← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

ကျန်းရှောင်က ပြတင်းပေါက်အပြင်ကို လှမ်းကြည့်ဖို့ ခေါင်း လှည့်ခဲ့ပြီး သူမ နှုတ်ခမ်းပေါ် အပြုံးတစ်ခု တိုးလာခဲ့သည်။

အချိန်က မင်းကို မမျှော်လင့်ထားတဲ့ နည်းလမ်းတွေနဲ့ အမြဲတမ်း ပြောင်းလဲပေးနေတယ်။ ကနဦး ဆုံးဖြတ်ချက်တွေနဲ့ အလျှော့မပေးတဲ့ ရည်ရွယ်ချက်တွေက အမှန်တကယ်မှာ ဖြည်းဖြည်းချင်း အပေးအယူ လုပ်လို့ရတယ်။

အဲ့ဒါက ပျော်ရွှင်မှုရဲ့ စွမ်းအားလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါက သူနဲ့ ပဲပင်ပေါက်လေးရဲ့တည်ရှိမှု တို့ကြောင့်ဖြစ်သည်။

ကုမ္မဏီရောက်တော့ သူတို့နှစ်ယောက် ဓာတ်လှေကားထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်ခဲ့သည်။

ကျန်းရှောင် ကျန်းချင်ကိုမြင်ရတော့ အနည်းငယ်ရှက်မိသည်။

ကျန်းချင်က "မဒမ်" လို့ခေါ်ဖို့ ပါးစပ်ကို ဖွင့်ထားပေမယ့် ကျန်းရှောင်က အမြန်အော်လိုက်သည်။

"လက်ထောက် ကျန်း၊ မင်္ဂလာနံနက်ခင်းပါ"

"မင်္ဂလာနံနက်ခင်းပါ၊ လက်ထောက် ကျန်း။ မစ္စတာ ကျိုး အခုလေးရောက်လာတယ်။ ကျေးဇူးပြုပြီး သူ့အတွက် ကော်ဖီတစ်ခွက်သွားဖျော်ပေး၊ မှတ်ထားလိုက်ဦးနော် သကြားမထည့်ဘူး"

ကျန်းရှောင်က "....အိုခေ" ဟု ပြန်ဖြေခဲ့သည်။

"အိုး၊ မစ္စတာ ကျိုးက အသင့်ဖျော်ကော်ဖီကို မကြိုက်ဘူး။ ကော်ဖီစေ့တွေက ထမင်းစားခန်းရဲ့ ဒုတိယအံဆွဲဗီရိုထဲမှာရှိတယ်"

ခဏကြာတော့ ကျန်းရှောင် ကော်ဖီတစ်ခွက်နဲ့ ဝင်လာခဲ့သည်။ "မစ္စတာ ကျိုး၊ ရှင့်ရဲ့ ကော်ဖီ"

ကျိုးရှို့လင်းက သူ့အမူအရာကို ထိန်းထားသည်။ "ကျေးဇူး။ ဒီနေ့ ငါ့ ဝင်စာပုံးထဲမှာ အီးမေးလ်တွေစုပေးဖို့ မင်းမှာ အချိန်ရှိလား"

ကျန်းရှောင် မျက်နှာက တောက်ပလာခဲ့သည်။ "ရှိပါတယ် " အလှဆင်ပန်းအိုး သက်သက် မဟုတ်ဘဲ သူမ တကယ် အလုပ် လုပ်ချင်နေခဲ့တာ။

နံနက်ခင်းတွင် ကျိုးရှို့လင်း၏ အလုပ်များမှုနှင့် သူ့လက်ထောက်လေးဦး အထူးသဖြင့် တီနာ၏ စွမ်းရည်များကို သူမ တွေ့မြင်ခဲ့ရသည်။ ကျန်းရှောင်က သူမအကြောင်း ကြားဖူးပြီးသား။ သူမသည် ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တစ်ခုမှ ထူးချွန်တဲ့ ဘွဲ့ရတစ်ဦးဖြစ်သည်။

