← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

ကျိုးရှို့လင်း လှောင်ပြုံး ပြုံးလိုက်သည်။ "သူမက တက္ကသိုလ်က ဘွဲ့ရထားတာ။ နွားသူငယ်က ကျားကို မကြောက်ဘူး။ ကျေးဇူးပြုပြီး ခင်များတို့ နှစ်ယောက်လုံး စိတ်ထဲမထားကြပါနဲ့"

ဒါရိုက်တာ ကျောက်နဲ့ လျန့်ယွဲ့က သူမက သာမန်မဟုတ်ကြောင်းကို သူ့လေသံကနေ တစ်ဆင့် ပြောပြနိုင်သည်။

လျန့်ယွဲ့က ပြုံးပြီး ကျန်းရှောင်ကိုကြည့်ကာ ပြောလိုက်သည်။ "မင်းက ဟွားရှက မင်းသမီးတစ်ယောက် ဆိုရင် မင်းကို ပါဝင်ဖို့ ငါသေချာပေါက် ဖိတ်မှာ "

"ကျေးဇူးတင်ပါတယ် ဆရာမ လျန့် " ကျန့်ရှောင် တင့်တယ်သွာပြန်ပြောခဲ့သည်။ "ကျွန်မက မင်းသမီးတစ်ယောက်တော့ မဟုတ်ပေမယ့် နောင်မှာ ထူးချွန်တဲ့ သရုပ်ဆောင်တွေကိုလည်း ကျွန်မ မိတ်ဆက်ပေးပါ့မယ်"

ဒါရိုက်တာ ကျောက် လည်း အနည်းငယ် စိတ်ထိခိုက်မိသည်။ ကျန်းရှောင်ရဲ့စိတ်နေစိတ်ထားနှင့် အသွင်အပြင်က အမှန်တကယ်ပင် အမြတ်ထုတ်လို့ရနိုင်သည်။

ဒါပေမယ့် လူတိုင်းမှာ ကိုယ်ပိုင်ဆန္ဒဆိုတာရှိသည်။

နောက်တော့ ကျိုးရှို့လင်းက ကျန်းရှောင်ကို ဒင်ဆမ်းစားဖို့ ခေါ်သွားခဲ့သည်။

ကျန်းရှောင်က သူမ အစားအစာကို ရွေးချယ်ဖို့ အာရုံစိုက်ခဲ့သည်။

"အရမ်းသရုပ်ဆောင် ကောင်းတာပဲ"

ကျန်းရှောင် ရွှတ်နောက်နောက် ပြုံးလိုက်သည်။ "တကယ်တော့ ကျွန်မ တော်တော် စိတ်လှုပ်ရှားနေပေမယ့် ရှင့်ကို မျက်နှာပျက်အောင် လုပ်လို့မရဘူးလို့ တွေးထားလို့ပါ"

ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါးနဲ့ တခစ်ခစ်ရယ်ပြီး သူမရဲ့ နားရွက်နားမှာ ကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးဖို့ သူ့လက်ကိုလှမ်းလိုက်တဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက သဘာဝဆန်သည်။

သူ့မျက်နှာပေါ်မှာ မမြင်နိုင်တဲ့ အရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ကိုယ် မျက်နှာပျက်သွားရင် ဘာဖြစ်မှာလဲ"

ကျန်းရှောင် လျှာထုတ်လိုက်သည်။

သူက ရုတ်တရက် သူမကိုပြောလိုက်သည်။ "ကျန်းရှောင်၊ မင်းရဲ့ အကြီးမားဆုံး ချို့ယွင်းချက်က ဘာလဲဆိုတာ သိလား"

ကျန်းရှောင် ခဏလောက် စဉ်းစားပြီး နည်းနည်းတော့ ပဟေဠိဖြစ်သွားရသည်။

"လောကီပညာရှိမဟုတ်၊ အင်္ကျီလက်ရှည်နဲ့ မကပြတတ်ဘူး။ မန်နေဂျာတစ်ယောက်၊ အထူးသဖြင့် ထိပ်တန်းနာမည်ကြီးတွေအတွက် မန်နေဂျာတစ်ယောက်အနေနဲ့ မင်းကိုယ်တိုင် ရပ်တည်နိုင်စွမ်းရှိရမယ်"

ကျန်းရှောင် မေးလိုက်သည်။"ကျွန်မက မန်နေဂျာတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ပြောနေတာလား "

