← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

ကျန်းရှောင် ဘာပြန်ပြောရမှန်း မသိခဲ့ပေ။ ခွင့်လွှတ်မှု၊ သူမမှာ ဒီလောက်သဘောထားကြီးကြီး မရှိဘူး။

မုန်တိုင်းပြီးသွားသော်လည်း ကျိုးယန်ယန် ရူးသွားတဲ့ နေ့ကို တွေးလိုက်တိုင်း သူမ ကြောက်လန့်မိနေသည်။ သူမ ဖြည်းဖြည်းလေး ထရပ်လိုက်ပြီး ကျိုးရှို့လင်း လည်း သူမလက်ကိုလွှတ်ပေးခဲ့သည်။

“ဒီလက်ဖက်ရည်ခွက်ကို ကုန်အောင်သောက်မယ်။ ငါ အထက်တန်းကျောင်းတက်တုန်းက အန်တီတို့နဲ့ အတူနေခဲ့တယ် ပျော်ရွှင်စရာကောင်းတဲ့ အိမ်က အရာရာတိုင်းကို အောင်မြင်မှုဆီသို့ ဦးတည်စေတယ်လို့ အန်တီ ငါ့ကိုပြောခဲ့ဖူးတယ်။ ငါဘယ်တော့မှ နားမလည်ခဲ့ဘူး။ ငါ ငယ်ငယ်လေးကတည်းက မိသားစုက ဘယ်တော့မှမပြည့်စုံခဲ့တော့ ငါ အဲ့တာကို နားမလည်ခဲ့ဘူး။ ဒါပေမယ့် ငါသိတာက ငါ့ရဲ့မိဘတွေနဲ့....." သူမက ခဏရပ်တန့်လိုက်ပြီး ကျိုးရှို့လင်းကို တစ်ချက်ကြည့်လိုက်သည်။

"ပြီးတော့ ရှို့လင်းတို့ ငါထိခိုက်မိသွားလို့ အားလုံး ငါ့ကို စိတ်ပူပေးကြတယ်” သူမရှေ့က လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ပြီး တစ်ကျိုက်တည်း သောက်ချလိုက်သည်။

ကျိုးရှို့လင်းက သူ့နာမည်တပ်ပြီး သူမ သူ့ကို ခေါ်တာ တစ်ခါမှ မကြားဖူးဘူး၊ ရိုးစင်းတဲ့ တေးသွားတွေထက် ဒါက သူ့အတွက် ပိုလှပတဲ့ စကားလုံးနှစ်လုံးပင်။

မေမေကျိုးရဲ့ မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ကောင်းပြီ၊ အခုကစပြီး သမီးတို့နှစ်ယောက် အဆင်ပြေပြေနေသင့်တယ်"

ဖေဖေကျိုး သက်ပြင်းချလိုက်သည်။ "ကျန်းရှောင် ပြောတာ မှန်တယ်၊ စည်းလုံးညီညွတ်တဲ့အိမ်က အရာရာတိုင်းကို အောင်မြင်စေတယ်။ ယန်ယန်၊ သမီး ကျန်းရှောင် ဆီက သင်ယူသင့်တယ်။ သူမ​က သမီးထက် ပိုနားလည်တယ်"

ကျိုးယန်ယန် မငြင်းခုံရဲဘဲ “နားလည်ပါပြီ” ဟု ရေရွတ်လိုက်သည်။

အစား စားနေစဉ် မေမေကျိုးက ကျန်းရှောင် အတွက် ကျိုးရှို့လင်း၏ ဂရုစိုက်မှုကို စောင့်ကြည့်ခဲ့သည်။ သူမထပ်ပြီး ပဟေဠိဖြစ်သွားရပြန်သည်။ သူတို့နှစ်ယောက်က တကယ် တယုတယရှိပုံရနေတာကို ဘာကြောင့် ကုတင်ခွဲပြီး အိပ်ကြတာလဲ။

