← Chapters

အခန်း (၂၂)

Vol. 2 Ch. 22

အခန်း (၂၂)

Vol. 2 Ch. 22

" တစ်ခုခုသောက်ချင်လား။ ကျွန်မမှာ တွင်းရေ၊ ရေနွေးကြမ်းနဲ့ ဒိန်ချဉ်ပဲရှိတယ်"

"တွင်းရေ"

ရေခဲသေတ္တာထဲက တွင်းရေဘူးတစ်ဘူးကို ထုတ်ပြီး သူ့ဆီ ပေးလိုက်သည်။ "အရက်သောက်ထားလား"

သူ မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။ "မသောက်ထားဘူး"

ကျန်းရှောင် ဘာမှ ထပ်မပြောတော့ပေ။

"အခုတလော ဘယ်လိုနေသေးလဲ"လို့ သူ ထပ်မေးခဲ့သည်။

"ကောင်းပါတယ် " သူမ ခဏရပ်တန့်လိုက်သည်။ "လက်ထောက် ကျန်းက ရှင့်ကို မပြောဘူးလား"

ကျိုးရှို့လင်း ရုတ်တရက် ပြုံးလိုက်သည်။ "သူပြောတာက မင်းဆီက တိုက်ရိုက်ကြားရတာနဲ့ မတူဘူး"

ကျန်းရှောင်ရဲ့ မျက်ခုံးတွေ တွန့်ကွေးသွားကာ ကုတင်စွန်းတွင် ထိုင်လိုက်ပြီး သူ့ကို မျက်နှာမူလိုက်သည်။ "ဒါဆို ရိုက်ကွင်းထဲက ဘဝက နည်းနည်းဘေး ရှုပ်နေတာကလွဲလို့ မဆိုးပါဘူး"

ကျိုးရှို့လင်း သူ့မျက်လုံးတွေကို မှေးကျဥ်းထားရင်း ဒီည ရစ်ဖို့ တိတ်တဆိတ် မျှော်လင့်နေခဲ့သည်။ "ဒီကိုလာ"

ကျန်းရှောင် စိုးရိမ်တကြီးနဲ့ လက်ချောင်းတွေကို လိမ်ပြီး မလှုပ်ရှားခဲ့ပေ။

ကျိုးရှို့လင်း မတ်တပ်ထရပ်ပြီး သူမဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။ သူ မတ်တပ်ရပ်နေစဥ် သူမက ထိုင်နေတော့ သူ့ရဲ့ မြင့်မားတဲ့ အသွင်အပြင်က သူမကို ဖုံးအုပ်ထားသည်။

ကျန်းရှောင် မော့ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားခဲ့သည်။ "ရှင်-"

သူမ စကားမဆုံးခင် သူ့လက်က သူမပခုံးပေါ်မှာ ရောက်နေပြီ။ သူ့အကြည့်တွေက သူမဆီမှာ။ " နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ မင်းရဲ့ချစ်သူက ဘယ်သူလဲ"

ကျန်းရှောင် ပြန်ပြောလိုက်သည်။ "... ဒီအတင်းအဖျင်းကို ရှင် ဘယ်ကကြားလာတာလဲ"

ကျိုးရှို့လင်း က သူ့လက်ချောင်းများကြားမှ သူမရဲ့ ဆံပင်တွေကို ကစားနေသည်။

နီးကပ်နေတာက ကျန်းရှောင်ကို မသေချာမရေရာဖြစ်သွားစေသည်။ ဒါပေမယ့် သူမမှာ လွတ်မြောက်ခြင်း မရှိခဲ့ပါဘူး။ "ဟေ့ မစ္စတာ ကျိုး၊ ရှင် ဒီအတင်းအဖျင်းတွေကို ကျွန်မနဲ့ ဆွေးနွေးဖို့ လာခဲ့တာလား"

"မင်းက ကိုယ်နဲ့ ဘာဆွေးနွေးချင်လို့လဲ ဒါမှမဟုတ် မင်းနဲ့ မင်းရဲ့ အိုင်ဒေါ ကြားက ကောလဟာလတွေကို ဆွေးနွေးချင်တာလား"

