← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

ဒီအခိုက်အတန့်မှာ ဟောင်ကောင်မှာ နေနေတဲ့ ကျိုးယန်ယန်က သူမရဲ့တိုက်ခန်းသို့ ပြန်ရောက်နေပြီဖြစ်သည်။မနေ့က ကျန်းရှောင်ရဲ့ပုံပန်းသွင်ပြင်ကို တွေးခဲ့ပြီး တနေကုန် သတိလစ်ဟင်းနေခဲ့ကာ ဒါက အစစ်လား အတုလားဆိုတာ မသေချာဘဲ စိတ်တွေရှုပ်ထွေးနေခဲ့သည်။

ဒါက အစစ်အမှန်ဆိုရင် ကျန်းရှောင် သူမရဲ့အစ်ကိုဆီ တိုင်မှာကို သူမ ကြောက်သည်။ ကျိုးယန်ယန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် တီနာ ဆီဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်သည်။

"တီနာ၊ ကျန်းရှောင် ဒီနေ့ ကုမ္ပဏီ လာလား"

"မလာဘူး၊ ကျန်းရှောင် မနေ့က တစ်ပတ်ခွင့်ယူသွားတယ်။ ယန်ယန်၊ ဘာတွေဖြစ်နေတာလဲ"

"ငါ သူမကို မတော်တဆ တွန်းလိုက်မိတာ။ ပြီးတော့ သူ့ဘာသာသူ စားပွဲနဲ့ ဆောင့်မိသွားတယ်။ နင် တစ်ခုခုများ ကြားမိသေးလား"

"မကြားပါဘူး၊ ဒီမနက် ကျန်းချင်က ကျန်းရှောင် တစ်ပတ်လောက် ခွင့်ယူထားတယ်လို့ပဲ ပြောတယ်"

"ကျန်းချင် ဘာပြောခဲ့လဲ "

"သူက အရမ်း ရေငုံနှုတ်ပိတ်တယ် "

"အိုး ဒါဆိုအဆင်ပြေတယ်။ ငါ နင်နဲ့ စကားထပ်မပြောတော့ဘူး။ အနားယူလိုက်တော့။ ငါသဘက်ခါမှ ပြန်လာခဲ့မယ်။ ဘိုင်း!"

"ဘိုင်း!"

ကျိုးယန်ယန်သည် ထိုနေ့က ကျန်းရှောင် သူ့ကိုယ်သူ ဒရာမာဘုရင်မအဖြစ် ဟန်ဆောင်နေတာ ဖြစ်မည်ဟု တွေးနေမိသည်။

ခဏကြာတော့ သူမရဲ့ဖုန်းက ရုတ်တရက် မြည်လာပြန်တော့ သူမရဲ့အဖေ ဖုန်းခေါ်နေတာကို တွေ့လိုက်ရသည်။ သူမရဲ့အသံက နူးညံ့ချိုသာစွာဖြင့် ရွှင်မြူးစွာ ဖြေခဲ့သည်။

“ဖေဖေ…” သူမရဲ့အသံက ပျော့ပြောင်းပြီး ချိုမြိန်သွားခဲ့သည်။

" အခု လက်မှတ်ကို ဘိုကင်ချိတ်ပြီး မနက်ဖြန် မနက်ဖန် ကျန်းချန်ကို ပြန်လာခဲ့"

"ဖေဖေ ဘာဖြစ်လို့လဲ"

"နင် မတော်တဆမှုတစ်ခု လုပ်ထားပြီးတော့ အခု ဝေးရာကို ပြေးချင်နေပြီပေါ့"

ကျိုးယန်ယန် သူမ၏ နှလုံးသားထဲတွင် မတရားမှု အရှိန်အဟုန်ကို ခံစားလိုက်ရသည်။ "ဖေဖေ၊ ကျန်းရှောင် ဟန်ဆောင်နေတာ။ သမီး သူ့ကို နည်းနည်းပဲတွန်းလိုက်တာကို သူ့ဘာသာသူ စားပွဲနဲ့ ဝင်တိုက်မိတာ။ အဖေ ကျေးဇူးပြုပြီး သူ့ရဲ့ပုံပြင်ကို နားမထောင်နဲ့"