"ရှို့လင်း၊ အခု ကျန်းရှောင်မှာ ကိုယ်ဝန်ရှိနေပြီ၊ မင်းတို့နှစ်ယောက်စလုံး ဒီမှာလာနေဖို့ အကြံပေးချင်တယ်။ ဒါမှလည်း အမေ သူ့ကို ဂရုစိုက်ပေးလို့ရမှာ"

"မလိုပါဘူး" ကျိုးရှို့လင်းက တိုက်ရိုက်တုံ့ပြန်ခဲ့သည်။

"ကျွန်တော်တို့ ဆေးရုံကို ပုံမှန်စစ်ဖို့သွားမှာပါ "

"ဒါပေမယ့် မင်းက အရမ်းအလုပ်များတယ်။ ပြီးတော့ မင်းနားမလည်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေ သတိထားရမယ့်အရာတွေ အများကြီးရှိတယ်"

"ကျွန်တော် ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတွေကို ငှားပြီး သူတို့ ပေးမယ့် အစီအစဉ်အတိုင်း ကျွန်တော်တို့ လိုက်လုပ်သွားမှာပါ။ စိတ်သာချ"

"မင်းက ငါ့ကို မယုံတာလား၊ ငါက မင်းနဲ့ ယန်ယန် ကို မွေးခဲ့တာပါနော်!" မေမေ ကျိုး အနည်းငယ် ဒေါသထွက်သွားသည်။

"အမေ၊ ကျွန်တော် အမေ့ကို မယုံလို့ မဟုတ်ဘူး။ လိုအပ်ရင် ကျွန်တော်တို့ အမေ့ကို အကူအညီတောင်းမှာပါ"

မေမေကျိုးက သူမ နှလုံးသားထဲ မသက်မသာ ခံစားနေရသည်။

ဖေဖေကျိုး ပခုံးတွန့်ပြလိုက်သည်။ "မင်းတို့နှစ်ယောက် ကိုယ့်ကိုကိုယ် ဂရုစိုက်ကြ။ အချိန်ရရင် အိမ်ပြန်လာခဲ့။ ပြီးတော့ ကလေးနာမည်ကိုလည်း စဥ်းစားကြည့်ကြရအောင်"

"ဒါကို ကျွန်တော် စဉ်းစားလိုက်မယ်" လို့ ကျိုးရှို့လင် က ပြန်ဖြေခဲ့သည်။

ကျန်းရှောင် စကားပြောလိုက်သည်။ "အဖေ၊ အဖေက နာမည်ရွေးတာ တော်တယ်လို့ ထင်တယ်။ ရှို့လင်းရဲ့ နာမည်က ကောင်းတယ်၊ ယန်ယန်ရဲ့ နာမည်ကလည်း လှတယ်။ ကျွန်မတို့ အတန်းဖော်တွေလည်း ဒီလိုပဲ ပြောဖူးကြတယ်"

ကျိုးယန်ယန် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး "ငါ့အဖေက ဘီ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ သူက အဲဒီမှာ ကဗျာရေးတဲ့ လူ့အဖွဲ့အစည်းကိုတောင် ထူထောင်ခဲ့တာ " ဟု ဂုဏ်ယူစွာ အရိပ်အမြွက်ပြောခဲ့သည်။

"အဖေ၊ အဖေက အံ့သြစရာကောင်းလိုက်တာ" ကျန်းရှောင် စိတ်ရင်းမှန်ဖြင့် သဘောကျကာ သူမ မျက်လုံးတွေက မြတ်နိုးမှုအပြည့်နှင့်အင်။

ဖေဖေကျိုး ကျေနပ်သွားသည်။ "ကလေးနာမည်အတွက် ခန်းရှီ အဘိဓာန်ကို ကြည့်လိုက်ဦးမယ်"

"မလိုပါဘူး" ကျိုးရှို့လင်း တုံ့ဆိုင်းမနေဘဲ ချက်ချင်းကြားဝင်ပြောခဲ့သည်။ "ကျွန်တော် နာမည်တစ်ခုစဉ်းစားထားပြီးပြီ"

ဖေဖေ ကျိုး - "....."

