်ပံ့ပေးထားတော့ သူတကယ် ကန့်ကွက်နိုင်မလား။
"စိတ်မပူပါနဲ့၊ ထုတ်လုပ်မှုနောက်ပိုင်းမှာ effect တွေ ထပ်ထည့်လို့ရတယ်။ မင်း တကယ် မမြင်စေချင်ဘူးဆိုရင် မစ္စတာကျိုးရဲ့ မျက်နှာတစ်ခုလုံးကို pixel လုပ်ဖို့ စဉ်းစားလို့ရတယ်" ဒါက ဒါရိုက်တာရဲ့စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မှတ်ချက်ပါ။ ဒီလိုလုပ်ဖို့ သူဘယ်လို ခံနိုင်ရည်ရှိနိုင်မလဲ။
ကျန်းရှောင် ပြောလိုက်သည်။ "ဒါကလည်း အလုပ်မဖြစ်ပါဘူး။ ကျွန်မတို့ မစ္စတာကျိုးကို ရုပ်ဆိုးအောင် လုပ်လိုက်ရင် ဟွားရှ ရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်။ ရုပ်ရှင်ရိုက်တဲ့အခါ ထောင့်တွေကို ပါးနပ်ဖို့ လိုတယ်။ ဘေးကနေရိုက် ကျွန်မတို့ နောက်ကျောဘက်ကို ရိုက်ထားလိုက်”
ဒါရိုက်တာက သူ့အသက်ရှူသံအောက်မှာ တစ်စုံတစ်ခုသောအသံထွက်ပြီး မဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေသလို ခံစားနေရသည်။
မွန်းလွဲပိုင်းတွင် အားလုံး အနားယူကြပြီး သတ်မှတ်ထားသော နေရာ၌ စုဝေးကြသည်။
ဒါရိုက်တာက ဂိမ်းတစ်ခုကနေစပြီး နေ့ခင်းအချိန်ဇယားကို ရှင်းပြခဲ့သည်။ ဂိမ်းက တော်တော်ကလေးဆန်တယ်၊ ခြေသုံးချောင်း ထောက် အပြေးပြိုင်ပွဲဖြစ်သည်။ လူတိုင်းက အဲ့တာက ဘယ်လောက်တောင်မှ ငြီးငွေ့စရာကောင်းသည်ကို အတွင်းစိတ်ကနေ ညည်းညူခဲ့ကြသည်။
ကျိုးရှို့လင်း အရာအားလုံးကို မဖြုံတဲ့ပုံပင်။ သူခါးကိုင်းလိုက်ပြီး ကြိုးကို ကျန်းရှောင်နဲ့ အားကြိုးမာန်တက် ချည်လိုက်ကာ သူတို့ နည်းနည်းလေ့ကျင့်ခဲ့ကြသည်။
ကျန်းရှောင် ရေရွတ်ခဲ့သည်။ "ရှင့်မှာ ခြေတံရှည်တွေရှိနေတာကို ခြေလှမ်း ကြီးကြီးတွေ လှမ်းနေတယ်"
ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "ကိုယ်ခြေလှမ်းစိတ်စိတ်ပဲ လှမ်းပေးမယ်"
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ကျွန်မတို့ ပထမတစ်ပွဲမှာတင် ရှုံးတော့မှာ မဟုတ်လား"
ကျိုးရှို့လင်း ရွှတ်နောက်နောက်နဲ့မေးလိုက်သည်။ "မစ္စစ် ကျိုး?"
