အခန်း (၈)
Vol. 1 Ch. 8
ကျိုးရှို့လင်းသည် သူမ၏ ညှိုးငယ်နေတဲ့ မျက်နှာကို ကြည့်လိုက်သည်။ "သွားရအောင်၊ မင်းကို ကားနဲ့ပြန်ပို့ပေးမယ်"
ကျန်းရှောင် ထပ်ပြီး မငြင်းတော့ပေ။
သူက ကားမောင်းပြီး ကျန်းရှောင်က ခရီးသည်ထိုင်ခုံမှာ ထိုင်ခဲ့သည်။
ကားက သန့်ရှင်းသပ်ရပ်ပြီး ရှုပ်ပွနေတာမျိုး မရှိဘူး။
"ကျောင်းဝင်းထဲမှာ နေတာလား"
"ဟုတ်တယ်၊ ကျွန်မ ဒီစနေနေ့ကျရင် ရွှေ့ဖို့စီစဉ်ထားတယ်"
"ဘယ်ကိုလဲ"
"ရွှယ်ထျန်းလမ်း"
"ပထမ အလယ်တန်းကျောင်း အနီးကလား"
"ဟုတ်"
"ပထမအလယ်တန်းကျောင်း အရှေ့ဂိတ်ပေါက်နားမှာ ဖက်ထုပ်ဆိုင်တစ်ဆိုင်ရှိတယ်ဆိုတာ မှတ်မိသေးတယ်။အဲ့ဆိုင် အခုဖွင့်သေးလား"
“ဖွင့်နေတုန်းပဲ၊ ကျွန်မ အဲဒီကိုပြီးခဲ့တုန်းက တစ်ခေါက် သွားလိုက်သေးတယ်၊ ဒါပေမယ့် ပိုင်ရှင်ရဲ့သားက ဆိုင်ကို လက်လွှဲယူထားတယ်"
ကျိုးရှို့လင်း ရယ်မောလိုက်သည်။ "ငါ အဲ့ကို မရောက်ဖြစ်တာ နှစ်အတော်ကြာပြီ။ အရသာက ဘယ်လိုနေလဲ"
"မဆိုးပါဘူး" လို့ ကျန်းရှောင် ပြန်ဖြေခဲ့သည်။
"ငါ့ညီမလည်း ပထမ အလယ်တန်းကျောင်းက ကျောင်းသူပဲ။ သူက မင်းနဲ့ အသက်တူတူပဲ"
ကျိုးရှို့လင်း ရုတ်တရက် အကြောင်းအရာပြောင်းလိုက်သည်။
ကျန်းရှောင်၏ နှလုံးက တင်းကျပ်လာပြီး ခဏမျှ တုံ့ဆိုင်းသွားကာ " တိုက်ဆိုင်လိုက်တာ" လို့ ပြောလိုက်သည်။
ကျိုးရှို့လင်း ခေါင်းကို လှည့်ကာ ပါးစပ်ထောင့်မှာ ခဏတာ အပြုံးတစ်ခုဖြင့် သူမကို ကြည့်လိုက်သည်။
နာရီဝက်လောက်ကြာတော့ ကျန်းရှောင် ပြတင်းပေါက်အပြင်ဘက်က ရှုခင်းတွေကို ကြည့်လိုက်သည်။ "မစ္စတာ ကျိုး၊ ဒါ ဂျေ တက္ကသိုလ်ကို ပြန်တဲ့လမ်းမဟုတ်ဘူး"
"တောင်းပန်ပါတယ် ကျင်းချန် တောင်ဘက်လမ်းတွေကို ငါ သိပ်မကျွမ်းဘူး။ မင်း လမ်းညွန်ပေးလို့ရမလား"
ကျန်းရှောင်က သူ လမ်းမသိတာကြောင့် အံ့သြသွားခဲ့ရသည်။
"ကိုယ့်မှာက ဒရိုက်ဘာတစ်ယောက်ရှိတော့ ကိုယ်က ကားထဲမှာ စာရွက်စာတမ်းတွေဖတ်တာ အကျင့်တစ်ခုလိုဖြစ်နေတယ် " လို့ သူက ရှင်းပြခဲ့သည်။
ကျန်းရှောင် သူမ၏ ဖုန်းကို ထုတ်လိုက်ပြီး လမ်းကြောင်းကို ဖွင့်ကာ လမ်းကြောင်း သတ်မှတ်လိုက်သည်။ သူမခေါင်းကိုလှည့်ပြီး သူမရဲ့မည်းနက်နေတဲ့ မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။
ဂျေ တက္ကသိုလ်ကို ရောက်တော့ ကျိုးရှို့လင်းက ကားပေါ်မှ ဆင်းကာ သူမကို ကြည့်ရန် ကြံရွယ်ထားပုံရသည်။
ကျန်းရှောင် ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "မစ္စတာ ကျိုး၊ ကျွန်မဘာသာ ဝင်သွားလို့ရပါတယ် ကျွန်မကို ကြည့်ပေးစရာ မလိုပါဘူး"
