← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

ထိုအချိန်၌ တံခါး အဆက်မပြတ် ခေါက်နေတဲ့အသံက ထွက်ပေါ်လာခဲ့သည်။

ဒေါက်..ဒေါက်...ဒေါက်....

ကျိုးရှို့လင်း စကားပြောဖို့လုပ်စဥ် ကျန်းရှောင်က မီးပုံးပျံတစ်လုံးလို လေလျော့သွားသည်။ "ကိုယ် သွားဖွင့်လိုက်မယ်"

ကျိုးရှို့လင်း ရုတ်တရက် သဘောကျစရာကောင်းတာကို တွေ့လိုက်ရပေမယ့် သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သည်။ ကျန်းချင်၊ အိုး၊ သူ အချိန်မှားပြီးတော့ မရောက်လာနိုင်ပါဘူး။

သေချာတာကတော့ တံခါးဖွင့်လိုက်တာနဲ့ ကျန်းချင် ပါပဲ။

"မစ္စတာ ကျိုး " ကျန်းချင် တံခါးဝသို့ ဝင်လာပြီးနောက် သူ့အကြည့်က ကျန်းရှောင်ဆီ ရွေ့သွားကာ သူ့နှုတ်ခမ်းတွေက ယဉ်ကျေးပြီး တည်ငြိမ်တဲ့ အပြုံးဖြင့် ကွေးသွားသည်။ "မဒမ်"

မဒမ်...

ကျန်းရှောင်ရဲ့ မေးရိုးတွေ ပြုတ်ကျလုနီးပါးဖြစ်သွားပြီး သူမ၏ မျက်နှာက ရှော့ရမှုနှင့် ပြည့်နှက်နေခဲ့သည်။ "လက်ထောက် ကျန်း "

"မဒမ်၊ မဒမ်အတွက် ကျွန်တော် ဘာလုပ်ပေးရမလဲ" ကျန်းချင် ယဉ်ယဉ်ကျေးကျေးနဲ့ ချောမွေ့စွာ မေးလိုက်သည်။

ကျန်းရှောင်က နှုတ်ခမ်း ကိုက်လိုက်သည်။ "အရင်ကလို ကျွန်မနာမည်ပဲ ခေါ် "

ကျန်းချင် အတော်လေး ချီတုံချတုံ ဖြစ်နေသည်။

သူတို့ကို တချိန်လုံး စောင့်ကြည့်နေတဲ့ ကျိုးရှို့လင်းက သူတို့နှစ်ယောက်ကို အထူးသဖြင့် ကျန်းချင်ကို စိုက်ကြည့်နေသည်။ " ၈နာရီခွဲ လို့ ပြောထားတာ မဟုတ်လား။ အခုမှ ၈နာရီ ၉မိနစ် ပဲရှိသေးတယ်"

ကျန်းချင် ပြုံးလိုက်သည်။ "ကျွန်တော် ကားလမ်းပိတ်မှာ ကြောက်လို့ နည်းနည်းစောထွက်လာခဲ့တာ။ မစ္စတာ ကျိုး၊ ကျွန်တော် ရှေ့ကနေဦးဆောင်ပြီး မဒမ် နဲ့လိုက်သွားပါ့မယ်"

ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။

ကျန်းရှောင် - "........"

ကျန်းချင်က စိတ်အားထက်သန်စွာနဲ့ ကျန်းရှောင်၏ ခရီးဆောင်အိတ်ကိုသယ်ဖို့ ရည်ရွယ်ထားပေမယ့် ကျိုးရှို့လင်းက သူ့ကိုရိုက်ချပြီး ခရီးဆောင်အိတ်ကို မ သွားခဲ့သည်။ "မင်း ကားဆီ အရင်သွား"

ကျန်းချင် သူ့အမှားကို နားလည်ဖို့ နောက်ကျသွားပြီ။ သူလာတာ စောလွန်းသွားသည်။ ထို့ကြောင့် သူ အမြန် အောက်ထပ်ကို ဆင်းသွားလိုက်သည်။

ကျန်းရှောင်က ကျိုးရှို့လင်းရဲ့ဘေးက လိုက်ပါလာသည်။ ဤမြင်ကွင်းက တွန့်ဆုတ်ခြင်းနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော ခရီးရှည်ကြီးကိုသွားမည့် ဇနီးဖြစ်သူအား ခင်ပွန်းဖြစ်သူက လိုက်ပို့ပေးပြီး နှုတ်ဆက်နေတဲ့ပုံနှင့် တူသည်။

