အခန်း (၃၅)
Vol. 3 Ch. 35
ကျန်းရှောင်က ရာစုနှစ်တစ်ခုစာ ကုန်လွန်သွားသကဲ့သို့ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။
"အထက်တန်း ပထမနှစ်၊ ကျိုးယန်ယန်ဆီ အိမ်စာတွေ ပို့ပေးဖို့ ရှင် ကျောင်းလာခဲ့တုန်းက "
ကျိုးရှို့လင်း အဲ့တာကို ဘယ်လောက်ပဲ တွေးနေပါစေ လွန်ခဲ့တဲ့ ခုနစ်နှစ်က ဖြစ်ပျက်ခဲ့တာကို သူ စိတ်ကူးယဉ်မကြည့်နိုင်ခဲ့ဘူး။ "ဘာလိုဖြစ်ခဲ့လဲဆိုတာ ကိုယ် လုံးဝမမှတ်မိတော့ဘူး"
“အဲဒီတုန်းက ကျွန်မက အန်တီ့အိမ်မှာ နေနေတုန်းပဲ။ ပြီးတော့ ဆောင်းရာသီ မနက်ခင်းတွေဆို ကျွန်မ မကြာခဏ ကျောင်း နောက်ကျတတ်တယ်။ အဲဒီနေ့မနက်က မြူတွေ အရမ်းများနေတယ်။ ရှင်က ကားပေါ်က ဆင်းပြီးတော့ ကျောင်းဂိတ်ပေါက်ဆီ လမ်းလျှောက်သွားပြီးလုံခြုံရေးအစောင့်နဲ့ စကားပြောနေတာ။ ကျွန်မ ချဉ်းကပ်လာတော့ ကျွန်မက မကြာခဏ နောက်ကျတတ်တော့ ကျွန်မကို လုံခြုံရေးအစောင့်က မှတ်မိနေပြီး ကျွန်မကို တားခဲ့တယ်"
"ဒါဆို မင်းက အဲ့တုန်းက ဒီကောင်မလေးပဲ"
ကျန်းရှောင် လေးလံစွာ ခေါင်းညိတ်လိုက်ပြီး သူမရဲ့မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေသည်။ "ဟုတ်တယ်"
မြူခိုးထူထူ ဆောင်းရာသီကို သူမအမြဲအမှတ်ရနေသည်။ သူမ ဘဝထဲကို ဝင်လာတဲ့ နေရောင်ခြည်လိုမျိုး မီးခိုရောင်ကုတ်အင်္ကျီဝတ်ထားပြီး သူမရှေ့မှာ ရပ်နေတဲ့သူကိုပေါ့။
သူ သူမကိုပြောခဲ့တာက "အတန်းဖော်၊ ငါ့ကိုကူညီပေးနိုင်မလား" တဲ့။ သူ့အသံက သာယာလွန်းလို့ သူမ စက္ကန့်အနည်းငယ်ကြာ မှင်သက်သွားခဲ့ရသည်။
"အတန်းဖော်၊ ငါ့ညီမနာမည်က ကျိုးယန်ယန်ပါ"
ကျန်းရှောင် စိတ်အနှောင်အယှက် ဖြစ်ခဲ့သည်။ "ကျွန်မသာသိခဲ့ရင် အဲ့တာကို ရှင်ဆီက ယူမသွားပေးခဲ့ဘူး "
ကျိုးရှို့လင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "မင်း အဲဒီချိန်တုန်းက အမွေးဦးထုပ်ဆောင်းထားတယ်။ ပြီးတော့ မင်းရဲ့မျက်နှာကို လုံးဝအုပ်ထားတာ။ မင်းမျက်နှာကို ကိုယ်ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရဘူး"
ကျန်းရှောင် - "......"
