အခန်း (၃၀)
Vol. 3 Ch. 30
နောက်တစ်နေ့တွင်၊ လာမည့် ဟွားရှ ထုတ်လုပ်မှုများအတွက် ဦးဆောင်ဆွေးနွေးရန် ကုမ္ပဏီအကြီးတန်းစီမံခန့်ခွဲမှု အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။
တင်ပြချက်တွေကို နားထောင်ပြီးနောက် ကျိုးရှို့လင်း မေးခဲ့သည်။ " The Year of Eighteen ခေါင်းဆောင်မင်းသမီး အတွက် စေ့စပ်ညှိနှိုင်းမှုတွေ ရှိလား"
"စီအီးအို ကျိုး၊ ကျွန်တော် မူရင်းဝတ္ထကိုဖတ်ပြီးပြီး ခေါင်းဆောင် မင်းသမီး အခန်းကဏ္ဍက ယန်ယန်အတွက် တကယ် သင့်တော်တယ်"
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ဆက်ပြောပါဦး"
"ခေါင်းဆောင်မင်းသမီးက ဉာဏ်ရည်မြင့်မားတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ပြီး ကျောင်းသူကနေ ဆရာဝန်မတစ်ယောက်အဖြစ် အသွင်ပြောင်းသွားတယ်။ ဇာတ်ကောင်စရိုက်က သဘောကျစရာကောင်းပြီး ယန်ယန်က ဖြူစင်တဲ့ လူသစ်တစ်ယောက်ဆိုတော့ သူမနဲ့ လိုက်တယ်"
ကျိုးရှို့လင်း မေးလိုက်သည်။ "ခင်များမှာ တခြားအကြံပြုချက်တွေ ရှိသေးလား"
ဝန်ထမ်းတွေကြားမှာ တိတ်ဆိတ်သွားခဲ့သည်။
"ကျွန်တော် ဒါကိုစဉ်းစားကြည့်လိုက်ပါ့မယ်။ မြန်မြန်လုပ်ပြီး တခြားထုတ်လုပ်ရေးတွေအတွက် သရုပ်ဆောင်တွေကို အပြီးသတ်မယ်"
အစည်းအဝေးအပြီးမှာ ကျိုးရှို့လင်းက လက်ထောက်အနည်းငယ်ဖြင့် နောက်တွင်နေခဲ့သည်။
တီနာက ၎င်းတို့၏ လာမည့်အချိန်ဇယားကို အတည်ပြုခဲ့သည်။ “သဘက်ခါ ဆယ်နာရီကျရင် ဘီမြို့တော်မှာ အစည်းအဝေးရှိပါတယ် "
ကျိုးရှို့လင်း လက်ချောင်းတွေနဲ့ စားပွဲပေါ် ပုတ်လိုက်သည်။ " The Year of Eighteen မှာ ခေါင်းဆောင်မင်းသမီးအတွက် မင်းမှာ အကြံပြုချက်တွေ ရှိလား"
တီနာ ခေတ္တရပ်တန့်လိုက်သည်။ "ယန်ယန်က အတော်လေး သင့်တော်ပါတယ်"
ကျိုးရှို့လင်း ကျန်းရှောင်ကို ကြည့်လိုက်သည်။ "မင်းရော ဒီလိုပဲထင်လား"
ပျန်းရှောင် ခဏလောက် စဉ်းစားကြည့်ခဲ့သည်။ "တကယ်တော့ ယန်ယန်က ဒီအခန်းကဏ္ဍအတွက် မသင့်တော်ဘူးလို့ ကျွန်မ ထင်တယ်"
"ဘာလို့လဲ" ကျိုးရှို့လင်း မေးလိုက်သည်။