ဟွားရှနဲ့ လက်မှတ်ရေးထိုးထားတဲ့ အနုပညာရှင်တွေအားလုံးက သူမကို မျက်နှာပေးတယ်ဆိုတာ သူမ သိသည်။ နောက်ဆုံးတော့ သူမက ကျိုးရှို့လင်းရဲ့ အလှတရားနဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ပေါင်းစပ်ထားတဲ့ အမျိုးသမီး လက်ထောက်ချုပ် ဖြစ်ခဲ့သည်။ ကျန်းချင် က တီနာဆီက သင်ယူဖို့ သူမကို ပြောခဲ့သည်။

သူမသည် ဟွားရှတွင် သုံးနှစ်ရှိနေပြီဟု ယူဆကာ တီနာ က သူမကို သိပ်စိတ်ဝင်စားပုံမပေါ်ပေ။

နေ့လည်စာစားချိန်တွင် ကျိုးရှို့လင်းသည် တီနာ ကို စီးပွားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် တွေ့ဆုံဖို့ ခေါ်သွားခဲ့သည်။

လက်ထောက် ကျန်းနှင့် ကျန်းရှောင်တို့သည် စားသောက်ဆိုင်တွင် အတူတူ စားသောက်ခဲ့ကြသည်။

ကျန်းရှောင်သည် ကြီးမားလှတဲ့ကြမ်းပြင်မှ မျက်နှာကျက် မှန်နံရံများ၊ စိမ်းလန်းသော အပင်များနှင့်အတူ ကျယ်ဝန်းတဲ့ မြင်ကွင်းနှင့်အတူ စားသောက်ဆိုင်တစ်ဝိုက်ကို လှမ်းကြည့်လိုက်သည်။ ဒီမှာ အစားစားရတာ တကယ်ပျော်ဖို့ကောင်းတယ်။

ကျန်းချင်က ကျိုးရှို့လင်းရဲ့ အလုပ်အလေ့အထများအကြောင်း သူမကို ပြောပြခဲ့ပြီး ကျန်းရှောင်က လုံ့လစိုက်ထုတ်ကာ မှတ်သားခဲ့သည်။

"မဒမ်၊ မစ္စတာ ကျိုး အတွက် သိပ်စိတ်မပူဘူး။ ဒီအရာတွေကို မဒမ် မသိဘူးလား။ မစ္စတာ ကျိုးကို မဒမ် ပိုဂရုစိုက်ပြီး စိတ်ပူသင့်တယ်"

ကျန်းရှောင် ခါးသက်စွာဖြင့် အတင်း ပြုံးလိုက်သည်။ "ကျွန်မ အရာအားလုံးကို မှတ်ထားပြီးပြီ။ ကျွန်မ သူ့ကို အခုချိန်ကစပြီး အာရုံစိုက်ပါ့မယ်"

ကျန်းချင် ပြန်ဖြေလိုက်သည်။ "ဒါလည်း မဖြစ်ပါဘူး။ မဒမ် အရမ်း ကောင်းကောင်းလုပ်လိုက်ရင် တီနာနဲ့ ကျွန်တော် အလုပ်ထွက်ရလိမ့်မယ်"

ကျန်းရှောင်ရဲ့ မျက်လုံးတွေ တွန့်သွားခဲ့သည်။ "လက်ထောက် ကျန်း ကုမ္ပဏီက ရှင်းရန် အတွက် ရုပ်ရှင်တစ်ကား ညှိနှိုင်းနေတယ်လို့ ကြားတယ်"

"ရှင်းရန်က မဒမ်ရဲ့အလင်းတန်းကို အခွင့်ကောင်းယူနေတာ။ 'လူငယ် 'က ဒါရိုက်တာ ကျောက် ရဲ့ဇာတ်ကားပြီးတော့ လျန့်ယွဲ့က ခေါင်းဆောင်မင်းသမီး "