ဖေဖေ ကျိုးရဲ့ ဒေါသတွေ တဟုန်ထိုး တက်လာခဲ့သည်။ သူသည် သူ့သမီး စည်းကမ်းလိုက်နာအောင်လုပ်တဲ့နေရာမှာ ပေါ့လျော့လွန်းသွားသဖြင့် သူမကို အခုလက်ရှိ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိခြင်းနှင့် ငြင်းခုံရန် သဘောထားတို့ကို ဖြစ်ပေါ်စေခဲ့သည်။

"ကျိုးယန်ယန်၊ မနက်ဖြန် ကောင်းကင်ကြီး ပြိုကျခဲ့မယ်ဆိုရင်တောင် မင်းပြန်လာရမယ်။ မင်းရဲ့မဆင်မခြင်တဲ့စိတ်ကြောင့် ကျန်းရှောင်ရဲ့ဗိုက်ထဲက ကလေးကို ဆုံးရှုံးလုနီးပါးဖြစ်ပေမဲ့ မင်းမှာ နောင်တလေး တစ်အောင်စတောင် မရှိနေဘူးဆိုတာ မင်းသိလား"

ကျိုးယန်ယန် - "........ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဖေဖေကျိုး သက်ပြင်းချလိုက်သည်။ "မင်းအစ်ကို အရမ်းစိတ်ဆိုးနေတယ် ယန်ယန်။ မင်း ဒီတစ်ခါ ငါတို့ကို စိတ်ပျက်သွားစေမိပြီ"

ကျိုးယန်ယန် ရေရွတ်လိုက်သည်။ "ကျန်းရှောင် ကိုယ်ဝန်ရှိနေတယ်ဆိုတာ ... သမီး မသိဘူး၊ သမီး မရည်ရွယ်ခဲ့ဘူး၊ သမီး သူမကို စကားပြောပြီး ရှင်းရှင်းလင်းလင်း လုပ်ချင်..." သူမရဲ့ မျက်နှာက ဖြူဖျော့လာသည်။

ဖေဖေ ကျိုးက သူမကိုကြားဝင်နှောင့်ယှက်ခဲ့သည်။ "မင်းပြန်လာမှ ပြောဖို့ စုထား"

ကျိုးယန်ယန် ကြိမ်ဖန်များစွာ အော်ဟစ်လိုက်သော်လည်း ဖုန်း၏ အခြားတစ်ဖက်မှာ ချသွားပြီပင်။ သူမ ဆိုဖာပေါ်မှာ ထိုင်ကာ တစ်ကမ္ဘာလုံးက သူမကို စွန့်ပစ်ထားသကဲ့သို့ ပျောက်ဆုံးသွားကာ အခေါင်းပေါက် ဖြစ်နေခဲ့သည်။

ကျိုးရှို့လင်း အိမ်မပြန်ခင်မှာ အနီးနားရှိ ကိတ်မုန့်ဆိုင်သို့သွားကာ မလိုင်ကိတ်တစ်တုံး ဝယ်ခဲ့သည်။ မိန်းကလေးတွေက ဒီလိုအချိုပွဲတွေကို နှစ်သက်ပုံရသည်။

ယန်ယန်လည်း ခြွင်းချက် မရှိဘူး။ ဒါပေမယ့် သူမက ကိုယ်အလေးချိန်တက်လာမှာကို ကြောက်တဲ့အတွက် အဲ့တာကိုမစွန့်ပစ်ခင် တစ်ကိုက် ဒါမှမဟုတ် နှစ်ကိုက်လောက်သာ စားသည်။

တစ်ဖက်က ကျန်းရှောင်မှာတော့ ကိုက်လိုက်တဲ့အချက်တိုင်းကို ကိုက်တိုင်း အရသာခံကာ ကျေနပ်သည့်အမူအရာဖြင့် တခြားသူတွေကို အရသာခံချင်လာတဲ့စိတ်ကို သည်းမခံနိုင်လာအောင် လုပ်တတ်သည်။