ထိုအချိန်သည် ညစာစားချိန်ဖြစ်ပြီး ကျောင်းသားအများအပြားက ကျောင်းဝင်းအပြင်ဘက်ရှိ စားသောက်ဆိုင်များသို့ သွားကာ ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေး စားသောက်ကြသည်။
"မင်း ဗိုက်ဆာလား" လို့ သူမေးလိုက်သည်။
ကျန်းရှောင် မျက်မှောင်ကျုံ့လိုက်သည်။ "မဆာဘူး"
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "ဒါဆို စားသောက်ဖို့ ငါ့ကိုလိုက်ကူပေး" သူ သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ကျန်းရှောင််က "မစ္စတာ ကျိုး-မစ္စတာကျိုး-" ဆိုပြီး နှစ်ခါခေါ်လိုက်သည်။
နောက်ဆုံးမှာတော့ သူက သူမကို ဖက်ထုပ်ဆိုင်ကို ခေါ်သွားခဲ့တာ။
ပူပူနွေးနွေးနှင့် ရောထားသော ဖက်ထုပ်တွေထည့်ထားတဲ့ ပန်းကန်ကို သူတို့နှစ်ယောက်ကြားမှာချပေးခဲ့သည်။
ကျိုးရှို့လင်းက ထိုနေရာတွင် ထိုင်ကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ "ရှလကာရည် လိုချင်လား"
ကျန်းရှောင် ခေါင်းညိတ်ပြလိုက်ပြီး သူမအတွက် သူက ရှာလကာရည် ပန်းကန်သေးသေးလေးကို လောင်းထည့်ပေးခဲ့သည်။ ချဉ်တဲ့အရသာက စွဲမက်ဖွယ်ကောင်းပြီး သူမ၏ စားချင်စိတ်ကို သက်သာစေသည်။
သူမ ဖက်ထုပ်သုံးလုံး စားလိုက်သော်လည်း သူက တစ်ခုမှမထိရသေးပေ။ သူမ အစာကို မျိုချလိုက်ပြီး ဘာမှ မပြောဘဲ သူ့ကို ကြည့်လိုက်သည်။
"ငါဗိုက်မဆာဘူး"
ကျန်းရှောင်သည် သူမ၏ အစားအစာထဲသို့ ရှာလကာရည် အနည်းငယ်ထည့်ကာ ဖက်ထုပ်တွေကို စားလိုက်သည်။
ကျိုးရှို့လင်း သူ့ပါးစပ်ထောင့်ကိုပင့်လိုက်သည်။ "ငါ ရုတ်တရက် တစ်ခုခုကို တွေးမိသွားတယ်"
"ဘာများလဲ" သူမ စိတ်ရှုပ်ယှက်ပြီး မေးလိုက်သည်။
သူက သူမကို လေးလေးနက်နက် ကြည့်ပြီး စက္ကန့် ဆယ်ဂဏန်းလောက်ကြာတော့ "အချဉ်ကြိုက်တဲ့ကောင်မလေး အစပ်ကြိုက်တဲ့ အမျိုးသမီး " ဟု ဖြည်းညှင်းစွာ ပြောလိုက်သည်။
ကျန်းရှောင် အံသြသွားသည်။ "ဒါက အဓိပ္ပာယ်မရှိဘူး"
ထိုညတွင် ကျန်းရှောင် မနက်အစောကြီးထိ အိပ်မပျော်ခဲ့ပေ။ သူမလက်ကို ဗိုက်ပေါ်တင်ထားပြီး ဒီအချိန်တုန်းက ဘာကြောင့် ပဲပင်ပေါက်လေး ကြီးထွားလာရသလဲလို့ တွေးနေမိသည်။
“မင်းသာ နောက်မှ လာလို့ရမယ်ဆိုရင်” ဆိုပြီး သူမကိုယ်သူမ ညည်းတွားခဲ့သည်။ မျက်လုံးတွေကိုမှိတ်ထားရင်း သူမ တွေးနိုင်သမျှကတော့ ကျိုးရှို့လင်း ရဲ့မျက်နှာ၊ ကမောက်ကမဖြစ်နေတဲ့ သူမရဲ့နှလုံးသားပဲ။