"လျန့်ယွဲ့ "ကျန်းရှောင် ထပ်ပြောလိုက်သည်။ "သူမက သရုပ်ဆောင်တာကို နှစ်အတော်ကြာအောင် ရပ်ထားခဲ့တာ မဟုတ်လား"

" ´လူငယ်' က သူမရဲ့တစ်ကျော့ပြန် အလုပ်ဖြစ်လာလိမ့်မယ်"

"အိုး ကောင်းပါတယ်။ ရှင်းရန် သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်လို့ရတာပေါ့"

" နောက်ထပ် သတင်း အပိုင်းအစတစ်ခုရှိတယ်။ အဲ့တာက မင်းသမီး ကျိုး လည်း ပါလာမှာ "

"မင်းသမီး ကျိုး။ ကျိုးယန်ယန်လား "

ကျန်းချင် ထူးထူးခြားခြား ပြုံးလိုက်သည်။ "scene က နည်းနည်းလေးပါပဲ"

ကျန်းရှောင် တခစ်ခစ် ရယ်လိုက်သည်။ မင်းသမီး ကျိုး ရဲ့ အဆင့်အတန်းနှင့် ကိုက်ညီသည်။ " 'လူငယ်' ထုတ်လွှင့်မယ့်နေ့ကို ကျွန်မ တကယ် မျှော်လင့်တယ်။ နောက်ဆုံးတော့ နတ်ဘုရားမ သရုပ် မဆောင်တာ နှစ်အတော်ကြာခဲ့ပြီ"

"မဒမ်လည်း လျန့်ယွဲ့ကို ကြိုက်တာလား"

"မဟုတ်ဘူး၊ သူမရဲ့ သရုပ်ဆောင်မှုစွမ်းရည်က အရမ်းကောင်းတယ်လို့ ကျွန်မ ထင်လို့။ နိုင်ငံထဲမှာ သူမလိုအမျိုးသမီးတွေ အများကြီးမရှိဘူး"

“ဒါ အမှန်ပဲ။ သူမမှာ အထူးပြု နောက်ခံမရှိဘူးလို့ ယူဆတယ်။ သရုပ်ဆောင်ရတာက သီချင်းဆိုတာနဲ့ တူတယ်။ လူအချို့က ကောင်းကင်ဆုလာဘ်တွေကို လက်ခံရရှိဖို့ ကံကောင်းကြပြီးတော့ တချို့တွေကတော့သူတို့ရဲ့ ဘိုးဘေးဘီတွေဆီက ချီးမြှင့်ခံရတယ်။ လျန့်ယွဲ့က ရှေ့ကတစ်ခုကို ပိုင်ဆိုင်ထားတာ "

ကျန်းချင် ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အဓိပ္ပါယ်ရှိတယ်လို့ ကျန်းရှောင် ခံစားရသည်။ "ဟုတ်တယ်၊ သူမက အရမ်းကံကောင်းတယ်"

အစားစားပြီးတာနဲ့ သက်ဆိုင်ရာရုံးကို အသီးအသီး ပြန်သွားခဲ့ကြသည်။

ကျန်းရှောင် ထိုင်လိုက်ချိန်မှာပဲ ဖုန်းခေါ်ဆိုသူ ID က "ကျိုးရှို့လင်း " ကို ပြသလာခဲ့သည်။

သူမ အမြန်ပြန်ဖြေခဲ့သည်။ "ဟယ်လို"

"လက်ထောက် ကျန်း အထဲဝင်ခဲ့ " သူ့အသံက နက်ရှိုင်းသည်။

ကျန်းရှောင်က ပုံမှန်လို ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ မစ္စတာ ကျိုး "

ကျန်းရှောင် သူ့ရုံးခန်းထဲသို့ ဝင်သွားခဲ့ပြီး ကျိုးရှို့လင်း က လှပတဲ့ ပန်းချီကားတစ်ချပ်လို စားပွဲခုံတွင် သပ်သပ်ရပ်ရပ် ထိုင်နေခဲ့သည်။