ကျိုးရှို့လင်းမှာ အလားတူ အတွေးမျိုး ရှိ မရှိဆိုတာကို သူမ မသိပေ။

သူ သူမကို နှုတ်ဆက်အနမ်းတစ်ပွင့် ပေးမှာလား။

အောက်ထပ်တွင် ကျိုးရှို့လင်းက ခရီးဆောင်အိတ်ကို ကားပစ္စည်းခန်းထဲထည့်လိုက်ပြီး ကျန်းရှောင်ဘက်ကို လှည့်ကြည့်လိုက်သည်။ "ကားထဲဝင်တော့"

ကျန်းရှောင်က သူမမှာ ဘာမျှော်လင့်ချက်မှ မထားသင့်မှန်း သိလိုက်ရသည်။ "ဒါဆို ကျွန်မ သွားပြီနော်" သူမ အံကြိတ်လိုက်သည်။ "ကိုယ့်ကိုယ်ကို ဂရုစိုက်"

ကျိုးရှို့လင်း ပေါ့ပေါ့တန်တန် အသိအမှတ်ပြုပြီး သူ့ကိုယ်သူအတွက် စိုးရိမ်ပူပန်မှုကို အသိအမှတ်ပြုခဲ့သည်။ မဆိုးပါဘူး။

နှစ်ယောက်သား ခေါင်းညိတ်ကာ နှုတ်ဆိတ်မှုဖြင့် နှုတ်ဆက်ခဲ့ကြသည်။

သူမ ကားပေါ်တက်ပြီး နောက်ခုံမှာ ဝင်ထိုင်လိုက်သည်။

ကားက တဖြည်းဖြည်း စတင်ရွေ့လျားလာသည်။

ရုတ်​တရက်​ ​ခေါင်းကိုလှည့်​လိုက်​တော့ ​ထိုနေရာမှာ သူ ရပ်​​နေ​သေးတာကို ​တွေ့လိုက်​ရသည်​။

ထိုအချိန်တွင် ကျန်းရှောင်က သူမ၏ နှလုံးသားထဲက ငြိမ်သက်ခြင်းကို ရုတ်တရက် ခံစားလိုက်ရသည်။

ရင်ထဲမှာ နွေးထွေးတဲ့ခံစားမှုတစ်ခု......

ကားထဲမှာ နားမလည်နိုင်တဲ့ သီချင်းတစ်ပုဒ်ဖွင့်ထားသည်။

....

မင်းနဲ့ငါ လူသူကင်းမဲ့တဲ့လမ်းမှာ အနမ်းတစ်ပွင့်နဲ့ လမ်းခွဲခဲ့တယ်

မငြင်းဆန်နိုင်လို့ လေကို လှောင်ပြောင်ခွင့်ပြုလိုက်တယ်

ဖရိုဖရဲညမှာ အနမ်းတစ်ပွင့်နဲ့ ခွဲခွာခဲ့ပြီး

ငါ့နှလုံးသားက ဝမ်းနည်းခြင်းရဲ့ ရောက်ရှိလာခြင်းကို စောင့်မျှော်နေတယ်

....

ကျန်းရှောင် အံကိုတင်းတင်းကြိတ်ထားခဲ့သည်။ "လက်ထောက် ကျန်း၊ ကျွန်မတို့ သီချင်းကို ပြောင်းလို့ရလား"

"မဒမ် ဘာသီချင်းနားထောင်ချင်လဲ"

ကျန်းရှောင် - " ...... " သူ သူမကို ဒီလိုခေါ်တာကို တကယ် စွဲလန်းသွားပြီပဲ။

ကျန်းချင် သီချင်း ပြောင်းလိုက်သည်။

ကျန်းရှောင် နှုတ်ခမ်းကို ကွေးလိုက်ပြီး ခေါင်းစောင်းကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ နေရောင်ခြည်က မှန်တယ်၊ ကောင်းကင်က ကြည်လင်ပြီး လန်းဆန်းနေသည်။

မစ္စတာ ကျိူး၊ လဝက်ကျရင် ပြန်တွေ့ကြမယ်။

သူမ ဗိုက်ကို ထိလိုက်သည်။ ကျွန်မနဲ့ ပဲပင်ပေါက်လေးကို မလွမ်းပါနဲ့။

ကျန်းရှောင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့ဆီ သွားပြီးနောက် ကျိုးရှို့လင်းရဲ့ အလုပ်များတဲ့ လုပ်ရိုးလုပ်စဉ်သို့ ပြန်သွားခဲ့သည်။

မေမေ ကျိုးက သောကြာညနေခင်းတွင် ပရဟိတ လေလံပွဲသို့သွားကာ ကျိုးရှို့လင်းဆီ ဖုန်းဆက်ပြီး သူမနှင့်အတူလိုက်ပေးဖို့တောင်းဆိုခဲ့သည်။