သူတို့ အိမ်ပြန်ရောက်တော့ ၁၀ နာရီထိုးနေပြီ။ ကျန်ရှောင်က အိပ်ခန်းထဲက ဆိုဖာပေါ် မှာမှီနေပြီးဖုန်းနဲ့ ကစားနေသည်။ သူ အထဲဝင်လာပြီး မေးလိုက်သည်။ "ဗိုက်ဆာနေပြီလား"

ကျန်းရှောင် မျက်လုံးတွေကို မှေးကျဥ်းပြီး ပြန်ပြောလိုက်သည်။ "ရှင် ကျွန်မအတွက် တစ်ခုခု ယူလာပေးတာလား။ ကျေးဇူးတင်ပါတယ်၊ မစ္စတာ ကျိုး "

သူမက လောဘကြီးတဲ့ ကြောင်တစ်ကောင်လို ကျေနပ်နေပုံရသည်။

ကျိုးရှို့လင်း သူမဘေးမှာ ထားထားတဲ့ မှတ်စုစာအုပ် အနည်းငယ်ကို သတိပြုမိပြီး ၎င်းတို့ကို ခေတ္တ စိုက်ကြည့်လိုက်သည်။

ကျန်းရှောင် ရှင်းပြခဲ့သည်။ "ဒါတွေက လွန်ခဲ့တဲ့ သုံးနှစ်အတွင်း တက်လာတဲ့ ကြယ်ပွင့်တွေနဲ့ သူတို့ရဲ့ မန်နေဂျာတွေရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေလေ "

ကျိုးရှို့လင်းက ယဥ်ကျေးစွာ တောင်းဆိုခဲ့သည်။ "ကိုယ်ကြည့်လို့ရမလား"

"ရတာပေါ့။ ရှင်က ကျွန်မထက် အတွေ့အကြုံ ပိုရှိတယ်၊ အဲ့လိုဆိုတော့ ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာမှုမှာ အမှားအယွင်းတွေ ရှိ မရှိ သိရအောင် ကူညီပေး " သူမ ကိတ်မုန့်ကိုတစ်ကိုက်ကိုက်လိုက်ကာ ကျေနပ်စွာဖြင့် မျက်လုံး မှိတ်လိုက်သည်။

ကိတ်မုန့်က တကယ်အရသာရှိလား။ သော်ယာလေး (ပဲပင်ပေါက်လေး) အနာဂတ်မှာ သူမလို အစားအသောက်ကိုခုံမင်တဲ့သူ ဖြစ်လာခဲ့ရင် အရမ်းဆိုးရွားမှာတော့ မဟုတ်ဘူး.....

ကျိုးရှို့လင်းက အကြောင်းအရာတွေကို ဖတ်တာမြန်သည်။ သူ စာမျက်နှာအနည်းငယ်ကို လှန်ကြည့်ကာ ခွဲခြမ်းစိတ်ဖြာချက်အချို့ကို အမြန်ကြည့်လိုက်သည်။

"ခွဲခြမ်းစိတ်ဖြာချက်က ကောင်းတယ်။ အင်း......"

"မိုလင်းချန် ရဲ့ ကျော်ကြားမှုက သူ့နောက်ကွယ်က ကျောထောက်နောက်ခံကြောင့် " ဆိုတဲ့ အကြောင်းအရာကို သူ ပြောင်းခဲ့သည်။

"မိုလင်းချန်က မနှစ်က တုန်းယန်ကုမ္ပဏီက လက်မှတ်ရေးထိုးခဲ့တဲ့ အနုပညာရှင်အသစ်ပဲ ဟုတ်တယ်မလား။ သူ့မှာ ဘယ်လိုနောက်ခံရှိတာလဲ" ကျန်းရှောင် တွေးတောလိုက်သည်။