သူက သူမကို အေးစက်စွာ ကြည့်ခဲ့သည်။ သူ့လက်က ဖြည်းညှင်းစွာ အောက်သို့ ဆင်းလာကာ နောက်ဆုံးတွင် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမ လက်စွပ်ကို သေချာစစ်ဆေးလိုက်သည်။

ကျန်းရှောင်က သူ့ ရည်ရွယ်ချက်အစစ်အမှန်ကို ပုံဖော်ရန် ရုန်းကန်နေရသည်။

ကျိုးရှို့လင်း သူ့ကိုယ်သူ ဖြည်းညှင်းစွာ ငုံ့လာကာ တစ်ဝက်လောက်ငုတ်တုတ်ထိုင်လိုက်ပြီး သူမရဲ့အကြည့်နဲ့ ဆုံစေခဲ့သည်။ "ကျန်းရှောင်၊ မင်းက ငါ့မိန်းမနော်"

"အဲ့ဒါ မမှန်ဘူး။ ကျွန်မတို့ အိမ်ထောင်ရေးက အတုအယောင်ပဲ"

"ကိုယ် လက်ထပ်စာချုပ်လိုတယ်လို့ မင်းထင်လား"

ကျန်းရှောင်၏ မျက်လုံးတွေက ရှုပ်ထွေးလာခဲ့သည်။

"မင်းက ဉာဏ်ကောင်းတဲ့သူ မဟုတ်ဘူးလား။ မင်း ဘာလို့ ဒီကိစ္စမှာ..... ဒီလောက်နှေးကွေးနေရတာလဲ" နွေးထွေးတဲ့ အသက်ရှုသံတွေက နားရွက်နားသို့ တရွေ့ရွေ့ တိုးဝင်လာကာ သူတို့ကြားက အကွာအဝေးက ပိုနီးကပ်လာစေသည်။

ကျန်းရှောင် တုံ့ဆိုင်းသွားသည်။ “ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက သူတို့ရဲ့ တွေးခေါ်မှုပိုင်း နှေးကွေးလာတယ်ဆိုတာ ရှင် မသိဘူးလား"

ကျိုးရှို့လင်း တခစ်ခစ်ရယ်ပြီး သူမရဲ့ နှုတ်ခမ်းထောင့်ကို ရုတ်တရက် နမ်းလိုက်သည်။ သူမရဲ့ ရှောင်တိမ်းမှုကိုသိ၍ သူ့လက်က သူမမျက်နှာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သူတို့ရဲ့ အသက်ရှုသံတွေက ရောယှက်နေသည်။

" သောက်ပြီးပြီလား"လို့ သူ မေးလိုက်သည်။

ကျန်းရှောင် ရှက်ရွံ့စွာ ခေါင်းခါလိုက်သည်။

ကျိုးရှို့လင်းက သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်နေခဲ့သည်။ "ဒီနှစ်ရက်အတွက် မင်းကို ပဲပင်ပေါက်လေး အနှောင့်အယှက်ပေးခဲ့လား"

သူမ သူ့ကိုမြင်တဲ့အချိန် တစ်ကြိမ်သာ အန်ခဲ့ပြီး နောက်ထပ် တုံ့ပြန်မှု မရှိတော့ပေ။ ပဲပင်ပေါက်လေး ရောက်ရှိလာတဲ့အခါမှာတော့ သူမဟာ တော်တော်ကို စိတ်အေးလက်အေးပဲ။ "ရှင် ခံစားကြည့်ချင်လား။ဗိုက်က ပိုကြီးလာသလို ခံစားရတယ်"

ကျိုးရှို့လင်း အကြည့်တွေက သူမဗိုက်ပေါ်ရောက်သွားကာ မျက်ခုံးတွန့်သွားခဲ့သည်။ သူမသည်က ချောင်ချောင်ချိချိ အိပ်ယာ ၀တ်စုံကိုဝတ်ထားတာမို့ သိသိသာသာ ပြောင်းလဲမှု မရှိခဲ့ပေ။ နောက်ဆုံးတော့ သူ့ကိုယ်သူ ထိန်းထားပြီး သူမကို ပွေ့ဖက်လိုက်သည်။