ကျိုးရှို့လင်း - "အဖေကကော။ ဘာလို့ အဖေ့ကို မမေးတာလဲ"

မေမေကျိုး - "သူလည်း တစ်ခုခုနဲ့ အလုပ်ရှုပ်နေတယ်"

ကျိုးရှို့လင်း - "ကျွန်တော် သောကြာနေ့ကျရင် လာခေါ်မယ်"

မေမေ ကျိုး - "သားနဲ့ ကျန်းရှောင် ခုနောက်ပိုင်း ဘာတွေလုပ်နေကြလဲ "

သူတို့နှစ်ယောက် လက်ထပ်ပြီးနောက် ကျိုးရှို့လင်းက ကျန်းရှောင်ကို တစ်ကြိမ်တည်း အိမ်ခေါ်လာပြီး မိသားစုနှင့်အတူ ထမင်းစားကြသည်။ မေမေ ကျိုးက သူမ နှလုံးသားထဲ နာကြည်းမှုအချို့ကို ဖုံးကွယ်ထားဆဲဖြစ်တာကြောင့် ကျန်းရှောင်နှင့် သူမ၏ ဆက်ဆံရေးက ယဉ်ကျေးပြီး သမားရိုးကျဆန်နေခဲ့သည်။

ကံကောင်းထောက်မစွာ ကျန်းရှောင်သည် လူကြီးသူမတွေကို အလွန်အမင်း လေးစားတာကို ကျင့်သားရမနေပေ။ ဤယဉ်ကျေးမှုက အမှန်တကယ်ပင် သူမအား ပိုမိုလက်ခံလာစေသည်။

ဒါပေမယ့် မမျှော်လင့်ဘဲ ကျန်းရှောင်နှင့် ဖေဖေကျိုးတို့ စကားစမြည်ပြောနိုင်ခဲ့သည်။ ဖေဖေကျိုးက စစ်တုရင်ကစားတာကို နှစ်သက်ပြီး ပေါ့ပေါ့ပါးပါး စကားပြောရင်း ကျန်းရှောင်က သူမ၏ စစ်တုရင်ကစားနိုင်စွမ်းကို ပြောပြခဲ့သည်။ ဒါကို သိလိုက်ရတော့ ဖေဖေ ကျိုးက သူမကို ဂိမ်းတစ်ခုကစားဖို့ ဖိတ်ခေါ်ခဲ့ပြီး သုံးပွဲကစားခဲ့သည်။

ကျန်းရှောင် နှစ်ပွဲနိုင်သွားသည်။

ဖေဖေကျိုး စစ်တုရင်ခုံကိုကြည့်ပြီး အတွေးပျက်သွားရသည်။

ကျန်းရှောင် ဖေဖေကျိုးကို မှင်သက်စွာကြည့်နေခဲ့သည်။ "ဦးလေး ကျေးဇူးပြုပြီး စိတ်ဆိုးမနေပါနဲ့။ နောက်တစ်ခါ ဦးလေးကို နည်းနည်းလေး အနိုင်ယူခွင့်ပေးမယ်"

ဖေဖေကျိုး - "......"

ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့ ထွက်သွားတဲ့အခါ ဖေဖေကျိုးက သူမကို အချိန်ရရင်ပြန်လာပြီး စစ်တုရင်ကစားဖို့ တောင်းဆိုခဲ့သည်။

.....

ကျိုးရှို့လင်း ပြန်ပြောလိုက်သည်။ "အမေ၊ ကျန်းရှောင် က ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့တော်ကို သွားလိုက်တယ်"

မေမေ ကျိုးက မေးလိုက်သည်။ "သူမ ဘယ်အချိန်ထိနေမှာလဲ"

ကျိုးရှို့လင်း ပြန်ဖြေခဲ့သည်။ "လဝက် "

မေမေကျိုး စဉ်းစားချင့်ချိန်လိုက်သည်။ ကျန်းရှောင် က ယန်ယန် ပြောခဲ့တဲ့အတိုင်းပဲ။

သူမရဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကျိုးရှို့လင်းကိုတွဲတာလား။ ကျန်းရှောင် ကြောင့် ကျိုးယန်ယန် အချိန်အတော်ကြာ စိတ်ဆိုးခဲ့ပြီး ကျိုး မိသားစုအတွင်း အငွေ့အသက်တွေ လျော့ပါးသွားခဲ့သည်။