ကျိုးရှို့လင်း အခြားမှတ်စုစာအုပ်ကို ယူလိုက်သည်။ "မင်း သူ့ကိုလည်း သိတာလား"

"မိုရီဟန်လား။ သူက မိုရီဟန်ရဲ့ညီလား"

"ပိုပြီး အတိအကျပြောရရင် သူတို့က အဖေတူ အမေကွဲတွေ "

ကျန်းရှောင် သက်ပြင်းချလိုက်မိသည်။ "အနုပညာနယ်ပယ်က ပိုပိုပြီးတော့ မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုလို ဖြစ်လာတယ်။ အစ်ကိုကော ညီကော နှစ်ယောက်စလုံး ဒီမှာရှိနေပြီး အရာအားလုံးကို လက်ဝါးကြီးအုပ်ထားတယ် " စကားပြောပြီးနောက်တွင် သူမက သူ့ကို ဝေဖန်နေမှန်း သူမ သိလိုက်ရသည်။

ကျိုးရှို့လင်း ခေါင်းငုံ့ပြီး လက်ထဲက မှတ်စုစာအုပ်ကို ဖွင့်လိုက်သည်။ ပထမစာမျက်နှာမှာ ရေးထားတာက -

" ကျင်းကျုံးပိုင်မှ လင်းဝူထံသို့ "

ကျန်းရှောင် ရှင်းပြလိုက်သည်။ "ကျွန်မ လင်းဝူအတွက် ကျင်းကျုံးပိုင်ရဲ့ လက်မှတ်တောင်းဖို့ ကူညီခဲ့တာ"

ကျိုးရှို့လင်း အေးအေးဆေးဆေးပြောလိုက်သည်။ "မင်း ကိုယ်တိုင်အတွက် မတောင်းခဲ့ဘူးလား"

"ကျွန်မ အတွက်က တခြားမှတ်စုစာအုပ်ထဲမှာ " သူမ ထိုစာအုပ်ကို ထုတ်လိုက်ပြီး အဖုံးက အနည်းငယ်ဟောင်းနေပုံရသည်။ "သူ ဒီမှာ ကျွန်မအတွက် လက်မှတ်ထိုးထားပေးတယ်"

ကျိုးရှို့လင်းက ကျန်းရှောင်အတွက် ကျင်းကျုံးပိုင်ရဲ့ စကားကို မြင်လိုက်ရသည်။

"ကျန်းရှောင် အတွက်၊ ထာဝရ ကြောင့်ကြမှုကင်းမဲ့ပါစေ"

ဤမှတ်စုစာအုပ်မှာ နာမည်ကြီးဆယ်လီ ဆယ်ယောက်ကျော်၏ လက်မှတ်များပါရှိသည်။ သူ စာမျက်နှာအနည်းငယ်ကို လှန်ကြည့်လိုက်တော့ စာရွက်တစ်ရွက် စုတ်ဖြဲထားသည်ကို သတိပြုမိခဲ့သည်။ ကျိုးရှို့လင်း မျက်လုံးတွေကို ပင့်ပြီး သူမကို ကြည့်လိုက်သည်။

သူမသည် ရေချိုးထားပြီးပြီဖြစ်ပြီး မိတ်ကပ်မလိမ်းထားဘဲ အရောင်ဖျော့ဖျော့ဖျော့ ညအိပ်ဝတ်စုံကိုဝတ်ထားသည်။ သူမသည် ပြေပြစ်ပြီး သက်တောင့်သက်သာရှိတဲ့ အသွင်ကို ပေါ်လွင်စေခဲ့သည်။

"ဂုဏ်ယူပါတယ် မင်းရဲ့ဆန္ဒတွေ ပြည့်ဝသွားပြီ"

ကျန်းရှောင် ကိတ်မုန့်စားပြီးသွားပြီ။ "ကျွန်မ သွား သွားတိုက်ဦးမယ်"

ကျိုးရှို့လင်း မှတ်စုစာအုပ်ကို ချပြီး သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။