ကျန်းရှောင် - "....."

လေထုက အနည်းငယ် ထူးဆန်းလာသည်။

ကျန်းရှောင် ပြောလိုက်သည်။ "ကျွန်မ သန့်စင်ခန်းသွားလိုက်ဦးမယ်"

ဖေဖေကျိုးက ကျိုးရှို့လင်းကို ကြည့်ပြီးပြောလိုက်သည်။ " သား ၊ ကလေးအတွက် ခေတ်ဆန်တဲ့နာမည်ကို မရွေးနဲ့၊ လေးလေးနက်နက်နဲ့ စဉ်းစား။ မင်းမှာ အကြံဥာဏ်တွေရှိရင် အဖေတို့ အတူတူ ဆွေးနွေးလို့ရတယ်"

ကျိုးရှို့လင်း တိတ်တဆိတ် တုံ့ပြန်လိုက်သည်။

ဖေဖေ ကျိုးမှာ အလျှော့ပေးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ အဖိုးတစ်ယောက်အနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူးလို့ ခံစားရသည်။

ကျိုးယန်ယန် မကူညီနိုင်ဘဲ ရယ်ချလိုက်သည်။ “အစ်ကို၊ အဖေက အစ်ကို့ရဲ့ကလေးကို နာမည် ပေးချင်နေတာကြာပြီ။ အစ်ကို ဘယ်လိုလုပ် သတိမထားမိရတာလဲ"

ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ပထမဆုံးအကြိမ် ဖခင်တစ်ယောက်ဖြစ်လာတဲ့အနေနဲ့ ကလေးကို နာမည်ပေးချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒကို အဖေ ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်တယ်"

ဖေဖေကျိုးက သူ့ကို နှစ် သန်းပေါင်းချီပြီး မယုံဘူး။ ဖေဖေ ကျိုးက သူ့စကားတွေကြားတော့ တွန့်ဆုတ်စွာနဲ့ ယုံကြည်လိုက်သည်။

ကျိုးယန်ယန် သန့်စင်ခန်းကို တစ်ချက်ကြည့်လိုက်ပြီး အထဲ ဝင်သွားခဲ့သည်။

ကျန်းရှောင်က ဘေစင်မှာ လက်ဆေးနေသည်။

ကျိုးယန်ယန် က သူမဆီ လှမ်းသွားခဲ့ပြီး ပြောလိုက်သည်။ “အရမ်းတွေ ဂုဏ်ယူမနေနဲ့ "

"ငါ ဂုဏ်ယူမနေပါဘူး"

"ငါ့အဖေကို ကျေနပ်အောင် လုပ်တာက အလုပ်ဖြစ်မယ်လို့ ထင်နေတာလား။ ကျန်းရှောင် နင်က မြှောက်ပင့်တဲ့နေရာမှာ အရမ်းတော်တယ်ဆိုတာ ငါ ဘယ်လိုလုပ် မသိခဲ့တာလဲ"

"ငါလည်း အဲ့တာကို သတိမထားမိခဲ့ဘူး။ ငါတို့ပြန်သွားရင် ငါ့ယောကျ်ားကို သေသေချာချာ မျက်နှာလုပ်ဦးမှပဲ။ ဘယ်သူသိမှာလဲ၊ သူ ကုမ္ပဏီရဲ့ ရှယ်ယာတစ်ဝက်ကို ငါ့ကို ပေးချင်ပေးမှာပေါ့

ကျိုးယန်ယန် ဒေါသထွက်ပြီး အံကြိတ်လိုက်သည်။ "ငါ နင့်ကို တောင်းပန်တယ် ဒါပေမယ့် နင့်ရဲ့ဗိုက်ထဲက ကလေးအတွက်ပဲ ရည်ရွယ်တာ။ နောက်ဆုံး သူက ငါ့ရဲ့အနာဂတ်တူလေးပဲ"