ကံကောင်းထောက်မစွာ လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် ကျိုးယန်ယန်က အလုပ်စလုပ်ခဲ့ပြီး သူမ၏ အလုပ်များမှုကြောင့် သူမ၏ ဆုံးရှုံးမှုနှင့် ဒေါသခံစားချက်ကို ပျော့ပျောင်းသွားစေခဲ့သည်။

ကျိုးရှို့လင်းနဲ့ စကားအနည်းငယ်ပြောပြီးနောက် မေမေကျိုး ဖုန်းချလိုက်သည်။ သူမ သက်ပြင်းချလိုက်သည်။ ချက်ခြင်းကြီး ချွေးမတစ်ယောက်ရလိုက်တာကို သူမတကယ် မတုံ့ပြန်ခဲ့ဘူးဆိုတာကို အသိတရားရသွားသည်။

သောကြာညနေခင်းတွင် ကျိုးရှို့လင်းက သူ့မိခင်နဲ့ ဗီလာဟိုတယ်ဆီ လိုက်ပါခဲ့သည်။

လေလံပွဲက ကုမ္ပဏီအသီးသီးမှ လူမှုရေးဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်များကို ဖိတ်ခေါ်ခဲ့သည်။ ၎င်းတို့သည် ညလုံးပေါက် ပစ္စည်းတွေ အများအပြားကို လေလံတင်ရောင်းချခဲ့ပြီး ရရှိသည့်ငွေများကို အနောက်ဘက်ခြမ်းရှိ ကလေးများအတွက် ကျောင်းဆောက်ခြင်း၊ လမ်းများ ပြုပြင်ခြင်းနှင့် ကလေးများအတွက် အဝတ်အစားအသစ်များ ပံ့ပိုးပေးမည်ဖြစ်သည်။

ညနေပိုင်းတွင် ကျိုးရှို့လင်းသည် ရည်းစားနဲ့အတူ လာတဲ့ မိုရီဟန်ကို တွေ့လိုက်ရသည်။ မိုရီဟန်က သူ့အဖော်ရဲ့ လက်ကို ပုတ်လိုက်တော့ သူမက နှုတ်ခမ်းစူပြီး ထွက်သွားခဲ့သည်။

မိုရီဟန်က မေးခဲ့သည်။ "မင်း အခုနောက်ပိုင်း ဘာအလုပ်ရှုပ်နေတာလဲ၊ ဘာလို့ အပြင်မထွက်တာလဲ"

ကျိုးရှို့လင်းက သူ့ကို အေးစက်စွာ ကြည့်ခဲ့သည်။ "မင်း ကျောက်ရှင်းရန်နဲ့ ပြတ်သွားပြီလား "

မိုရီဟန် သူ့နှာခေါင်းကို ထိလိုက်သည်။ "ငါတို့က သူငယ်ချင်းကောင်းတွေပါပဲ။ မင်းဘာလို့ ဒါကို ရုတ်တရက်ကြီး စိတ်ဝင်စားနေတာလဲ"

ကျိုးရှို့လင်းက သူ့ဘယ်ဘက်လက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး ပြေပြစ်စွာ ကြည့်ခဲ့သည်။ " ကျောက်ရှင်းရန် နဲ့ ခပ်ဝေးဝေးနေ "

မိုရီဟန် အံ့သြသွားပုံရသည်။ "မင်း သူ့ကို တကယ်ကြီး စိတ်ဝင်စားနေတယ်လို့ မပြောနဲ့။ ဒီလိုဆိုရင် ငါသေချာပေါက် သူ့ကိုထိမှာ မဟုတ်ဘူး "

ကျိုးရှို့လင်း သူ့ကို တည့်တည့်စိုက်ကြည့်လိုက်တော့ မိုရီဟန် က သူ့မှာ အပြစ်ရှိသလို ခံစားသွားရသည်။

"စိတ်မပူပါနဲ့ ငါနဲ့သူမကြားမှာ ဘာမှမရှိဘူး။ မင်း သိလား။ ကျောက်ရှင်းရန် ရဲ့လက်ထောက်က တော်တော်ကို ဉာဏ်နီဉာဏ်နက်များတယ်။ ကျောက်ရှင်းရန်နဲ့ ငါ အဲဒီနှစ်ရက်လုံးလုံး အဆင်ပြေနေတာ။ ဒါပေမယ့် အဲဒီလက်ထောက်က ကျောက်ရှင်းရန်ကို ဖုန်းဆက်တယ်ကွာ၊ ပြီးတော့ သူမ ဦးနှောက်ဆေးခံလိုက်ရပြီး ငါ့ကို စပြီး လျစ်လျူရှုသွားတော့တာပဲ"

