အခန်း (၉)
Vol. 1 Ch. 9
ညသန်းခေါင်တွင် ကျိုးယန်ယန်သည် သူမ၏ အတန်းဖော်ဟောင်းနှင့် စကားစမြည်ပြောနေချိန်၌ အောက်ထပ်ရှိ ကားဂိုဒေါင်မှ အသံအချို့ကို ကြားလိုက်ရသည်။
တိတ်ဆိတ်တဲ့ညမှာ အသံက အထူးကြည်လင်နေခဲ့သည်။ သူမ ကန့်လန့်ကာတွေကို ပြန်ဆွဲကာ ကြည့်ဖို့လုပ်လိုက်သည်။
'အရမ်းနောက်ကျနေပြီကို အစ်ကိုက ဘာလို့အပြင်ထွက်သွားတာလဲ။ '
ကျိုးယန်ယန်မှာ သံသယတွေအပြည့်နဲ့ပင်။ သူ့အစ်ကိုက သူ့ကောင်မလေးကို သွားတွေ့တာများလား။ ဒါမှမဟုတ် ညဥ့်နက်မှ အလုပ်ကိစ္စဆွေးနွေးဖို့ အပြင်ထွက်သွားတာလား။
သူ ချင်းရန်ကို သွားတွေ့မို့လား။
နောက်နေ့မှပဲ သူ့ကိုမေးတော့မယ်။
နောက်နေ့မနက်မှာတော့ ကျန်းရှောင်က ငိုက်မြည်းလျက် နိုးလာပြီး မျက်နှာသစ်ကာ အဝတ်စားလဲလိုက်သည်။ ခုနစ်နာရီခန့်တွင် သူမဆီ မက်ဆေ့ချ် တစ်စောင်ရောက်လာသည်။
[ငါ အောက်ထပ်မှာ]
ကျန်းရှောင် အိတ်ကို မကောက်ယူခင် ဖုန်းကို စက္ကန့်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီး အောက်ထပ်ကို ဆင်းသွားခဲ့သည်။
အဆောင် အဆောက်အဦးကနေ ထွက်လာတာနဲ့ သူ့ရဲ့ကားကို မြင်လိုက်ရသည်။ သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ ဘယ်လို ဝင်လာတာလဲလို့ နည်းနည်းလေး တွေးတောလိုက်မိသည်။
ကံကောင်းစွာနဲ့ ဒီအဆောက်အဦးက ဘွဲ့ယူမယ့် စီနီယာတွေကို အဓိက ထားထားတာ။ ပြီးတော့ လူအများအပြားက ကျောင်းဝင်းမှ ထွက်ခွာသွားကြပြီဖြစ်သည်။
ကျိုးရှို့လင်း ကားပေါ်မှ ဆင်းလာကာ အဝေးမှ သူတို့ မျက်လုံးတွေက အကြည့် ဆုံသွားကြသည်။
ကျန်းရှောင်း အားတင်းပြီး စကားတစ်ခွန်းကို ပြောလိုက်သည်။ "မောနင်း"
ကျိုးရှို့လင်း တစ်ညလုံး ကားထဲတွင် သူ့ဘာသာသူ ထိုင်နေခဲ့သည်။ သူ သူမကိုကြည့်လိုက်တော့ သူမက မီးခိုးရောင်ဂါဝန်အရှည်၊ အနက်ရောင် ကင်းဗတ်အိတ်ကို ကိုင်ထားပြီး ဆံပင်ကိုချထားကာ အနက်ရောင်ဘောင်အကွတ်မျက်မှန်ကို တပ်ထားသည်။ ဒါက သူ့ကိုယ်သူ ဖုံးကွယ်ထားဖို့ ဖြစ်နိုင်သည်။
ခဏခဏ လူတွေဖြတ်သွားကြသည်။ ကျန်းရှောင်က သူမ သိတဲ့လူတွေ မတွေ့မိသွားစေရန် အမြန်ထွက်သွားချင်ခဲ့သည်။ ဒါပေမယ့် နောက်ဆုံးတွင် သူမကို အတန်းဖော်တစ်ဦးမှ တွေ့သွားခဲ့သည်။
"ကျန်းရှောင် -" အတန်းဖော်က သူမကို လှမ်းကြည့်ပြီးနောက် သူမဘေးနားရှိ ကျိုးရှို့လင်းဆီ အံ့အားသင့်နေသည့် မျက်နှာထားဖြင့်ကြည့်ကာ သူ့ကိုယ်သူ ထိန်းထားနိုင်ဆဲဖြစ်သည်။