"အဲ့တော့ နောက်ပိုင်းမှာ မင်းအလုပ်လုပ်ဖို့ ဟွားရှကိုလာခဲ့တာလား" သူ့အသံ အနည်းငယ် တိုးလာသည်။
“ကျွန်မ ရှင့်အတွက် ဒီကိုလာတာမဟုတ်ပါဘူးနော်။ ကျွန်မ ဒီကိုလာတယ်ဆိုတာက... ကျွန်မရဲ့စိတ်ကူးယဉ်မှုတွေအတွက်"
"ကောင်းပါပြီ၊ ဒေါသမထွက်ပါနဲ့" ကျိုးရှို့လင်းသည် ထိုအချိန်က သူ့ကိုကူညီခဲ့သည့် ကလေးမလေးကျန်းရှောင်နှင့် အမှန်တကယ် မဆက်သွယ်ခဲ့ပေ။
ကျန်းရှောင် ခဏတိတ်ဆိတ်သွားသည်။ "အစကတော့ ရှင် ဟွားရှ မှာရှိမှန်း ကျွန်မ မသိခဲ့ဘူး၊ ပြီးတော့ ရှင်က ဒီအလုပ်နဲ့ သင့်တော်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး"
"ကိုယ်က ဘာအတွက် သင့်တော်မယ်လို့ မင်းထင်လဲ"
"ဓာတ်ခွဲခန်းရှိ တက္ကသိုလ် ပါမောက္ခ ဒါမှမဟုတ် သုတေသီပေါ့ " သူမပိုပိုပြီး စကားပြောမိမှာကို ကြောက်လို့ မျက်လုံး မှိတ်ထားလိုက်သည်။ "ကျွန်မ ပင်ပန်းနေပြီ"
"အိပ်တော့ " ကျိုးရှို့လင်းက သူမကို သူ့ရင်ဘတ်နဲ့ ဖိလိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ နဖူးပေါ် အေးမြသော အနမ်းတစ်ခုပေးလိုက်သည်။
ကျန်းရှောင်ရဲ့ မျက်တောင်တွေ တုန်လာခဲ့သည်။ တကယ်တော့ သူမ အိပ်မငိုက်ဘူး။ သူမ နှစ်အတော်ကြာအောင် ကြိုက်ခဲ့ရတဲ့ ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ သူမ ဘယ်လိုလုပ်ရမှန်း မသိနေတာ။
နောက်တစ်နေ့တွင် ကျိုးရှို့လင်း၏ ဖုန်းမြည်လာသဖြင့် သူတို့အိပ်မောကျနေရာမှ နိုးလာခဲ့သည်။ ကျိုးရှို့လင်း ဖုန်း ကောက်ကိုင်လိုက်ပြီးနောက် ကျန်းချင် ဖုန်းခေါ်နေတာကို တွေ့လိုက်ရသည်။
ကျန်းရှောင် မှုန်ကုပ်ကုပ် မျက်လုံးတွေကို ဖွင့်လိုက်သည်။ "ဘယ်နှစ်နာရီရှိပြီလဲ"
"အစောကြီးရှိသေးတယ်၊ ပြန်အိပ်လိုက်ဦး" သူထပြီး ဝရံတာဆီသွားကာ ဖုန်းပြန်ဖြေခဲ့သည်။
"ဘာရှိလို့လဲ"
"ဥက္ကဌ ကျိုး၊ ရင်ကျဲမှာ ကိစ္စတစ်ခုဖြစ်သွားတယ်၊ ဒီမနက် သူမ မြင်းပေါ်က ပြုတ်ကျသွားလို့ "
"အခုအခြေအနေ ဘယ်လိုရှိလဲ"
"သူမကို အနီးနားက ဆေးရုံကို ခေါ်သွားခဲ့တယ်။ ဒါပေမယ့် သူမရဲ့လက်ထောက် ပြောပုံအရတော့ အခြေအနေ တော်တော်ဆိုးပုံရတယ်"
"အဆင်သင့်ပြင်ထား ငါတို့ အဲ့ကိုသွားမယ်"
"ကောင်းပါပြီ"
"အခုလောလောဆယ် သတင်းတွေကို ပိတ်ထား "
ကျိုးရှို့လင်းသည် ချန်းရင်နှင့် ရင်းနှီးတဲ့ဆက်ဆံရေးရှိသောကြောင့် ချန်းရင် မတော်တဆမှုဖြစ်တော့ သူစိုးရိမ်မိသည်မှာ သဘာဝကျသည်။
သူ အခန်းထဲပြန်ဝင်လာတော့ ကျန်းရှောင် နိုးနေပြီ။
ကျိုးရှို့လင်း ပြောလိုက်သည်။ "ချန်းရင် မြင်းပေါ်က ပြုတ်ကျလို့ ဆေးရုံ ခေါ်သွားရတယ်။ ကိုယ် သူ့ကို သွားကြည့်လိုက်ဦးမယ် "