"သူတို့ရဲ့ ပင်ကိုယ်စရိုက်က မတူဘူး။ ယန်ယန်က သွက်လက်ပြီး တက်ကြွတဲ့ စရိုက်ရှိတယ်၊ ဒါပေမယ့် သူမရဲ့ မိသားစု နောက်ခံကြောင့် သရုပ်ဖော်မှု အားနည်းတယ်။ သေချာတဲ့ သရုပ်ဆောင် စွမ်းရည်တွေ လိုအပ်တယ်"
တီနာကပြောခဲ့သည်။ "သရုပ်ဆောင်စွမ်းရည်ကို အချိန်နဲ့အမျှ သွေးလို့ရပါတယ်"
ကျန်းရှောင် ခဏလောက်စဉ်းစားလိုက်သည်။ "ယန်ယန် က ချစ်စရာကောင်းတဲ့ ဇာတ်လိုက်နေရာကို စမ်းကြည့်လို့ရတယ်"
ချောမောလှပတဲ့ အမျိုးသမီး နှစ်ယောက် စတင်ငြင်းခုံကြပြီး ကျန်းချင်က မှန်ကန်တဲ့အချိန်မှာ ဝင်ချလာခဲ့သည်။
"ကုမ္ပဏီက ချစ်စရာကောင်းတဲ့ ထိပ်တန်းအခန်းကဏ္ဍတွေနဲ့ IP တွေကို ၀ယ်ထားတယ်။ မနက်ဖြန်မှာ ကျွန်တော် သူတို့ကို စုလိုက်မယ်"
ကျိုးရှို့လင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မင်းရဲ့ အဆိုပြုချက်တွေကို ရေးပြီး မနက်ဖြန် ငါ့ဆီ တင်သွင်းလိုက်။ မင်း အခုသွားလို့ရပြီ"
ညနေစောင်းတော့ ကျန်းရှောင် ဧည့်ခန်းထဲမှာ အဆိုပြုလွှာတွေ ထိုင်ရေးနေခဲ့သည်။ သူမ ရေပန်းစားတဲ့ လူငယ်ဒရာမာများစွာရဲ့ မကြာသေးခင်က အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ကျိုးရှို့လင်း ရေချိုးပြီးနောက် အပြင်ထွက်လာချိန်တွင် သူမကမျက်မှောင်ကြုတ်ပြီး စဥ်းစားနေတာကို တွေ့လိုက်ရသည်။ သူ့ဆံပင်မှ ရေစက်တွေကို ဖြည်းညှင်းစွာ သုတ်လိုက်ပြီး သူမဘက် လျှောက်သွားလိုက်သည်။ "မင်း ဒီနေ့ မိုရီဟန်ကို ဆက်သွယ်ခဲ့တာလား"
ကျန်းရှောင် - "အင်း ဟုတ်တယ်"
ကျိုးရှို့လင် မျက်စိမှေးလိုက်သည်။ သူ အနီးမှုန်တာက မပြင်းထန်တာကြောင့် မျက်မှန်မတပ်ပေ။ "အဲ့ဒါ ကျောက်ရှင်းရန် အတွက်လား"
ကျန်းရှောင် တုံ့ပြန်လိုက်သည်။ "အပူတပြင်းအချိန်တွေမှာ အပူတပြင်းတိုင်းတာဖို့ ခေါ်တယ်။ ကျွန်မ ကျောက်ရှင်းရန် ပြုတ်ကျတာကို ကြည့်မနေနိုင်ဘူး"
သူ့ဆံပင်မှ ရေတစ်စက်က သူ့ရဲ့ အဖြုရောင်စွပ်ကျယ်ပေါ် ကျသွားပြီး သေးငယ်တဲ့ ဧရိယာကို ဖြည်းဖြည်းချင်း စိုစွတ်စေခဲ့သည်။
ထိုကဲ့သို့ နီးကပ်တဲ့အနီးမှာ ကျန်းရှောင် ခေါင်းကို အနည်းငယ် စောင်းကာ မထိန်ချုပ်နိုင်ဘဲ လွတ်ခနဲပြောမိသွားသည်။ " ရှင့် ဆံပင်တွေ ခြောက်သွားအောင် ကျွန်မ ကူညီပေးရမလား "