ကျန်းရှောင် သူ့ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။ "ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ပါတယ်"

ကျိုးရှို့လင်း စိမ်ပြေနပြေပြောလိုက်သည်။ "မင်းကို သယ်သွားခိုင်းစေချင်သေးလား"

ကျိုးရှို့လင်းက အချို့သောကိစ္စရပ်များတွင် အလွန်သည်းခံတတ်သူဖြစ်ကြောင်း သူမ တိတ်တဆိတ် တွေးနေမိသည်။

သူမ သွားတိုက်ပြီးတာနဲ့ သူမကို သူ ကုတင်ပေါ်တင်ပေးပြီး အိပ်ခန်းထဲက ထွက်သွားခဲ့သည်။

ကျန်းရှောင်က သူမရဲ့ဘက်ခြမ်းမှာ လှဲနေကာ ညာဘက်ခါးက နာကျင်နေတုန်းဖြစ်ပြီး သူမကြီးမားတဲ့လှုပ်ရှားမှုတွေကို ဘာမှ မလုပ်ရဲပေ။

မနေ့က အဖြစ်အပျက်ကို ဘယ်သူမှ မမျှော်လင့်ထားဘူး။ ကျိုးယန်ယန်က လုံးဝ ရူးနှမ်းသွားခဲ့သည်။ ပဲပင်ပေါက်လေး နေကောင်းနေလို့ ကျန်းရှောင် သက်ပြင်းချမိသည်။ အဲ့လိုမှမဟုတ်ရင်တော့ သူမ ကျိုးယန်ယန်နဲ့ ရန်ဖြစ်မှာ။

နာရီဝက်လောက်ကြာတော့ အိပ်ခန်းတံခါးပွင့်လာပြန်သည်။ ကျန်းရှောင်သည် လေနုအေးနဲ့အတူ အခန်းထဲစိမ့်ဝင်လာသည့် သင်းပျံ့လှတဲ့ ရေချိုးဂျယ်ရနံ့ကို ရှူရှိုက်မိခဲ့သည်။

ကျိုးရှို့လင်း ဖိနပ်အပါးတစ်ရံကို စီးထားပြီး ကုတင်စွန်းဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လာခဲ့သည်။ "ကျန်းရှောင်၊ မင်းရဲ့ဖုန်းနဲ့ ကစားတာကို ရပ်လိုက်တော့"

ကျန်းရှောင် အလွန်အံ့အားသင့်မိသည်။ "...ဘာဖြစ်လို့လဲ " သူမ ဘာပြောရမှန်းမသိတော့ဘဲ စကားလုံးတွေ ပျောက်ဆုံးသွားခဲ့သည်။

ကျိုးရှို့လင်း ကုတင်ကြီး၏ နေရာလွတ်တဲ့ဘက်မှာ ငြိမ်သက်စွာ လှဲနေလိုက်သည်။ သူ့အသံက တည်ငြိမ်ပြီး နက်နဲသည်။ "မင်းမှာ ကိုယ်ဝန်ရှိနေပြီ။ ဒီတော့ အခုကစပြီး ကိုယ်တို့ အတူအိပ်ကြမယ်"

ကံကောင်းစွာနဲ့ပဲ ကျန်းရှောင် ဒဏ်ရာရထားလို့သာပေါ့။ မဟုတ်ရင် သူမ ဒီအချိန်မှာ ကုတင်ပေါ်ကနေ ခုန်ဆင်းမှာ သေချာသည်။

အခန်းက ရုတ်တရက် အလွန် တိတ်ဆိတ်သွားသည်။

"အိုခေ၊ မင်း ဖြည်းဖြည်းချင်း ကျင့်သားရလာလိမ့်မယ်" ကျိုးရှို့လင်းက သူ့လက်တံရှည်ရှည်ကို ဆန့်ထုတ်လိုက်ပြီး သူမရဲ့ လက်မောင်းပေါ်မှာ တင်လိုက်သည်။