"တကယ် ပြောနေတာလား"
ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။
ကျန်းရှောင် မျက်မှောင်ကြုတ်ခဲ့သည်။ "ဒါဆို မြန်မြန်သွားလေ"
ကျိုးရှို့လင်းက သူမကိုကြည့်ပြီး ညွှန်ကြားခဲ့သည်။ "ဆရာဝန်ပြောတာကို သတိရ။ သန်မာဖို့ မကြိုးစားနဲ့"
"ကျွန်မ သိပါတယ် " ကျန်းရှောင် လေးနက်တည်ကြည်စွာပြောလိုက်သည်။
"ဒါကို တစ်ကြိမ်ဖြတ်ဖူးပြီးပြီဆိုတော့ ကျွန်မ နောက်တစ်ကြိမ် သတိမထားဘဲ မနေရဲတော့ပါဘူး"
"အိုခေ။ အမေ ဒီနေ့ လာလိမ့်မယ်"
ကျန်းရှောင်ရဲ့ မျက်နှာ အနည်းငယ် အေးခဲသွားသည်။
"စိတ်မပူပါနဲ့၊ သူမနဲ့ စကားပြောရုံပဲ။ သူတို့အားလုံး မင်းရဲ့ဒဏ်ရာအကြောင်း သိပြီး မင်းကို စိုးရိမ်နေကြတယ်။အာ့ကြောင့် လာတွေ့ချင်နေကြတာ"
ကျန်းရှောင် နှုတ်ခမ်းတွေကို ကော့တက်လိုက်သည်။ "အဆင်ပြေပါတယ်။ သူမက ပဲပင်ပေါက်လေးရဲ့ အဖွားပဲ။ ကျွန်မက ဘာလို့ကြောက်ရမှာလဲ။ ရှင်မြန်မြန်သွားသင့်နေပြီ "
မေမေကျိုးကို သူမ မကြောက်ပေမယ့် သူမကို တွေ့ရတာ အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။
အထက်တန်းတုန်းက ကျောက်းမှာ မိဘ ဆရာ တွေ့ဆုံပွဲ တစ်ခုလုပ်တော့ မင်းရဲ့နောက်မှာထိုင်ခဲ့တဲ့ အန်တီက တစ်နေ့ မင်းယောက္ခမ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက စိတ်ကူးယဉ်နိုင်မှာလဲ။
နှစ်နာရီကျော်ကြာပြီးနောက် ကျိုးရှို့လင်းသည် အိတ်ချ် မြို့တော်ရှိ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။ ဒါရိုက်တာ နှင့် ကျင်းကျုံးပိုင်တို့ နှစ်ယောက်စလုံး ထိုနေရာတွင် ရှိနေသည်။
ကျင်းကျုံးပိုင်နှင့် ကျိုးရှို့လင်းတို့ တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ကာ ရိုးရှင်းစွာ နှုတ်ဆက်ခဲ့ကြသည်။
ဒါရိုက်တာရဲ့ မျက်နှာက လေးလံနေသည်။ "လူကြီးမင်းကျိုး၊ ရောက်လာပြီလား "
"ချန်းရင် ဘယ်လိုနေလဲ"
"ခွဲစိတ်မှုတော့ ပြီးသွားပြီး ခွဲစိတ်တာအောင်မြင်ပါတယ်။ သူမ နံရိုးကျိုးသွားပြီး အတွင်းပိုင်း သွေးယိုစီးပြီးတော့ ဒဏ်ရာအများကြီး ရထားတယ်။ ကံကောင်းစွာနဲ့ပဲ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး" လို့ ဒါရိုက်တာက ပြောလိုက်သည်။
ဒီလို မတော်တဆမှုမျိုး ဖြစ်လာဖို့ သူ မမျှော်လင့်ထားပေ။ မြင်းက ရုတ်တရက် ထိန်းမရတော့တာ။ မတော်တဆမှု တစ်ခုဖြစ်ခဲ့သော်ငြား ထုတ်လုပ်ရေးအဖွဲ့က တာဝန်ယူမှုကို မရှောင်နိုင်ခဲ့ပေ။
ကျိုးရှို့လင်း သူ့ဘာသာသူ စိတ်ထိန်းလိုက်သည်။ "အသက်အန္တရာယ်မရှိသရွေ့တော့ ကောင်းတာပေါ့။ ဒါရိုက်တာ လီ၊ ခင်များပြန်ပြီးတော့ ခင်များရဲ့အလုပ်ကို အာရုံစိုက်လိုက်။ ချန်းရင်ရဲ့ sceneတွေကို နောက်မှ ကျွန်တော်တို့ ဆွေးနွေးကြမယ်"