ကျန်းရှောင် ပြန်တုံ့ပြန်လိုက်သည်။ "ကျွန်မတို့ နိုင်ခဲ့ရင်တောင် ဒုတိယပွဲမှာ ရှင် တစ်ခုခုကို မစဉ်းစားမိဘူး မဟုတ်လား"
ကျိုးရှို့လင်း အပြုံးလေးနဲ့ပြန်ပြောလိုက်သည်။ "ကိုယ် အဲ့တာကိုတကယ် စောင့်မျှော်နေတာပါ။ နောက်ဆုံး ကိုယ်နောင်တရမိတာတစ်ခုက မင်းနဲ့ ချိန်းတွေ့ခွင့်မရှိခဲ့တာကိုပဲ"
ကျန်းရှောင် ပြောလိုက်သည်။ "ကျိုး... ရှို့လင်း၊ ရှင် ဒီရှိုးမှာ ပါဖို့အစကတည်းက အစီအစဉ်ရှိတာလား"
ကျိုးရှို့လင်း၏အမူအရာက အနည်းငယ် သဘာဝမကျတော့ပေ။ သေချာတာကတော့ သူ ဝန်ခံမှာ မဟုတ်ဘူး။
ပြိုင်ပွဲကျင်းပသည့်နေ့တွင် ကျိုးရှို့လင်း၏ ဆန္ဒများ ပြည့်စုံခဲ့ပြီး ပထမနေရာကို ရရှိခဲ့သည်။
အတန်းဖော်တွေနဲ့ ဂိမ်းဆော့ရင်း ကျောင်းတက်ရတဲ့အချိန်ကို ပြန်သွားသလိုမျိုး ခံစားရတယ်ပြီး လူတချို့က သက်ပြင်းချခဲ့ကြသည်။
ကျန်းရှောင် ကြားဖြတ်ပြောခဲ့သည်။ "ဒီဂိမ်းကို ကျွန်မ နောက်ဆုံးကစားခဲ့တာက အထက်တန်း ဒုတိယနှစ်တုန်းက။ ကျွန်မအဖော်နဲ့ကျွန်မ နောက်ဆုံးမှာ သေသွားတယ်"
ဖန်းမူက သူမကိုစခဲ့သည်။ “မင်းတို့နှစ်ယောက် အများကြီး လေ့ကျင့်ထားတာပဲဖြစ်ရမယ်၊ မတရားဘူး”
ကျိူးရှို့လင်း ပြန်တုံ့ပြန်ခဲ့သည်။ "ကျွန်တော့်ဇနီးက အားကစားမလုပ်ဘူး၊ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကျွန်တော် သူနဲ့ တွဲပြီးအားကစားလုပ်ပေးနေရတာ"
လူတိုင်းက ပြောခဲ့ကြသည်။ "........" လူပျိုလူလွတ်တွေ စိတ်ဓာတ်ကျနေတာကြောင့် သူတို့ မကြားနိုင်တော့ပေ။
ဖန်းမူနဲ့ သူ့သူငယ်ချင်းတွေက သက်ပြင်းချခဲ့ကြသည်။ "မစ္စတာကျိုးကို အထင်ကြီးလေးစားကြတဲ့သူတွေသာ ဒါကိုမြင်သွားရင် သူတို့နှလုံးသားတွေအစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလိမ့်မယ်"
"သူတို့ ဒီအပိုင်းကို တည်းဖြတ်ရမှာကို ငါကြောက်မိတယ်"
"ဟမ်"
"ဒီနှစ်ယောက်က မျက်စိနောက်စရာကောင်းတွေသူတွေမဟုတ်တော့ အဲ့တာက public ပဲ ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် ကိစ္စတော့မရှိဘူး"
ကျိုးရှို့လင်းက စကားအများကြီး မပြောပေမယ့် တစ်စုံတစ်ယောက်က သူ့ကို စကားပြောတဲ့အခါ ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည်။ သူ စကားမပြောဖြစ်တော့ သူ့အကြည့်က ကျန်းရှောင် နောက်ကို အမြဲကပ်ပါလာတယ်..
ကလေးဆန်ပြီး သက်ဝင်လှုပ်ရှားတဲ့ ကစားပွဲအပြီးမှာ လူတိုင်းက ဖက်ထုပ်လုပ်ဖို့အတွက် မွေးရပ်မြေ စားသောက်ဆိုင်ကို သွားခဲ့ကြသည်။
ကျိုးရှို့လင်းရဲ့ ဖက်ထုပ်တွေက သပ်ရပ်တဲ့ ပုံသဏ္ဍာန်ရှိပြီး အခြားဧည့်သည်တွေရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ နောက်ဆုံး အခြားသူတွေက ထိုသို့သော ပုံစံကောင်း ဖက်ထုပ်တွေကို မလုပ်ဖူးကြပေ။
"အစ်ကို ရှို့လင်း၊ အစ်မကျန်းက အစ်ကိုကအိမ်မှာ ထမင်းဟင်း ချက်ပေးတယ်လို့ပြောခဲ့တာကို အခုတော့ ကျွန်တော်တို့ ယုံသွားပြီ"
ကျန်းရှောင် ချက်ချင်းဆိုသလိုဘထပ်ပေါင်းပြောခဲ့သည်။ “ သူ ဖက်ထုပ်လုပ်တာကို ကျွန်မလည်း အခုမှ ပထမဆုံးမြင်ဖူးတာ"
"အစ်မကျန်း၊ အစ်မနဲ့ အစ်ကို ရှို့လင်းတို့က ဘယ်လိုတွေ့ခဲ့ကြတာလဲ"
"ကျွန်မက ယန်ယန်နဲ့ အတန်းတူတူပဲ။ ကျွန်မတို့ အထက်တန်း ပထမနှစ်မှာ မစ္စတာကျိုးက သူ့ညီမဆီ တစ်ခုခုလာပို့တာ ပြီးတော့ ကျွန်မကလည်း ဂိတ်ပေါက်မှာရှိနေတော့ အဲ့တာကိုယူသွားပေးခဲ့တာ"
"အိုး ! အရမ်းရိုမန့်တစ်ဆန်တာပဲ!"
"မြင်မြင်ချင်းအချစ်ပေါ့!"