ကျိုးရှို့လင်းရဲ့အကြည့်တွေက သူမဆီမှာ သော့ခတ်ထားသည်။ "ဒါဆို ကိုယ် လက်ထောက် ကျန်းကို ဒုက္ခပေးပါရစေ"
ကျန်းရှောင် ချီတုံချတုံ သူ့လက်ထဲက သဘက်ကို ယူလိုက်သည်။ ဒီလိုစကားမျိုးပြောဖို့ သူ့ရဲ့ ကျက်သရေရှိကြောင့် သူမ တုန်လှုပ်သွားခဲ့တာဖြစ်မည်။ သူမ မတ်တပ်ထပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။
ကျိုးရှို့လင်းက ဆိုဖာပေါ်မှာ မတ်မတ်ထိုင်ပြီးသူမလုပ်ရလွယ်ကူစေရန် အတွက် ခေါင်းကို အနည်းငယ်ငုံ့ထားပေးလိုက်သည်။
ကျန်းရှောင်က သူမရဲ့မျက်လုံးတွေနဲ့ လှည့်ပတ်ကြည့်ကာ နောက်ဆုတ်ရန် နည်းလမ်းရှာမတွေ့ခဲ့ပေ။ ဖြည်းဖြည်းချင်း သူမလက်ကို ဆန့်ထုတ်လိုက်သည်။
တစ်စုံတစ်ယောက်၏ ဆံပင်ကို ခြောက်အောင်လုပ်ပေးတာက ဒါ သူမရဲ့ပထမဆုံးအကြိမ်ဖြစ်ပြီး အစပိုင်းမှာတော့ အနည်းငယ် မသေသပ်ပုံရသည်။ သူမရဲ့လက်တွေနဲ့ သူ့ ဆံပင်တွေကို နှိပ်နယ်ပေးခဲ့သည်။
ဆံပင်က တိုတိုလေးနဲ့ထောင်နေတာကို သူမ မြင်ဖူးပေမယ့် အခုတော့ စိုစွတ်နေတာကြောင့် သူ့ကို ပိုပြီး ဆွဲဆောင်မှုရှိသွားစေသည်။
ကျိုးရှို့လင်း ရေရွတ်လိုက်သည်။ "လက်ထောက် ကျန်း၊ မင်းရဲ့ လှုပ်ရှားမှုတွေက ကိုယ့်ကို ခေါင်းမူးအောင်လုပ်နေတယ်"
ကျန်းရှောင် တိုးတိုးလေးပြောလိုက်သည်။ "တောင်းပန်ပါတယ်။ ဒါပထမဆုံးအကြိမ်မလို့ပါ " သူမက ခဏရပ်တန့်ခဲ့ပြီး ဘယ်လက်ကို သူ့လည်ပင်းမှာ ထားကာ နားရွက်အပေါ်ကို လျှောချလာခဲ့သည်။
သူမရဲ့ လက်ချောင်းထိပ်တွေကနေ လျှပ်စစ်စီးကြောင်းတစ်ခု လည်ပတ်နေသလို ခံစားရစေသည်။ သူမရဲ့ ညာဘက်လက်က စိုစွတ်နေတဲ့ ဆံပင်တွေကို ညင်သာစွာ သုတ်ပေးခဲ့သည်။
သူ့ဆံပင်က အနက်ရောင်ရှိပြီး ပျော့ပျောင်းပြီး စိုစွတ်နေတာကြောင့် အနည်းငယ်တော့ မချောမွေ့ပေ။
ခဏအကြာတွင် ကျိုးရှို့လင်းမှာ ပို၍ သက်တောင့်သက်သာရှိလာသည်။ ကျန်းရှောင်ရဲ့ လှုပ်ရှားမှုတွေက နူးညံ့လာပြီး သူမ၏ အထိအတွေ့မှ ဖြာထွက်လာသော နွေးထွေးမှုကို သူခံစားလိုက်ရသည်။
"ကျန်းရှောင် မင်း ပူနေတာလား"
"ဟင့်အင်း"
"မင်းလက်တွေမှာ ချွေးတွေ ထွက်နေတယ်"
ကျန်းရှောင် - "......."