အရွတ်တွေနဲ့ အရိုးတွေ ဒဏ်ရာရရှိသွားခြင်းကြောင့် သူမ အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လ အနားယူရန် လိုအပ်လိမ့်မည်။
"သာယာဝပြောသော ကမ္ဘာ " ထုတ်လုပ်ရေးက စောင့်ဆိုင်းရန် မတတ်နိုင်ပေ။ နေ့စဥ်ဖြစ်ပေါ်နေတဲ့ ငွေကြေးဆုံးရှုံးမှုတွေကို ဖော်မပြနိုင်ဘူး။ တခြားသရုပ်ဆောင်တွေက စာချုပ်များ ချုပ်ဆိုထားကြပြီး လူတိုင်းတွင် ၎င်းတို့၏ အချိန်ဇယား အစီအစဉ်များ ရှိခဲ့သည်။
ခေါင်းဆောင် မင်းသမီး၏ scene များကို တစ်လ သို့မဟုတ် နှစ်လအထိ ရွှေ့ဆိုင်းထားခြင်းကြောင့် အခြားသရုပ်ဆောင်များသည် နောက်ပိုင်းတွင် ရရှိနိုင်တဲ့ အစီအစဉ်များ ရှိမည်မဟုတ်ပေ။
ဒါရိုက်တာ လီက စိတ်ပူနေခဲ့သည်။
ကျိုးရှို့လင်းက သူ့ရဲ့ သံသယစိတ်ကို ပျောက်စေခဲ့သည်။ "ငွေကြေးအတွက် ခင်များ စိတ်ပူစရာမလိုဘူး"
သူ့စကားကြောင့် ဒါရိုက်တာလီ စိတ်သက်သာရာရသွားသည်။ "ဒါဆို ကျွန်တော် အရင်ပြန်နှင့်လိုက်မယ်။ ဒီထုတ်လုပ်ရေးအတွက် ဘယ်နှောင့်နှေးမှုတွေကိုမှ မတတ်နိုင်ဘူး"
ကျင်းကျုံးပိုင် ပြောလိုက်သည်။ "ဒါရိုက်တာ လီ၊ကျွန်တော် ဒီမှာနေပြီး မနက်ဖြန်မှ ပြန်လာလိုက်မယ်"
ဒါရိုက်တာလီ ခေါင်းညိတ်လိုက်သည်။ "ခင်များတို့နှစ်ယောက်က အလုပ်ကြိုးစားကြတာပဲ "
ကျိုးရှို့လင်းနဲ့ ကျင်းကျုံးပိုင်တို့ ဆေးရုံအခန်းထဲသို့ ဝင်သွားကြသည်။ မေ့ဆေးမပြေသေးသဖြင့် ချန်းရင်မှာ သတိမေ့နေဆဲပင်။
လက်ထောက်တစ်ယောက်က သူမနှင့်အတူရှိနေပြီး ဧည့်သည်တွေလာတာကို မြင်တော့ သူမ အမြန်စွာထရပ်ကာ ရိုသေလေးစားစွာခေါ်လိုက်သည်။ "မစ္စတာကျိုး၊ ဆရာ ကျင်း "
ချန်းရင်ရဲ့ မျက်နှာမှာ ဖြူဖျော့နေပြီး သူမရဲ့ လက်မှာ IV drip သွင်းထားသည်။
ကျိုးရှို့လင်း မျက်ခုံးကြုတ်ကာ ကျင်းကျုံးပိုင် ဘက်သို့ လှည့်လိုက်သည်။ "ခင်များလည်း ရိုက်ကူးရေးမှာ ရှိနေတာပဲ။ အတိအကျ ဘယ်လိုဖြစ်သွားရတာလဲ။ ချန်းရင် မြင်းဘယ်လို စီးရမယ်ဆိုတာကို သိပြီးသား။ ဒီမတော်တဆမှုက ဘယ်လိုဖြစ်ရတာလဲ"
ကျင်းကျုံးပိုင် ပြန်ဖြေလိုက်သည်။ "ကျွန်တော်က သူ့အနားကနေ ငါးမီတာလောက်အကွာမှာ ရှိနေတာ။ သူမ မြင်းပေါ်ကနေ ချက်ချင်းပြုတ်ကျလာတာ တုံ့ပြန်ဖို့အချိန်တောင် မရှိလိုက်ဘူး။ ခင်များရဲ့အတွေးတွေကို ကျွန်တော် နားလည်ပါတယ်၊ ဒီတစ်ခါတော့ တကယ်မတော်တဆမှုတစ်ခုပါ"
ကျိုးရှို့လင်း ခဏမျှ တိတ်ဆိတ်သွားသည်။ "ချန်းရင် ရိုက်ရမယ့် scene တွေက ဘယ်လောက်ကျန်သေးလဲ"
ကျင်းကျုံးပိုင် တိုတိုတုတ်တုတ် စဉ်းစားလိုက်သည်။ "တစ်ဝက်လောက်။ ခင်များမှာ ဘာအစီအစဉ်ရှိလဲ"