ကျန်းရှောင် သူ့ကိုကြည့်ရင်း သူမရဲ့ အနက်ရောင် မျက်လုံးများ ဝေ့ဝဲလာခဲ့သည်။

“မင်း မအိပ်ဘူးလား” လို့ သူမေးခဲ့သည်။

"အွန်း ကျွန်မ ခဏနေ အိပ်မယ်"

"ခါးက နာနေသေးလား"

"အများကြီး သက်သာလာပါပြီ"

"ဒီတစ်ခါ မင်းကို ဝေဒနာခံစားရစေမိလို့ ကိုယ် တောင်းပန်ပါတယ်။ နောင်အနာဂတ်မှာ ထပ်မဖြစ်စေရတော့ပါဘူး"

ကျန်းရှောင်ရဲ့ လည်ချောင်းက တုန်ရီသွားသလို ခံစားလိုက်ရပြီး စကားမပြောဘဲ ပါးစပ်ကို တင်းတင်းစေ့ထားသည်။ သူမရဲ့ ရင်ဘတ်က ပူထူလာပြီး နွေးထွေးမှု က သူမ၏ နှလုံးသား ဖျားအထိ နွေးထွေးပြီး ချဉ်သွားစေသည်။

"ကျန်းရှောင်၊ ယန်ယန် ကြိုက်ခဲ့တဲ့ အထက်တန်း ကျောင်းတုန်းက အတန်းဖော် ယောကျ်ားလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ"

"ချင်းဟန်"

"ဘယ် 'ဟန်'လဲ"

"ရှင်း" ကို မင်းသားဆိုတဲ့ ဘေးမှာ ထည့်လိုက်"

"ဒီတော့၊ ဒီရဲ့ ဟန်၊ သူက ကျောက်မျက်ရတနာပဲ။ မင်းတို့အတန်းထဲက ကောင်မလေးတွေ သူ့ကို သဘောကျကြတာ မဆန်းတော့ပါဘူး"

ကျန်းရှောင် သူ့ရဲ့စနောက်မှုကို လျစ်လျူရှုလိုက်သည်။ "ဘာလို့ ဒီအကြောင်း ရုတ်တရက်မေးတာလဲ"

"မင်းတို့ မိန်းကလေးတွေက ဘယ်လို ယောက်ျားလေးတွေကို ကြိုက်လဲဆိုတာ သိချင်လို့"

ကျန်းရှောင် ခဏလောက် စဉ်းစားကြည့်လိုက်သည်။ "ပညာတတ်ဖြစ်ရမယ်၊ ရုပ်ရည်ကောင်းမွန်ရမယ် "

သူမ ခဏရပ်တန့်လိုက်သည်။ "ရှင်နဲ့ တူတဲ့လူ ဖြစ်နိုင်တယ်"

"အိုး-" သူ ရယ်လိုက်သည်။ "ကိုယ်က ဘယ်လိုမျိုးလဲ"

ကျန်းရှောင် နှုတ်ခမ်းကို ဖိထားသည်။ "အရမ်းနွေးထွေးတယ်" အဲဒါက သူ့အပေါ်ထားတဲ့ သူမရဲ့ ကနဦး ခံယူချက်ပဲ။

ဒီည သူနဲ့ အလွန်နီးကပ်နေသဖြင့် ကျိုးရှို့လင်းက အခွင့်အလမ်းကို လက်လွတ်မခံဘဲ သဘာဝအတိုင်း အဲ့ဒီမေးခွန်းကို မေးခဲ့သည်။

"မင်းအရင်က ကိုယ်ကို မြင်ဖူးတယ်လို့ ပြောတာလား။ မင်း ကိုယ်ကို ပထမဆုံး မြင်တော့ ဘယ်လို ခံစားရလဲ" သူ့လက်က သူမရဲ့ဆံပင်တွေကို ရစ်ပတ်ထားပြီး လက်ချောင်းထိပ်တွေနဲ့ သူမရဲ့ဆံပင်ကို ရစ်ပတ်နေခဲ့သည်။

All Chapters