ခဏကြာတော့ ကျန်းချင်က ဖုန်းဖွင့်ပြီး သူ့ကိုပြန်သွားသင့်ပြီးလို့ သတိပေးခဲ့သည်။

ကျန်းရှောင် သနားချင်ယောင် ဟန်လုပ် ပြုံးခဲ့သည်။ နေ့လည်ခင်းက သူမအတွက် ဒိန်ချဉ်အအေး မဝယ်ပေးလို့ သူ့ကို ခုလိုလုပ်လိုက်တာ။ သူမကလွဲ၍ ကျန်တဲ့လူတိုင်းမှာ ရှိကြသည်။

ကျိုးရှို့လင်း သူမကို စိုက်ကြည့်နေသည်။ "ပြီးခဲ့တုန်းက ကျောက်ရှင်းရန် ရဲ့ ရိုက်ကွင်းက ဘယ်လောက်ကြာလဲ"

"ရှင်းရန်က အခြေအနေမမှန်တဲ့အတွက် ရိုက်ကူးရေးအချိန်ဇယားကို ရက်အနည်းငယ် ရွှေ့ဆိုင်းထားလို့ရတယ်"

ကျိုးရှို့လင်း ခဏလောက်စဉ်းစားပြီး သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်ခဲ့သည်။ "တီနာ၊ ငါ မနက်ဖြန် မနက် ၁၀ နာရီ ကုမ္ပဏီ ပြန်ရောက်မယ်။ မနက် အစည်းအဝေး နောက်ကျမယ် "

ကျန်းရှောင် မေးလိုက်သည်။ "... ရှင်မသွားဘူးလား"

"မင်း ကိုယ့်ကို သွားစေချင်နေပုံပဲ "

"မဟုတ်ပါဘူး၊ ကျွန်မဆိုလိုတာက အဲ့လိုမဟုတ်ဘူး" ကျန်းရှောင် သူ့ကို မနှင်ထုတ်ရပါဘူး။

"ဒါဆို ရှင် ဘယ်မှာနေမှာလဲ။ ဟိုတယ်ခန်းကို အမြန်ဘွတ်ကင်လုပ်ဖို့ ကျန်းချင်ကို ပြောသင့်တယ်။ ဒီက အခန်းတွေက ဝယ်လိုအားများတယ် ရနိုင်မှာမဟုတ်ဘူး"

ကျိုးရှို့လင်း ဟန်လုပ်ပြုံးလိုက်သည်။ "ကျန်းချင် လည်း ပင်ပန်းနေမှာပေါ့၊ ဒီညတော့ ကျပ်ကျပ်ညှပ်ညှပ် အိပ်လိုက်ကြရအောင်"

ကျပ်ကျပ်ညှပ်ညှပ်......

ကျန်းရှောင် ပေါက်ကွဲသွားတော့မည်ဖြစ်သော်လည်း သူမမှာ ခုခံဖို့ သတ္တိမရှိပေ။

ကျိုးရှို့လင်း ရေချိုးခန်းထဲ ရေချိုးနေစဉ် ကျန်းရှောင်က မီးတွေကိုပိတ်ပြီး မီးမှိန်မှိန်လေးတစ်လုံးသာ ချန်ထားခဲ့သည်။ သူမက ကုတင်ကြီး၏ တစ်ဖက်မှာ လှဲအိပ်ပြီး သူ့အတွက် ကြီးမားတဲ့ အစိတ်အပိုင်းကို ချန်ထားပေးခဲ့သည်။

သူမ မျက်လုံးလေးမှိတ်ပြီး ရေသံကို နားထောင်နေသည်။ ခဏအကြာတွင် ရေစီးသံ ရပ်တန့်သွားပြီး ဆံပင်မှုတ်စက် မှုတ်သံဖြင့် အစားထိုးလာသည်။