အခန်းထဲတွင် လေအေးပေးစက်သံနှင့် သူတို့ရဲ့ အသက်ရှူသံများသာရှိပြီး တိတ်ဆိတ်လွန်းနေသည်။ ကျန်းရှောင်က သူ့ကို ရင်ခွင်ထဲ ထည့်ထားပုံရပြီး သူမရဲ့ အပြုအမူတွေက ရင်းနှီးပြီး မရှင်းလင်းပေ။
သူတို့နှစ်ဦး နီးကပ်လွန်းနေသဖြင့် ရံဖန်ရံခါ သူမ လှုပ်ရှားမှုကြောင့် သူမ၏ ခန္ဓာကိုယ်က သူ့နဖူးကို ထိသွားတတ်သည်။
ကျန်းရှောင်က သူမရဲ့ရင်ဘတ်ကို ပွတ်တိုက်နေတဲ့ သူ့အသက်ရှူသံကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး နွေးထွေးမှု ထွက်လာခဲ့သည်။
နောက်ဆုံးပြီးသွားတဲ့နောက် ကျန်းရှောင်က မရေရာတဲ့ အခြေအနေကနေ အမြန်လွတ်မြောက်ဖို့ ကြိုးစားခဲ့သည်။ "ကျွန်မ သဘက်သွားလှမ်းဦးမယ်"
ကျိုးရှို့လင်းက သူမရဲ့လက်ကို ဆုပ်ကိုင်ခဲ့သည်။ "မလောပါနဲ့ဦး။ ကိုယ်တို့ခုထိ စကားပြောလို့ မပြီးသေးဘူး"
ကျန်းရှောင် မျက်တောင်ခတ်လိုက်သည်။ "ဘာကိုလဲ"
ကျန်းရှောင် ခေါင်းကို နောက်လှန်လိုက်ပြီး သူ့မျက်နှာပေါ် အလင်းတန်းလေးက လင်းလက်သွားခဲ့သည်။ ထိုကဲ့သို့ ချောမောသော မျက်နှာထားဖြင့် သူမ လျစ်လျူမရှုနိုင်ခဲ့ပေ။
သူမရဲ့အကြည့်တွေက သူ့မျက်ခုံး၊ မျက်လုံး၊ နှာခေါင်း၊ နောက်ဆုံးတော့ သူ့နှုတ်ခမ်းဆီ ရောက်သွားခြသည်။ အသေးစိတ် အချက်တိုင်းက သူမအတွက် ရှင်းနေသည်။
ကျိုးရှို့လင်း သူမရဲ့အကြည့်နဲ့ ဆုံသွားခဲ့သည်။ သူ့မျက်လုံးတွေက အပြုံးရိပ်ဖြင့် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "မင်း မိုရီဟန်ကို ဖုန်းခေါ်တော့ သူဘယ်လိုတုံ့ပြန်ခဲ့လဲ"
ကျန်းရှောင် ခေါင်းခါလိုက်သည်။ "အဲဒီလူက အရမ်းဉာဏ်နီဉာဏ်နက်များတယ်။ သူက ကျွန်မကိုသဘောလည်းမတူသလို ငြင်းလည်းမငြင်းဘူး"
"အခု မင်းသိပြီမလား၊ တစ်ယောက်ယောက်က မင်းကို ပြုံးပြနေရုံနဲ့ မင်းအပေါ် ဆက်ဆံတယ်လို့ မဆိုလိုဘူး။ဒါနဲ့ မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"
ကျန်းရှောင် မျက်မှောင်ကြုတ်ပြီး ပြန်မေးလိုက်သည်။ " The Year of Eighteen "နဲ့ ကျောက်ရှင်းရန်နဲ့ စာချုပ်ချုပ်ထားတာကို ဖျက်သိမ်းမှာလား"