ကျန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ သူမက အနုပညာ နယ်ပယ်မှာ အချိန်အတော်ကြာကြာ ဖြတ်သန်းခဲ့ရပြီး အများကြီးတွေ့ကြုံခဲ့ဖူးသည်။
ထို့ကြောင့် သူမသည် ကျိုးရှို့လင်း၏ ရုပ်ရည်ကောင်းမွန်မှုကို ခံနိုင်ရည်ရှိခဲ့သည်။ ရိုးရိုးသားသားပြောရရင် ကျိုးရှို့လင်းသာ ဖျော်ဖြေရေးနယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်လာပါက သူသည် ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်လာမည်မှာ သေချာပေါက်ပင်။
သူမ မိမိကိုယ်ကို ထိန်းချုပ်နိုင်သော်လည်း အခြားသူများက မကူညီနိုင်ဘဲ သူ့ကို စွဲလန်းနေပေလိမ့်မည်။
ကျိုးရှို့လင်းက သူမကို စိတ်ဝင်တစားကြည့်လိုက်သည်။ "မင်းရဲ့အတန်းဖော်လား"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ "ယန်အန်း၊ မင်္ဂလာနံနက်ခင်းပါ၊ ငါလုပ်စရာရှိလို့ ငါအရင်သွားလိုက်မယ်နော် "
အတန်းဖော် အမျိုးသမီးက ကျိုးရှို့လင်းကို တည့်တည့်ကြီး ကြည့်နေသည်။
ကျန်းရှောင်က ကျိုးရှို့လင်း ကားပေါ်တက်ဖို့ ရည်ရွယ်ချက်မရှိတာကိုတွေ့တော့ လက်ကိုဆန့်ပြီး သူ့ရဲ့ ညာလက်ကိုဆွဲကာ ထွက်သွားဖို့ တိုက်တွန်းလိုက်သည်။ "သွားကြရအောင်!"
ကျိုးရှို့လင်း၏ မျက်လုံးတွေ အနည်းငယ် ပြောင်းလဲသွားကာ သူမ လက်ကိုစကင်န်ဖတ်ပြီး သူ့နှုတ်ခမ်းပေါ်မှ အပြုံးမပျက်သောမျက်နှာဖြင့် သူမရဲ့ မျက်နှာကိုကြည့်လိုက်သည်။
သူမ ဟန်ဆောင်တာက ဆန်းသစ်သော်လည်း သူမသည် မကြာသေးမီကမှ ဘွဲ့ရထားပြီး ရှက်နေလိမ့်မည်။ ပြေပြစ်သော အမူအရာဖြင့် တွဲဖက်ယာဥ်မောင်း ထိုင်ခုံ၏ တံခါးကို ဖွင့်လိုက်သည်။
ကျန်းရှောင်က သူမ၏ အတန်းဖော်တွေကို ပြန်မကြည့်ရဲပေ။ ဒါက သေချာပေါက် ပျံ့နှံ့သွားမယ်ဆိုတာ သူမ သိသည်။
ခဏကြာပြီးနောက် သူမာဖုန်းက မြည်လာခဲ့သည်။
"အိုး ဘုရားရေ၊ ကျန်းရှောင်၊ နင့်ချစ်သူက အရမ်းချောတာပဲ၊ သူ့ရဲ့ကားကောပဲ"
ကျန်းရှောင် သူမခေါင်းကို နံရံနဲ့ ဆောင့်ပစ်လိုက်ချင်သည်။ သူမ သူ့ကိုပြန်ကြည့်ပြီး "ရှင်ဘာလို့ အောက်ထပ်မှာ ကားရပ်ထားတာလဲ" လို့မေးလိုက်သည်။
ကျိုးရှို့လင်း ခဏမျှ တိတ်ဆိတ်သွားသည်။ "စတုတ္ထနှစ် ကျောင်းသူကို လာခေါ်တာဆိုပြီး ပြောလို့ လုံခြုံရေး အစောင့်က ငါ့ ID ကိုကြည့်ပြီး ဝင်ခွင့်ပေးလိုက်တာ " သူ့အသံက အောရှပြီး ကောင်းစွာသိမြင်ဖို့ ခက်ခဲသည်။
"ငါ့ကို ကျောင်းသူတစ်ယောက်ကို အိမ်ပြန်ခေါ်သွားမယ့် မိသားစုဝင်တစ်ယောက်လို့ ထငသွားတာဖြစ်မယ်"
ကျန်းရှောင် အံကြိတ်လိုက်သည်။
နှစ်ယောက်သား လမ်းမှာ စကားမပြောဖြစ်ကြဘူး။