ကျန်းရှောင် မှုန်ကုပ်နေတဲ့အသံနဲ့ ပြန်ပြောခဲ့သည်။ "ယန်ယန်၊ ငါ့သားက နင့်လို ရိုင်းစိုင်းတဲ့အန်တီကို မလိုချင်ဘူးတဲ့"

သူတို့နှစ်ဦး အထက်တန်းကျောင်းသို့ ခေတ်နောက်ပြန်ဆွဲနေပုံရသည်။ ကျိုးယန်ယန်မှာ အလိုလိုက်ခံထားရတဲ့ စိတ်ဓာတ်ရှိပြီး သူမ၏ အတန်းဖော်တွေက သူမကို ထုံးစံအတိုင်း နေရာပေးလေ့ရှိသည်။

လင်းဝူနဲ့ ကျန်းရှောင်တို့က ခြွင်းချက်ပင်။ လင်းဝူက သူမ၏ လေ့လာမှုကိုသာ အာရုံစိုက်ပြီး အခြားသူများနှင့် စကားများများ ပြောလေ့မရှိပေ။

ကျိုးယန်ယန်က တစ်ခါတစ်ရံ လင်းဝူကို မဲပြီး (ရမယ်ရှာပြီး) ကျန်းရှောင်က သူမကို ချေပခြင်းဖြင့် အခါအားလျော်စွာ ကူညီတတ်သည်။

အခုစဉ်းစားကြည့်လိုက်တော့ မင်းသဘောကျတဲ့လူကို မင်းရှေ့မှာထားလိုက်ပေမယ့် သူတို့က တခြားတစ်ယောက်ယောက်ကို သဘောကျသွားတယ်။ ဒါက တကယ်ကို နာကျင်ရသည်။

ကျိုးရှို့လင်း တခြားတစ်ယောက်ယောက်ကို သဘောကျရင် သူမလည်း သနားစရာကောင်းသွားမယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။

ဒါပေမယ့် လူတိုင်းမှာ မိမိတို့ကိုယ်မိမိ ဖော်ပြသည့်နည်းလမ်းရှိကြသည်။ ကျိုးယန်ယန်က မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်လွန်းသဖြင့် မြို့ငယ်လေးမှ သူမရဲ့အတန်းဖော်တွေကို အထင်အမြင်သေးသည်။

တကယ်တော့ ဒါဟာ ကစားရာမှာ မနာလိုခြင်းပဲ။

ညစာစားပြီးသောအခါ အားလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။

ဤအထပ်တွင် သပ်ရပ်စွာ အလှဆင်ထားသော စားသောက်ဆိုင်များနှင့် ပြည့်နေသည်။ အောက်ထပ်တွင် ဇိမ်ခံစတိုးဆိုင်မျိုးစုံရှိ၍ အလုပ်ဖွင့်ရက်ဖြစ်သောကြောင့် လူအနည်းငယ်သာရှိသည်။

"ယန်ယန် -" ရုတ်တရက် အနောက်ဘက်မှ သာယာတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတိုင်း သူတို့သွားနေတဲ့လမ်းကြောင်းမှာ ရပ်သွားကြသည်

ကျန်းရှောင် လှည့်ကြည့်လိုက်တော့ ငယ်ရွယ် နုပျိုလှပတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက အနည်းငယ်ရှည်တဲ့ ဆံပင်ကောက်ကောက်နှင့် ထူးခြားတဲ့အသွင်အပြင်၊ မျက်လုံးကို ဖမ်းစားနိုင်တဲ့ အလှတစ်မျိုးရှိသည်။

ကျန်းရှောင်က နာမည်ကြီးဆယ်လီတွေ အများကြီးကို မြင်ဖူးပေမယ့် သူမကို ပထမဆုံးအကြိမ်တွေ့မြင်လိုက်ရတော့ သူမကို အံ့သြသွားစေခဲ့သည်။

"ရှု့ရန် နင်လည်း ဒီမှာလာစားတာလား" ကျိုးယန်ယန် မျက်နှာက စိတ်လှုပ်ရှားစွာ တောက်ပလာခဲ့သည်။