ကျိုးရှို့လင်း ရေချိုးခန်းထဲမှ ထွက်လာတော့ ကျန်းရှောင်က စောင် ခြုံထားကာ ကုတင်စွန်းတွင် အိပ်နေပြီး အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ပြုတ်ကျသွားနိုင်တာကို သူ တွေ့လိုက်ရသည်။

သူ့တစ်ကိုယ်လုံးမှ ရေတွေကို သုတ်လိုက်ပြီး စောင်ကို မပြီး သူမဘေးမှာ လှဲလျောင်းလိုက်သည်။ "မီးခလုတ်က ဘယ်မှာလဲ"

ကျန်းရှောင် ဘာမှပြန်မပြောခဲ့ပေ။

ကျိုးရှို့လင်း ရယ်လိုက်သည်။ "ခလုတ်က မင်းဘေးမှာထင်တယ် " သူ လက်လှမ်းခါနီးတွင် ကျန်းရှောင်ကလက်ကိုဆန့်ပြီး လျှပ်တပြက်ဖြင့် မီးပိတ်လိုက်သည်။

ည၏ ငြိမ်သက်နေသောအချိန်၌ နှစ်ယောက်စလုံး အိပ်မပျော်ကြသေးပေ။

ကျန်းရှောင်က မလှုပ်မယှက်ဖြစ်နေပြီး ကျိုးရှို့လင်း ကတော့ အတော်လေး ကျေနပ်နေသည်။ "မင်း ဒီအလုပ်ပြီးရင် ကိုယ်တို့ပြန်သွားတဲ့အခါ ကိုယ်တို့မိဘတွေကို ကိုယ်ဝန်အကြောင်း ပြောပြကြမယ်"

"ဘာလို့ အစကတည်းက ကျွန်မတို့ သူတို့ကို မပြောခဲ့တာလဲ"

"ကိုယ့်အမေမှာ အစဉ်အလာကြီးတဲ့ အတွေးအခေါ်ရှိတယ်" သူ့လက်က စောင်အောက်ထဲက သူမရဲ့လက်ကို ဆုပ်ကိုင်ထားသည်။ "အဆင်ပြေပါတယ်။ သုံးလလောက်ကြာရင် ကလေးမမွေးခင် ဆေးရုံသွားကြမယ်"

"ဘာစစ်ဆေးမို့လဲ"

"ကိုယ်ဝန်နဲ့ ကလေးမီးဖွားဖို့အတွက် အဆင့်တွေရှိတယ်။ အချိန်ကျရင် မင်းကို ကိုယ်လိုက်ပို့ပေးမယ်"

ကျန်းရှောင် ခဏလောက် တိတ်ဆိတ်သွားသည်။ "ရှင် သေချာပေါက် ဖခင်ကောင်းတစ်ယောက်ဖြစ်လိမ့်မယ်"

"မင်း ကိုယ်ကို ဒီလောက်တောင် ယုံလား"

သူမ ခဏရပ်တန့်လိုက်သည်။ “ကျွန်မတို့ အထက်တန်းကျောင်းမှာ လူတော်တော်များများက ကျိုးယန်ယန်မှာ အံ့သြစရာကောင်းတဲ့ အကိုတစ်ယောက်ရှိတယ်ဆိုတာ သိကြတယ်။ သူမက ရှင်ရဲ့ဓာတ်ပုံတွေနဲ့ တွဲပြဖူးတယ်"

"အိုး၊ ဒါဆိုမင်း ကိုယ့်ရဲ့ပုံတွေ မြင်ဖူးလား"

“မြင်ဖူးတယ်။ ဘွဲ့ဝတ်စုံဝတ်ထားတဲ့ ဓာတ်ပုံလေ ” လို့ သူမ ပြောလိုက်သည်။ သူမမှာ ကျိုးယန်ယန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိသည့်အပြင် သူ့ဓာတ်ပုံတွေကို မြင်တွေ့ခွင့်လည်းမရှိပေ။ ဒါပေမယ့် ကျိုးယန်ယန်က မိန်းကလေးအတန်းဖော် တချို့နဲ့ ကျိုးရှို့လင်း အကြောင်း မကြာခဏ ပြောလေ့ရှိသည်။