မနက်ခင်းမှာ လမ်းပန်းဆက်သွယ်ရေးက အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်သည်။ ပုဂ္ဂလိကဆေးရုံကို သူတို့အချိန်မီရောက်လာသည်။
ကားကိုပါကင်ထိုးပြီးနောက် ကျိုးရှို့လင်းက သူမနာမည်ကို "ကျန်းရှောင်" ဟု ခေါ်လိုက်သည်။ သူ့ခံစားချက်များကို ထိန်းထားခဲ့သည်။
သူမရဲ့ ရွေးချယ်မှုကို သူ လေးစားပေမယ့်လည်း အနာဂတ်မှာ သူတို့နှစ်ဦးစလုံး နောင်တရနေတာမျိုး မဖြစ်စေချင်ပေ။
ကျန်းရှောင် ခေါင်းညိတ်လိုက်ပြီး သူရှေ့ဆက်ပြောလာတာကို စောင့်ခဲ့သော်လည်း သူက ဘာမှ မပြောခဲ့ပေ။ "သွားကြရအောင်"
ပြီးခဲ့တုန်းကလိုပဲ ဆေးစစ်ကြရသည်။ ဒါပေမယ့် ဒီတစ်ခါတော့ သူက သူမနဲ့အတူရှိနေသည်။
စစ်ဆေးတာတွေက အားလုံး အရမ်းမြန်သည်။ တစ်နာရီမပြည့်ခင်မှာပဲ ဆရာဝန်က မှတ်တမ်းကိုကိုင်ပြီး ရောက်လာသည်။ "မစ္စတာ ကျိုး၊ ကျွန်မ ရှင်နဲ့ ခဏလောက် စကားပြောမှဖြစ်မယ်"
ကျိုးရှို့လင်း ကျန်းရှောင် ကို ကြည့်လိုက်သည်။ "ခဏစောင့်နေဦးနော်"
ကျန်းရှောင် တကယ် စကားပြောချင်ပေမယ့် နောက်ဆုံးမှာတော့ သူမစကားတွေကို မျိုသိပ်ထားခဲ့သည်။ “ရှင်တို့စကားပြောကြပါ ကျွန်မ လမ်းလျှောက်နေလိုက်မယ်"
ကျိုးရှို့လင်း ခဏလောက် စဉ်းစားနေပုံပေါ်ပြီး သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်။ "ဘေးကင်းအောင်နေနော်"
သူမ ပြုံးလိုက်သည်။
ကျန်းရှောင် ထွက်သွားပြီးတာနဲ့ ဆရာဝန်က ကျိုးရှို့လင်း အမှန်တရားကို ပြောပြခဲ့ပြီး သူ့မျက်နှာက ခက်ထန်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးမှာ သူစကားပြောခဲ့ပြီး သူ့ စကားသံက အောရှနေခဲ့သည်။ "ခွဲစိတ်မှုကို ဖျက်သိမ်းလိုက်ပါ"
ကျန်းရှောင်က ဦးတည်ရာမဲ့ လျှောက်သွားခဲ့ပြီး သူမရဲ့ စိတ်တွေ ကမောက်ကမ ဖြစ်နေပေမယ့် သူမရဲ့ နှလုံးသားကတော့ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
မသိစိတ်ဖြင့် သူမ သားဖွားမီးယပ်ဆောင် ရှေ့တွင် ရပ်နေမိတာကို တွေ့လိုက်ရသည်။ သူမ ကလေးတွေ ထည့်ထားတဲ့အခန်းကို ကြည့်နေသည်။ မွေးကင်းစကလေးငယ်တွေ အားလုံး တွန့်ကွေးပြီး အိပ်မောကျနေကာ လက်သီး သေးသေးလေးများကို ဆုပ်ထားကြသည်။
လအနည်းငယ်ကြာရင် ပဲပင်ပေါက်လေးက သူတို့လိုပဲလုပ်နေလိမ့်မယ်။ ရုတ်တရက် သူမ ထိတ်လန့်သွားပြီး နှလုံးခုန်သံက သိသိသာသာ မြန်လာသည်။ ထိုအချိန်တွင် သူမ ကလေးလေး လက်ကို တကယ် ထိချင်လာခဲ့သည်။