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "နှစ်တွေကြာလာတော့ ကျွန်မ သူ့ကို ဒီအကြောင်းပြောတုန်းက သူကအဲ့ဒီတုန်းက ကျွန်မကို မှတ်တောင်မမှတ်မိခဲ့ဘူး"
"ဟားဟား"
ကျိုးရှို့လင်းသည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူ့မျက်လုံးများတွင် အပြုံးတစ်ခုရှိသည်။ သူသည် သူ၏ပုံမှန်လူတွေကို ဆက်ဆံတဲ့ပုံစံနဲ့ လုံးဝကွာခြားနေခဲ့သည်။
ပရိုဂရမ်၏ နောက်ဆုံးညနေတွင် အားလုံးစုဝေးခဲ့ကြသည်။ ပရိုဂရမ်တွင် ညအတွက် သတ်မှတ်ထားသော အစီအစဉ်မရှိသောကြောင့် ၎င်းတို့သည် စကားပြောဆိုခြင်း၊ သီချင်းဆိုခြင်း သို့မဟုတ် နှစ်သက်ရာကို ပြုလုပ်နိုင်သည်။
စွင်းကျင့်က ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူမရဲ့ ခံစားချက်တွေကို ပြောပြခဲ့သည်။ "ကျွန်မ ပရိုဂရမ်အဖွဲ့ကို ကျေးဇူးတင်ချင်တယ်။ ကျွန်မက အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်အဖြစ် လုပ်လာခဲ့တာ နှစ်နှစ်ရှိပြီ၊ အစီအစဉ်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံရရှိချိန်မှာတော့ မယုံနိုင်အောင်ပဲ။ ဒီရက်ပိုင်းထဲမှာ ကျွန်မကို ဂရုစိုက် ညီအစ်ကို မောင်နှမတွေ၊ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မ အများကြီးလေ့လာခဲ့ရပါတယ်။ ရှေ့ဆက်ရမယ့်လမ်းက ရှည်နေသေးတာမို့ အတူတူ ဆက်လုပ်ကြရအောင်"
ဖန်းမူက ရယ်မောပြီး ပြောလိုက်သည်။ "ကျွန်တော် ဒီကို လာတဲ့အချိန်က ဒီအစီအစဉ်က ကျွန်တော်တို့ကို အများကြီး ဖြတ်သန်းအောင်လုပ်လိမ့်မယ်ဆိုတာ သေချာပေါက် သိတယ်။ သေချာပါတယ် လယ်စိုက်တာ၊ ငါးဖမ်းတာ၊ ကော်ဖီစေ့ကြိတ်တာတွေ အထိ အရာအားလုံးကို လုပ်ခဲ့ပြီးပြီ... ယွင်နီ မြို့ မှာ ကျွန်တော် လယ်လုပ်ခဲ့ရတာ တကယ်ကိုတန်ပါတယ်။ ပရိုဂရမ် အဖွဲ့ရဲ့ စေ့စေ့စပ်စပ် စီစဉ်ထားမှု ကြောင့် ကျေးဇူးလည်းတင်မိပါတယ် ဒါရိုက်တာ ကျွန်တော် ခင်များကို မေ့မှာမဟုတ်ဘူး"
လွန်ခဲ့သည့်ရက်အနည်းငယ်က လှုပ်ရှားမှုနည်းပါးခဲ့သော ရှန်းမီနာက အားတင်းပြီးပြုံးကာ စကားပြောခဲ့သည်။ "ဘဝဆိုတာ ပရိုဂရမ်တစ်ခုလိုပဲ၊ နောက်မှာ ဘာရှိလာမယ်ဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။ ကျွန်မအလုပ်လုပ်နေတာ နှစ်အတော်ကြာပြီး လူတိုင်းက ကျွန်မကို "မစ္စ အလုပ်ကြိုးစား"လို့ အမြဲခေါ်ကြတယ်။ ရပ်တန့်လိုက်ရင် အရင်းအမြစ်တွေ ဆုံးရှုံးမှာကို စိုးရိမ်တာကြောင့်မို့ ကျွန်မ အလုပ်ထဲမှာ ဘယ်တော့မှ လက်မလွှတ်ရဲဘူး။ ဒီရက်တွေမှာ ယာယီ အပန်းဖြေအနားယူမှုက စဉ်းစားစရာတွေ အများကြီး ပေးခဲ့တယ်”
အချို့က ခေါင်းညိတ် သဘောတူခဲ့ကြသည်။ ဖျော်ဖြေရေးနယ်ပယ်က အထူးလျင်မြန်ပြီး လူတိုင်းက အစားထိုးခံရမှာကို ကြောက်နေကြသည်မှာ မလွဲမသွေပင်ဖြစ်သည်။
"ငါ နင့်ကို မနာလိုဖြစ်မိတယ် ကျန်းရှောင် "
ခြံဝင်းထဲမှာ အလင်းရောင်က သိပ်မတောက်ပဘဲ လူတိုင်းရဲ့မျက်နှာမှာ မသိမသာ တောက်ပနေပုံရသည်။