သူမ လမ်းလျှောက်သွားချိန် သူ ရုပ်ရှင် ဇာတ်ညွှန်းကို ဖတ်နေတာ သတိထားမိလိုက်သည်။

ကျိုးရှို့လင်း ခေါင်းကို ဖြည်းညှင်းစွာ မော့ပြီး မေးခဲ့သည်။ "ဘယ်လိုလဲ။ မင်း ကျင့်သားရနေပြီလား"

"မဆိုးပါဘူး" လို့ ကျန်းရှောင် ပြန်ဖြေလိုက်သည်။

သူမမှာ သန်မာတဲ့ လိုက်လျောညီထွေရှိ၍ ယင်းနှင့်ပတ်သက်၍ သံသယမရှိပေ။ ကျိုးရှို့လင်း နာရီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "အထဲမှာ နားနေခန်းရှိတယ်၊ ခဏလောက် သွား အနားယူလိုက်"

ကျန်းရှောင်က ဒီနေ့ စိတ်အားထက်သန်နေပြီး မောပန်းခြင်းမရှိတာကြောင့် သူမ ခေါင်းခါခဲ့သည်။ "ရှင် ဘာလို့ဒီလောက်အမြန်ကြီး ပြန်လာတာလဲ"

"ကိစ္စက ပြေလည်ပြီးသားမို့"

ကျန်းရှောင်က သူသေချာပေါက် လျင်မြန်စွာ ပြုမူနေသည်ဟု သူ့ကိုယ်သူ တွေးနေမိသည်။ "တီနာရဲ့ တရုတ်နာမည် ရှု့ယီနာဆိုတာ လက်ထောက် ကျန်းဆီက ကြားလာတယ် "

"ဟုတ်တယ်"

“အခုလူတွေ သူတို့ရဲ့ အင်္ဂလိပ်နာမည်တွေနဲ့ သွားနေတာ တော်တော်အဆင်ပြေတယ်" လို့ ကျန်းရှောင် ပြောလိုက်သည်။

"ကျွန်မလည်း အင်္ဂလိပ် နာမည်ရွေးဖို့ စိတ်ကူးနေတာ။ ရှင်က နိုင်ငံခြားမှာ ကျောင်းပြီးလာတာဆိုတော့ ရှင့်မှာ အကြံဉာဏ်တွေများ ရှိလား"

ကျိုးရှို့လင်း မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်သည်။

"ကိုယ့်နာမည်နဲ့ အသံထွက်တူတဲ့ အသံထွက်ရလွယ်တဲ့ဟာတစ်ခုတော့ရှိတယ်"

"အိန်ဂျလာ "

"အိန်ဂျလာ။ အဲဒါ နတ်သမီး မဟုတ်ဘူးလား"

သူမ စိတ်ထဲ သီချင်းတစ်ပုဒ်က အလိုအလျောက် ပေါ်လာခဲ့သည် -

မင်းက ငါ့ရဲ့နတ်သမီးလေး

ငါ့ကိုကာကွယ်ပေးပါ ငါ့ရဲ့နတ်သမီးလေး

အခုကစပြီး ငါ့မှာ ဝမ်းနည်းစရာတွေ မရှိတော့ဘူး။

မင်းက ငါ့နတ်သမီးလေး

.....

ကျိုးရှို့လင်း ခေါင်းညိတ်ပြလိုက်ပြီး သူ့နှုတ်ခမ်းမှာ နွေးထွေးတဲ့ အပြုံးတစ်ခု ပေါ်လာသည်။ "လက်ထောက် ကျန်း၊ ဒီည ပါတီပွဲတက်ဖို့ကိုယ်နဲ့အဖော်လိုက်ခဲ့"

"ကျွန်မလား။ တီနာက ပိုသင့်တော်တာ မဟုတ်ဘူးလား"

"လက်ထောက် ကျန်း၊ ကိုယ့်မိန်းမထက် ဘယ်သူက ပိုသင့်တော်မယ်လို့ ထင်လဲ"

ကိုယ့်မိန်းမ....