"အဲ့တုန်းက မင်းဘာတွေတွေးနေခဲ့လဲ" လို့ သူမေးလိုက်သည်

ကျန်းရှောင် မပီမပြင်ပြောလိုက်သည်။ "ကျွန်မ ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်းပဲ စဉ်းစားနေတာပေါ့ " ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ ဆက်ပြောလိုက်သည်။ "အရင်က ရှင့်ကို တွေ့ဖူးတယ်"

"ဘယ်တုန်းကလဲ" သူ စိတ်ဝင်တစား မေးခဲ့သည်။

"အင်း၊ ကျွန်မအရမ်းပင်ပန်းနေပြီ။ မနက်ဖြန်ကျရင် အလုပ်လုပ်ဖို့သွားရဦးမယ်" သူမ ဆက်ပြောဖို့ ငြင်းဆန်ခဲ့သည်။

ကျိုးရှို့လင်းက အဖြေ မရမှန်းသိလိုက်ပြီး သူမရဲ့ စောင်ကိုဆွဲကာ ပြောလိုက်သည်။ "မွန်းနေမှာကို စိတ်ထဲမထားနဲ့။ အလယ်မှာ ကပ်ပြီးအိပ်ရအောင်!"

ဒါက သူတို့ ဒုတိယအကြိမ်ဖြစ်ပြီး အိပ်ယာမျှသုံးကြတာဖြစ်ပြီး ၎င်းတို့နှစ်ဦးလုံး တည်ငြိမ်နေခဲ့ကြသည်။

ကျန်းရှောင်က သူမရဲ့စိတ်လှုပ်ရှားမှုကို ဂရုတစိုက် ဖုံးကွယ်ထားခဲ့သည်။ ဟုတ်တယ်၊ သူမ သူသတိထားမိသွားမှာ ကြောက်နေတာ။

ကျွန်မ ရှင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်မပဲသိတယ်။

ရှင့်ကို ချစ်တယ်။ ကျွန်မရဲ့ နှလုံးခုန်သံက မြန်နေပေမယ့် ငြိမ်သက်ပြီး ဘာမှမထူးခြားသလို ကျွန်မ ဟန်ဆောင်နေမှရမယ်။

ရှင့်ကို ချစ်တယ်။ ရှင့်ဘေးမှာ ရပ်နေရင် လေကတောင် ချိုမြိန်နေသလို ခံစားရတယ်။

ဒီခံစားချက်တွေကို ချုပ်တည်းထားခဲ့တာက ဒါက ကျွန်မရဲ့ဆန္ဒသက်သက်ပဲ ဖြစ်နေမှာကို ကြောက်လို့ပါ။

ဒါပေမယ့် ယောက်ျားတစ်ယောက်က ပူလောင်တဲ့နေ့မှာ အမျိုးသမီးတစ်ဦးကို လာတွေ့ပြီး နမ်းရှိုက်လိုက်တာက ဘာကို ဆိုလိုတာလဲ။ ကျန်းရှောင် တိတ်တဆိတ် တွေးမိသည်။ ကျိုးရှို့လင်း သူမကို အနည်းငယ် နှစ်သက်နေတယ်လို့ ဆိုလိုတာဖြစ်ရမည်။ ဟုတ်တယ်! နည်းနည်းပေါ့!