သူမအနားမှာ တစ်စုံတစ်ယောက် ရောက်လာသည်အထိ သူမ အဲဒီမှာ ဘယ်လောက်ကြာကြာ ရပ်နေခဲ့မှန်းမသိလိုက်ဘူး။ သူမ ခေါင်းကို လှည့်ကြည့်လိုက်တော့ ထိုလူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ကျိုးရှို့လင်းက အေးစက်တဲ့ အငွေ့အသက်များဖြင့် ဝန်းရံထားသည်။ "ကျန်းရှောင် -"
"ကျိုးရှို့လင်း -"သူမက သူ့ရှေ့မှာ သူ့နာမည်ကို ပထမဆုံးအကြိမ်ခေါ်ကာ ကြားဖြတ်နှောင့်ယှက်ခဲ့သည်။
"ကျွန်မ ဒီကလေးကို မွေးချင်တယ်"သူမရဲ့ မျက်လုံးတွေက မည်းမှောင်နေပြီး သူမရဲ့ အမူအရာက ခေါင်းမာသည်။
ကျိုးရှို့လင်း ရုတ်တရက် သူမကို စိုက်ကြည့်ရင်း သူ့မျက်လုံးတွေက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။
“ဆရာဝန်နဲ့ ရှင် ဘာပြောခဲ့လဲဆိုတာကို ကျွန်မ သိတယ်” သူမက အတင်းပြုံးလိုက်သည်။ “ကိုယ်ဝန်ဖျက်ချလိုက်ရင် ကျွန်မ ကလေး ထပ်မရနိုင်တော့ဘူးဆိုတာ။ ကျွန်မ သိပါတယ်
ကျိုးရှို့လင်း သူမရဲ့ စကားကိုကြားပြီးနောက် မျက်နှာကတစ်ဖန် မည်းမှောင်သွားသည်။
"ကျွန်မ အခု ဒီကလေးကို မွေးချင်တယ်၊ အနာဂတ်မှာ ကျွန်မ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ သိပါတယ်။ အခက်အခဲတွေ အများကြီးရှိနိုင်သလို မိခင်ကောင်းတစ်ယောက်မဖြစ်နိုင်တာလည်း ဖြစ်နိုင်တယ်။ ဘဝက မသေချာမှုတွေနဲ့ ပြည့်နှက်နေပေမယ့် အခုချိန်မှာတော့ ကျွန်မ သေချာပေါက် ဒီကလေးကိုမွေးချင်တယ်"
ကျိုးရှို့လင်း၏ လည်ချောင်းတွေ အပေါ်အောင် ရွေ့သွားပြီး သူ့အသံက အနည်းငယ် တင်းမာလာသည်။ "ငါက ကလေးအဖေပါ"
ကျန်းရှောင် အသက်ပြင်းပြင်းရှူရင်း ခေါင်းငုံ့ကာ ဗိုက်ကိုကြည့်ပြီး "ကျွန်မက အရမ်းငယ်သေးပေမယ့် မိခင်တစ်ယောက် ဖြစ်လာတော့မယ်" ဟု တိုးတိုးလေးပြောလိုက်သည်။
သူမ စိတ်ထဲမှာတော့ အဲ့တာကိုလုပ်ဖို့ တွန့်ဆုတ်နေပေမယ့် ဆရာဝန်၏ စကားတွေက သူမကို စိတ်ပြေလျော့သွားစေကာ ကလေးလေးကို မြင်လိုက်ရတော့ သူမဗိုက်ထဲက ဒီပဲပင်ပေါက်လေးကို လွယ်ဖို့ မခုခံနိုင်တော့ပေ။
ကျိုးရှို့လင်းက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် ရေခဲတွေ အရည်ပျော်သွားသကဲ့သို့ သူ့မျက်နှာက အနည်းငယ် ပျော့သွားခဲ့သည်။
သူ့မျက်ခုံးတွေကြားက နူးညံ့တဲ့ အထိအတွေ့တစ်ခုရှိနေသည်။ "ဒီ ကလေးကို မွေးရအောင်"
"ရှစ်လလောက် လိုသေးတယ် " ကျန်းရှောင်က နှုတ်ခမ်းစူကာ ပြန်ဖြေလိုက်သည်။ မနေ့က သူပြောခဲ့တဲ့ လက်ထပ်တာလိုမျိုး တချို့အရာတွေကို သူမ အလိုအလျောက် ပိတ်ဆို့လိုက်သည်။
"အရင်ဆုံး ပြန်ကြရအောင်"
"မစ္စတာ ကျိုး "ကျန်းရှောင် နှုတ်ခမ်းကို ကိုက်လိုက်သည်။