"မဟုတ်ဘူး၊ မင်းမှာ ကောင်းမွန်တဲ့ အားသာချက်ရှိတယ် - ကိုယ့်ကိုယ်ကို သိနားလည်မှု၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ စစ်မှန်တယ်၊ အနုပညာရှင်တွေကို စိတ်ရင်းမှန်နဲ့ ရှာဖွေနေတာ၊ အရေးကြီးဆုံးကတော့ မင်းရဲ့နောက်မှာ ဟွားရှ ရှိတယ်"

သူမမှာ အကြံအစည်ရှိသည်ဖြစ်စေ၊ နည်းလမ်းရှိသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် အရေးမကြီးပေ။ ဟွားရှသည် အကောင်းဆုံး အရင်းအမြစ်များကို သူမလက်ထဲ ပေးအပ်မည်ဖြစ်သည်။

ကျန်းရှောင် ကြက်သေသေသွားပြီး သူမရဲ့ နှလုံးသားက လုံးဝ အရည်ပျော်ကျသွားခဲ့သည်။

"ကောင်းပြီ မင်းအရင်စားနှင့်၊ ကိုယ် ချက်ချင်းပြန်လာခဲ့မယ် " ကျိုးရှို့လင်း ရှေ့ကို ညွှန်ပြပြီး ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားများစွာက သူ့ကို စောင့်ဆိုင်းနေပုံရသည်။

ကျိုးရှို့လင်းကို သူ့သူငယ်ချင်းတွေ ခေါ်ခဲ့ပြီး ကျန်းရှောင်က ထောင့်မှာ တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူမ ဒီနေ့ညရဲ့ အတွေ့အကြုံကို သဘောကျသည်။

လွန်ခဲ့တဲ့ တစ်လလောက်က သူမက အိမ်ရာအတွက် စိတ်ပူလို့ ကောင်းကောင်း မအိပ်နိုင်ခဲ့ပေမယ့် အခု တစ်လအကြာမှာတော့ သူမ မထင်မှတ်ဘဲ လူအများနဲ့ တွေ့ဆုံခဲ့သည်။

ဘဝက သင့်ကို အမြဲအံ့အားသင့်စေတယ်။

ကျန်းရှောင် သူမရဲ့ဗိုက်ကို ညင်သာစွာ ပွတ်ကာ သူမ၏မျက်နှာပေါ်မှာ ကျေနပ်နေတဲ့ အကြည့်ရှိနေသည်။ "ပဲပင်ပေါက်လေး၊ မေမေ အရမ်းပျော်တယ်"

ရုတ်​တရက်​ ​နောက်​က​နေ ​ခြေ​သံ ထွက် ပေါ်လာခဲ့သည်​။

ကျန်းရှောင် ခေါင်း လှည့်ကြည့်လိုက်တော့ ကျိုးယန်ယန် ကို တွေ့လိုက်ရသည်။

ကျိုးယန်ယန်က ၇-၈ စင်တီမီတာမြင့်တဲ့ ဒေါက်ဖိနပ်တွေ စီးထားသည်။ "ကျန်းရှောင် -"

ကျန်းရှောင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ရှင့် အရည်အချင်းရှိသားပဲ။ ငါ့အစ်ကို နင့်ကို လက်ထပ်ချင်လာအောင် လုပ်နိုင်ခဲ့တယ်။ နင်ဘာကို အတိအကျလိုချင်နေတာလဲ"

ကျန်းရှောင် မျက်တောင်ခတ်လိုက်သည်။ "အများကြီးလိုချင်တာ"

ကျိုးယန်ယန် ဒေါသပုန်ထလာသည်။ "နင် အရှက်ကို မရှိဘူး။ အစ်ကို့မှာ အစဥ်အလာ ရှိမှန်းသိပြီး သေချာပေါက် နင့်ကိုတာဝန်ယူရမယ်မှန်းသိလို့ နင် တမင်သက်သက် ငါ့အစ်ကိုနဲ့ အိပ်ခဲ့တာ။ ကျန်းရှောင် နင်ကလေ တကယ်ကို မရှက်မရှိဘူး

ကျန်းရှောင် အေးစက်စွာပြုံးလိုက်သည်။ "နင် ဘာထပ်ပြောချင်သေးလဲ"