ကျိုးရှို့လင်း နောက်ကိုမှီထားပြီး သူမကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် လျှို့ဝှက်အပြုံးတစ်ခုရှိနေသည်။ "မင်းအဖြေကရော"
"သူတို့ ဖျက်သိမ်းလိမ့်မယ်လို့ မထင်ဘူး။ 'သမီး' ရဲ့ အခန်းကဏ္ဍကို လျန့်ယွဲ့ ကိုယ်တိုင် ရွေးချယ်ထားတာ။ ရှင်းရန်က ဟွားရှရဲ့ လွှမ်းမိုးမှုအပြင် အကြောင်းပြချက်နဲ့ ရွေးချယ်ခံခဲ့ရတာ။ အဲဒီအချိန်က စပြီး audition လုပ်တဲ့ မင်းသမီးတွေထဲမှာ ရှင်းရန်က အဲဒီ အခန်းကဏ္ဍအတွက် အသင့်တော်ဆုံးပဲ။ ဒါကြောင့်မို့ အခုလတ်တလော သတင်းတွေက မီဒီယာတွေရဲ့ မှားယွင်းစွပ်စွဲချက်လို့ ကျွန်မ ထင်တယ်”
ကျိုးရှို့လင်း ခေါင်းညိတ်လိုက်သည်။ "ပြီးတော့ရော"
"မိုရီဟန်က သေချာပေါက် ကြေညာချက်ထုတ်မှာ မဟုတ်ဘူး"
“အို ” ဆိုပြီးသူက သူ့ သံသယတွေကို ထုတ်ဖော်ခဲ့သည်။
"သူက ပလေးဘွိုင်တစ်ယောက်၊ မရေမတွက်နိုင်တဲ့ မိန်းမတွေ အများကြီးရဲ့ ဝိုင်းရံတာခံထားရတာ။ ရှင်းရန် အတွက် တောအုပ်တစ်ခုလုံးကို သူ ဘယ်လို စွန့်လွှတ်နိုင်မှာလဲ။ စစ်မှန်တဲ့ စိတ်ခံစားချက်တွေ မရှိဘဲ ခဏတာ ရူးသွပ်တာလေးပဲ "
အဆုံးတွင် သူမ လေသံက စိတ်ညှိုးငယ်မှုတို့နှင့်အတူ မမြင်နိုင်တဲ့ ဝမ်းနည်းမှုက လိုက်ပါလာခဲ့သည်။
"မင်း သူ့ကို အထင်မှားနေတာ မဟုတ်ဘူး။ မင်းလုပ်နေတာက ကျောက်ရှင်းရန်ကို အမှန်တရားကို မြင်အောင်လုပ်ဖို့အတွက်ပဲ"
နှစ်ယောက်သား အကြည့်တွေကိုသော့ခတ်ထားရင်း တစ်ယောက်နဲ့တစ်ယောက်ရဲ့ အတွေးတွေကို ကောင်းကောင်း နားလည်တာကြောင့် အံ့ဩသွားကြသည်။
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "တကယ်တော့ ရှင်းရန် ကိုယ်တိုင်က အရမ်းကိုအပြစ်ကင်းစင်နေတာ။ သူမရဲ့ လျင်မြန်တဲ့အောင်မြင်မှုက ခဏတာ သူမကို လမ်းလွဲစေခဲ့တာပဲ။ 'ကိုယ်ရဲ့မူလရည်ရွယ်ချက်ကို ဘယ်တော့မှ မမေ့ဘူး´လို့ ကျွန်မတို့ အမြဲပြောနေပေမယ့် ကျွန်မတို့ လျှောက်လှမ်းရင်းနဲ့ တစ်ခါတလေ မေ့သွားတတ်ကြတယ်။ ကျွန်မ သူမကို ကူညီဖို့ အများကြီးမလုပ်ခဲ့ဘူး။ ဒီနယ်ပယ်မှာ သူမ အနာဂတ်မှာ ဒီလိုအရာတွေ အများကြီး ကြုံတွေ့လာရလိမ့်မယ်။ အဲဒါက ကျော်ကြားမှုရဲ့ စျေးနှုန်းပဲ ”