ကျန်းရှောင်၏ အမူအရာက အနည်းငယ် သဘာဝမကျသလို ဖြစ်သွားခဲ့သည်။ "ဘာလုပ်ရမယ်မှန်း ကျွန်မ မသိဘူး။" သူမ ယခင်က တရားဝင် ဧည့်ခံပွဲ မတက်ဖူးခဲ့ပေ။

"မင်း ဘာမှလုပ်စရာ မလိုဘူး၊ ညစာစားဖို့ပဲ စဉ်းစားပြီး ချိတ်ဆက်မှုလုပ်စရာ ရှိ မရှိကိုဘဲ ကြည့် " လို့ ကျိုးရှို့လင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျန်းရှောင်က သူမရဲ့ ၀တ်စုံကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်မ ဘာဝတ်သင့်လဲ။ ပြီးတော့ ကျွန်မ မိတ်ကပ်မလိမ်းဖူးဘူး"

ဘာမှမလိမ်းခြယ်ထားတဲ့ မျက်နှာနဲ့ ဘာမှမထုံးဖွဲ့ထားတဲ့ ဆံပင်နဲ့ စားသောက်ပွဲကို သူမ ဘယ်လိုသွားရမှာလဲ။

ကျိုးရှို့လင်းက သူ့ရဲ့အဝတ်အစားဟာ အနည်းငယ် ပေါ့ပေါ့ပါးပါး ရှိသော်လည်း အမှားအယွင်းမရှိဘူးဟု မထင်ခဲ့ပေ။ "နောက်မှ ဆိုင်ကို လိုက်ပို့ပေးမယ်"

"ဒါမှမဟုတ် ကျွန်မ အခု တစ်ယောက်တည်း သွားလို့ရတယ်"

"မလောနဲ့" ကျိုးရှို့လင်း စာရွက်စာတမ်းတွေ ထုတ်ယူလိုက်သည်။

"ဒါတွေက ကုမ္ပဏီက လာမယ့်နှစ်မှာ လုပ်မယ့် ရသစုံ ရှိုးပွဲတွေအတွက် အစီအစဉ်တွေနဲ့ ကိုယ်တို့ လက်မှတ်ထိုးဖို့ ပြင်ဆင်နေတဲ့ အနုပညာရှင်တွေရဲ့ ပရိုဖိုင်တွေ။ ကြည့်ပြီးရင် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုင်တဲ့ လမ်းညွှန်ချက် အသေးစိတ် အစီရင်ခံစာကို ကိုယ့်အတွက် ရေးပေး "

ကျန်းရှောင် စာရွက်စာတမ်းများကို ကြည့်လိုက်ရာ ကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များ ပါဝင်နေသည်ကို တွေ့လိုက်ရတော့ အံ့အားသင့်သွားသည်။ "ရှင် ဒါကို ဘယ်အချိန်လိုလဲ" လို့မေးလိုက်သည်။

"မင်း အခုစလိုက်လို့ရတယ်"

"ဒါဆို ကျွန်မ အရင်ထွက်သွားနှင့်တော့မယ်"

"မလိုပါဘူး၊ ဆိုဖာပေါ်မှာထိုင်။ နားမလည်တာရှိရင် ကိုယ့်ကိုမေး"

ကျန်းရှောင်သည် သင်ယူနေတဲ့ သဘောထားဖြင့် သူ့ရုံးခန်းတွင်နေခဲ့သည်။

ကျယ်ဝန်းတောက်ပတဲ့ ရုံးခန်းက တိတ်ဆိတ်နေခဲ့သည်။ ကန့်လန့်ကာတွေက မှန်အများစုကို ဖုံးအုပ်ထားကာ နေရောင်ဖျော့ဖျော့ ဝင်ရောက်လာပြီး ရွှေရောင်တောက်နေတဲ့ အလွှာကို ဖုံးအုပ်ထားခဲ့သည်။