နေ့ခင်းတုန်းက သူ သူမကို ပရိုပိုစ့်လုပ်ဖို့ စဉ်းစားနေတာလား။
နည်းနည်းလေး လှုပ်လှုပ်ရွရွဖြစ်နေပေမယ့် သူမကတော့ အတော်လေးကို ပျော်ရွှင်နေဆဲပါပဲ။ သူ သူမကို မချစ်ခဲ့ဘူးဆိုရင် အနည်းဆုံးတော့ တာဝန်သိတတ်တဲ့လူတစ်ယောက်လို့ အဓိပ္ပါယ်ရသည်။
အထက်တန်းကျောင်းတက်တုန်းက သူမနဲ့ လင်းဝူက တစ်ယောက်က အရင်ဆုံးအိမ်ထောင်ပြုခဲ့မယ်ဆိုရင် နောက်တစ်ယောက်က သတို့သမီးအရံလုပ်ပေးရမယ်လို့ ဟာသလုပ်ခဲ့ဖူးသည်။
လင်းဝူက ကျောင်းဆက်တက်နေတုန်းပဲ၊ နောက်ပိုင်းမှာ Ph.D ကို ဆက်တက်ဦးမှာ။ သူမ ကိုယ်တိုင်ကလည်း အခုအခြေအနေနဲ့ အိမ်ထောင်ပြုရတော့မှာလားဆိုလား မသိသေးဘူး။
ကျန်းရှောင် လူးလှိမ့်ပြီး အိပ်ယာပေါ် လှည့်ကာ နောက်ဆုံးတော့ မနက်အစောကြီးမှာ အိပ်ပျော်သွားခဲ့သည်။
ကျိုးရှို့လင်းသည် ဂျေ တက္ကသိုလ်မှ ထွက်ပြီးနောက် ထိုညတွင် အိမ်သို့ပြန်လာခဲ့သည်။ သူ့မိဘတွေက သူ့ကို စောင့်နေတာ ကြာပြီ။
ကျိုး မေမေက အသက်ငါးဆယ်ကျော်အရွယ်ရှိကာ ပြေပြစ်သောစိတ်ထားဖြင့် သူမကို တကယ့် အသက်အရွယ်ထက် ဆယ်နှစ်ကျော်ခန့် နုပျိုစေသည်။
"ရှို့လင်း ဘာဖြစ်လို့လဲ။ မင်း ဒီနေ့ နေ့လည်ခင်းက အရမ်း စိတ်လှုပ်ရှားနေတယ်နော် "
ကျိုးရှို့လင်း အနည်းငယ်ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့ ကျွန်တော် ကိုယ်တွယ်နိုင်တယ်"
သူ့ကို ကြည့်ရတာ နည်းနည်းပင်ပန်းနေပုံပဲ။ ကျိုး မေမေက စိုးရိမ်မှုတွေနဲ့ ပြည့်နေပေမယ့် ကျိုး ဖေဖေကတော့ အဲ့တာကို သိပ်ပြီးစဉ်းစားမနေဘူး။
သူ ကျိုးရှို့လင်းရဲ့ အသက်အရွယ်တုန်းကဆိုရင် ပို၍ပင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျိုး မိသားစုမှ ယောက်ျားလေးများသည် ငယ်စဉ်ကတည်းက လေ့ကျင့်မှု ပုံစံအမျိုးမျိုးကို ခံယူခဲ့ကြပြီး ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အားမှာ သာမန်လူများထက် များစွာ အားကောင်းခဲ့သည်။
အထူးသဖြင့် ကျိုးရှို့လင်းမှာ ၎င်းတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ဖူးဘဲ အရာရာကို အထူးကောင်းမွန်စွာ လုပ်ဆောင်နိုင်သူဖြစ်သည်။
ဟားဗတ်မှ မဟာဘွဲ့ဖြင့် ဘွဲ့ရပြီးနောက် ၎င်း၏ကိုယ်ပိုင်လုပ်ငန်းကို စတင်ရန် တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည်။ ကျိုး မိသားစုက သူ့ကို အဆင်ပြေမှုတွေ အများကြီးပေးခဲ့ပေမယ့် သူ့ရဲ့အောင်မြင်မှုက ထူးခြားပြောင်မြောက်လှသည်။