ကျိုးယန်ယန် ဒေါသတကြီး ဆို့နင့်သွားသည်။

ကျန်းရှောင် ဆံပင်တွေကို လှန်တင်လိုက်သည်။ "ကျိုးယန်ယန် နင် ဘာလို့ ဒီလောက် ကလေးဆန်နေသေးတာလဲ။ အထက်တန်းကျောင်းတုန်းက ကိစ္စတွေက ကြာသွားပြီ။ လင်းဝူနဲ့ ချင်းဟန်တို့ အခုချိန်မှာ အတူမရှိကြတော့ဘူး။ နင် ချင်းဟန်ကို ကြိုက်တယ်ဆိုရင် သူ့နောက်လိုက်သွားလေ"

"နင်! ငါအခု နင့်အကြောင်းပြောနေတာ။ နင့်ကိုပြောဦးမယ်၊ နင်က ငါ့ယောက်မဆိုတာကို ငါဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။ ပြီးတော့ ငါ့အစ်ကိုနဲ့ ထိုက်တန်ဖို့တောင် မနီးစပ်ဘူး"

"ငါသိတယ်။ ငါက ထိုက်တန်သည်ဖြစ်စေ မထိုက်တန်သည်ဖြစ်စေ နင်အကဲဖြတ်တာကို မလိုဘူး။ နင့်အစ်ကို ငါ့ကိုချစ်တယ်ဆိုရင် လုံလောက်ပြီ"

"ငါ့အစ်ကိုက နင့်ကို ချစ်နေမှာ မဟုတ်ဘူး၊ ကိုယ့်ကိုယ့်ကို ချော့သိပ်ပြီး လှတယ်လို့ ထင်မနေနဲ့။ ဟွားရှမှာရှိတဲ့ လှတဲ့ အမျိုးသမီး အနုပညာရှင်တွေ အများကြီး။ ငါ့အစ်ကိုသာ နင်နဲ့ အတူရှိနေနိုင်မယ်ဆိုရင် သူ ဘယ်သူနဲ့မှ အတူရှိနေတော့မှာ မဟုတ်ဘူး....."

"နင်က ကျိုးရှို့လင်းကို တကယ်မယုံတာပဲ။ ငါတို့ လောင်းကြေးထပ်မလား၊ ကျိုးရှို့လင်းနဲ့ ငါ တစ်သက်လုံး ပျော်ရွှင်နေမယ်ဆိုတာ ငါ လောင်းကြေးထပ်နိုင်တယ်"

"အိပ်​မက်​မက်နေလိုက်။ ​နင်သေချာ​ပေါက်​ ရှုံးမှာ။ နင် ရှုံးရင်​​ ငါ...​..."

"ငါရှုံးရင် စိတ်မချမ်းမြေ့ရတာနဲ့တင်လုံလောက်နေပြီ။ ငါ့ကို တခြား ဘာလုပ်စေချင်သေးလို့လဲ"

ကျိုးယန်ယန် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ "နင်ရှုံးရင် ငါ့လက်ထောက်လာလုပ်"

"ကောင်းပြီ။ ငါ စိတ်ထဲမထားတတ်ပါဘူး " ကျန်းရှောင် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

ထိုနေ့ည အပြန်လမ်းမှာ ကျန်းရှောင် ငိုက်မျဉ်းနေခဲ့သည်။ သူမ မျက်လုံးလေးမှိတ်ထားကာ ထိုနေရာမှာမှီနေပြီး ခေါင်းကညိမ့်ညိမ့်နဲ့ပင်။

ကျိုးရှို့လင်း မျက်ခုံးကျုံ့လိုက်သည်။ "ဒီလိုအိပ်ရင် လည်ပင်းနာလိမ့်မယ်။ နေ့ခင်းဘက်တုန်းကလို အားအင်တွေမရှိတော့ဘူးလား"

ဒီလိုပြောပြီး သူက ကိုင်းချလာကာ သူမကို ပွေ့ဖက်လိုက်ပြီး သူမရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို သူ့ခြေထောက်တွေပေါ် တင်လိုက်သည်။

ကျန်းရှောင် နည်းနည်းနောက်ကျမှ သိသွားပြီး ထဖို့ကြိုးစားခဲ့သည်။

"မလှုပ်နဲ့၊ အရင်အိပ်လိုက်။ အိမ်ပြန်ရောက်ရင် နှိုးပေးမယ်" သူမရဲ့ပခုံးကို ဖိချလိုက်သည်။

ဤရင်းနှီးတဲ့အမူအရာက ရှုပ်ထွေးလွန်းသည်။ ကျန်းရှောင် မျက်လုံးမှိတ်ပြီး အိပ်ဖို့လုပ်လိုက်သည်။