ကျိုးရှို့လင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ တစ်ခါတစ်ရံတွင် ကြယ်ပွင့်တွေက သူတို့ကို လမ်းကြောင်းမှန်ပေါ် ရောက်စေပြီး အမှားတွေ မကျူးလွန်မိစေဖို့ ကူညီရန် ထိုကဲ့သို့သော လက်ထောက်များကို အမှန်တကယ် လိုအပ်သည်။

မိုရီဟန် ကျိုးရှို့လင်းကို သံသယအပြည့်ဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ နှစ်တွေကြာလာပြီးနောက်မှာတော့ သူ ဘယ်မိန်းမကိုမှ ဂရုမစိုက်တာ မမြင်ခဲ့ဖူးဘူး ကျောက်ရှင်းရန် ကို ဘာကြောင့် သူ ရုတ်တရက်ကြီး စိတ်ဝင်စားလာတာလဲ။

ကောင်းပြီ၊ သူ့အစ်ကိုရဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စတွေအတွက် စိုးရိမ်မှုတချို့ကိုသူပြဖို့လိုတယ်။

" "သာယာဝပြောသောကမ္ဘာ" ကို စရိုက်ကူးနေပြီလို့ ကြားတယ်။ နောက်ဆုံးမှာ ကျင်းကျုံးပိုင် ဘယ်လိုလုပ်ပြီး သဘောတူသွားတာလဲ"

"ချင်းရင်က သူနဲ့ အဆက်အစပ်ရှိတယ်၊ ပြီးတော့ သူမက ဇာတ်ကားရဲ့ အမြတ်ငွေရဲ့ ၁၀% ကိုလည်း သူ့ကိုကမ်းလှမ်းခဲ့တယ်"

"ဝိုး အရမ်းတော်တာပဲ။ ကျောက်ရှင်းရန် အခုတလော ကျင်းကျုံးပိုင်နဲ့ ရိုက်ရမယ့်scene တချို့ရှိတယ်။ ကျင်းကျုံးပိုင်က သရုပ်ဆောင်စွမ်းရည်ရှိပြီး လူကောင်းတစ်ယောက်လို့ သူမ ပြောဖူးတယ်။ သူက ဇာတ်လမ်းတွဲမှာ တော်တော်နာမည်ကြီးပြီး မိန်းကလေးတော်တော်များများကို စွဲလန်းစေတယ်။ ငါစောစောသာ သိခဲ့မယ်ဆိုရင် ငါလည်း သရုပ်ဆောင် ဖြစ်လာမှာ”

ကျိုးရှို့လင်း အေးစက်စွာပြုံးလိုက်သည်။ "မင်း အရမ်းစိတ်ဝင်စားရင် တစ်ရက်နားပြီး ရိုက်ကွင်းကိုလိုက်သွားကြည့်"

မိုရီဟန် ဆိုဖာပေါ် မှီချလိုက်သည်။ “မသွားဘူး၊ ဟိုမှာ အရမ်းပူတယ်။ ဒီနောက်ပိုင်း ၄၀ ဒီဂရီ လောက်ရှိတယ်။ဒီဒုက္ခကို မခံစားချင်ဘူး"

ကျိုးရှို့လင်း ဘာမှဆက်မပြောတော့ဘဲ ထမင်းစားခန်းဆီ လျှောက်သွားလိုက်သည်။

မိုရီဟန် အမြန်အမှီလိုက်ခဲ့သည်။ "မင်းဘာလို့ ရုတ်တရက်ကြီး ရိုက်ကွင်းဆီသွားချင်ရတာလဲ။" တကယ်ပဲ ကျောက်ရှင်းရန်ကြောင့်လား။

ကျိုးရှို့လင်း ဝိုင်တစ်ခွက် မော့လိုက်သည်။

ထိုအချိန်တွင် လှပတဲ့ အမျိုးသမီးတစ်ဦးက ဆန့်ကျင်ဘက်အရပ်မှ သူတို့ဆီ လျှောက်လာခဲ့သည်။ သူမသည် ခရမ်းရောင် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်ကို ဆံထိုးဖြင့် ထိုးထားသည်။ အလှဆင်ထားမှု သိပ်မရှိပေမယ့် အဲ့တာက သူမရဲ့ စိတ်နေစိတ်ထားကို ဖုံးကွယ်ထားလို့ မရပေ။

"မစ္စတာ ကျိုး၊ မစ္စတာ မို" လျန့်ယွဲ့၏ အသံက နူးညံ့သည်။

"မင်္ဂလာပါ ဆရာမ လျန့် " ကျိုးရှို့လင်းနှင့် မိုရီဟန်တို့ နှုတ်ဆက်လိုက်သည်။

All Chapters