အထူးသဖြင့် ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကို သူကိုယ်တိုင်တည်ထောင်ခဲ့သည်။ တိုတောင်းသော တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းတွင် ၎င်းသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အရည်အသွေးမြင့် လက်ရာများစွာကို လူအများ အာရုံစိုက်လာခဲ့သည်။
ကျိုးရှို့လင်း လှည့်ပတ်ကြည့်လိုက်သည်။ "ယန်ယန် ကော "
မစ္စစ်ကျိုးက ပြုံးပြီး ပြောလိုက်သည်။ "သူမ အပေါ်ထပ်မှာ ရှိနေတယ်၊ မင်းကို စိတ်ဆိုးနေတာ"
ကျိုးရှို့လင်းက "ကျွန်တော် သူ့ကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်"လို့ပြောလိုက်သည်
သူ ဒုတိယထပ်ကို တက်သွားပြီး ကျိုးယန်ယန်ရဲ့ တံခါးကို ခေါက်လိုက်ပေမယ့် တုံ့ပြန်မှုမရှိခဲ့ပေ။ "ယန်ယန်၊ အစ်ကိုပါ"
တံခါးကို တွန်းဖွင့်လိုက်တော့ ကျိုးယန်ယန်က ဆိုဖာပေါ်ထိုင်နေပြီး ပုံမှန်လို စိတ်အားထက်သန်မှုမရှိဘဲ သူ့ကို ပျင်းရိစွာ စိုက်ကြည့်နေသည်။
“ခရီးက ချောမွေ့ရဲ့လား” လို့ သူ မေးလိုက်သည်။
ကျိုးယန်ယန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မကူညီနိုင်ပြောလိုက်သည်။ “အစ်ကို ဘာလို့
ရုတ်တရက်ကြီး ညီမ တို့ကို လာမကြိုတော့တာလဲ။ ငါတို့မိသားစုကို တွေ့တာထက် ဘာက ပိုအရေးကြီးနေလို့လဲ"
ကျိုးရှို့လင်းက သူမရဲ့ဆံပင်တွေကို လက်နဲ့ သပ်ပေးလိုက်သည်။ "အဲဒါက အရမ်းအရေးကြီးတယ်၊ အရမ်းအရေးကြီးလွန်းလို့ မနက်ဖြန် ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတုန်းပဲ"
ကျိုးယန်ယန်ကလည်း သူ့အစ်ကိုကို ဒီလို အခက်အခဲတွေ ကြုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " အရာရာတိုင်းကို အစ်ကိုကိုယ်တိုင် ကိုင်တွယ်စရာမလိုဘူး။ ကုမ္ပဏီက အစ်ကို့တစ်ယောက်တည်းကိုပဲ အားကိုးနေရတာမှမဟုတ်တာ။ လစာမြင့်တဲ့ မန်နေဂျာတွေခန့်ထားတာပဲ သူတို့ ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပေါ့ ”
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး မင်းအများကြီး အမြတ်ထုတ်ထားပုံရတယ်"
ကျိုးယန်ယန် မတ်တပ်ထရပ်ပြီး ဖိနပ်တစ်ရံကို ဝတ်ကာ သူ့ရှေ့မှာ ရပ်လိုက်သည်။ သူမသည် လှပသောမျက်နှာဖြင့် အရည်ရှည်ပြီး အမြဲအာရုံစူးစိုက်တတ်သူဖြစ်သည်။ "အစ်ကို၊ ညီမ အနုပညာ နယ်ပယ်ထဲ ဝင်ဖို့ စီစဉ်နေတယ်"
ကျိုးရှို့လင်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ "ယန်ယန် အဲ့တာက မင်းနဲ့မလိုက်ဖက်ဘူး"