ကျိုးရှို့လင်းရဲ့ အကြည့်တွေက သူမမျက်နှာပေါ်တွင် တည်ရှိနေခဲ့သည်။ "အိပ်ပျော်အောင်အိပ်"

ဒုတိယနေ့တွင် ကျန်းရှောင် ကုမ္ပဏီ ရောက်လာသောအခါ တီနာနှင့် မန့်ကျီတို့က သူမကိုတွေ့တော့ ရပ်တန့်သွားကြသည်။

"ဂွတ်မောနင်း ကျန်းရှောင် "

"မောနင်းပါ"

"ကျန်းရှောင် နင်ဘယ်မှာ နေတာလဲ"

ကျန်းရှောင်သည် ကျိုးရှို့လင်း နေတဲ့နေရာအနီးရှိ လူနေရပ်ကွက်တစ်ခုကို ပြောပြခဲ့သည်။ "ယွိဟဲ ဖုန့်ယွမ်မှာ "

တီနာ ခေတ္တရပ်တန့်သွားသည်။ "ကုမ္ပဏီက အိမ်ရာထောက်ပံ့ကြေး ပေးတယ် နင် လျှောက်ထားလို့ရတယ်"

ကျန်းရှောင် ပြုံးလိုက်သည်။ "အိုခေ "

"စကားမစပ် နင်နဲ့ ယန်ယန်က အတန်းဖော်တွေလို့ ကြားထားတယ်"

"ဟုတ်တယ်လေ"

တီနာနဲ့ မန့်ကျီတို့ အဓိပ္ပါယ်ကောက်မှားသွားခဲ့ကြသည်။

ကျန်းရှောင် ခံစားချက်တွေ ရောထွေးပြီး သူမရဲ့ရုံးခန်းကို ပြန်လာခဲ့သည်။

နေ့ရက်တွေက ဒီလို အေးချမ်းစွာ ဖြတ်သန်းခဲ့ရသည်။ ကျန်းရှောင်က သူမအလုပ်နှင့် လိုက်လျောညီထွေဖြစ်အောင်နေခဲ့သည်။

လဝက်အကြာတွင် "Fleeting Years" ဇာတ်ကားကို တရားဝင်စတင်ခဲ့သည်။ လျန့်ယွဲ့ သည် ရှစ်နှစ်အကြာတွင် တစ်ကျော့ပြန်လာခဲ့ပြီး ဒရာမာကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် "Eight Weeks Magazine" က ညဘက် အပြင်ထွက်တဲ့အချိန် ကျောက်ရှင်းရန်နဲ့ မိုရီဟန်တို့ လက်တွေကိုင်ထားတဲ့ ဓာတ်ပုံတွေကို ရုတ်တရက် ထုတ်ဝေခဲ့သည်။

ဤဖြစ်ရပ်ကြောင့် ကျောက်ရှင်းရန် သည် ကုမ္ပဏီမှဘေးဖယ်ခံထားရပြီး "Fleeting Years" တွင် သူမ၏ အခန်းကဏ္ဍကိုလည်း ထိခိုက်စေခဲ့သည်။ သူမရဲ့ အခန်းကဏ္ဍကို ဆက်သရုပ်မဆောင်နိုင်တော့မည့် အလားအလာက မြင့်မားသည်။

စိတ်တွေနောက်ကျိပြီး သူမ ပထမနှစ်ရက်လောက်တော့ အိမ်မှာနေခဲ့သည်။ ထို့နောက် ကျန်းရှောင်ကို ဖုန်းခေါ်ခဲ့သည်။

"ကျန်းရှောင် နင်လာပေးလို့ရမလား"

ကျန်းရှောင် ခဏမျှ နှုတ်ဆိတ်သွားသည်။ "ကောင်းပြီ ငါ တစ်နာရီအတွင်း ရောက်အောင်လာခဲ့မယ်"

သူမရောက်သွားတော့ ကျောက်ရှင်းရန်ကို ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ကြောက်စရာကောင်းတဲ့ အသက်မရှိတဲ့ မျက်လုံး အနေအထားနဲ့ တွေ့ရှိခဲ့သည်။

"ကျန်းရှောင်၊ သူတို့က ငါ့ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာ"

"နင် ငါ့စကားကို နားထောင်သင့်ခဲ့တာ"

သူမ စကားပြောနေစဉ် ကျောက်ရှင်းရန် စငိုလာခဲ့သည်။

ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "နင်တကယ် မိုရီဟန်နဲ့ အတူတူရှိနေတာလား"

ကျောက်ရှင်းရန် ငိုခဲ့သည်။

"စကားပြော!" ကျန်းရှောင် ရုတ်တရက် အသံမြင့်သွားခဲ့သည်။

"ဟုတ်​တယ်​။ ငါတို့အတူရှိနေတာ"

ကျန်းရှောင် သူမ၏ နားထင်တွေကို ပွတ်သပ်လိုက်သည်။ "နင်ကတော့လေ!"