ရံဖန်ရံခါတွင် သူသည် သာယာတဲ့အသံကို ထုတ်ပေးသည့် ကီးဘုတ်ကို နှိပ်ခဲ့သည်။

ဒီမှာ သူနဲ့ရှိနေရင် ငါက ဘာထပ်တောင်းဆိုလို့ရမှာလဲ။

ကျန်းရှောင် သူမ၏ အတွေးတွေကို စုဆောင်းကာ ပစ္စည်းတွေကို ဂရုတစိုက် ဆန်းစစ်ကြည့်ခဲ့သည်။ ကုမ္ပဏီမှ လက်မှတ်ထိုးရန် ရည်ရွယ်ထားသည့် အနုပညာရှင်များအားလုံးသည် အသက်နှစ်ဆယ်ကျော် ငယ်ရွယ်နုပျိုပြီး အားမာန်အပြည့်ဖြင့် အနာဂတ်အတွက် အိပ်မက်တွေဖြစ်ကြသည်။

အနုပညာနယ်ပယ်က လူတစ်ဦးရဲ့ ကံကြမ္မာကို နေ့ချင်းညချင်း ပြောင်းလဲပေးနိုင်သော ကျော်ကြားမှုနှင့် ကံကြမ္မာကမ္ဘာတစ်ခုဖြစ်သည်။ အိပ်မက်ပဲဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာ ဆန္ဒပဲဖြစ်ဖြစ်၊ တစ်ဦးချင်းသာ သိပါသည်။

ကုမ္ပဏီက သင့်လျော်တဲ့ အနုပညာရှင်တွေ မရွေးချယ်မီ အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည်။ ပရိုဖိုင် ဒါဇင်များစွာထဲက လူတစ်ဦးစီမှာ သူတို့ရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်အရည်အသွေးတွေ ရှိကြသည်။

တကယ်တော့ သူမ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့ အခွင့်အလမ်း များစွာရှိခဲ့သည်။ သူမ နောက်က လိုက်ဖြစ်လုနီးပါးဖြစ်ခဲ့တာက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ရှိခဲ့ဖူးသည်။ ဒါပေမယ့် နောက်ဆုံးအခိုက်အတန့်မှာတော့ သူမစိတ်ပြောင်းသွားသည်။

သူမ မင်းသမီး မဖြစ်ချင်ဘူး။ ဒါဆို ဘာလို့ စတားရဲ့မန်နေဂျာ မလုပ်ရမှာလဲ"

အချိန်တွေ တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

ကျန်းရှောင် ချက်ချင်းထရပ်ပြီး ကျိုးရှို့လင်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ကျိုးရှို့လင်းက အေးဆေး တည်ငြိမ်စွာပြောခဲ့သည်။ "မင်းလုပ်နေတဲ့ဟာကိုပဲ ဆက်လုပ် ”

ထို့နောက် တံခါးအပြင်ဘက်ရှိလူကို “ဝင်လာခဲ့” လို့ပြောလိုက်သည်။

တီနာက ကျိုးယန်ယန် နှင့်အတူ နှစ်ယောက်သား ပြုံးပြုံးရွှင်ရွှင် ဝင်လာခဲ့သည်။ ဒါပေမယ့် ကျန်းရှောင် ဆိုဖာပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတော့ သူတို့ရဲ့ အမူအရာတွေ ပြောင်းသွားခဲ့သည်။ တီနာက စိတ်ထိန်းထားဆဲပင်။

ကျိုးယန်ယန်ရဲ့ မျက်နှာက ချက်ချင်း အေးစက်သွားသည်။

ကျိုးရှို့လင်း ညွှန်ကြားလိုက်သည်။ "တီနာ၊ မင်းလုပ်စရာရှိတာ သွားလုပ်"

တီနာ ကြော့ကြော့မော့မော့နဲ့ လှည့်ပြီး ထွက်သွားခဲ့သည်။

All Chapters