ကျန်းရှောင်က သူမ အိပ်မပျော်နိုင်ဘူးလို့ထင်ခဲ့ပေမယ့် အဲဒီညမှာတော့ သူမဟာ ထူးထူးခြားခြား ကောင်းကောင်း အိပ်ပျော်ခဲ့ပြီး တစ်ညလုံး ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ သူမ အိပ်မက်တောင် မက်ခဲ့သည်။

ကျိုးရှို့လင်း၊ သူမနှင့် ပဲပင်ပေါက်လေးတို့က ပင်လယ်ကမ်းစပ်ရှိ ကျွန်းတစ်ကျွန်းဆီသို့ အပန်းဖြေခရီးထွက်ခဲ့ကြသည်။ ပဲပင်ပေါက်လေးနဲ့ သူမက ရေခဲမုန့်ကိုယ်စီ ကိုင်ထားကြပြီး ကျိုးရှို့လင်းက သူတို့အနားမှာ ထိုင်ကာ တောင့်တလျက် ကြည့်နေလေသည်။

နောက်နေ့မနက်မှာ သူမ အရင်နိုးပြီး အချိန်ကို စစ်ဆေးလိုက်သည်။ အချိန်က ၆နာရီ၅မိနစ် ပဲရှိသေးသည်။

ကျိုးရှို့လင်း အိပ်ပျော်နေတုန်း သူ့မျက်နှာက ဆွဲဆောင်မှုအပြည့်နဲ့ အေးချမ်းတဲ့ မြင်ကွင်းတစ်ခုပင်။

ဟိုတယ်အခန်းက ပြတင်းပေါက်ကနေ အလင်းရောင်တချို့ ဝင်လာပြီး နေရောင်က တဖြည်းဖြည်းနဲ့ အခန်းကို ပြည့်လျှံသွားသည်။

၆နာရီ ၁၀မိနစ် တွင် ကျိုးရှို့လင်းရဲ့ နှိုးစက်နာရီပြတ်တောက်သွားသော်လည်း သူအမြန်ပိတ်ပြီး အိပ်ရာမှထလိုက်သည်။

အိပ်ယာက အနည်းငယ်တုန်သွားခဲ့သည်။

ကျိုးရှို့လင်း ကုတင်ပေါ်တွင် အိပ်ပျော်နေသေးတဲ့ သူကိုကြည့်ကာ ရေချိုးခန်းထဲသို့ တိတ်တဆိတ် ဝင်သွားလိုက်သည်။ သူ ထွက်လာချိန်မှာတော့ ကျန်းရှောင်က လုံးဝမလှုပ်မယှက် အနေအထားမှာပဲ ရှိနေသေးသည်။ သူ ပြုံးမိလိုက်သည်။

........

စာရေးသူ၏ မှတ်ချက် - [အိပ်မက်ပြဇာတ်ရုံ]

တစ်နေ့မှာတော့ မူလတန်းကျောင်းကို စတက်နေတဲ့ပဲပင်ပေါက်လေးက မေးခဲ့သည်။ "မေမေ၊ မန်စောင် ( အပြင်ပန်းအေးစက်၍ အထဲ၌ စိတ်အားထက်သက်သူ) ဆိုတာ ဘာကိုဆိုလိုလဲ"

ကျန်းရှောင် ၎င်းကို ရှင်းဟွာ အဘိဓာန်တွင် သားဖြစ်သူနှင့်အတူ ကြည့်ရှုခဲ့သည်။

"မန်စောင် " ၏အဓိပ္ပါယ်ကိုနားလည်သဘောပေါက်ပြီးနောက် ပဲပင်ပေါက်လေးက အာမေဋိတ်သံပြုခဲ့သည်။ "ဒီလိုလူတွေပဲ!"

ကျန်းရှောင် ပြန်ပြောခဲ့သည်။ "ဟုတ်တယ် မင်းအဖေက သူတို့ထဲက တစ်ယောက်ပဲ "

ပဲပင်ပေါက်ကလေးက ပြောခဲ့သည်။ "အဖေက တကယ်ကို" မန်စောင်" ပဲ။ သားနာမည် ကျိုးစစ်မူ ဖြစ်နေတာ မဆန်းတော့ဘူး"

အစည်းအဝေးတစ်ခုတွင်ရှိနေသည့် မစ္စတာ ကျိုးက နှာချေခဲ့သည်။

ပဲပင်ပေါက်လေး ရဲ့ နာမည်အပြည့်အစုံကို အခုပဲ အားလုံးကို ဖွင့်ချပြလိုက်ပြီနော် ...

All Chapters