ကျိုးယန်ယန်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "အစ်ကို၊ ဘာလို့ ညီမကိုမယုံတာလဲ၊ ညွမ အဖေနဲ့အမေနဲ့ စကားပြောပြီးသွားပြီ။ ညီမ ညီမတို့ မိသားစုကို အားကိုးမှာမဟုတ်ဘူး၊ ငါ့ကိုယ်ငါ နာမည်ရအောင်လုပ်မှာပါ"
ကျိုးရှို့လင်း မျက်ခုံးကျုံ့လိုက်သည်။
ကျိုးယန်ယန်က သူ့အစ်ကိုကြီးရဲ့ စိတ်ကို သိထားတော့ သူတို့ ငယ်ငယ်ကလိုမျိုး သူ့ကို ချော့ခဲ့သည်။ "အစ်ကို၊ ကျေးဇူးပြုပြီး yes လို့ပြောပါနော်"
ကျိုးရှို့လင်း သူ့ညီမကို ကြည့်ပြီး ကျန်းရှောင်ကို မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ ယန်ယန်သည် အမြဲတမ်း ချောမွေ့နေတဲ့ ရွက်လွှင့်နေသော ဘဝတစ်ခု ရှိပြီး သူမ လိုချင်သမျှကို ပိုက်ဆံအတွက် မစိုးရိမ်ရပေ။
ကျန်းရှောင်ကတော့ အခြားတစ်ဖက်မှာ ကွဲပြားခြားနားသည်။ သူမသည် သူမ၏ ကောလိပ်ကျူရှင်အတွက် ပညာသင်ဆုများဖြင့်သာ ပေးဆောင်နိုင်ခဲ့သည်။ ဤပတ်ဝန်းကျင်မျိုးသည် သူမ၏ တင်းမာသော ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ထားသည်။
ကျိုးရှို့လင်းသည် ကျိုးယန်ယန် ဖျော်ဖြေရေးနယ်ပယ်သို့သွားခြင်းကို မကန့်ကွက်သော်လည်း ၎င်းကို လုံးဝလက်မခံခဲ့ပေ။
ကျိုးယန်ယန်က သူ ငြိမ်နေတာမြင်တော့ အကြောင်းအရာ ပြောင်းသွားခဲ့သည်။ "ဒါပေမယ့် ငါ အရင်ဆုံး တစ်ပတ် နှစ်ပတ်လောက် အနားယူဖို့ လိုတယ်။ ငါတို့ အထက်တန်းကျောင်းက အတန်းဖော်တွေနဲ့ ပြန်ဆုံတွေ့ကြဖို့ စီစဉ်နေတယ်"
"မင်းရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေနဲ့ အဆက်အသွယ် လုပ်သေးလား"
"သာမန်အချိန်တုန်းကတော့ ငါတို့ အဆက်အသွယ် သိပ်မရှိပေမယ့် ငါ ပြန်လာပြီး အတန်းပြန်ဆုံပွဲ လုပ်ဖို့ စီစဉ်နေတာ လူတိုင်းသိတယ်။ ဒီနှစ် ငါတို့အတန်းက ကောလိပ်ကနေ ဘွဲ့ရတော့မှာဆိုတော့ တစ်ချို့လူတွေလည်း ပြန်လာကြတယ်။ ပြီးတော့ တစ်ချို့ကလည်း ကျန်းချန် မှာ အလုပ်လုပ်ဖို့ ပြန်လာကြတယ်"
ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "မင်းလည်းပြန်လာပြီပဲ၊ ဒီည စောစောအနားယူ "
ကျိုးယန်ယန် ပြုံးလိုက်သည်။ "yes sir "
သူမသည် မိန်းကလေးဖြစ်ပြီး အစ်ကိုဖြစ်သူထက် ခြောက်နှစ်ငယ်သောကြောင့် မိသားစုရှိလူတိုင်းက သူမကို သဘောကျကြသည်။ ကျိုးရှို့လင်းလို အစ်ကိုတစ်ယောက်ရှိခြင်းသည်လည်း သူမအတွက် ဂုဏ်ယူစရာပင်။
ငယ်စဉ်ကတည်းက သူမ၏အတန်းဖော်များနှင့် ကစားဖော်များသည် သူမမှာ မင်းသားနှင့်တူတဲ့ အစ်ကိုရှိခြင်းအတွက် သူမအား မနာလိုဖြစ်ခဲ့ကြသည်။