ကျိုးရှို့လင်းသည် သူမ၏ တည်ငြိမ်တဲ့ မျက်နှာကို တစ်ချိန်လုံး ငေးကြည့်နေမိသည်။ တဖြည်းဖြည်းနဲ့ သူ့ပါးစပ်က အပေါ်ကို ကွေးတက်သွားပြီး သူ့အသံက နည်းနည်း လေးနက်သွားသည်။
"မင်းရဲ့ ရည်ရွယ်ချက်တွေကို သူမ နားလည်နေသရွေ့တော့ မျှော်လင့်ချက်ရှိပါသေးတယ်"
"မန်နေဂျာ တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ စိတ်ပူစရာကိစ္စတွေ အများကြီးရှိတယ်"
ကျိုးရှို့ ပြုံးပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"ဟေး ..ရှင် "
"ဒီညရဲ့ ဝန်ဆောင်မှုအတွက် မင်းကို ကျေးဇူးတင်တယ်၊ ကိုယ် မင်းကို သတင်းတချို့ ဖော်ပြပေးလို့ရတယ်"
"ဘာလဲ" ကျန်းရှောင်က သူ့ရဲ့အရှေ့က ပြောလိုက်တဲ့စကားကြောင့် အနည်းငယ် ရှက်သွားသည်။ သူတို့နှစ်ယောက် အရမ်းရင်းနှီးနေပြီဆိုတော့ သူ့ကို ရိုးရိုးပဲ ဦးဆောင်ခွင့်ပေးလိုက်သည်။
" The Year of Eighteen က ကျောက်ရှင်းရန်ရဲ့ စာချုပ်ကို ဖျက်သိမ်းရန် ရည်ရွယ်ချက်မရှိဘူး"
ကျန်းရှောင် - "ကျွန်မ ထင်သားပဲ"
"မင်းက ခန့်မှန်းထားတာ၊ ဒါပေမယ့် ကိုယ်က ဒီသတင်းက ရာနှုန်းပြည့်မှန်ပြီး ယုံကြည်စိတ်ချလို့ရတယ်ဆိုတာကို မင်းကိုပေးလိုက်တာ"
ကျန်းရှောင် ပါးစပ်ကို ဖွင့်ဟလိုက်သည်။ " ဒါရိုက်တာ ကျောက်က ရှင့် သူငယ်ချင်းပဲ ဟုတ်တာပေါ့ ရှင်လုပ်......" သူမ စကားမဆုံးခင် ကျိုးရှို့လင်း၏ နောက်ထပ်လုပ်ဆောင်ချက်က သူမကို မှင်သက်သွားစေခဲ့သည်။
ကျိုးရှို့လင်းရဲ့ နားရွက်က သူမ ဝမ်းဗိုက်ကိုဖိထားသည်။ "ပဲပင်ပေါက်လေးမှာ လတ်တလော လှုပ်ရှားမှုတွေ ရှိလား"
ကျန်းရှောင် - ".....၁၁ ပတ်ပဲရှိသေးတယ်"
ကျိုးရှို့လင်းက သူမရဲ့ခါးကို သူ့လက်နှစ်ဖက်ဖြင့် ဂရုတစိုက် သက်သေပြခဲ့သည်။ "တကယ် ပဲပင်ပေါက်လေးပဲ_
"၁၁ ပတ်လောက်မှာ ကလေးက ဆံပင်တွေ ပေါက်လာတယ်လို့ ဆရာဝန်က ပြောတယ်"
ကျိုးရှို့လင်း ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွားသည်။ "ပဲပင်ပေါက်လေးရဲ့ ဆံပင်က သေချာပေါက် စိုးရိမ်ရမယ့်အကြောင်းအရာမဟုတ်ဘူး။ သူ့အဖေနဲ့အမေရဲ့ ဆံပင်ကဒီလောက်ကောင်းတာ ဒီဌာနမှာ သူပျက်မှာတော့မဟုတ်ဘူး ”
သူတကယ်ကို ယုံကြည်မှုရှိခဲ့သည်။
ကျန်းရှောင် ဆက်ပြီး မတိုးမဆုတ် အခြေအနေမှာရှိခဲ့သည်။