ကျိုးရှို့လင်းက အဲဒီလမ်းကို တွေးထားပြီးသား။ "ကျွန်တော့်မှာ ရွေးချယ်စရာအခွင့်အရေး နှစ်ခုရှိတယ်။ သူမ ပြန်ကောင်းမွန်လာပြီးတော့ ထုတ်လုပ်ရေးမှာ ပြန်လည်ပါဝင်လာဖို့ စောင့်နေမလား ဒါမှမဟုတ် ခေါင်းဆောင်မင်းသမီးနေရာကို အစားထိုးမလား။ ဒါပေမယ့် ဘယ်ရွေးချယ်မှုက ခင်များရဲ့အချိန်ကို နှောင့်နှေးစေမလဲ"
ကျင်းကျုံးပိုင် ရုတ်တရက် ပြုံးလိုက်သည်။ “ကျွန်တော့် ရဲ့အချိန်ဇယားကို ညှိလိုက်မယ်။ နောက်ဆုံး ဒီမတော်တဆမှုက မထင်မှတ်ဘဲ ဖြစ်သွားတာ"
ကျိုးရှို့လင်းက တစ်နေ့တာလုံး ဆေးရုံတွင် ကုန်ဆုံးခဲ့ပြီး ချန်းရင် နိုးလာဖို့ကို သူတို့နှစ်ဦးစလုံး စောင့်ဆိုင်းခဲ့သည်။
တစ်နာရီကြာပြီးနောက် ချန်းရင် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ သူမ လူနှစ်ယောက်ကို အဲ့မှာရပ်နေတာကို မြင်လိုက်ရပြီး စကားပြောလိုက်သည်။
"ရှင်တို့ကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်" သူမ စကားပြောနေစဉ် သူမ ဒဏ်ရာတွေဆီက နာကျင်ကိုက်ခဲမှုကို ခံစားရသည်။
ကျင်းကျုံးပိုင် ပြောလိုက်သည်။ "အခု စကားမပြောသေးနဲ့။ ကောင်းကောင်း အနားယူလိုက်ဦး
ချန်းရင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "ကျွန်မက အိမ်ရှင်ကောင်းတစ်ယောက် မဟုတ်ဘူး။ ရှင်တို့ နှစ်ယောက် အိမ်မှာလို အေးအေးဆေးဆေး နေကြပါ"
ကျိုးရှို့လင်း - "ကျန်ယွီ ငါ့ကို ဆက်သွယ်ထားပြီးသား။ နောက်လာမည့်အလုပ်တွေကို သူမ ကိုင်တွယ်မှာမို့ မင်းစိတ်ပူမနေနဲ့။ အခု မင်းရဲ့ အဓိကအာရုံထားရမယ့်ဟာက ပြန်ကောင်းလာဖို့ပဲ"
ချန်းရင် - "အွန်း ကျုံးပိုင်။ ရှင်က ဘာလို့ဒီမှာရှိနေသေးတာလဲ။ ဒီနေ့ ရှင်ရိုက်ရမယ့် scene မရှိဘူးလား"
ကျင်းကျုံးပိုင်၏ ချောမောတဲ့ မျက်နှာပေါ်တွင် အကူအညီမဲ့နေတဲ့ အရိပ်အမြွက်တစ်ခု ဖြတ်ပြေးသွားသည်။ "ကြင်ယာတော်မင်းသမီးက ဒဏ်ရာရထားတယ်။ သူမကို ပြုစုဖို့ ငါက ဘာလို့ မလာရမှာလဲ "
ချန်းရင် နူးညံ့စွာ ညည်းညူလိုက်သည်။ " စိုးရိမ်ပူပန်မှုအတွက် ကြင်ယာတော် မင်းသားကို ကျေးဇူးတင်ပါတယ် " သူမသည် အိပ်ငိုက်ခြင်းကို မခံနိုင်တော့ဘဲ တစ်ဖန် အိပ်ပျော်သွားတော့မည်။
ကျိုးရှို့လင်းနဲ့ ကျင်းကျုံးပိုင်တို့ အတူတူ ဆေးရုံက ထွက်လာကြပြီး သူတို့ရဲ့ အမူအရာက အနည်းငယ် ထုံထိုင်းနေပြီး ခံစားချက် လုံးဝ ကင်းမဲ့သွားသည်။
"လူကြီးမင်း ကျိုး၊ ခင်းများမှာ လက်ထောက်အသစ်တစ်ယောက်ရှိတယ်လို့ ကြားတယ်"
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ဒီတော့ ခင်များလည်း ကြားလိုက်တယ်ပေါ့ "