"ဟုတ်တယ်"

"ဘာလို့ ငါ့ကို မခေါ်တာလဲ"

"ငါက အတန်းဖော်တစ်ချို့နဲ့ လာတာမလို့လေ"

"ဟုတ်ပါပြီ နောက်တစ်ခါကျရင် ငါ့ကိုဖိတ်ဖို့ မမေ့နဲ့နော်"

ကောင်မလေးက ကျိုး မိဘတွေကို ကောင်းကောင်းမွန်မွန် နှုတ်ဆက်ခဲ့သည်။

မေမေ ကျိုးက ညင်သာစွာ ပြုံးပြခဲ့သည်။ "ရှု့ရန်၊ ပိုလှလာတယ်နော်။ မင်းကို နောက်ဆုံးတွေ့ခဲ့တာက တစ်နှစ်ခွဲပဲ ရှိသေးတယ်"

"အန်တီ၊ အန်တီက သိပ်ကြင်နာတတ်တာပဲ"

"ရှု့ရန်၊ အခုက နွေရာသီ အားလပ်ရက်ရောက်နေပြီ။ အချိန်ရှိရင် အန်တီတို့အိမ် လာလည်ဦး"

"ဟုတ် အန်တီ။ အန်တီတို့ဆီ နှစ်ရက်လောက် လာလည်ဖို့ စီစဉ်ထားပါတယ်" ထို့နောက် ကောင်မလေး၏ အကြည့်က ကျိုးရှို့လင်းဆီ ရွှေ့သွားသည်။

"ကျိုးကော မတွေ့တာကြာပြီနော်"

ကျိုးရှို့လင်း ခပ်ဖျော့ဖျော့ပြုံးခဲ့သည်။ "မတွေ့တာကြာပြီ"

ကျိုးယန်ယန် က ကောင်မလေးရဲ့လက်ကို ဆုပ်ကိုင်ခဲ့သည်။ "အမေ၊ အဖေ၊ သမီး ရှု့ရန်နဲ့က ဆုံတွေ့ခဲတယ်။အမေတို့ အရင်​ပြန်​​လိုက် သမီး သူနဲ့ စကား​ပြောလိုက်ဦးမယ်​"

"ကောင်းပြီ၊ ဂရုစိုက်နေဦး "

ကျိုးရှို့လင်းလည်း ကျန်းရှောင်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကလေးမလေးက သူတို့ရဲ့ ထွက်ခွာသွားတဲ့ပုံရိပ်တွေကိုကြည့်ပြီး မေးခဲ့သည်။ “ယန်ယန်၊ နင့်အစ်ကိုဘေးက ကောင်မလေးက ဘယ်သူလဲ"

ကျိုးယန်ယန် နှုတ်မှလွှတ်ခနဲ ထွက်လုပ်နီးပါးပင်။ "သူက ငါ့အစ်ကိုရဲ့ လက်ထောက်အသစ် "

"နင့်အစ်ကိုက သူနဲ့ဆက်ဆံရေးကောင်းပုံရတယ်နော်"

"အစ်ကိုက သူ့ကို တန်ဖိုးထားလို့ပါ " ကျန်းရှောင်က သူမရဲ့ယောက်မဖြစ်ကြောင်း ဘယ်သူ့ကိုမှ မပြောချင်ပေ။

"သူမက တော်တော်ကိုလှတယ်။ တီနာ ထက်တောင် လှတယ်"

"နင့်လောက်မလှပါဘူး ရှု့ရန်ရယ်။ ငါတို့ အောက်ထပ်ဆင်းပြီး လမ်းလျှောက်ရအောင်"

"အိုခေ။ ငါ့မေမေအတွက် လက်ဆောင်ဝယ်ပေးချင်နေတာ။ သူ့မွေးနေ့ရောက်တော့မယ်။ ငါ့ကို တစ်ခုခုကူရွေးပေးဦးနော်"