"ငါက သာမာန်လူတစ်ယောက်ပဲ။ ငါ ကြိုက်တဲ့လူနဲ့ အတူနေခွင့်ရှိတယ်"

"ဒါပေမယ့် နင်က စတားတစ်ယောက်ဖြစ်ဖို့ ရွေးချယ်ထားတာလေ။ နင် ဒီလမ်းကို ရွေးရင် နင် တစ်ခုခုကို မလွဲမသွေ စတေးရလိမ့်မယ်"

ဝေဝါးနေတဲ့မျက်လုံးများဖြင့် ကျောက်ရှင်းရန် ပြောလိုက်သည် "ဒါပေမယ့် အခုကကော။ ကျန်းရှောင်၊ ကျေးဇူးပြုပြီး စီအီးအို ကျောက်နဲ့ ငါ့အတွက် စကားပြောပေးလေ။ နင်ကအခု သူ့လက်ထောက်ဖြစ်နေပြီပဲ၊ နင် လက်ထောက်ကျန်းနဲ့ ဆက်ဆံရေးကောင်းနေပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါနော်"

ကျန်းရှောင် ခေါင်းကိုက်လာသည်။ "နင့် မန်နေဂျာနဲ့ လက်ထောက်ကကော။ ဒီလိုမျိုး ကြုံလာတော့ သူတို့က ဘယ်ရောက်နေတာလဲ"

"သူတို့က ထွက်လာတဲ့ကိစ္စတွေကို လိုက်ရှာနေတယ်"

"ငါ့မှာ အစီအစဉ်တော့ ရှိတယ်၊ ဒါပေမယ့် အဆင်ပြေပါ့မလားတော့ မသိဘူး"

"ဘာအစီအစဉ်လဲ"

"မိုရီဟန်က နင်တို့ရဲ့ဆက်ဆံရေးကို အတည်ပြု ကြေညာချက်ကို ထုတ်ပြန်ရမယ်။ ဟုတ်တယ်၊ ကြေညာချက်မှာ မိုရီဟန်က နင့်အပေါ် သူ့ရဲ့အကာအကွယ်ကို ပြသမှရမယ်"

"သူလုပ်မယ်လို့ နင်ထင်လား"

"မသိဘူး။ ဒါက သူ နင့်ကို ဘယ်လောက်ချစ်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်၊ သူ့ကို ဖုန်းခေါ်လိုက် "

ကျောက်ရှင်းရန် ရုတ်တရက် ပြုံးလိုက်သည်။ "မေ့လိုက်တော့။ ကျန်းရှောင်၊ နင် တစ်ချိန်လုံး ငါ့ရဲ့လက်ထောက်ဖြစ်နိုင်ရင် အရမ်းကောင်းမှာပဲ"

"ရှင်းရန်၊ ဒါ နင့်ရဲ့ ရွေးချယ်မှုပဲ။ နင် ဆုံးဖြတ်ချက်တွေချတဲ့အခါ တခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေက ငါတို့ကို လွှမ်းမိုးမှုမရှိဘူးလို့ ငါ အမြဲယုံကြည်တယ်။ နင့်ဘက်မှာ ငါရှိနေရင်တောင် နင် မိုရီဟန်နဲ့နေဖို့ ရွေးချယ်ဦးမှာပဲ"

ကျန်းရှောင် မထွက်သွားခင် သူမနှင့်အတူ တစ်နာရီခန့်နေခဲ့သည်။ သူမထွက်သွားချိန်မှာ ကျောက်ရှင်းရန်ရဲ့ စိတ်အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။ နောက်တစ်နေ့တွင် ပွဲတစ်ခု၌ပါဝင်ရန် သူမ၏ မန်နေဂျာအား တက်ကြွစွာ ဆက်သွယ်ခဲ့သည်။

ကျန်းရှောင်က သူမ ကျောက်ရှင်းရန်ကို လျစ်လျူရှု၍မရကြောင်း သဘောပေါက်ခဲ့သည်။

ဒါပေမယ့် သူမ ကျိုးရှို့လင်းကို ပါခိုင်းသင့်လား။

All Chapters