ကျိုးရှို့လင်းသည် မကျေမနပ်ဖြစ်နေသလို သူ့မျက်ခုံးကို အနည်းငယ်ကျုံ့လိုက်သည်။
“ကျွန်မမှာ ရှင့်ကို ပြောစရာရှိတယ်” လို့ သူမပြောလိုက်သည်။ သူမ ရှင်းရှင်းလင်းလင်း ပြောစရာတွေ ရှိသေးတယ်လို့ ခံစားရသည်။
ကျိုးရှို့လင်း သူမကိုကြည့်ပြီး "တခြားတစ်နေရာမှာ စကားပြောရအောင်" လို့ပြောလိုက်သည်။
သူ့စိတ်ထဲတွင် "တခြားတစ်နေရာ" ကို တွေးကြည့်လိုက်တော့ အဲ့တာက သူနေထိုင်တဲ့နေရာပင်။
ကျန်းရှောင် လမ်းလျှောက်လာစဉ်တွင် ပြင်းထန်သော ယောက်ျားရနံ့တစ်ခုက သူမ မျက်နှာကို ထိမိသွားသလို ခံစားလိုက်ရသည်။ သူမ လမ်းလျှောက်ဖို့ ရုန်းကန်ပြီး ထိုနေရာတွင် ရပ်နေလိုက်သည်။
"ငါ့မှာ စမ်းရေတွေပဲရှိတယ်” သူက ပုလင်းအဖုံးကိုဖွင့်ပြီး သူမကို ပေးလိုက်သည်။
"ထိုင်ဦး။ မင်း ငါ့ကို ဘာပြောချင်လို့လဲ"
ကျန်းရှောင် နှုတ်ခမ်းကို ကိုက်ထားပြီး သူ့ဘေးက ဆိုဖာပေါ်မှာ တည့်တည့်မတ်မတ်ထိုင်ကာ စမ်းရေပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ စေ့စပ်ဆွေးနွေးဖို့ သူမ ကျိုးရှို့လင်းနှင့် မယှဉ်နိုင်မှန်းကို သူမ သိသည်။
သူမ ဘယ်လိုစရမှန်ကို မသိဘဲ တိတ်ဆိတ်နေမိသည်။
ကျိုးရှု့လင်းသည် သူမ၏မျက်နှာပေါ်မှ စိတ်ပျက်အားငယ်နေသည်ကိုမြင်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
"ကလေးက ပြီးပြည့်စုံတဲ့ မိသားစုမှာ ကြီးပြင်းရမယ်လို့ ငါ တွေးထားတယ် "
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ ဟုတ်တယ်၊ သူမလည်း အဲဒီလိုပဲ တွေးထားတာ။
သူ သူမကိုကြည့်ပြီး နူးညံ့တဲ့အသံဖြင့်ပြောလိုက်သည်။ "ကျန်းရှောင်၊ လက်ထပ်ကြရအောင်"
ကျန်းရှောင် ခဏလောက် နှုတ်ဆိတ်နေပြီး ပြောလိုက်သည်။ "လက်ထပ်တယ်ဆိုတာ အရမ်းကိုမှ မြင့်မြတ်တဲ့အရာပါ"
ကျိုးရှို့လင်း သူမ၏ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းခဲ့သည်။
ဒါပေမယ့် သူမ မေးလိုက်သည်။ "ရှင်က ဘာလို့ ဒီကလေးကို အရမ်းလိုချင်ရတာလဲ"
ကျိုးရှို့လင်း သူမကိုကြည့်ပြီး မေးလိုက်သည်။ "ဒါဆို မင်းဘာလို့ နောက်ဆုံးမှာ မင်းရဲ့ကနဦး ဆုံးဖြတ်ချက်ကို စွန့်ပစ်လိုက်တာလဲ"
ကျန်းရှောင်၏ မျက်နှာက အနည်းငယ် မည်းမှောင်ခဲ့သွားသည်။ "တစ်ယောက်ယောက်က သူတို့ရဲ့ ရှားပါးတဲ့သွေးအမျိုးအစားကြောင့် အနာဂတ်မှာ သူတို့ကလေးထပ်မယူနိုင်မှာကို ကြောက်ပြီး ပထမဆုံးကလေးကို မွေးဖို့ ရွေးချယ်ကြလိမ့်မယ်လို့ ရှင်ထင်လား"
သူမရဲ့အမူအရာက ထူးထူးခြားခြား လေးနက်နေပြီး အဖြေကို လိုချင်နေခဲ့သည်။