ကျန်းရှောင် အေးအေးဆေးဆေး လမ်းလျှောက်ရင်း သူမရဲ့ရှည်လျားပြီး ထူထဲတဲ့ မျက်တောင်လေးတွေက ညင်သာစွာ တဖျပ်ဖျပ်ခတ်နေသည်။ "ခုနက ကောင်မလေးက ဘယ်သူလဲ"

ကျိုးရှို့လင်း လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။ "သူမက ကျင်းကျုံးပိုင် ရဲ့ညီမ"

ကျန်းရှောင်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားကာ သူမ၏ မျက်နှာပေါ်မှာ အံ့အားသင့်နေခဲ့သည်။ "ကျင်းကျုံးပိုင် ရဲ့ညီမ "

သူမ နောက်ကို တစ်ချက် လှည့်ကြည့်လိုက်သော်လည်း ရှည်လျားတဲ့ စင်္ကြံတစ်လျှောက်မှာ မှုန်ဝါးတဲ့ ရုပ်ပုံသဏ္ဍာန်ကိုသာ မြင်နိုင်သည်။ မအံ့သြတော့ပါဘူး၊ သူမကို ကြည့်ရတာ အနည်းငယ်ရင်းနှီးသလိုဖြစ်နေမိတာကို မအံ့သြတော့ဘူး....

"ဟုတ်တယ်"

"ဒါပေမယ့် သူမအကြောင်း အွန်လိုင်းမှာ ဘာသတင်းမှ မတွေ့ဖူးရတာလဲ" တကယ်တော့ သူမ အနုပညာနယ်ပယ်မှာ နေလာတာကြာပြီ ဒါကို သူမ မသိခဲ့ဘူး။

"ကျင်း မိသားစုက သူမကို ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းစေချင်တာကြောင့်မလို့လေ။ ကျင်းကျုံးပိုင်က သူ့ညီမကို တကယ်ချစ်တာ"

"သူမ အသက်ဘယ်လောက်ရှိပြီလဲ"

"ယန်ယန်ထက် နှစ်နှစ်ငယ်တယ်"

ကျန်းရှောင် ငြိမ်ကျသွားခဲ့သည်။

"ဘာဖြစ်လို့လဲ"

"သူမက တကယ်ကို လှတယ်လို့ ထင်မိလို့။ သူမသာ လက်မှတ်ထိုးပေးနိုင်ခဲ့ရင် သူမ နာမည်ကြီးလာမှာ သေချာတယ်"

"ကျင်း မိသားစုက သူမကို အဲဒီလမ်းကိုလျှောက်ခိုင်းဖို့ ရည်ရွယ်ထားတာမဟုတ်ဘူး။ သူမက အနီးနားက ဒီ တက္ကသိုလ်မှာ ကျောင်းတက်နေတာ "

"သူမ နာမည်ကဘယ်လိုခေါ်လဲ"

"ကျင်းရှု့ရန်၊ `လှပတယ်" ဆိုတဲ့ ရှု့ နဲ့ "စကားလုံး" ဆိုတဲ့ ရန်"

ကျန်းရှောင် ရုတ်​တရက်​ ဟန်လုပ်ပြုံးလိုက်​သည်။ "ရှင့်နာမည်​​တွေ အားလုံးက ရှင့်မိဘတွေရဲ့ လှပတဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ပြီးထူးခြားတဲ့ အဓိပ္ပါယ်​ရှိတယ်ဆိုတာ ကျွန်မ သိလိုက်​ရတယ်"

သူမရဲ့အဖေက သူမကို ရှောင်လို့ နာမည်ပေးထားသည်။ သူမက အရုဏ်တက်ချိန်မှာ မွေးလာတာကြောင့်လား။ ဒါမှမဟုတ် အဲဒီနောက်ကွယ်မှာ နောက်ထပ် လေးနက်တဲ့ အဓိပ္ပါယ်ရှိတာကြောင့်လား မသိပေ။

ရှောင်မှာ တခြားအဓိပ္ပါယ်ဖြစ်သည့် 'နားလည်မှု ' ဆိုတာလည်း ရှိသည်။

All Chapters